ဘီအမ်ဘတ်စ်များ နေရာတွင် စီးတီးဘတ်စ်များ အစား ထိုးမည်

BayoteMay 21, 20101min750

မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်တွင် ပြေးဆွဲ နေသော ဘီအမ် မော်တော်ယာဉ် လိုင်းများ အား လုံးကို ပြည်ပမှ မှာယူထားသော City Bus ကားများ ရောက်ရှိလာမှသာ ၎င်း နေရာတွင် အစားထိုး ပြေးဆွဲ သွားမည်ဟု သိရသည်။ ယခုလက်ရှိ တွင် မထသ City Bus ကား အစီး ၃၀ဝ ကို ပြည်ပမှ မှာယူ ထားပြီး ဖြစ်ရာ မကြာမီ အသုတ်လိုက် ခွဲ၍ ရောက်ရှိလာမည် ဖြစ်ပြီး ၎င်းကားများ ရောက်ရှိ လာပါက ယခု ပြေးဆွဲနေသော ဘီအမ် ကားများကို မြို့တွင်း ပြေးဆွဲခွင့် မပြု တော့ကြောင်း သိရ သည်။ “ကျွန်တော်တို့ ကားအစီး ၃၀ဝ မှာထား ပါတယ်။ အဲဒီကားတွေ အကုန်လုံး ရန်ကုန်ကို ရောက်မှ အစားထိုး ပြေးဆွဲမှာပါ အခု ချက်ချင်း ဘီအမ်ကားတွေ မြို့ထဲ မဝင်ရတော့ဘူးလို့ မပြောသေးပ ါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်ကမှ မြို့တွင်းသို့ မဝင်ရလို့ ပိတ်လိုက်တဲ့ ကားလိုင်း နှစ်လိုင်း ရှိတယ်။ စစ်ကျန် ဘတ်စ်နဲ့ ဒိုင်နာ ကားတွေပါပဲ။ ဒါကြောင့် အခုမှာတဲ့ ကားတွေ မပြည့်စုံ သေးဘဲ ဘီအမ်တွေကို ချက်ချင်း ဖယ်ခိုင်း လိုက်မယ် ဆိုရင် ခရီးသည်တွေနဲ့ လိုင်းကားတွေ မမျှမတ ဖြစ်သွားမယ်၊ ဒါကြောင့် မှာတဲ့ကားတွေ အကုန်ရောက်လာမှ ဘီအမ်ကားတွေကို မြို့တွင်း ပြေးဆွဲခွင့် ပိတ်မှာပါ”ဟု မထသမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထားသည်။