Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၄ ) ( လူမှုဖူလုံရေး စနစ် )

Foreign ResidentOctober 28, 20114min1409

Voice Journal ရဲ့ ရှယ်ဖွချက် နှင့်

အတွေးများ ( ၄ )

 

ရွာသားတို့ရေ

ဒီ Post ကတော့

အပိုင်း ( ၃ ) မှာ

သမီးလေး pooch

မေးထားတာကို

ပြန်ဖြေထားတာပါကွယ် ။

 

” ဩဇီနိုင်ငံသားတွေကရော

အခွန်ကို ဘယ်လို ပေးဆောင်ရတယ် “

 

သမီး pooch ရေ

 

အမှန်တော့ ဒီကိစ္စတွေက Internet မှာ

လွယ်လွယ်ကူကူ

ရှာကြည့်လို့ ရတဲ့ ကိစ္စတွေပါကွယ် ။

အဘ လည်း အဲဒီကထက်

အများကြီးပိုမသိရပါဘူးကွယ် ။

ဒါပေမယ့် သမီးတို့ဆီက Internet က

ဘယ်လိုအခြေအနေရှိမှန်း မသိတော့

အဘ သိထားတာလေးတွေပါပေါင်းပြီး

ရှင်းပြလိုက်ပါတယ်ကွယ် ။

 

အဓိကက ဝင်ငွေခွန် ပေါ့နော် ။

တနှစ် ဝင်ငွေ ပေါ့

ဒေါ်လာ      ၆၀၀ဝ ( ကျပ် ၄၈ သိန်း ) အောက်ဆိုရင် လုံးဝ မဆောင်ရပါဘူး ။

ဒေါ်လာ      ၆၀၀ဝ ကနေ ဒေါ်လာ   ၃ရ ဝ၀ဝ ကြားက ငွေကို ၁၂.၆ ရာခိုင်နှုန်း ။

ဒေါ်လာ   ၃ရ ဝ၀၁ ကနေ ဒေါ်လာ   ၈ဝ ဝ၀ဝ ကြားက ငွေကို ၂၁.၉ ရာခိုင်နှုန်း ။

ဒေါ်လာ   ၈ဝ ဝ၀၁ ကနေ ဒေါ်လာ ၁၈ဝ ဝ၀ဝ ကြားက ငွေကို ၃၀.၃ ရာခိုင်နှုန်း ။

ဒေါ်လာ ၁၈ဝ ဝ၀၁ အထက်က ငွေကို ၄၅.ဝ ရာခိုင်နှုန်း ။

ဆောင်ရပါတယ်ကွယ် ။

 

အဲဒီအပြင် ရှိသမျှဝင်ငွေ အားလုံးရဲ့ ၁.၅ ရာခိုင်နှုန်း ကို

ကျန်းမာရေးခွန် အနေနှင့် ဆောင်ရပါတယ်ကွယ် ။

 

ဥပမာ ပြရရင် ။

သမီး တနှစ်ဝင်ငွေက ဒေါ်လာ ၁ဝ ဝ၀ဝ ဆိုရင်

ပထမဆုံး ဒေါ်လာ ၆၀၀ဝ အတွက် လုံးဝ မဆောင်ရပါဘူး ။

ကျန်တဲ့ ဒေါ်လာ ၄၀၀ဝ အတွက် ၁၂.၆ ရာခိုင်နှုန်း နှင့် 

၅၀၄ ဒေါ်လာ ဆောင်ရပါမယ် ။

 

ပြီးရင်

သမီး တနှစ်ဝင်ငွေ အားလုံးအတွက် ကျန်းမာရေးခွန်

ဒေါ်လာ ၁ဝ ဝ၀ဝ ရဲ့ ၁.၅ ရာခိုင်နှုန်း = ဒေါ်လာ ၁၅ဝ ထပ်ကောက်ပါမယ် ။

 

အဲဒီတော့

သမီး အဲဒီနှစ်အတွက် ဝင်ငွေက ဒေါ်လာ ၁ဝ ဝ၀ဝ ( သိန်း ၈ဝ )အတွက်

အခွန် = ၅၀၄ + ၁၅ဝ = ၆၅၄ ဒေါ်လာ ( ၅ သိန်း ) ဆောင်ရပါမယ် ။

 

အဲဒီအခါမှာ ဝင်ငွေ အရမ်းကောင်းတဲ့သူတွေ ခမျာ ငွေ အများစုက

၄၅ + ၁.၅ = ၄၆.၅ ရာခိုင်နှုန်း နှုန်းနှင့် သွားမိပါလေရော ။

ဝင်ငွေ ၁ ကျပ်ရတိုင်း ငါးမူး အစိုးရကို ပေးရမလိုဖြစ်ပါလေရော ။

 

အဲဒီအခါ သူတို့က Company ထောင်လိုက်ကြပါတယ် ။

Company အသုံးပြုရန် ဆိုပြီး Mercedes တို့ Ferrari တို့ ဝယ်ပါတယ် ။

အလုပ် မရှိတဲ့ ဆွေမျိုးတွေ အမေအိုကအစ ဝန်ထမ်းဆိုပြီး ခန့်ကြတယ် ။

Company Investment ဆိုပြီး မြေတွေ အိမ်တွေ ဝယ်ကြတယ် ။

တတ်နိုင်သလောက် သက်သာအောင်လုပ်ကြတာပေါ့လေ ။

အဲဒီအထိက Legal ဖြစ်ပါသေးတယ် ။

 

အေး လိမ်ပြီး မပေးတာဆိုလို့ကတော့

ရှင်းရှင်းလေးပါ ထောင်ကျမယ် ။

Criminal Record ဝင်သွားပြီ ။

အဲဒါဆိုရင်တော့ Government Staff လုပ်လို့ မရတော့ဘူး ။

ဂုဏ် သိက္ခာရှိတဲ့ အလုပ်တွေ လုပ်လို့ မရတော့ဘူး ။

နိုင်ငံရေး လုပ်လို့ မရတော့ဘူး ။

ဘဏ်ကနေတောင် ပိုက်ဆံချေးဘို့ ခက်သွားပြီ ။

သူတို့ နိုင်ငံမှာ Criminal Record ကအရမ်း အရေးကြီးပါတယ် ။

 

” အလုပ်လက်မဲ့ တွေ ဘာတွေတော့ ဒီပုံတိုင်းဆို ရှိမယ်မထင်ဘူး “

 

ရှိပါ့သမီးရယ် ။ ရှိပါ့ ။

 

Australia နိုင်ငံရဲ့ လူမှုဖူလုံရေး စနစ် ( Social Security System ) က

အရမ်းကောင်းတယ် ပထမကမာ္ဘနိုင်ငံတွေထဲမှာတောင် ထိပ်ဆုံးမှာရှိတယ် ။

သူ့ အထက်မှာ Scandinavia နိုင်ငံ အချို့ပဲရှိတော့မယ် ။

 

လူတဦးကို အလုပ်လက်မဲ့ ထောက်ပံ့ကြေး ( တလ ဒေါ်လာ ၁၂၄ဝ နှုန်းလောက် )

ကို ရာသက်ပန် ( no matter how long they have been unemployed )

  ပေးတယ် ။

 

ကောင်းကောင်းသာငိုပြတတ်ရင် ( ကံကလည်းကောင်းရင် )

အိမ် မရှိရင် အိမ် အလုံးလိုက် အလကားပေးတယ် ။

TV မရှိရင် TV ပေးတယ် ။

Furniture မရှိရင် Furniture ပေးတယ် ။

 

အသက် ၆၅ နှစ်ကျော်သွားရင် Senior Pensioner ဆိုပြီး

တလ ဒေါ်လာ ၁၅၀ဝ နှုန်းပြောင်း ပေးတယ် ။

 

ဒါတောင် အများကြီးကျန်သေးတယ် ။

 

Australia အစိုးရ Policy ကိုယ်နှိုက်က

” တိုင်းသူပြည်သား အားလုံးရဲ့ အခြေခံ ( အခြေခံ )

စားဝတ်နေရေး ကျန်းမာရေး ပညာရေး အားလုံးကို

နိုင်ငံတော်က တာဝန်ယူထားတဲ့ စနစ် “

 

နောက်ပြီးတော့ တရားမျှတမှု ( Fair Go )

လူ့ အခွင့်အရေး ( Human Right ) နှင့်

လူလူချင်း တန်းတူညီမျှမှု ( Equality of Human Being )

အကြောင်း သေချာ မသိတဲ့ ရွှေနိုင်ငံသားတွေကို

ပါးပါးလေး ရှင်းပြရရင်တော့

 

Australia နိုင်ငံထဲမှာ တရားဝင် နေထိုင်ခွင့် ပြုထားတဲ့

နိုင်ငံခြားသားတွေ ( အဘတို့လို အမြဲနေထိုင်ခွင့် ရထားသူတွေ ) ဟာလဲ

Australia နိုင်ငံသား မဟုတ်သော်ငြားလည်း

အတူတကွ လက်တွဲနေထိုင်နေတဲ့

“လူ” အချင်းချင်း သာဖြစ်တဲ့အတွက်

လူလူချင်း တန်းတူညီမျှမှု ရှိစေရန် အတွက်

အထက်ပါ အခွင့်အရေးများကို နိုင်ငံသား များနှင့်

အကုန် တန်းတူ ခံစားခွင့် ပေးပါတယ် ။

 

ဘယ်လောက်တရားမျှတတဲ့ တိုင်းပြည်လဲ ။

 

မြန်မာပြည်မှာမွေးပြီး

မြန်မာပြည်မှာကြီးတဲ့သူချင်း အတူတူ

သူကတော့ ဧည့်နိုင်ငံသား ( တရုတ် ၊ ကုလား )

ငါကတော့ မူရင်းနိုင်ငံသား ဆိုပြီး

အခွင့်အရေးတွေ ခွဲခြားနေကြတဲ့

Super ငတုံး Super ငဒူ ကြီးများအတွက်

တရားမျှတမှု လူ့ အခွင့်အရေး နှင့်

လူလူချင်း တန်းတူညီမျှမှု ဆိုတာ

ဘာလဲ မှန်းသိအောင် မျက်စိပွင့်သွားအောင်

ပါးပါးလေး တခုပြလိုက်တာပါ ။

 

ရွာသားများလည်း ဖတ်တာ ခဏ ရပ်ပြီး

ကိုယ့် အတွေးအခေါ် ကိုယ်ပြန် ဆန်းစစ်ကြည့်ကြပါအုံး ။

 

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေ ဆိုတာ

အလကား ဖြစ်လာတာ မဟုတ်ပါဘူး ။

 

အဲလိုပဲ မြန်မာပြည် ဆင်းရဲတာလည်း

အစိုးရ တခုတည်း ကွက်ညံ့တာ မဟုတ်ပါဘူး ။

 

တိုင်းသူပြည်သားတွေရဲ့ အတွေးအခေါ်

အမူအကျင့် တွေလည်း နိမ့်နေလို့ပါ ။

 

ပြောရရင် နဲနဲ ဒူ နှင့် များများ ဒူ ပဲကွာပါတယ် ။

အဘ အပါအဝင်ပါ။

 

ထားပါတော့ သွားလိုရင်း ပျောက်သွားမယ် ။

 

အဘ အသိ မြန်မာ Refugee မိသားစု ဆိုရင်

( လေးဦး ရှိတယ် အဖေ အမေ သား နှင့် သမီး )

တစ်ယောက်မှ အလုပ်မလုပ်ပဲနဲ့

အလုပ်လက်မဲ့ ထောက်ပံ့ကြေး ထိုင်စားတာ ။

 

လစဉ် မြန်မာပြည်ကို နှစ်သိန်း ပြန်ပို့ပြီး

Toyota RAV 4 SUV ကားအသစ် စက်စက်ကို

Installment နှင့် တောင်ဝယ်လိုက်သေး ။

အဘ မျက်စိရှေ့တင်နော် ။

 

သမီး Detail ဆက်ဖတ်ချင်ရင်

http://en.wikipedia.org/wiki/Social_Security_(Australia)

http://en.wikipedia.org/wiki/Unemployment_benefit#Australia_.29  နှင့်

 

အဘ ထပ်ရှင်းပြထားတဲ့ Mandalay Gazette Forum မှာ ဖတ်ကြည့်ပါကွယ် ။

forum > faq > social-protection-for-immigrant-workers-in-

usa-uk-ausi-asian-countries-and-other-countries

 

တိုင်းသူပြည်သား တွေအပေါ် တရားမျှတတဲ့ လွှတ်ကောင်းတဲ့ တိုင်းပြည် ။

 

အဲဒီတော့ တိုင်းသူပြည်သားတွေကလည်း တိုင်းပြည်ကိုအရမ်း ချစ်ကြတယ် ။

Australian ဖြစ်ရတာကို အရမ်း ဂုဏ်ယူကြတယ် ။

Australia ကိုများ တခြား နိုင်ငံကများ လာကျူးကျော်လို့ကတော့

ရှိသမျှ လူဦးရေ သန်း ၂ဝ လုံး အသေခံပြီး ပြန်ချကြမှာ ။

နိုင်ငံခြားသား ဖြစ်နေသေးတဲ့ အဘ ပါ အသေခံပြီး ကာကွယ်မှာ ။

 

စဉ်းစားကြည့်ပေါ့ သမီးရယ်

ဗမာတွေတောင် ငတ်ငတ်ကြီး နှင့် တိုင်းပြည်ချစ်ကြသေးတာပဲ ။

သူတို့က ပိုချစ်တော့ မပေါ့ ။

 

ဒါပေမယ့် တချို့ အလုပ်မလုပ်ချင်တဲ့သူတွေကတော့

အလုပ်လက်မဲ့ ထောက်ပံ့ကြေး ထိုင်စားတဲ့ သူလဲရှိတာပေါ့ ။

 

ဒါပေမယ့် အများစုကတော့ လင်ကော မယားကော

အလုပ်လုပ်ကြတယ် ။ ထိုင်မစား ချင်ကြဘူး ။

သူတို့က ဘာပြောကြလဲ ဆိုတော့

သူတို့ အပေါ်ကောင်းတဲ့ တိုင်းပြည်ကို

သူတို့ လုပ်အား နှင့် Contribute ပြန်လုပ်ရမယ်တဲ့လေ ။

မျိုးချစ် စိတ်ဓါတ် တမျိုး ပေါ့လေ ။

 

ရွာသားတို့ရေ အခုလောက်ဆိုရင်

အဘ အပိုင်း ( ၂ ) နှင့် ( ၃ ) မှာပြောထားတဲ့

 

လူမှုဖူလုံရေး နှင့် အလုပ်လက်မဲ့ခံစားခွင့် အကြောင်း မပြောသေးဖူး ။

အဲဒီ အပိုင်းမှာဆိုရင် သေချာတယ် အဆ တစ်ထောင် မဟုတ်ဘူး

အဆ တစ်သောင်း အနဲဆုံး ကွာစေရမယ် ။

ဆိုတာနှင့်

 

ဖြစ်မှဖြစ်ရပလေတယ် ငါတို့နိုင်ငံကြီးရယ် ၊

ငါ့တိုင်းသူပြည်သားတွေရယ် ၊ ငါတို့ခေတ် ကြမှ ဖြစ်ရလေခြင်း ဆိုပြီး

အဘက ဘာကြောင့် ရင်နင့်ပြီးတော့ မျက်ရည်ကျရတယ် ။

ဆိုတာကို

 

ရွာသားတို့

ခပ်ရေးရေးလေးတော့

သဘောပေါက်လောက်ပါပြီ ။

 

တော်သေးဘီ ။

 

 အဘ ။

 

( Foreign Resident )

 

 

9 comments

  • windtalker

    October 28, 2011 at 11:55 am

    မတော်သေးနဲ ့ဦး ဘဖော ရေ
    ခင်ဗျားနဲ ့ကျုပ် ဆွေမျိုး စပ်ကြည့်တော့
    ဘဖောက ကျုပ် ရဲ ့ ၁၄ ဝမ်းကွဲမြောက် ဦးလေး တော်နေတာကို တွေ ့ရသဗျ
    ကျုပ် ကို မြန်မြန်ခေါ်တော့နော် အန်ကယ်/ဦးလေး ဖောရေ
    မခေါ်ရင် အော်ငိုလိုက်မှာနော်…..

  • intro

    October 28, 2011 at 12:38 pm

    အဘရေ… ခုချက်ချင်းတောင် ဩဇီကို ပြေးလာချင်စိတ်ပေါ်လာပြီဗျာ….
    ကဲ နောက်ထပ်လဲ ဩဇီက အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဩဇီလာချင်တဲ့လူတွေရှိရင် ဘယ်လိုနည်းနဲ့ လာနိုင်တယ်ဆိုတာလေးတွေပါ အချိန်ရရင် ပိုစ့်တစ်ခု တင်ပေးပါဦး ဗျာ…..

  • MaMa

    October 28, 2011 at 6:19 pm

    အခု ဒီက ကလေးတွေလည်း ဩဇီမှာ ပညာသင်သွားကြတာ များလာတယ်။ အရင်ကဆိုရင် နီးနီးနားနား စလုံးကိုပဲ သွားကြတယ်။ တချို့ ယူအက်စ ကိုသွားကြပေမယ့် နည်းတယ် ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်တုန်းကတော့ သတ္တိမရှိလို့ တိုးတက်ဖို့ မကြိုးစားနိုင်ခဲ့ပေမယ့် နောက်လူငယ်တွေကိုတော့ အပြင်ထွက်တာကို အားပေးတယ်။ တရုတ်ပြည်မှာလို ကိုယ့်ဆီက ပညာတတ် လူငယ်တွေ ကိုယ့်တိုင်းပြည်မှာ ထိုက်တန်တဲ့ အလုပ်အကိုင် အခွင့်အရေးရရင် ပြန်လာကြဖို့ကိုလည်း မျှော်လင့်တယ်။
    * သိချင်တာလေးတစ်ခုက ဒီမှာ ၁ဝ တန်းအောင်ပြီး ဩဇီသွားတတ်တာနဲ့၊ ဘွဲ့ရပြီးမှ သွားတာ ဘယ်ဟာပိုကောင်းလဲ သိချင်ပါတယ်။ (အခုဩဇီကလည်း နိုင်ငံခြားသားတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပညာသင်ကြားရေးစရိတ်တွေ လျှော့ချပေးနေတယ်ကြားမိလို့)

  • ပေါက်ဖော်

    October 28, 2011 at 7:31 pm

    ခုလို..အော်ဇီကောင်းကြောင်းလေးတွေ ထုတ်ရေးပြနေတာ…
    ထမင်းငတ်နေတဲ့လူရှေ ့..ကြက်ကင်ကြီး လာစားပြနေသလိုပဲ ခံစားရတယ် ဦးလေးရေ
    ဝမ်းနည်းလိုက်တာဗျာ…မန်ကျည်းဖျော်ရည် သောက်ဦးမှ 😆

    ကျနော့်ဘော်ဒါတစ်ယောက်တော့ ၂ နှစ်မပြည့်သေးလို ့လား မသိဘူး.
    မြန်မာပြည်ပဲ ပြန်လာချင်နေတယ် ပြောတယ်..
    ဦးလေးပြောသလို ၂ နှစ်ကျော်သွားရင်တော့ ဂေါ်နဲ ့ ကလော်ထုတ်ရင်တောင် အော်ဇီပဲ ပြန်ပြေးမလားမသိ
    နောက်ထပ် ကြက်ကင်လေးတွေလဲ မစားရ အညှော်ခံပါဦးမယ်
    😀

  • pooch

    October 28, 2011 at 8:25 pm

    အဘဖောရေ အခုလို ပြောပြတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်….
    ကိုယ့်ဘာသာကိုယ် ရှာဖတ်ရင် အဘဖော ပြောသလောက်တောင် ဇာတ်ရည်လည်မယ်မထင်ပါဘူး..
    အခုကတော့ ကွင်းကွင်းကွက်ကွက်ကို မြင်ရပါတယ်…

    သူက အမေရိကားထက်တောင် သာနေသလိုပါပဲ … ဂျက်လီကတော့ အခွန်မဆောင်ချင်တာနဲ့ အမေရိကားကနေပြေးပြီး စင်ကာပူနိုင်ငံသားခံထားတယ်ဆိုတာတော့ ဖတ်ဖူးတယ်…

    ဩဇီက က ဒါဆိုရင် သူဌေးတွေ အတွက်တော့ မျက်စိစပ်တာပေါ့လေ….တဖက်က ကြည့်ရင်တော့ သူတို့ ဆီက ပိုက်ဆံနဲ့ ကိုယ့်ပြည်တွင်းကိုပဲ ပြန်ထောက်ပံ့ပေးတာဆိုတော့ … ပြည်သူတွေမှာပဲ ခံစားခွင့်ရှိတာပေါ့..

    နောက် အခု လို နှုန်းထားတွေနဲ့ ကောက်ခံတာဆိုရင် သူတို့ က လူလတ်တန်းစားဖွံ့ဖြိုးမှုကိုု ဦးစားပေးပြီး ဝင်ငွေ မကောင်းတဲ့ သူတွေကိုလည်း သက်သက်သာသာနဲ့ နေနို်င်အောင် လုပ်ပေးထားတာဆို တော့ သူတို့ တိုင်းပြည်မှ မဖွံ့ဖြိုးရင်လည်း ဘယ်တိုင်းပြည်က ဖွံ့ဖြိုးမှာလဲ…

    တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် လူလတ်တန်းစားတွေက ပိုပြီး အရေးပါတယ်လို့ ဆိုကြတယ်..
    လူလတ်တန်းစားတွေ များမှ တိုင်းပြည်ကောင်းစားတယ်ဆိုတာ လက်တွေ့ မြင်လိုက်ရသလိုပဲ ……

    အဘဖောရေ သူကြီးက ခေတ်ဟောင်းအတွေးတွေကို စွန့်ပြီး ဘေဘီဘုံမာလေးတွေ ကိုယ်တိုင် ပြင်မှ ရမယ်ဆိုလို့ … သိချင်တာတွေကို မေးနေရတာ… ကိုယ်တွေ ဘာကြောင့်ဒီလို ဖြစ်နေရသလဲဆိုတာ….
    စွန့်စေချင်တဲ့ လူတွေမှာလည်း စွန့်အောင်လုပ်ဖို့ တာဝန်ရှိတယ်လေ … ဒါကြောင့် မေးသမျှကို နောက်ဆို စိတ်ရှည် လက်ရှည်နဲ့ ဖြေဖို့ သာ တာဝန်ယူပေးပါ… 🙂

    အားမနာတမ်းကို မေးမှာပါ.. ပြောပြတဲ့လူ ရှိတုန်း..
    အဘဖောရဲ့ အသိပညာတွေကို မသိသေးသောသူများ သိအောင် အလှူလုပ်နေတယ်လို့ သဘောထားပေးပါ..

    အခုထိ အင်တာနက်က လိုင်းကောင်းတာမဟုတ်ဘူး… ရတဲ့အချိန်မှ ဝင်လို့ ရတာ..

  • unclegyi1974

    October 28, 2011 at 10:27 pm

    အခွန်ကောက်တယ်ဆိုတာအစိုးရရဲ့အလုပ်ပဲလေ
    ဒီအခွန်ရမှသူတို့လည်းငွေရှိပြီးအလုပ်လုပ်လို့ရတာ
    ရအောင်လည်းကောက်တန်အောင်လည်းပြန်လုပ်ပေးဆိုဘာမှဆိုဖွယ်မရှိ
    ဒီမှာကလမ်းမီးခွန်ဆိုပြီးကောက်မီးကမလာ
    အမှိုက်ခွန်ဆိုပြီးကောက်အမှိုက်ကပုံနေသိမ်းတဲ့ကားကလာတခါမလာနှစ်ခါ
    လမ်းကြေးတံတားကြေးဆိုပြီးကောက်
    လမ်းတွေကမကောင်းတံတားတွေကနဲ့နဲ့
    တံတားကျိုးရင်လျှော်ရသေးထောင်မကျကံကောင်း
    သို့သော်မကြာမှီကောင်းလာပါတော့မည်မျှော်

  • parlayar46

    October 28, 2011 at 11:35 pm

    မြန်မာပြည်မှာတော့ ကျုပ်အပါအဝင် လူတွေကလဲ အစိုးရကို ဥပဒေအတိုင်းအခွန်မပေးကြပါဘူး။
    အစိုးရကလဲ ပြည်သူလူထုအတွက် ဘာတခုမှ(..လို့ဆိုရလောက်နီးနီးကို) လုပ်မပေးပါဘူး။
    အစိုးရက ရဲကို စည်ပင်ဝန်ထမ်းကို အခွန်ဝန်ထမ်းကို ထိုက်သင့်တဲ့ ခံစားခွင့်မပေးဘူး။
    ရတယ်။ သူတို့ကလဲ ကျုပ်တို့ဆီက ထိုက်သင့်တာထက်အများကြီးပိုတဲ့ ခံစားခွင့်ကို တောင်းယူ ညှစ်ယူ အေးဓမြတိုက်ယူတယ်။
    အင်း…တချို့က အေးဓမြတောင်မဟုတ်ဘူး…ပူဓမြ

    ဘဲစားဘဲချေပေါ့……..

    ဒါပေမယ့် ကျုပ်တော်တော်အစာမကြေတာတခုက
    တိုင်းပြည်အုပ်ချုပ်သူတို့ရဲ့ဝတ္တရားအတိုင်း လုပ်သင့်တာထဲက မဖြစ်စလောက်လေးတခုခုလုပ်လိုက်တိုင်း
    “နိုင်ငံတော်ရဲ့စေတနာ/ နိုင်ငံ့အကြီးအကဲရဲ့စေတနာ” ဆိုတာတွေထည့်ထည့်ပြောပြီး ကျေးဇူးရှင်လုပ်တာ…။
    ဒီကောင်တွေ…
    လမ်းမှန်ကမ်းမှန်အုပ်ချုပ်တဲ့နိုင်ငံတွေက အုပ်ချုပ်သူ ပြည်သူ့ဝန်ထမ်းတွေရဲ့ တစ်ထောင်ပုံတစ်ပုံလောက်များ
    တိုင်းပြည်အပေါ်တာဝန်ကျေရင် ဘယ်လောက်တောင် ကျေးဇူးရှင်လုပ်လိုက်မလဲမသိဘူး။

  • Foreign Resident

    October 29, 2011 at 6:23 am

    အဘ Income Tax မှာ ဂဏန်း တချို့ မှားသွားလို့ ။ အမှန်က ။

    ဒေါ်လာ ၆၀၀ဝ ( ကျပ် ၄၈ သိန်း ) အောက်ဆိုရင် လုံးဝ မဆောင်ရပါဘူး ။
    ဒေါ်လာ ၆၀၀ဝ ကနေ ဒေါ်လာ ၃ရ ဝ၀ဝ ကြားက ငွေကို ၁၅.ဝ ရာခိုင်နှုန်း ။
    ဒေါ်လာ ၃ရ ဝ၀၁ ကနေ ဒေါ်လာ ၈ဝ ဝ၀ဝ ကြားက ငွေကို ၃၀.ဝ ရာခိုင်နှုန်း ။
    ဒေါ်လာ ၈ဝ ဝ၀၁ ကနေ ဒေါ်လာ ၁၈ဝ ဝ၀ဝ ကြားက ငွေကို ၃၇.ဝ ရာခိုင်နှုန်း ။
    ဒေါ်လာ ၁၈ဝ ဝ၀၁ အထက်က ငွေကို ၄၅.ဝ ရာခိုင်နှုန်း ။
    ဆောင်ရပါတယ်ကွယ် ။

    သေချာမကြည့်ပဲ ရေးလိုက်မိတာ အဘကို ခွင့်လွှတ်ပါကွယ် ။

  • htoosan

    October 29, 2011 at 7:07 am

    မြန်မာ ပြည်က လူ သန်း ၂ဝ နဲ့ ဩဇီက လူ သန်း ၂ဝ နေရာချင်းလဲလိုက်လို့ ကတော့ ဩဇီ အစိုးရ တစ်နှစ်တောင် ခံပါ့မလား မသိဘူး ၊ မွဲသွားမှာ .

    “အဘ အသိ မြန်မာ Refugee မိသားစု ဆိုရင်
    ( လေးဦး ရှိတယ် အဖေ အမေ သား နှင့် သမီး )
    တစ်ယောက်မှ အလုပ်မလုပ်ပဲနဲ့
    အလုပ်လက်မဲ့ ထောက်ပံ့ကြေး ထိုင်စားတာ ။
    လစဉ် မြန်မာပြည်ကို နှစ်သိန်း ပြန်ပို့ပြီး
    Toyota RAV 4 SUV ကားအသစ် စက်စက်ကို
    Installment နှင့် တောင်ဝယ်လိုက်သေး ။” 😀 :mrgreen:

Leave a Reply