“ဒေါ်လာအကြောင်း ရေးရင်..ဒေါသံထွေးရတယ်…

amatminOctober 28, 20111min53

 

ကိုယ်တွေ က ဒီဒေါ်လာနဲ့ပက်သတ်နေမိတော့လည်း.. ကောင်းသတင်းလေးကြားရင်ပျော်ရသလို..မကောင်းတာမြင်ရတော့လဲ ပြောချင်လာပြန်ရော..

ကျန်ခဲ့တဲ့အပတ်က ငွေလဲ ကောင်တာအသစ် အခုငါးဆယ်ထပ်ဖွင့်တယ်..

ဆိုတော့ လွယ်လွယ်ကူကူ နဲ့ လဲစရာနေရာတွေ တိုးလာတော့ အများသူငှာ(ပက်သက်နေတဲ့လူတွေ)လို ဝမ်းသာတာပေါဗျာ…ဒါနဲ့ပဲ

ဒီကနေ့ (၂၈.၁၀.၂၀၁၁) ကိုယ်နဲ့အနီးဆုံး..ဆူးလေ (AGB) ကို ပြေးလိုက်တာပေါဗျာ..အသစ်ဆိုပြီး အားပေးမယ်ပေါ့လေ.

ဟိုရောက်တော့လူလဲ ရှင်းပြီး ကျွန်တော့အရှေ့မှာ..ယိုးဒယား ခရီးသည်တအုပ်ပဲ တွေ့တယ်ဗျ..ဒါနဲ့ ဈေးနှုန်းလေး လှမ်းကြည့်လိုက်တော့

ဂလိုလေးရေးထားတယ်ဗျ.. (AGB)

FEC 795(Buy) 802(Sell)

Dollar785(Buy) 802(Sell)

အဲဒီမှာ ကျွန်တော် တွေးမိလိုက်တာက ဘယ်တုန်းကမှ ဒေါ်လာကို မကျော်နိုင်ခဲ့တဲ့ FEC ကြီးဒေါ်လာကိုကျော်တက်ပြီပေါ့လေ..

ဒါနဲ့ ယိုးဒယား အဖွဲ့ပြီးသွားလို့ ကိုယ့်အလှည့်လဲ ရောက်ရော အက်အီးစီ ရောင်းချင်လို့ပါဆိုတော့.

ဒီကနေ့ အရောင်းပိတ်ပါတယ်တဲ့…အဲတော့ ဘာမှဆက်မေးလို့ မရတော့ဘူးပေါ့နော်..

ဒါနဲ့ ကျွန်တော်လည်း ထုံးစံအတိုင်း သိမ်ဖြူကို ပြေးတာပေါ့ဗျာ..(၁၀)မိနစ် ပဲ ကြာပါတယ်ဗျာ..(အဲဒီ ဆယ်မိနစ်က အရေးကြီးသွားပါပြီ)..

ဘာကြောင့်လဲဆိုတော့..သိမ်ဖြူ ရောက်လို့ ဈေးနှုန်းဘုတ်ပြားကြီးကို လည်းကြည့်လိုက်ရော

ဂလိုတွေ့တာပဲဗျ…(သိမ်ဖြူ)

FEC 795(Buy) 802(Sell)

Dollar795(Buy) 802(Sell)

ကဲကြည့်ကြပါဦး..ဒါနဲ့ဘေးနားက တယောက်ကိုမေးကြည့်တော့လဲ ဒီဈေးနှုန်းက ကျွန်တော် သိမ်ဖြူကိုလာနေတဲ့အချိန်(၁ဝ မိနစ်အတွင်း)

မပြောင်းရသေးပါဘူးဗျာ..ဒီတော့ကျွန်တော်နားလည်သလောက်ကတော့.

ကောင်တာတွေအားလုံးကို ဈေးနှုန်းတမျိုးတည်းသတ်မှတ်ထားတာလို့ ထင်ပါတယ်..

အခု ကွာခြားချက်က ၁ ဒေါ်လာကို မြန်မာငွေ ၁ဝ ကျပ်ပါ…(ဈေးနှုုန်းထက်.လုပ်စားမှာကိုစိုးရိမ်တာပါ.)

ပြီးတော့ အခုမှ အပြောင်းအလဲ ကိုစဖို့ ပြောနေကြတုန်းပါ..သူတို့က အပြောင်းအလဲ.မြန်လွန်းနေတယ်..

ဘာလို့များ ကွာနေတာလည်းဗျာ..မဝယ်တဲ့ အက်အီးစီ ကိုတော့ ဈေးပိုပေးတယ်..အခုဝယ်ယူနေတဲ့ ဒေါ်လာကိုတော့ ဈေးနှိုမ်ထားတယ်..

ဒီလိုမျိုးကောင်တာတွေက လုပ်လို့ရသလား..လုပ်သင့်သလား..(ဒါမှ မဟုတ် နိုင်ငံခြားသား မို့ဈေးပြောင်းဝယ်တာလား)

ဘာလို့များ..ဈေးနှုန်းမတူတာလဲ မတွေးတတ်လို့ ရွာသားတွေအမြင်လေးမေးကြည့်တာပါ…

နောက်ပြီး သိမ်ဖြူမှာလဲ တချို့ကောင်တာတွေက အက်အီးစီ မဝယ်သလို.တချို့ကတော့ ၅၀ဝ ထိဝယ်ပါတယ်

(company စာရွက်စာတန်းပြည့်စုံပါလျှက်) ဒါလေးကလဲ တမျိုး.နော် ဒီတော့ လဲ ထုံးစံအတိုင်း.လာထားကိုမှောင်ခိုတို့ရေပေါ့..နော်

အဆိုးဆုံး တခုကတော့ အပြုံးမဲ့ ချစ်စရာ မျက်နှာလေးတွေဗျ. 🙂