အာဏာရှင်

htet wayOctober 28, 20111min1267

အာဏာရူးအိုစမာဘင်လာဒင်သေခဲ့ပြီ

ဆဒန်ဟူစိန်သေခဲ့ပြီ

တဖက်သတ်အာဏာရှင်တွေသေခဲ့

မပြိုဘူးဆိုတဲ့ကျောက်တောင်တွေပြိုခဲ့

မလဲဘူးဆိုတဲ့သစ်ကြီးဝါးကြီးတွေလဲခဲ့

တောလှန်ရေးလမ်းညွှန်သူ

ညီနောင်တို့ရဲ့ခေါင်းဆောင်ဆိုသူ..ကဒါဖီ

သွေးရူးသွေးတန်းနဲ့သေသွားပြီ။

ရက်စက်မူအာဏာကြောင့်ကျခဲ့ရတဲ့

ပြည်သူမျက်ရည်တွေ

အံကြိတ်ကြေကွဲအားမာန်ခဲတဲ့ဒေါသတွေ

မတရားလုပ်လို့မတရားဖြစ်ခဲ့ကြပြီ

အို…….အမှန်တရားငဲ့

ပြည်သူတွေရဲ့အလင်းရောင်

သင်ထွန်းညှိကူမလော့

ပြည်သူတွေရဲ့မျှော်လင့်ခြင်းတေးသံ

သင်နာခံသီဆိုကူညီလော့

ရက်စက်သောအာဏာရှင်စနစ်

ကမ္ဘာမှာပျက်သုဉ်းပါစေသတည်း။                    ။

အမျိုးအစား။                ။  ကဗျာ

ကဗျာအမည်။              ။အာဏာရှင်

7 comments

  • ပေါက်ဖော်

    October 28, 2011 at 12:05 pm

    အင်း..
    ဒါဆို..
    ဟို..
    မအေရိုးဂျီး သေဖို ့ပဲ ကျန်တော့တယ်..
    ခွားမသေးကြီး…
    မသေခင် ဂဒါဖီကို သောက်ခွက် ဝိုင်းရိုက်ကြသလို..ဒင်းကိုလဲ .သောက်ခွက်ရိုက်ချင်သေးတယ်..

    မှတ်ချက်။ ။အကြွေးမရောင်းတဲ့ အရက်ဆိုင်ပိုင်ရှင်ကို ဆိုလိုခြင်း ဖြစ်သည်
    😈

    • Foreign Resident

      October 28, 2011 at 12:23 pm

      ကို ပေါက်ဖော် ရဲ့
      ကဒါဖီ ကို ရိုက်ရုံတင်မကဘူး
      ယောက်ကျားချင်း ဟိုဒင်းပါ လုပ်လွှတ်ပြီးမှ သတ်တာတဲ့ ။
      အောက်က Link မှာဓါတ်ပုံ နှင့်ပါပြထားတယ် ။
      —http://freedomnewsgroup.com/2011/10/25/gaddafi-sodomized/—

      ကို ပေါက်ဖော် ကော
      သောက်ခွက်ရိုက်ရရုံနှင်ပဲ တော်ပြီလား ။

      • ပေါက်ဖော်

        October 28, 2011 at 12:34 pm

        FNG သွား ဖတ်ကြည့်တာ..ဖင်တောင်ကျိန်းတယ်. 😆
        အဲဒီပုဂ္ဂိုလ် တော်တော်ချစ်မွှေးပါတာပဲ..ဗျာ..

        ကျနော်တို ့..ဟိုဒင်းအလှည့်ကျရင်..အဝှာတော့ မပြုတော့ပါဘူး…ရွံတတ်လို ့.
        ဒါပေမဲ့.. မောင်ပု ရှိပါတယ်..မပူပါဘူး..
        ဟဲဟဲ.
        😀

        • မှော်ဆရာ

          October 28, 2011 at 6:52 pm

          ဒီလုူ့ ဝဋ်ကလဲ မသေးပါလားနော် …
          အဖမ်းခံရတုန်းကလဲ လက်ထဲမှာ သေနတ်ရှိတာကို …
          ကိုယ့် ဟာကို သတ်သေပါတော့လား …
          don’t shot , don’t shot လုပ်မိလို့ အခုတော့ သေတာတောင် ကောင်းကောင်းမွန်မွန် မသေရဘူး ….
          ဟိုဒင်းကိုပါ ပြသနာ အရှာခံရသေးတယ် …
          ကြောက်တတ်ရင် နှစ်ခါသေတယ်ဆိုတာ တယ်ဟုတ်ပါလားနော် …

  • zaymdy

    October 28, 2011 at 12:15 pm

    မယုံဝူး မယုံဝူး အနော်သိနေတယ်.. အနော်လည်း ရိုက်ချင်တယ်… 🙂

  • chatsu

    October 28, 2011 at 5:12 pm

    မအေရိုးကြီးသေပြီလားသိချင်လို့ပြောကြပါဦး။သတင်းတက်လာတာမတွေ့ဘူး

  • chatsu

    October 28, 2011 at 5:22 pm

    ကျန်းမာရေးမကောင်းဘူးလို့ကြားလိုက်တယ်။

Leave a Reply