*******                               **********             ************             ***********
ဒီလိုနဲ့ပဲ ဒီအန်တီနဲ့ ပါတ်သက်ပြီးလုပ်လာခဲ့တာ အလုပ်တော်တော်များပါတယ် သူကုမ္ပဏီက အနည်းဆုံတစ်လကို
ငါးလုံးလောက်အထုတ်အသွင်းရှိတယ်လေ အတန်ငယ်ရင်းနှီးလာတော့ သူကြောင်သေးနံ့ကို သီးခံတတ်လာပါတယ်
ဒါပေမယ် အနီးကပ် ရင်းနှီး လာတော့မှ  ပါးစပ်က အနံပါ ထပ်တိုးခံစားရတော့ တာပါပဲ  တစ်နေ့တော့ သူကို အကြံပေး
မိတယ်ဗျ ..။။
““အန်တီ ၀န်ထမ်းခန့်လိုက်ပါ့လား နောက်မို့ ကျွန်တော့် ရှာရတာ အလုပ်တစ်ခုဖြစ်နေတယ်””
““ခန့်ချင်တာပေါ့ ကွယ် ဒါပေမယ့် ခန့်လိုက်တိုင်းဝန်ထမ်းကမမြဲဘူးကွဲ့ ””
““အော် ..ဒီလိုလား လစာကောင်းကောင်းပေးလိုက်ပေါ့ ””
““လစာကောင်းလဲ မမြဲဘူးကွဲ့  ဒီလို့ဘဲ ထွက်ထွက်သွားကြတာ””
ကျွန်တော်သိတာပေါ့ သူကလဲ ဂွတီးဂွကျရယ် သူ့  သူဌေးလုပ်သူကလဲ ဘယ်လောက်တောင် အပေါက်ဆိုးနေလဲမှမသိတာ
ကုမ္ပဏီ တစ်ခုရဲ့Shipping က၀န်ထမ်းမမြဲ ချင်းဟာ သူဌေးနဲ့ဆိုင်ပါတယ် Shipping Section မှဝန်ထမ်းဟာ ငွေကိုင်ပြီးသုံး
ရတဲ့ လူတွေပါ ကုမ္ပဏီ ရုံးတစ်ခုမှာ ပိုက်ဆံကိုပေါပေါ များများထုတ်ယူသုံးစွဲရတဲ့ သူနှစ်မျိုးပဲရှိပါတယ် Shipping ရယ်
အ၀ယ်တော်ရယ်ပဲ ဖြစ်ပါတယ် အဲဒီလူတွေကို သူဌေးက မယုံကြည်ရင်ဖြင့် ဒါမှမဟုတ် သူ့ငွေကိုခိုးပြီးသုံးနေတဲ့သူတွေလို့
မြင်နေရင်ဖြင့် အဲဒီဝန်ထမ်းဟာ မမြဲတော့ပါဘူး  အပြန်အလှန်ယုံကြည်မှုရှိမှသာလျှင် ၀န်ထမ်းမြဲတာပါပဲ …..
သူပြောပုံအရ  တစ်ယောက်ယောက်ကတော့ ဆိုးနေတာသေချာနေပါပြီ..။။။
အဲဒီ သိပ်အပေါက်ဆိုးတဲ့ သူဌေးနဲ့ ဒီချိန်ထိ ဆယ်နှစ်ကျော်လက်တွဲလုပ်ရလိပ်မယ်လို့ အဲဒီတုန်းက မတွေးခဲ့ရိုးအမှန်ပါ
ဒီလိုနဲ့ တစ်ပါတ်လောက်နေတော့ အဲဒီ ရေမွှေးသယ် အန်တီကြီး ကျွန်တော့်ရုံးတက်ရာ ကျွန်တော့်ဆရာရဲ့ရုံးခန်း ရှေ့မှာ
ထူးထူးဆန်းဆန်း မနက်ပိုင်း ကိုးနာရီလောက် အံသြဘွယ်ရာရောက်နေ တာကိုတွေ့လိုက်ရပါတယ် …။။။
““အန်တီ စောလှချည်လား ”“
““အေးမင်းမလာသေးလို့စောင့်နေတာပဲ””
““ကဲ သင်္ဘောကပ်နေပြန်ပြီလား ဘယ်နှစ်လုံးပါလဲ””
““မဟုတ်ဘူးမင်းကိုပြောစရာရှိလို့””
“““ပြောပါအန်တီ””
““မင်း..ငါတို့ကုမ္ပဏီ မှာဝန်ထမ်းလုပ်ပါလား””
““ဟာ…စဉ်းစာ့းရစေအုန်း ကျွန်တော်က အပြင်မှာအေးဂျင်ပဲကျွမ်းကျင်တာ ရုံးလုပ်ငန်းသဘောကျတော့ နည်းနည်းစိမ်းနေ
သေးတယ်””
““အန်တီရုံးပိုင်းသင်ပေးပါမယ်…မင်းလုပ်မယ်ဆို စနေနေ့ အင်တာလာဗျူးကြည့်လေး သူဌေးကိုအန်တီပြောလာခဲ့တာ ဒီနေ့””
““ကျွန်တော်..စဉ်းစားပါအုံးမယ် ””
မလုပ်နိုင်စရာတော့မရှိဘူးလေ ဒါပေမယ်ကျုပ်နဲ့လုပ်ငန်းခွင်နဲ့ အံဝင်ကွင်ကျ မဖြစ်မှာတစ်ခုပဲစိုးရိမ်ရတာပါ ပြင်ပအလုပ်
ကတော့လွတ်လပ်တယ် အိမ်ပြန်ချင်လဲရတယ် ဈေးဝယ်ထွက်ချင်လဲရတယ် မသွားခြင်လို့အိပ်နေလဲပြဿနာမရှိဘူး ၀န်ထမ်း
ဖြစ်သွားရင် ဒီလိုမရ အချိန်မှန် ရုံးတက်ဆင်းရမယ် ဆက်စပ်လုပ်ကိုင်တဲ့အခြားဝန်ထမ်းတွေနဲ့ သဟဇာတဖြစ်အောင်နေရမယ်
အမျိုးမျိုးစဉ်းစားကြည့်တယ် သူငယ်ချင်းတွေနဲ့တိုင်ပင်တယ် သူတို့ကတော့ သွားသင့်တယ်လို့မှတ်ချက်ပေးကြတယ် ဟိုမှာ
အဆင် မပြေလဲဒီလောက  ကတော့ မပျောက်သွားဘူးပြန်လာလုပ်လို့ရတယ် …..။။။။။။။
ဒီလောကဆိုလို့ပြောရအုံးမယ် ဗျ ဒီလောကက လူတွေဟာ နည်းနည်းတော့ ဆိုးသွမ်းကြတယ် မနက်ကနေ ညနေ ရုံးဆင်းချိန်အထိ အလုပ်လုပ်ကြပေမယ့် ရုံးဆင်းချိန်လွန်ပြီဆိုရင်တော့ ကျုပ်တို့ကိုဘယ်မှာမှ လိုက်မရှာနဲ့တော့ နီးစပ်ရာ
ဘီယာဆိုင် အရက်ဆိုင်ရောက်ကုန်တတ်တာဗျ အဲနည်းနည်းများရေချိန်ကိုက်လာပြီဆို ဒီနေ့ရဲ့ အလုပ်အဖြစ်ဆုံးသူ ၀င်ငွေ
အများဆုံးရသူက ဒကာခံပြီး ကာရာအိုကေ ရောက်လိုရောက် မာဆတ် ရောက်လိုရောက်နဲ့ ညဆို အိမ်ကို အနည်းလေး
အောက်ထစ် တစ်နာရီ နှစ်နာရီမှ ပြန်ရောက်တတ်သလို တစ်ခါတစ်လေလဲမိုးလင်းတဲ့အထိ ဆိုက်ကားတစ်စီငှားပြီး ရန်ကုန်
မြို့တွင်းပတ်ပြီး နင်းခိုင်း မူးမူးနဲ့ သီချင်းတွေအော် ကြီးဟစ်ကျယ်ဆို မိုးလင်းကာနီးမှ နီးစပ်ရာထမင်းကြော်ဆိုင်ဝင်စားပြီး
အိမ်ပြန်ပြေးတတ်တာကလား တစ်ခါတစ်လေလဲ ကာရာအိုကေမှာ သီချင်းဆိုရင်မူးမူနဲ့အိပ်ပျော်နေလို့ ၀ိတ်တာနိုး မှ အလန့်
တကြားအိမ်ပြန်ပြေးရတတ်တာပဲ..။။
ဒီထက်ဗရုတ်ကျတာတစ်ခုရှိပါသေးတယ် ကျုပ်တို့ အဖွဲနဲ့ မတည့်တဲ့ ပြဿနာနည်းနည်း
ပါးပါးဖြစ်ဖူးတဲ့ ကာ၇ာအိုကေ ဆိုင်ဆိုရင်တော့ အဲဒီဆိုင်ကို အုပ်စုလိုက်သွား သီချင်းဆို အဲဒီအခါကျရင်ဘာဘာညာညာ
ကောင်မလေးတွေ မခေါ်ပဲ ကိုယ်အုပ်စုချည်းသက်သက် အခန်းထဲမှာကကြ ပြန်ခါနီးရင်တော့ အခန်းထဲရှိသမျှ  ပန်းအိုးတို့
ဆိုဖာအစွတ်တို့ ခေါင်းအုံးတို့ ဆေးလိပ်ခွက်တို့ တွေ့ကယာယူလို့ရသမျှ ပစ္စည်းအကုန် ခိုးကြတော့တာပဲ ဘာလို့လဲဆို
ကျုပ်တို့တွေက သွားလေရာစာရွက်စာတမ်းထည့်တဲ့ အိတ်က ကိုယ်စီပါတာကိုယ်ဗျ အိတ်ထဲ ထည့်ယူကြတော့တာပဲ
အဖွဲ့ထဲက တစ်ယောက်က ကားငှားထား အုပ်စုလိုက် အပြင်ထွက်ကားပေါ်ထိုင်နေ ဘီလ်ရှင်းမဲ့သူတစ်ယောက်ပဲဆိုင်ထဲ
ကျန်ခဲ့ပြီး ငွေရှင်း ပြီးတော့ကားပေါ်တက်လစ်တော့တာပဲလေ  ကျုပ်တို့ရုံးက ကိုယ်ထိုင်ရာစားပွဲအသီးသီးမှာ ပန်းအိုးတို့
ကုလားထိုင်နောက်မှီ အစွပ်တို့ ခုံအခင်းတို့ ဆေးလိပ်ခွက်တို့ဟာ သူ့ရာဇ၀င်နဲ့သူ သူ့ပိုင်ရှင်နဲ့သူပါ “ဒါက ဘယ်ဆိုင်က”    “ဟိုဟာက ဘယ်ဆိုင်က”  ဆိုပြီးအချင်းချင်း အချိန်အားရင်တောင် ကြွားကြပါသေးတယ် ။။
(ဆက်ပါအုံးမည်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com