အာဏာရူးအိုစမာဘင်လာဒင်သေခဲ့ပြီ

ဆဒန်ဟူစိန်သေခဲ့ပြီ

တဖက်သတ်အာဏာရှင်တွေသေခဲ့

မပြိုဘူးဆိုတဲ့ကျောက်တောင်တွေပြိုခဲ့

မလဲဘူးဆိုတဲ့သစ်ကြီးဝါးကြီးတွေလဲခဲ့

တောလှန်ရေးလမ်းညွှန်သူ

ညီနောင်တို့ရဲ့ခေါင်းဆောင်ဆိုသူ..ကဒါဖီ

သွေးရူးသွေးတန်းနဲ့သေသွားပြီ။

ရက်စက်မူအာဏာကြောင့်ကျခဲ့ရတဲ့

ပြည်သူမျက်ရည်တွေ

အံကြိတ်ကြေကွဲအားမာန်ခဲတဲ့ဒေါသတွေ

မတရားလုပ်လို့မတရားဖြစ်ခဲ့ကြပြီ

အို…….အမှန်တရားငဲ့

ပြည်သူတွေရဲ့အလင်းရောင်

သင်ထွန်းညှိကူမလော့

ပြည်သူတွေရဲ့မျှော်လင့်ခြင်းတေးသံ

သင်နာခံသီဆိုကူညီလော့

ရက်စက်သောအာဏာရှင်စနစ်

ကမ္ဘာမှာပျက်သုဉ်းပါစေသတည်း။                    ။

အမျိုးအစား။                ။  ကဗျာ

ကဗျာအမည်။              ။အာဏာရှင်

About htet way

has written 133 post in this Website..