ကထိန်ပွဲတော်ရက်နီး ဈေးမြှင့် အမြတ်ထုတ်မှုများ မကြုံရလေအောင်

etoneOctober 28, 20115min19633

အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်ရယ်လို့ ကျွန်မတို့ မြန့်မာ့စကားမှာ ရှိခဲ့တယ့်အတိုင်း …. ကထိန်ပွဲကြီး နီးလာတာနှင့်အမျှ ကျွန်မတို့ လူမျိုးတွေ … အမြတ်ဆုံးအလှူပွဲဖြစ်တဲ့ ကထိန်မှာ သဒါ္ဓတတ်အားသရွှေ ့ မိမိတို့ ရှာဖွေစုဆောင်းထားတာလေးတွေနဲ့ လှူဖွယ်ပစ္စည်းဝယ်ယူလှူဒါန်းတတ်ကြပါတယ် …. ။

ဈေးကွက်ထဲက နိဗ္ဗာန်ကုန် တံဆိပ် အမျိုးမျိုးရှိသော်လည်း … ပွဲလန့်တုန်းဖျာခင်း စီးပွားရှာချင်တဲ့ လူတွေကြောင့် နိဗ္ဗာန်ကုန်ဈေးကွက် မတည်မငြိမ်ဖြစ်ပြန်တော့တယ် … ။ စေတနာ ထက်သန်တဲ့လူတွေများသလောက် ကိုယ်ကျိုးဖက်စီးပွားရှာသူတွေ ၊ မတော်မတရား အမြတ်ထုတ်ချင်သူတွေကြောင့် … မိမိတို  ့ချွေးနည်းစာ သမ္မာအာဇီဝကျကျ ရှာထားရတဲ့ ငွေလေးနဲ့  ရတဲ့ ပစ္စည်း မတန်အောင်ပဲ လဲလှယ်ဝယ်ယူကြရတယ် … ။ဒီလိုဖြစ်နေတာတွေက အချို့သော တနပ်စား ကြံ တဆင့်ရောင်းချ အမြတ်ကြီးစားကြသူလူ့နွား တစ်စုကြောင့်ပါပဲ … ။

ပစ္စည်းဝယ်တော့မယ်ဆိုလျှင် ဈေးလည်းမှန်ပြီး အရေသွေးစိတ်ချရတဲ့ ဆိုင်မျိုးမှာ ရွေးချယ်ဝယ်ယူသင့်ပါတယ် …. ။ တံဆိပ်တူ ပစ္စည်းတူဆိုလျှင်တောင် တချို့ တဆင့်ရောင်းချသူတွေ ရဲ့ လောဘကြောင့် ပွဲတော်ရက်နီးလေ ဈေးနှုန်းကွာခြားမှု မြင့်မားလေ ဖြစ်တတ်ပါတယ် … ။ စေတနာကို ခုတုံးလုပ်ကာ စီးပွားရှာတဲ့လူတွေ အမြတ်ထုတ်မခံရဖို့အတွက် …. ဈေးမှန်တဲ့ ဆိုင် ၊ ပစ္စည်းစစ်တဲ့ ဆိုင်မှာသာ အားပေးသင့်ပါတယ် …. ။

အလှူတန်း ဝါသနာထုံတဲ့ ကျွန်မတို့ ရွာသူ ၊ ရွာသားတွေ အတွက် … လှူဖွယ်ပစ္စည်းလေးတွေရဲ့ ဈေးနှုန်းကို အကြမ်းဖျဉ်း ကောက်ပေးထားပါတယ် …. ။ ကိုယ်သဒါ္ဓပေါက်လို့ လှူဒါန်းချင်တဲ့ အခါ ချင့်ချိန် တွက်ဆ ဝယ်ယူနိုင်စေဖို့ပါပဲ … ။ ကိုယ့်အလှူငွေပမာဏနဲ့ လိုအပ်တဲ့ ပစ္စည်းဝယ်ယူနိုင်အောင် ရည်ရွယ်တင်ပေးခြင်း ဖြစ်ပါတယ် … ။

ရွာသူရွာသား တို့လည်း … မိမိတို့ ပိုက်ဆံနဲ့ တန်တဲ့ အရည်သွေးတူ ပစ္စည်းမျိုး ဝယ်ယူလှူဒါန်းနိုင်ပြီး ၊ သူတပါး အမြတ်ထုတ်ခြင်းမှ ကင်းဝေးပါစေလို့ …. ဆုတောင်းပေးလိုက်ပါတယ်နော် ။

 

တရုတ် စီဝိုင်စီ

၈၅၀၀

ကိုရီးယား စီဝိုင်စီ

၁၀၀၀၀

အင်ဒို စီဝိုင်စီ

၁၂၀၀၀

စင်္ကာပူစီဝိုင်စီ

၁၄၀၀၀

ပဒုမ္မာချည်ချော

၁၈၀၀၀

သိုးမွှေးခြုံထည် အပါး

၇၀၀၀

သိုးမွှေးခြုံထည် အထူ

၈၀၀၀

နေကထိုင်ကြီး

၂၀၀၀

ဖဲယပ်

၁၂၀၀

ပန်ထူးသာ ယပ်

၁၀၀၀

ရွှေငွေ ပဌါန်းယပ်

၂၅၀၀

ထန်းယပ်

၁၅၀၀

ရွှေထီး

၆၀၀၀

စီဝိုင်စီ ခါးပန်းကြိုး

၇၀၀

လီနင်ခါးပန်းကြိုး

၁၅၀၀

 

မြသပိတ်

၃၅၀၀

ဖိုင်ဘာ သပိတ်

၃၅၀၀

ထီး (ဒန်ကိုင်း)

၂၅၀၀

ထီး (စတီးကိုင်း)

၄၀၀၀

ပဒုမ္မာ (ကတ္တီပါ) ဖိနပ်

၂၅၀၀

ပဒုမ္မာ (မန်း) ဖိနပ်

၃၅၀၀

ငွေမောင်းထောင်

၁၀၀၀

စတီးဆွမ်းခွက် ၃ခွက်

၂၀၀၀

ဒန်ဆွမ်းခွက် ၅ခွက်

၁၅၀၀

စတီးထွေးခံ

၂၅၀၀

စီဝိုင်စီ ခါးပန်းကြိုး

၇၀၀

လီနင်ခါးပန်းကြိုး

၁၅၀၀

၅မျိုး ကြိမ်ခြင်း

၁၈၀၀၀

၉မျိုး ကြိမ်ခြင်းကြီး

၂၃၀၀၀

ကော်သပိတ်တွဲ

၃၅၀၀

 

 

( နိဗ္ဗာန်ကုန်ပစ္စည်းဈေးနှုန်းများ စာရင်း ပြုစုရာတွင် လှိုက်လှိုက်လှဲလှဲ အကူညီပေးပါသော  ”   ပန်ထူးသာ ”  သင်္ကန်းနှင့် နိဗ္ဗာန်ကုန်ဆိုင်မှ တာဝန်ရှိသူများကို ကျေးဇူး အထူးပင် တင်ရှိပါသည် )

 

33 comments

  • manawphyulay

    October 28, 2011 at 3:38 pm

    ဪ ပန်ထူးသာရဲ့ ကိုယ်စားလှယ်ရဲ့အာမခံချက်ကြောင့် ဝယ်မယ်ဆိုရင် ပန်ထူးသာမှ စိတ်ချရပါတယ်ရှင်….

    • GreeNSheeP

      October 29, 2011 at 1:57 pm

      ဘာလဲ မနာလို ဖြစ်နေတာတဲ့လား ။

  • pan pan

    October 28, 2011 at 3:45 pm

    ထီး (ဒန်ကိုင်း) ၂၅၀၀
    ထီး (စတီးကိုင်း) ၄၀၀၀
    ခေါက်ထီးထင်ပါရဲ့
    ချာလီထီးများလား

    • etone

      October 29, 2011 at 9:15 am

      ပန်ပန်ရေ … အဲ့ဒါခေါက်ထီးဈေးပါ ..
      ချာလီထီးတွေဈေးက 4200 ၊ 4500 နဲ့ 5000 ထိရှိပါတယ် အဆာဟိ တံဆိပ်ထဲကပေါ့ …ဒါပေမယ့် ဘုန်းကြီးတွေက ခေါက်ထီးပဲ သုံးတာများတယ်လေ … ချာလီထီးက ကိုင်ရတာ အဆင်မပြေလို့ …. 🙂

  • AKKO

    October 28, 2011 at 3:47 pm

    စာရင်းလုပ်လာတဲ့ ဆိုင်ကပဲ (ဈေးသိပြီးလို့) သွားဝယ်ချင်လျှင်ရော ဆိုင်လိပ်စာလေး ပြောပါဦး ။

    • etone

      October 28, 2011 at 4:01 pm

      ဆိုင်လိပ်စာလေးကတော့ …. ဘာလိုလိုကနေ ရှာပေးထားတာပါ … အမြဲဖြတ်သွားနေကြနေရာမို့ … ဆိုင်လိပ်စာလေးပါ လမ်းညွှန်ပေးလိုက်ပါတယ်နော် … ။

      အမှတ် (S/9) ပန်းလှိုင်လမ်း (အာရှတော်ဝင်ရှေ့တည့်တည့်လမ်း) ၊ စမ်းချောင်းမြို့နယ် ။
      ဖုန်းနံပါတ်တွေကတော့ … 500180 , 519135 ဖြစ်ပါတယ် … ။ 🙂

  • ဆူး

    October 28, 2011 at 3:49 pm

    ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊

    ကထိန်သင်္ကန်းကိုနှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပါ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ဝဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ နဝဋ္ဋတိ၊အာကာသတော ဩတိဏ္ဏသဒိသမေဝ ဝဋ္ဋတိ ၊)

  • နွယ်ပင်

    October 28, 2011 at 3:54 pm

    ပန်ထူးသာ ဆိုင်ကစာရင်း ပြုစုထားတာဆိုရင်တော့
    ပစ္စည်းကို ဈေးနှုန်းရော စိတ်ချရကြောင်း ………… 🙂

  • chitlay

    October 28, 2011 at 3:56 pm

    etone ရေ … ဘယ်မှာသွားဝယ်ရမှာလဲဟေ … လုပ်ပါအုံး ဆိုင်လိပ်စာလေး ဘာလေး … 😛

    • etone

      October 28, 2011 at 4:10 pm

      chitlay ရေ ဆိုင်လိပ်စာလေးကတော့ … (အပေါ်ကနေ ကော်ပီကူးလိုက်ဦးမယ်… ) 😛 အမှတ် (S/9) ပန်းလှိုင်လမ်း (အာရှတော်ဝင်ရှေ့တည့်တည့်လမ်း) ၊ စမ်းချောင်းမြို့နယ် ။
      ဖုန်းနံပါတ်တွေကတော့ … 500180 , 519135 ဖြစ်ပါတယ် … ။ 🙂

  • ဆူး

    October 28, 2011 at 3:59 pm

    သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

    ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

    သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။

    သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

    ရဟန်းသည်လည်း ပုရိမဝါ ကပ်၍ (ဝါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ဝါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။

    ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ဝိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် – ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ – လ တိုင်တိုင် ရရှိကြလေသည်။

    စာအုပ် အဟောင်း တွေထဲမှ ရှာဖွေပြီးတော့ တင်ပေးလိုက်ပါသည်။

  • မှော်ဆရာ

    October 28, 2011 at 4:03 pm

    ကထိန်အလှူတော်များ များများ လှူနှိုင်ကြပါစေ ..
    ဗီဒီယိုများ ဓါတ်ပုံများလဲ များများရိုက်နှိုင်ကြပါစေ …
    မှော်ဆရာ ဗီဒီယို ရိုက်ကူးရေးကိုလဲ များများ ငှားကြပါစေ …
    🙂

    • etone

      October 28, 2011 at 4:13 pm

      မှော်ဆရာလိပ်စာကဒ်လေး တင်ပေးလိုက်ပါလား … ။
      ကျွန်မ သားလေးရှင်ပြုဖို့ … ရွာပြန်မီးခိုးတိတ် အလှူလုပ်လျှင် ဗွီဒီယိုရိုက်ရင် ငှားမလို့ :mrgreen:
      😀

      • windtalker

        October 28, 2011 at 9:27 pm

        အလဲ့ စိတ်ကူးက တယ်ကောင်းပါလား
        ကွန်ဂရက်ကျူလေးရှင်းပါ ဒေါက်တာကိုကို ရေ
        ခင်ဗျားမှာတော့ ရတဲ့တစ်ဂိုး ဟာ တစ်ဂိုးဆို တစ်ဂိုး ဆိုသလို
        ကျားလေး တဲ ့ဗျို ့
        ဟေဟေး

    • MaMa

      October 28, 2011 at 6:40 pm

      မှော်ဆရာရဲ့ ဗွီဒီယိုတော့ မငှားပါရစေနဲ့။ (သူရိုက်တဲ့ မော်ဒယ်တွေက မျက်တောင်ခတ်တာ မဟုတ်ဘူး။) 😆

      • မှော်ဆရာ

        October 28, 2011 at 7:46 pm

        နာတေပြီ… နာတေပြီ …. ဒါကြောင့် အသုဘဆိုရင် ဓါတ်ပုံ ဗီဒီယို ဆရာတွေ ရှောင်ကြတာ ….

  • ဆူး

    October 28, 2011 at 4:03 pm

    ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး
    ၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
    ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
    ၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
    တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုုရာ သွားလျှင် အာပါတ်သင့်၏ )
    ၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
    ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)
    ၄။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
    မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
    ( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ ထားရှိပါက – ၁ဝ – ရက်ကျော်လျှင် အာပါတ်သင့်၏)။
    ၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
    ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
    ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။

    လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
    ၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
    မိမိသွားလိုုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
    ၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
    မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။
    ၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
    မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ဝမ်းမီးနှင့် ပြည့်စုံသည် )။
    ၄။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
    မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
    ၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
    မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
    ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ –ရွှေအဆင်းကဲ့သိုု့ ဝါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အဝတ်အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ဝတ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ဝိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

    • Foreign Resident

      October 28, 2011 at 5:43 pm

      ၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။

      မ ဆူး ရေ
      ကျွန်တော်သိသလောက် သင်္ကန်း သုံးထည် ကို
      ညအိပ်ရင်တောင် တတောင့်ထွာထက်
      ပိုဝေးကွာသွားရင် အာပတ်သင့်တယ်ဗျ ။

      ကထိန် အာနိသင် ရမှသာ အာပတ်လွတ်တယ်လို့ကြားတယ်ဗျ ။

      ဘာရယ်ဟုတ်ပါဘူး ဟိုးအရင်က
      ရန်ကုန်တတိုင်းလုံး မိုးပေါ်ကျကထိန် လိုက်ခင်းတဲ့ အဖွဲ့မှာ
      ပါဘူးလို့ ကြားမိတာလေး ။

      • ဆူး

        October 28, 2011 at 6:03 pm

        အာရုံတက်မှာ အနားမှ ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတွေက ခင်းအိပ်တာတို့ ခေါင်းအုံး အိပ်တာတို့ လုပ်တယ်။ ဦးဖောရေ ဆူးလည်း ကြားဖူးတာ ပြောပါတယ်။
        ကထိန် အာနိသင် ရတော့ ဒုကုဋ် ကို အနားထားစရာ မလိုတော့ဘူးပေါ့။
        ဒုကုဋ် ဆိုတာကလည်း နှစ်ထပ် သင်္ကန်း ဆိုတဲ့ အတိုင်း အခန်းအရေ အတွက် များရင် များသလို အလေးချိန်ရှိပါတယ်။ လေးလံတဲ့ သင်္ကန်းကြီးကို အဝေးမှာ ထားလို့ ရတယ် ဆိုတော့ ဝမ်းသာစရာပေါ့။
        လေးလံတဲ့ ဒုကုဋ် သင်္ကန်းကြီးကလည်း ချမ်းအေးတဲ့ နေရာသွားရင် ဝိနည်းထိုတဲ့ ရဟန်းများဆိုရင် တခြား ဘာခြုံထည်တွေ အနွေးထည်တွေ မဝတ်ဘူး ဒုကုဋ်ကြီးသာ ခြုံပြီးနေတာ မြင်ဖူးတယ်။
        ဆူး ဗုဒ္ဓဂါယာ သွားတုန်းက တော်တော် အေးနေတာ အဲဒီမှာ ပါတဲ့ ရဟန်းတပါးက ထူးဆန်းတယ် အလှူရှင်က ပို့လို့ ပုဒ်ပြတ် ကုန်ကျ စရိတ်ခရီးသွားဖွဲ့ကို ပေးထားပြီးပေမဲ့ ပိုက်ဆံ လှူချင်တဲ့ နေရာ လှူပါဆိုပြီး အလှူ ထည့်ပေးတာတောင် ပိုက်ဆံ ဝတ္တု မကိုင်ဘူး။ တခြား ရဟန်းများက အေးလွန်းလို့ ခေါင်းစွပ်တွေ ခြေအိတ်တွေ အနွေးထည်တွေ ဝတ်ကြတယ် အဲဒီ ဆရာတော် မရှိလို့ ဝယ်လှူမယ် ဆိုတော့ ဦးဇင်း အသုံးမပြုတာပါတဲ့ တော်တော် အံဩသွားတယ် နောက်မှ သိတယ်.. လူနဲ့ နီးစပ်တဲ့ အသုံးအဆောင်တွေ မသုံးတာပါတဲ့။
        ဆွမ်းစားတာက အစ တခြား ရဟန်းများနဲ့ ပုံစံ သိပ်မတူဘူး တော်တော် တည်ငြိမ်တယ်။
        ရဟန်းသံဃာများ ချိန်ခွင်ထဲ ထည့်ပြီး မချိန်ရဘူး ဆိုပြီး တရားထဲမှာ နာဖူးခဲ့ပေမဲ့ အမြင်မှာ မတူတာတော့ တော်တော် သိသာတယ်။

  • Diamond Key

    October 28, 2011 at 4:10 pm

    etone ရေ၊ သာဓုပါဗျာ၊ သာဓု၊ သာဓု၊

  • etone

    October 28, 2011 at 4:16 pm

    ကော့မန့်ပေးကြသော ရွာသူရွာသားတွေကို ကျေးဇူးတင်ပါတယ်နော် … ..
    ဆူးရေ…. ကော့မန့်တွေက ဗဟုသုတရလို့ မှတ်သားထားပါတယ်နော် 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2011 at 4:50 pm

    မြန်မာနိုင်ငံမှာ ရဟန်းတွေအရေတွက်ထက် သင်္ကန်းအရေအတွက်က လေးဆလောက်ပိုနေဒယ်
    လို့တော့ထင်တာဘဲ ( အထင် )
    သင်္ကန်းဆိုတာကလည်း တော်တော်ကြီးတဲ့ဘစ်ဇနစ်တစ်ခုလို့ပြောရင်ရနိုင်မလားသိဘူးနော
    အလှူအတန်းပစ္စည်းတွေမှာတော့ လှူသူနဲ့ အလှူလက္ခံသူ နှစ်ဦးနှစ်ဖက်
    သိပ်အဆင်ပြေပုံမရဘူး အားလုံးကိုတော့ မဆိုလိုပါဘူး
    မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့နော 😀 ဥပမာ
    ပန်းလှူရင် အဆင်းလှမယ် ဘာညာကွိကွ
    ဖရောင်းတိုင်လှူရင် စက္ခုတွေ ဘာညာကွိကွ
    စာအုပ်တွေလှူရင် ပညာကြီးမယ် ဘာညာကွိကွ
    ဖိနပ်လှူရင် ဘာညာကွိကွ
    ဟိုဒါလှူရင် ဘာညာကွိကွ
    ဒီဒါလှူရင် ဘာညာကွိကွ
    ဘာညာကွိကွ တွေလှူရင် ဘာညာကွိကွ
    ဘာညာကွိကွ
    ဘာညာကွိကွ
    နောက်ဆုံးတော့ ဟိုကလိုခြင်တာ
    စာအုပ်လည်းမဟုတ်ဘူး
    ဘောပင်လည်းမဟုတ်ဘူး
    ဘာညာကွိကွ လည်းမဟုတ်ဘူး
    လိုခြင်တာက ဝတ္ထု ဖြစ်နေတယ်လို့ပြောရင် ရနိုင်မလားဘဲ ( အားလုံးကိုဆိုလိုဘူးနော် )
    သဒ္ဓါ ကသတ်သတ်နော်
    တစ်ခါဆို ဘုန်းကြီးကြောင်းတစ်ခုမှာ တွေ့ဘူးတယ် အဲ့သည်လိုဘဲ အလှူတွက်ပစ္စည်းတွေကို
    သူ့ရည်ရွယ်ချက်နဲ့သူလှူထားတာပေါ့နော
    ဒါပေမယ့် အဲ့ဒါတွေကို အားလုံးချောင်ထိုးထားလိုက်တာဘဲ ဘုန်းကြီးက လိုမှမလိုအပ်တာ
    အားလုံး နောက်ဖေးချောင်ထည်းမှာအမှိုက်တွေတက်နေတာ
    နောက်တစ်ခုဆို ဆွမ်းကပ်တာပေါ့နော အဲ့သည်လိုဘဲ
    မြန်မာအခေါ်အဝေါ်နဲ့ဆို ကန်တော့ပွဲလို့ခေါ်တာပေါ့ ဖရောင်းတိုင်တွေ အမွှးတိုင်တွေနဲ့
    အစုံအလင်ပေါ့
    တရားနာရေစက်ချလည်းပြီးရော ဘုန်းကြီးကလည်း ခပ်ရှင်းရှင်းဘဲ
    အဲ့သည် ကန်တော့ပွဲ လုံးဝ နားထား
    အဲ့သည်ဖရောင်းတိုင်တွေ အမွှေးတိုင်တွေ ကိုယ့်ဘုရားမှာဘဲညတိုင်းထွန်းလိုက်ကြတော့တဲ့
    မယူသွားဘူး
    စာအိပ်တွေဘဲယူသွားတယ် တော်တော်သဘောကောင်းတဲ့ဘုန်းဘုန်းဘဲ
    သူ့တွက်ရတဲ့ ဖရောင်းတိုင်တွေ အမွှးတိုင်တွေကို အလှူရှင်အိမ်က ဘုရားကိုပူဇော်ဘို့
    ပြန်လှူခဲ့ဒယ်
    ဘာရယ်ဟုတ်ပါဘူး သဂျီးမင်းတွက် အဆိုတင်သွင်းပေးဒါဘာခည 😀 😀 😀

  • windtalker

    October 28, 2011 at 7:38 pm

    အတုန် ရေ ၊ ဝယ်ထားတဲ့ သင်္ကန်းတွေ ကို အခုထိ ထုတ်မကြည့်ဖြစ်သေးလို ့
    ဆိုင်နာမည် ကို မသိရသေး ။
    တစ်ကယ်လို ့မတူခဲ့ရင်တော့
    အတုန် ့အနေနဲ ့၊ လူရင်းကို ကျော်တယ် လို ့ဘဲ ပြောရတော့မှာဘဲ
    ဒါပေမယ့် ကွန်မင့်တွေ အရ ဆိုရင် ၊ မနက်ဖန်မှဘဲ သင်္ကန်းတွေကို ထုတ်ကြည့်ရဦးမယ်
    ကိုယ်ကလဲ အလုပ်ခပ်များများ ရယ်ဆိုတော့
    မိတ်ဆွေကို ခင်တာ၊ယုံကြည်တာလဲ ပါတော့
    ဝယ်ထားတဲ့ သင်္ကန်းတွေကို ယနေ ့ထိ မထုတ်ကြည့်ရသေးပါကြောင်း
    🙂

  • parlayar46

    October 28, 2011 at 10:49 pm

    ရန်ကုန်နဲ့ ဇာတိမြို့က စပ်ရာဆိုင်ရာ ကထိန်တွေမှာတော့ တတ်အားသရွေ့ ဝင်ပါပြီးပါပြီ။
    တနေ့ကမှ ဧရာဝတီတိုင်းရွာတရွာက ကထိန်နဲ့ ပဉ္ဇင်းခံ တခုကိုယ့်ဆီရောက်လာတာနဲ့
    ကထိန်အတွက် တစ်စုံ၊ ရဟန်းတပါးအတွက် တစ်စုံ လှူလိုက်ဖြစ်တယ်..
    စင်ကာပူ စီဝိုင်စီ တစ်စုံ 18000 နှုံးနဲ့ .. 26.10.2011 နေ့က။

    etone ပြောမှပဲ တစ်စုံ 4000 များသွားမှန်းသိတယ်။
    ကျေးဖူးတင်ပါတယ်။ လိပ်စာလဲမှတ်သွားပါတယ်။ နောက်ဆိုအဲဒီပဲသွားတော့မယ်။
    ဒါ့ထက် အဲဒါ ရွာသူတယောက်ယောက်ရဲ့ ဆိုင်များလားလို့ နော် ?
    ဟိုးအရင် ပိုစ့်တခုမှာ တွေ့မိသလိုပဲ…

  • parlayar46

    October 28, 2011 at 11:07 pm

    ကထိန်နဲ့ပါတ်သက်ပြီး နားလည်ထားတာက-
    အဲဒါ တိစီဝရိတ် သင်္ကန်းသုံးထည်ကိုသာ အဓိဌာန်တင် အသုံးပြုတဲ့ ရဟန်းတော်များအတွက်သာ အဓိက အကျိုးရှိ(အာနိသင်ရ) တာလို့ထင်ပါတယ်။ ထင်ပါတယ်ဆိုတဲ့စကား သုံးရတာကတော့ ကိုယ်က ဘုန်းကြီးမဟုတ်လို့ အပြတ်မပြောဝံ့လို့ပါ။
    အခုခေတ်က တိစီဝရိတ်ဆောင်ရယ်လို့မရှိသလောက်ဆိုတော့ ….
    ဘုန်းကြီးတွေအတွက်တော့ သိပ်အကြောင်းမဟုတ်ပါဘူး။
    ကထိန်ရဲ့ လိုရင်းကိစ္စ နှစ်ခုပဲရှိတယ်။
    လူတယောက်ယောက်ကထိန်ခင်းဘို့လို့ နှုတ်ကပြောပြီး ဘုန်းကြီးတပါးပါးကို သင်္ကန်းလှူတာကတချက်၊
    အဲဒီသင်္ကန်းကို သိမ်ထဲမှာ သံဃာတွေစုပြီး (ကထိနကမ္မ) ကထိန်ခင်းတာကတချက်- အဲဒါပါပဲ။

    လူတွေအတွက်တော့ အင်မတန့်အင်မတန် အကြောင်းဟုတ်ပါပေတယ်။
    ကထိန်ကို အကြောင်းပြုပြီး ကုသိုလ်တရားတွေလဲတိုးပွားတယ်။ ပျော်စရာ ကြည်နူးစရာလဲကောင်းတယ်။
    မြန်မာပြည်ကကထိန်ပွဲတွေကို ဗုဒ္ဓဘာသာယဉ်ကျေးမှု့ လို့ ဆိုခြင်းထက် မြန်မာ့ယဉ်ကျေးမှု့ မြန်မာ့ နေထိုင်မှု့ ပုံစံတခုဖြစ်တယ်လို့ပဲပြောရမယ်။

    ဒီကွန်မင့်ရဲ့ လိုရင်းကတော့ မြန်မာပြည်ကကထိန်တွေရဲ့ အာနိသင်ကို ဘုန်းကြီးတွေထက် လူတွေကသာပိုပြီးရတယ်လို့ – ကျုပ်သဘောနဲ့ကျုပ် ကောက်ချက်ချမိပါကြောင်း။

  • တညင်သား

    October 29, 2011 at 12:18 am

    တနင်္ဂနွေနေ့မှာ ကထိန်ခင်းမယ် (၃၀.၁၀.၂၀၁၁) တညင်သားတို့ အဖွဲ့က အကျွေးအမွေးနဲ့ ဧည့်ခံမယ် ရွာသား/ရွာသူတွေကို ကျွန်တော်တို့အဖွဲ့နင့်အတူ ကထိန်ပွဲမှာ ပျော်ရွှင်စွာ ကုသိုလ်ယူကြနိင်ရန်အလို့ငှာ ဖိတ်ကြားအပ်ပါတယ်…
    ဗုဒ္ဓသာသနာပြု ကျောင်းတော် (တောင်ကိုရီးယားနိင်ငံ)…………. 🙂

    • ဆူး

      October 29, 2011 at 9:44 am

      တောင်ကိုရီးယား မှာ ကထိန်ခင်းဖို့ ရန်ကုန်က သင်္ကန်း လှမ်းမှာဖို့ စီစဉ်ထားလို့လား.. 😀

  • kai

    October 29, 2011 at 4:40 am

    ဖြစ်နိုင်ရင်တော့.. ဂွမ်တီး..ဂွမ်တီးခေတ်အယူအဆ… လှူခိုင်းတဲ့.. ကထိန်သင်္ကန်းမလှူပါနဲ့..။
    စုပြီး.. ကွန်ပျူတာနဲ့ အင်တာနက်လှူပေးလိုက်ပါ..။

    ဆူပါကွန်ဆာဗေးတစ်ဘုန်းဘုန်းတွေကို.. အသိသညာအလင်း ဖွင့်စေ(ပွင့်စေ)ချင်တယ်..။
    ကထိန်သင်္ကန်းလှူတာထက်.. ကထိန်အင်တာနက်လှူတာက.. ကုသိုလ်၁ဝဆမက ရမယ်လို့ အာမခံပါတယ်..။
    လက်ငင်းကို အကျိုးပေးမှာဖြစ်ပါတယ်…။ 😆

    • xman

      October 29, 2011 at 8:46 am

      ကွန်ပျူတာက လိုင်စင်ဗားရှင်းအိုအက်စ် လေးနဲ့တော့ ဖြစ်ပစေပေါ့ 🙁

    • ကြောင်ကြီး

      October 29, 2011 at 9:37 am

      အဓမ္မဝါဒီ သဂျီးဘိုင်ပြတ်လို့ အလှူခံရင်လည်း တဘဝစာ ပိုက်ပိုက်အစား တသံသရာအတွက် အဘိဓမ္မာကျမ်း မြန်မာပြန်စာအုပ်တွေသာ ပေးလိုက်ကြပါကွယ်။ ဒါလည်း လက်ငင်း အကျိုးပေးပါတယ်။။။။ 😆

    • ဆူး

      October 29, 2011 at 9:54 am

      ကွန်ပြူတာနဲ့ အင်တာနက် သမာဓိ အားစမ်းတဲ့ အနေနဲ့ အွန်လိုင်းပေါ်မှာ အသိပညာ အလင်းလည်း ပွင်စေသလို တက် ဂလု နိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်တယ်။ လှူတယ် ဆိုတာ ကောင်းပါတယ်။ ကောင်းခြင်း ဆိုးခြင်း ညီမျှခြင်းပါပဲ။
      အမိုးမလုံတဲ့ ဘုန်းကြီးကျောင်းမှာ အသိပညာတွေ ကြွယ်အောင် ကွန်ပြူတာနဲ့ အင်တာနက် မိုးပေါက်က တစက်စက်ကျပြီး ကွန်ပြူတာက နေ ကန်းပူတာ ဖြစ်နေအုန်းမယ်။ အရာရာ ချိန်ဆပါ လိုအပ်ချက်တိုင်းမှာ ပထမ အဆင့် ဒုတိယ အဆင့် အဆင့်ဆင့် ရှိတယ်။ ကိုယ်တိုင် အမိုးအကာ အောက်မှာ ရှိနေတိုင်း လူတိုင်း အမိုးအကာ အောက်မှာ ကျော့ကျော့လေး နေရတယ် မထင်ပါနဲ့။

  • ရွှေဘိုသား

    October 29, 2011 at 9:45 am

    သူကြီးရေ ကျနော်တို့ ဘုန်းဘုန်းတွေကတော့ ကွန်ပျူတာဆိုလည်း LCD နဲ့ အမြင့်ဆုံး Board နဲ့မှတဲ့လိုင်းကလည်း မြန်မာနိုင်ငံကလိုင်းတွေ အကုန်ယူမှ သုံးလို့ရမှာနော် နောမို့ဆို လိုင်းမကောင်းလို့ ဘုန်းဘုန်းတွေ ထဆဲနေမှ ကုသိုလ်မရပဲ ငရဲကျနေမှာကြောက်ရတယ်

  • manawphyulay

    October 29, 2011 at 2:23 pm

    အရင်က ဆိုင်ခွဲလည်း ရှိသေးတယ်နော်။ ခုအဲဒီဆိုင်ခွဲကရော ဖွင့်ပါသေးလား…

Leave a Reply