ဒေါ့ခ်ထှာ ဖိလစ်ပ်စ် ခေါ်ထလာ နှင့် အင်ထာဗျူး

ムラカミOctober 28, 20115min1186
၁. အနာဂါတ်မှာ ဘယ်လို အကြီးစား trend ပြောင်းလဲ မှုတွေ ဖြစ်လာမယ် လို့ ထင်ပါသလဲ

စီးပွားရေး စာမျက်နှာဟာ နည်းပညာနှင့် globalization ကြောင့် အောက်ခြေက စပြီး ပြောင်းလဲ တိုးတက်ခဲ့ပါတယ်။
company တွေဟာ ကမာ္ဘ့ ဘယ်နေရာကမဆို internet ကို သုံးပြီး ယှဉ်ပြိုင် လာနိုင်ကြပါပြီ internet ကျေးဇူးကြောင့်ပဲ
free trade တွေ ပိုမို ပေါများလာပါတယ်စီးပွားရေး ရဲ့ အဓိက တွန်းအားကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခြင်း ပဲဖြစ်ပါတယ်
company တွေဟာ ပစ္စည်းတွေ ပိုထုတ်ပြီး ပိုရောင်းလာရတာ မှန်ပေမယ့် ဈေးနှုန်းအပေါ်မှာ ဖိအား အလွန်များလာခဲ့ပါတယ်။
သည်အချက်က company တွေကို ပိုမိုပြီး ခြားနားတဲ့(differentiation)
ထုတ်ကုန်တွေ ထုတ်စေတာပါပဲ။ ဒါပေမယ့်လည်း ခြားနားခြင်း အတော်များများဟာ လက်တွေ့ကျမှု မဟုတ်ဘဲ စိတ်ခံစားမှု သက်သက်
လောက်သာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ company တခုရဲ့ လက်ရှိ အားသာချက် ဆိုတာ သိပ်ကြာကြာထိန်းမထားနိုင်တော့ပါဘူး။
ဘာဖြစ်လို့လဲဆို ဘယ် အားသာချက်မဆို မြန်မြန်ဆန်ဆန် copy လုပ်ယူလို့ ရလို့ပါ။

company တွေ ယနေ့ ရင်ဆိုင်ရမှာကတော့ ပညာပိုတတ်လာပြီး Internet လို tool မျိုးတွေ သုံးပြီး ရှာဖွေ ဝေဖန် မှတ်ချက်ပြု
လာနိုင် ကြပြီ ဖြစ်တဲ့ စားသုံးသူ တွေတွေပါပဲ။ အရင်က ထုတ်လုပ်သူဆီမှာသာ ရှိခဲ့တဲ့ ပါဝါဟာ ဖြန့်ချိသူ (distributor) ထိုမှတဆင့်
ယခုဆိုရင် စားသုံးသူဆီ ရောက်ရှိသွားပါပြီ။ စားသုံးသူဟာ ဘုရင်တပါးပါ။
၂. ခင်ဗျားစာအုပ်တွေမှာ Globalization, Hyper-competition နဲ့ Internet တွေဟာ ဈေးကွက်နဲ့ စီးပွားရေး ပုံစံတွေကို
ပုံသွင်းဖော်ဆောင်သွားခဲ့တယ်လို့ ဆိုခဲ့တယ်နော် . ဒါတွေဟာ Marketing အပေါ်မှာရော ဘယ်လို သက်ရောက်မှု ရှိပါသလဲ
သည် တွန်းအား ၃ခုစလုံးက ဈေးလျှော့ရောင်းဖို့ ကို ပဲ ဖိအားပေးကြပါတယ် Globalization ဟာ company တွေကို ပိုဈေးချိုချိုနဲ့
ထုတ်လုပ်နိုင်မယ့်နေရာ ကို ညွှန်ပြပေးနိုင်သလို ထုတ်ကုန်တွေကို ဈေးကြီးကြီးနဲ့ ရောင်းနေတဲ့  ပြိုင်ဘက်တွေ ရှိတဲ့
တိုင်းပြည်မှာ အောက်ဈေးနဲ့ ဝင်တိုးဖို့ ပို့ဆောင်ပေးနိုင်ပါတယ်
Hyper-competition ကလည်း supplyများလာတဲ့အတွက် ဈေးချပေးပြီး ပြိုင်ဆိုင်ဖို့ ဖိအားပေးပါတယ်
Internet က တော့ လူတွေ ဟာ ပိုမို ထုတ်ကုန်တွေကို ပိုမို လျှင်မြန်စွာ ယှဉ်ထိုး ကြည့်နိုင်ပြီး ဈေး အသက်သာဆုံး ကို ရွေးချယ်ခွင့်ပေးထား
ပါတယ် marketing challenge အနေနဲ့ ကတော့ ဈေးနဲ့ အမြတ် ကို ဘယ်လို ထိန်းချုပ် နိုင်မလဲ ဆိုတာပါ။
အမြင့်မားဆုံးသော Value ကို မပေးဆပ်နိုင်ဘူးဆိုရင် ဘယ်တိုင်းပြည်မှာမှ စားသုံးသူကို ထိန်းထားနိုင်မယ် မဟုတ်ပါဘူး။
သည်တော့ အဖြဟာ better targeting, differentiation နဲ့ branding ကို မလွဲမသွေ ဖော်ဆောင်ရမှာပါ
တချိန်တည်းမှာပဲ ကမာ္ဘ့ ဒေသအသီးသီးဟာ ပိုမို ဆက်သွယ်ကူးလူးပြီ ပိုမို အကာအကွယ် ယူလာကြပါပြီ။ သည်ဒေသတွင်း က
တိုင်းပြည်တွေဟာ တဖက် ဒေသတွင်းက တိုင်းပြည်တွေဆီက အနာဂါတ် အကျိုးအမြတ် ကို နှိုက်ယူ ဖို့ ကြိုးစား ကြပါတယ်
Value အစစ်အမှန် မဟုတ်ရင်တော့ အတုအယောင် trade preferences ဟာ ရေရှည် တည်မြဲမယ်တော့ မဟုတ်ပါဘူး
(ပညာရှိများတော်ချက် ...မြစ်ဆုံလိုကိစ္စမျိုးကို ပြေးမကြည့် တွေးကြည့်ပီး သိနေတယ်)

၃. Marketing ဆိုတာဘာလဲ
Marketing ဆိုတာ ပစ်မှတ်ထားတဲ့ ဈေးကွက် ရဲ့ လိုအပ်ချက်ကို အမြတ်အစွန်း ရတဲ့ အခြေအနေ တခုမှာ ပြည့်ဝစေတဲ့
တန်ဖိုးValue တွေကို ရှာဖွေခြင်း ဖန်တီးခြင်း နဲ့ ပို့ဆောင်ပေးခြင်း အလုပ်တာဝန်တွေကို လုပ်တဲ့
သိပ္ပံ နဲ့ အနုပညာ ပေါင်းစပ် ထားတဲ့ အရာ ဖြစ်ပါတယ် ။Marketing ဆိုတာ လိုအပ်ချက်တွေ လိုချင်တာတွေကို ညွှန်းဆိုဖော်ပြပါတယ်။
ဈေးကွက်တခုကို သတ်မှတ်ပြီး အဲ့သည့်ဈေးကွက်ရဲ့ပမာဏနဲ့ အမြတ်အစွန်း ရရှိနိုင်ခြေ ကို တိုင်းတာရပါတယ်။
ဈေးကွက်ရဲ့ ဘယ်အစိတ်အပိုင်း ကို serve လုပ်ရင် အကျိုးအမြတ်အများဆုံးဖြစ်မလဲ ကို တဖန် ရှာဖွေဖော်ထုတ် ပြန်ပါတယ်။
ပြီးတဲ့အခါမှာ သင့်တော်တဲ့ ထုတ်ကုန် service တွေ ကို designလုပ် promoteလုပ်ရပါတယ်
အဖွဲ့ အစည်းတွေမှာ Marketing ကို department အနေဲ့ ဖွဲ့စည်းတည်ဆောက်လေ့ရှိပါတယ်။  ဒါဟာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်
ကောင်းတဲ့ ဘက်ကကြည့်ရင်တော့ Marketing သီးသန့် ကို အာရုံစိုက် လေ့လာ သင်ယူသူတွေ စုစည်းထား တဲ့အတွက်ပါ ။ မကောင်းတဲ့
ဘက်က ပြောရရင်တော့ Marketing ဆိုတာ department တခုတည်းက လုပ်ဆောင်ရမယ့် အလုပ် မဟုတ်ဘဲ အဆိုပါ အဖွဲ့အစည်းရဲ့
နေရာစုံ ထောင့်စုံမှာ ပါဝင် သင့်တဲ့ အရာ တစ်ခုဖြစ်ပါတယ်
ကျနော့်ရဲ့ Marketing Management 11th edition ရဲ့ ပထမဆုံး chapterမှာ Marketingရဲ့ အရေးအကြီးဆုံး သော အချက်တွေကို
ဖော်ပြထားပါတယ်segmentation, targeting, positioning, needs, wants, demand, offerings, brands,
value and satisfaction, exchange, transactions, relationships and networks, marketing channels,
supply chain, competition, the marketing environment, and marketing programs.
သည်စကားလုံးတွေဟာ Marketing professional တယောက်ရဲ့ ဘာသာစကား ဖြစ်ပါတယ်။
Marketingအဓိက တာဝန်ကြီးတွေကတော့
(1) opportunity identification,
(2) new product development,
(3) customer attraction,
(4) customer retention and loyalty building, and
(5) order fulfillment.
ဒသည်အချက်တွေကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်တဲ့  companyဟာ အောင်မြင်မှု ကို ခံစားရမှာ မလွဲပါဘူး။
တခုခုသာ ချို့ယွင်းပျက်ကွက်ခဲ့မယ် ဆိုရင်တော့ အဲ့သည့် companyဟာ ရပ်တည်နိုင်မှာ မဟုတ်လို့ပါ။

၄. ထိရောက်တဲ့ Marketing လုပ်ငန်းဆောင်တာ နဲ့ပါတ်သတ်ပြီး လက်ရှိ company တွေမှာ သုံးဆွဲနေ တဲ့ အကြီးမားဆုံး အမှားဟာ
ဘာများ ဖြစ်မလဲ ပြီးတော့ လိုအပ်ချက်တွေကရော ဘာတွေဖြစ်မလဲ 
Marketing ဟာ စီးပွားရေးလောကမှာ ရော ပြည်သူလူထု ကြားမှာ ပါ အထင်အလွဲ အခံရဆုံး စီးပွားရေး ဘာသာရပ် ဖြစ်ပါတယ်
Companiesတွေဟာ ထုတ်လုပ်မှု နဲ့ ရောင်းကောင်းဖို့ အတွက် သက်သက် Marketing ဟာ ရပ်တည်တယ်လို့   ထင်နေကြပါတယ်။
အမှန်တကယ် ကတော့ ပြောင်းပြန် ဖြစ်ပါတယ် ။ ထုတ်လုပ်မှုဟာ Marketing ကို ထောက်ပံ့ဖို့ အတွက်ပါ
companyဟာ ထုတ်လုပ်မှု ကို outsourced လုပ်ပစ်လို့ ရပါတယ် ။
company ကို ဖွဲ့စည်းတည်ဆောက်ထားတာကတော့ marketing offerings နဲ့  ideasတွေပဲဖြစ်ပါတယ်
Manufacturing, purchasing, R&D, finance နဲ့ အခြားသော company functions တွေဟာ ဝယ်သူ့ရှေ့မှောက် ကဈေးကွက်မှာ ရှိတဲ့
companyရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ပေးဖို့ ရပ်တည်ရတာ ဖြစ်ပါတယ်
Marketingကို မကြာခန sellingနဲ့လည်း မှားတတ်ကြပါသေးတယ် Sellingဆိုတာ marketing ရေခဲတုံးကြီးရဲ့ ရေပေါ်ပေါ်နေတဲ့ အစိတ်အပိုင်း
လောက်သာဖြစ်ပါတယ်။ ဈေးကွက်ကို စုံစမ်း ထောက်လှမ်းမှုပြုလုပ်ရတာတွေ researchပိုင်းနဲ့ သင့်တော်တဲ့ ထုတ်ကုန်တွေ ဖော်ဆောင်ရတာ
ရောင်းဈေး သတ်မှတ်ရတာဖြန့်ချိရေး ကိစ္စရဲ့ အဖွင့်ပိုင်း လုပ်ငန်းဆောင်တာတွေနဲ့ ထုတ်ကုန်ကို သတ်မှတ်ဈေးကွက် သိရှိအောင်
လုပ်ရတာ တွေကို မမြင်ကြပါဘူး။ဒါကြောင့်မို့ လို့ Marketing ဟာ sellingထက် ပိုမို လေးနက် ရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ်။
Marketing နဲ့ sellingဟာ ဆန့်ကျင်ဘက်လောက် နီးနီး ဆို နိုင်ပါတယ်။ ဟိုးအရင် တုန်းကတည်းက ကျနော် ပြောခဲ့ဖူးတာပါ
 “Marketing ဆိုတာ ပိုကောင်းတဲ့ ဈေးရောင်းနည်းကို ရှာဖွေဖို့ မဟုတ်ပါဘူး  Marketing ဆိုတာ စစ်မှန်တဲ့ customer valueကို ရှာဖွေတဲ့
အနုပညာ ဖြစ်ပါတယ် သင့် တွေကို ပိုမိုကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးတဲ့ အနုပညာလည်း ဖြစ်တယ်  Marketerတယောက်
အတွက်သင့်လျော်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ quality, service, and value တို့ ဖြစ်ပါတယ် ”
Selling ဟာ productရှိမှ စတာပါ   Marketingကတော့ product မရှိခင်ကတည်းက စတင်တာပါ။
 Marketing ဆိုတာ company ရဲ့ မလုပ်မဖြစ် လုပ်ရမယ့် အိမ်စာ လေ့ကျင့်ခန်း လိုအရာပါ လူတွေ ဘာလိုအပ် သလဲ ဆိုတာကို ရှာဖွေ ဖို့ နဲ့
companyအနေနဲ့ ဘာလုပ်ပေးနိုင်တယ်ဆိုတာကို ဖော်ထုတ်ဖို့ ပဲဖြစ်ပါတယ်Marketing ဟာ ဘယ်အချိန်မှာ launchလုပ်မယ်။ ရောင်းဈေး သတ်မှတ်မယ်
distributeအတွက် လမ်းကြောင်းရွေးချယ်မယ် ပြီးတော့ ဈေးကွက်တွင်းမှာ product/serviceကို promote လုပ်မယ်ပေါ့ ။
ပြီးတဲ့အခါမှာ Marketing ရလဒ်တွေကို စောင့်ကြည့်မှတ်တမ်းတင်ပြီး ပိုကောင်းနဲ့ နည်းလမ်း ကို ရှာဖွေဖော်ထုတ်ရပါသေးတယ်။
ဘယ် အချိန်မှာ service ကို ရပ်တန့် မလဲဆိုတာကိုပါ Marketing ကသတ်မှတ်ရတာပါ
Marketingဆိုတာ ရေတို ဈေးရောင်းတဲ့ အားထုတ်မှု မဟုတ်ဘဲ ရေရှည် ရင်းနှီး မြှုပ်နှံမှု ပုံစံဖြစ်ပါတယ်။
Marketing ကောင်းစွာ ဖြစ်တည်နေတဲ့ company ဆိုတာ product မလုပ်ခင် ဈေးကွက်ထဲကိုမဝင်ခင် ကတည်းက
Marketing တည်ရှိနေတာဖြစ်ပြီး တောက်လျောက် ရေရှည် ရပ်တည်သွား တဲ့ company မျိုးကို ခေါ်ပါတယ်

၅. Marketing ဘယ်တုန်းက စပြီးပေါ်ပေါက်တာလဲ

Marketingဟာ လူသားတွေ စကတည်းက ပေါ်လာတာပါ Bible story ကို ဥပမာ ပေးရရင် (သည် ပုံပြင်က တကယ့် လူသား
အစဆိုတာကိုတော့ ကျနော် မယုံပါဘူး),  တားမြစ်ထားတဲ့ ပန်းသီး ကို စားဖို့ Eve ဟာAdam ကို သွေးဆောင်ခဲ့ပါတယ်
ဒါပေမယ့် Eveဟာ ပထမဆုံးသောmarketerမဟုတ်ပါဘူး။ ပထမဆုံး ဆိုနိုင်သူဟာ Adam ကို ပန်းသီးစားခိုင်းဖို့ Eve ကို
ပြောရန် စည်းရုံးခဲ့တဲ့ မြွေတကောင်သာဖြစ်ပါတယ်။

Marketingဟာဖြန့်ချိရေး လက်ကားနဲ့ လက်လီ အရောင်း ကိစ္စတွေနဲ့ ပါတ်သတ်တဲ့ပညာရပ်တွေနဲ့ သက်ဆိုင်ပြီး
USမှာပထမဆုံးပေါ်ပေါက်လာခဲ့ပါတယ်စီးပွားရေးပညာရင်တွေ ရဲ့ သန့်စင်တဲ့ အတွေးအခေါ် အယူအဆ  ဟာ စီးပွားရေးဆိုင်ရာ အခြေ ခံ
functionတွေကို အထောက်အကူပြုဖို့ လစ်လျူရှုခဲ့ပါတယ်   Demandနဲ့ supply ဇယားတွေကို သာ ဖော်ပြခဲ့ပြီး ဈေးနှုန်းကို ထိန်းချုပ် ဖို့ သာ
ဆိုခဲ့ကြပါတယ် ။ ထုတ်လုပ်သူက စတင်ပြီး လက်ကား တွေ လက်လီတွေ အထိ အဆင့်ဆင့် ဈေးနှုန်းရဲ့ ဆင့်ကဲပြောင်းလဲမှု  ကို မေ့ထားကြပါတယ်။
ဒါကြောင့်မို့လို့ အစောပိုင်း marketers တွေဟာ economists တွေ ကျန်ခဲ့တဲ့ ကွက်လပ်တွေကို ဖြည့် ဆည်းပေးနိုင်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ economics ပညာရပ်ဟာ marketing ရဲ့ မိခင် လို့ပြောလို့ရပါတယ်။
Marketing အနုပညာ ပုံစံထက် အသက်မွေးဝမ်းကျောင်း ပညာ ပိုဆန်ပါတယ် American Marketing Association(AMA) နဲ့
British Chartered Institute of Marketing(CIM) တို့ ဟာ လွပ်လပ်စွာ ရပ်တည်ပြီး Marketing Professional များကို
မွေးထုတ်ပေးနေကြပါတယ် သူတို့ရဲ့ စာမေးပွဲတွေဟာ အရည်အချင်းပြည့်ဝတဲ့ marketer တယောက် ကိုမွေးထုတ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်

တချိန်တည်းမှာပဲ Marketing သင်ကြားထားခြင်းမရှိတဲ့ သာမန်လူ တယောက်ဟာလည်း အင်မတန် ပြောင်မြောက်တဲ့ Marketing idea ကို
ထုတ်နိုင်ပါသေးတယ်။ Ingvar Kamprad ဟာ marketer နဲ့ သူ့ရဲ့ company IKEA is ဟာ qualityကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့
furnitureတွေ မြောက်များစွာ ထုတ်လုပ် အောင်မြင်ခဲ့ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းဟာ အောင်မြင်တဲ့ Marketing Process တခုအတွက်
အလွန်ကြီးကြီးမားမား သက်ရောက်နေတာကြောင့် Marketer တယောက်ဖြစ်ဖို့ ကန့်သတ်ချက် မရှိပါဘူး။
သို့သော် သိပ္ပံနည်းကျမှု ကလည်း Marketing မှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်
Marketersတွေဟာ လူတွေ ဘာကို စိတ်ဝင်စားသလဲ လိုချင်သလဲ ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ အတွက် marketing research,
 market modeling, and predictive analytics စတာတွေ လုပ်ဆောင်ရပါတယ်။ ဆုံးဖြတ်ချက်တွေ ချဖို့ နဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို
ထိန်းကျောင်းဖို့အတွက် Marketers တွေဟာ marketing models တွေကို အသုံးပြုရပါတယ်။ ဈေးကွက်တွင်း ရောင်းအား နဲ့
အမြတ်အစွန်းစတာတွေ ရဲ့ သက်ရောက်မှုကို သိမြင်ဖို့ အတွက်marketing metrics တွေ ကို ရေးဆွဲရပါတယ်

Marketing ဟာ အနုပညာ၊ လုပ်ငန်းဆောင်တာ ၊ သိပ္ပံပညာ ဒါတွေ တခုခုထက် ပိုမိုတဲ့ အရာ အစရှိသဖြင့် ကျနော် မပြောလိုပါဘူး ဒါပေမယ့်
အဲ့သည့် အမယ် ၃မျိုးလုံးတော့ ပါဝင် နေတာ အမှန်ပါပဲ

၆. Marketing ရဲ့ mission ဟာ ဘာလဲ
သည်မေးခွန်း အတွက် ဆိုရင် ကျနော် ဟာ အနည်းဆုံး ကျနော်ဟာ မတူညီတဲ့ အဖြေ၃မျိုး ပေးရပါလိမ့်မယ်
ပထမဆုံး အဖြေဟာ Marketing ရဲ့ တာဝန်ဟာ companyကထုတ်တဲ့ထုတ်ကုန်ပစ္စည်းတွေကို မည်သူ့ကိုမဆို အားလုံးရောင်းချ နိုင်ဖို့ ဖြစ်ပါတယ်
ဒုတိယအဖြေ အနေနဲ့တော့ ပိုမိုခေတ်ဆန် တဲ့အဖြေကိုပေးပါမယ်။  target markets ရဲ့ လိုအပ်ချက်တွေ ပြည့်ဝစေမယ့် ထုတ်ကုန်တွေ
ထုတ်လုပ်ဖို့ လို့ ဆိုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ philosophical အဖြေကိုပေးပါမယ် ကမာ္ဘကြီးရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အဆင့်အတန်း
နဲ့ လူတွေရဲ့ quality of life ကို မြှင့်တင်ပေးဖို့ပါပဲ။
Marketing’s role ကိုပြောပါ ဆိုရင်တော့ လူတွေရဲ့ မပြည့်မဝ ဖြစ်နေတဲ့  ဆန္ဒတွေ တောင့်တမှုတွေကို အာရုံခံပြီး
ဆွဲဆောင်မှု ရှိရှိ နည်းလမ်းသစ်တွေနဲ့ ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကနေ့ခေတ် မီးဖိုချောင်နဲ့ သူ့ရဲ့ equipment တွေဟာ
အိမ်မှု ကိစ္စတာဝန်တွေ အတော်များတဲ့ အမျိုးသမီးတွေကို ဘယ်လို သက်သာအောင် ကူညီပေးနိုင်တယ် ဆိုတာ ဥပမာ အနေနဲ့
ကြည့်နိုင်ပါတယ်။

၇. ခင်ဗျားဟာ စီးပွားရေး မဟာဗျူဟာ ချမှတ်တဲ့နေရာမှာ Marketing ဟာ ထိပ်တန်း အခရာ ကျတဲ့ အခန်းကဏ္ထမှာ ပါသင့်တယ်လို့
ဆိုခဲ့တယ်နော် ။ အမှုဆောင် အရာရှိတွေဟာ အောင်မြင်မှု အတွက် Marketing ဟာ ဘယ်လောက် အရေးကြီးတယ် ဘာလုပ်ပေးတယ်ဆိုတာ
အပြည့်အဝ လက်ခံသဘောပေါက်တယ်လို့ ထင်ပါသလား 
CEOအများစု ဟာ Marketingကို  ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်အပြီး ရောင်းဖို့ အလုပ် သက်သက်သပဲ ကျန်တော့တဲ့ အလုပ်ကို လုပ်တဲ့
 departmentအနေနဲ့ ပဲ မြင်တတ်ကြပါတယ်။ ကျနော်တို့ ဟာ အဲ့သည့် အနေအထားအစား Marketing ကို အဖွဲ့အစည်းတခုရဲ့
strategic directionနေရာမှာ ထားဖို့ ဆွေးနွေးငြင်းခုန်ဖူးပါတယ် Peter Druckerဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်ကတည်းက ပြောခဲ့ပြီးသားပါ
“Company တခုမှာ အခြေခံ function ၂ခုသာ ရှိပါတယ် : innovation နဲ့ marketing ဖြစ်ပါတယ်”

၈. company တခုက Marketing department ကလူတွေဟာ စီးပွားရေး အခွင့်အလန်း အသစ် တခုခုကို အဆို မပြုနိုင်ဘူး

ဆိုရင် သည်လူတွေ ကို ဖြုတ်ပစ်လိုက်တော့ လို့ ခင်ဗျားပြော ခဲ့တယ်နော် ။ အခြေအနေမှာ company အနေနဲ့ အခြားစီးပွားရေး အခွင့်အလမ်း
အသစ်တွေ ရှိနေ ကျန်နေ သေးတယ် လို့ ထင်ပါသလား
အခွင့်အလမ်း အရေအတွက်ကို ပြောရမယ်ဆိုရင်business cycle နဲ့ technology cycle အရ ကွဲပြားမှု ရှိမှာဖြစ်ပါတယ်
အခွင့်အလမ်းတွေဟာ စီးပွားကျနေတဲ့ ကာလတွေနဲ့ နည်းပညာ အသစ်တွေ ပေါ်ထွန်းမလာသေးဘဲ တန့်နေတဲ့ကာလတွေမှာ နည်းပါးမှာပါ။
ဒါပေမယ့် အနည်းအများသာ ကွာမယ် အခွင့်အလမ်း ဆိုတာတော့ ရှိနေစမြဲပ။ အသစ်ထွက်ပေါ်လာမယ့် ကုန်ပစ္စည်းအသစ်တွေရဲ့
catalog တွေကို ပဲ ကြည့်ကြည့်လိုက်ပါ ပိုမို ပြတ်သားတဲ့ပုံရိပ်တွေ ဒါမှ မဟုတ် တီထွင်ဆန်းသစ်မှုတွေ နဲ့ လှပတောက်ပြောင်မှု တွေ တခုခုပေါ့
ဘယ် Company မဆို သူ့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် serviceတွေကို အမြဲတမ်း ပိုကောင်းအောင် ပြုပြင်ဖို့ တခုနဲ့တခု ပေါင်းစည်းဖို့ နဲ့
အရွယ်အစား အသစ် ထုတ်လုပ်ဖို့ feature အသစ်ထပ်ဖြည့်ဖို့ အမြဲတမ်း တွေးတော ကြံဆနေသင့်ပါတယ်။
ရှိပြီးသား ဈေးကွက် အသီးသီးကို ပြန်လည် ပုံစံသွင်းယူနိုင်ယုံသာမက ဈေးကွက်သစ် ပါချဲ့ထွင်နိုင်တာကြောင့်ပါပဲ။
ကျနော်ဟာ Lateral Marketing (co-author Fernando Trias De Bes)ကို ထုတ်ဝေခဲ့ပါတယ် ။ အဲ့သည့်ထဲမှာ
creativity approachဟာidea အသစ်တွေ ရှာဖွေဖော်ထုတ်တဲ့ နေရာမှာ vertical marketing (i.e., segmentation)နဲ့
ဘယ်လို ကွာခြားတယ်ဆိုတာ ဖော်ပြထားပါတယ်Vertical marketing ဟာ ရှိပြီးသား market တခုအတွင်းပဲ အလုပ်လုပ်ပါတယ်
lateral marketing ကတော့ ထုတ်ကုန်ပစ္စည်းတခုကို ပတ်ဝန်းကျင် အသစ်ဆီ မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါကို ဥပမာဥပမေယျ တွေ
အများကြီးနဲ့ ရှင်းပြထားပါတယ်။ သည်ခေတ်မှာ ကျနော်တို့ဟာ gas station တွေမှာ အစားအစာ ဝယ်နိုင်ပါတယ် banking ကိစ္စတွေကို
supermarket မှာလည်း လုပ်နိုင်ပါပြီ cafesတွေမှာ computer နဲ့ internet သုံးနိုင်ပါပြီ cell phone နဲ့ ဓါတ်ပုံရိုက် လို့ရပါပြီ
 ဆေးအာနိသင်ပါတဲ့l gum ကိုစားပြီး အစာ နဲ့ ဆေးအချို့ကိုချေဖျက်နိုင်ပါပြီ  ကွေကာ ကို candy bar ပုံစံမျိုး စားနိုင်ပါပြီ အခွင့်အလမ်းတွေ
မရှိနေဘူးဆိုတာ ကျနော် မယုံကြည်ပါဘူးတချို့ marketers တွေဟာ သည် အခွင့်အလမ်းတွေ ကို အမိအရ ဆုပ်ကိုင်နိုင်တဲ့ အရည်အချင်း မရှိတာ
လို့ပဲ ယုံကြည်ပါတယ် စီးပွားကျတဲ့ ကာလတွေမှာတောင် Marketing ဟာ ရှုံးနိမ့်စရာ အကြောင်းမရှိပါဘူး marketers တချို့ကသာ
အခွင့်အလမ်းတွေကို  imaginationလုပ်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်

၉. ပေါ်ပေါက်လာနိုင်တဲ့ စီးပွားရေးအခွင့်အလမ်း အသစ်တွေ ကို ပြောပြပေးနိုင်မလား

Biotech (e.g., rational drug design, biometric measurement for security)
Mobile phones (e.g., micropayments through the phone, wireless devices)
Security (corporate and home security)
Niche businesses (e.g., a bank for Latinos)
Outsourcing
Storage systems
Automation (e.g., highway passes through toll gates)
Health care and medical devices
Robots
(မှတ်ချက် US အတွက် ဖြေပေးထားတာ မှတ်ပါသည်)

စီးပွားရေး အခွင့်အလမ်းသစ် တွေ့ရှိ ထားတယ် ဆိုရင် အောက်ပါ မေးခွန်းတွေကို ဖြေဆိုကြည့်ပါ

ဒါဟာ ရေရှည် ရပ်တည်သွားနိုင်တဲ့ ဈေးကွက်လား
အကျိုးအမြတ်ဖြစ်မယ့် business model ရေးဆွဲနိုင်ရဲ့လား
အလျင်အမြန် အကောင်ထည်ဖော်နိုင်သလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

6 comments

  • windtalker

    October 28, 2011 at 12:36 pm

    နောင်တစ်ချိန်ကြ “ မစ်စတာပေ အန် ဘရားသား ” ကုမ္ပဏီကြီး ဖွင့်သည့်အခါကြ အသုံးဝင်မည် ဖြစ်ပါသဖြင့် ကော်ပီလုပ်သွားပါကြောင်း ၊ ကျေးကျေးပါနော် ဆဇာ

    • inz@ghi

      October 28, 2011 at 12:40 pm

      ကပေ့…
      ကူးသွားတယ်ချိုတာချည်းပဲ ..
      ကူးပီး ဘလော့မှာ တွားတင်တာရားဟင်??

      • windtalker

        October 28, 2011 at 1:07 pm

        နိုးနိုး
        ယူဝါအာ ဝရောင်း မန်း
        အိုင်ဆေး ခြေထောက်
        အိုင်မင်း အိုင် ကော်ပီ ရော် ဝေ့ါ အန် ဆေ့အင်မိုင် ဂျီတော့ မေးလ်
        ဝှန်း အိုင် မိတ် အ စူပါ ကွန်ပနီ
        အိုင် ဝဲ နိ ရော် ဝေါ့
        အေခို နော်
        တင့်ခရု ဆဇာ

        • inz@ghi

          October 28, 2011 at 1:11 pm

          တိန် ….သွားဘီ သွားဘီ …
          သည် စကားပြောနည်း ယဉ်ကျေးမှုအဖြစ် ရွာထဲမှာ ပျံ့သွားရင်
          နာတရားခံဖြစ်ပီ ….

          စာရေးရင် အကောင်းမရေးတတ် ….. စာကို အကောင်းရေးပြန်တော့လည်း ခေါင်းစဉ်ကို ၆တလွဲ တပ် …
          ပေါက်ကရ မလုပ်ရရင် မနေနိုင်တဲ့ ကျနော့် အကျင့်ကို သည်းခံကြပါ ဆြာတို့

    • ပေါက်ဖော်

      October 28, 2011 at 12:46 pm

      ခိုဝင်း ထော်လခါ ရေ
      မစ္စထာဖေ အန်ဒ် စစ္စထှားစ် ခမ်ဖဏီ ဖွင့်ရင်တော့ ကျုပ်ခို လက်တို ့လိုက်ဘာဦးနော့
      ခိုဇာဂီရေ
      ချေးဇူးထင်ဘာဒယ်ခင်ညာ
      ရှဲရှဲနီ
      😆

      • inz@ghi

        October 28, 2011 at 1:02 pm

        တိန်….
        ဒါ …တားခေါင်းစဉ် ကို ရိတာ …
        ကျေနပ်ဝူး …သဂျိုင်ခီး နဲ့ တိုင်ပီး
        အပိုင် တီး ပလိုက်မယ် …
        ခွီး…..

        😛

Leave a Reply