ဘုရားဒါယကာ မှော်ဆရာ ရွာဦးစေတီ တည်ထားကိုးကွယ်ခြင်း

ေမွာ္ဆရာOctober 28, 20111min26420

၂၀၀၈ ခုနှစ်တွင် မှော်ဆရာ ရိုက်ကူးခဲ့သော စေတီတော်အား ရွာသူရွာသားများ ဖူးမျှော်ကြည်ညိုနှိုင်စေရန် ရွာဦးစေတီအဖြစ် ဘုရားဒါယကာ မှော်ဆရာမှ ပင့်ဆောင် ပူဇော်လိုက်ပါသည် ။ မည်သူမဆို ဆင့်ပွား ပူဇော်နှိုင်ကြပါသည် ။
အမျှ အမျှ အမျှ ယူတော်မူကြပါ ..။
ဤသို့ပြုရသော ကုသိုလ်ကံကြောင့် ပုံကောင်း ပုံသန့်များစွာကို ဖန်တီးရိုက်ကူးနှိုင်စွမ်းရှိသော ဓါတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်ရပါလို၏ ။

20 comments

  • ဆူး

    October 28, 2011 at 3:45 pm

    မှော်မှော် ပုံ အားကီးကီးနေတယ်ဝေ့…
    ပုံမမြင်ရဝူး ဝေ့..

  • မှော်ဆရာ

    October 28, 2011 at 3:51 pm

    ကျွန်တော် လောဘကြီးပြီး ဖူးဆိုက်နဲ့ တင်လိုက်တယ် ခင်ဗျာ ..
    သူကြီးကို အကူအညီ တောင်းဦးမှ ထင်တယ် …
    ရွာသားဘုရား သူကြီးကောင်းမှုတော့ ဖြစ်ပြီ ….

  • kai

    October 28, 2011 at 3:57 pm

    ပုံကောင်း ပုံသန့်များစွာကို ဖန်တီးရိုက်ကူးနှိုင်စွမ်းရှိသော ဓါတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်ချင်ရင်.. အရင်ဆုံးက ကင်မရာကောင်ကောင်းဝယ်လို့ရအောင် ငွေရှာဟေ့..။
    ပြီးရင်.. ဓါတ်ပုံစာအုပ်တွေဝယ်ဖတ်..။ ဆရာကောင်းရှာ ဆွေးနွေး…။

    အဟမ်း…
    ဆုကြီးပန်စေတီဘေးနား ထိုင်နေတဲ့ ဘုရားဆင်းတုက.. အဲဒီလို ပြောတယ်..။

    (ခင်လို့စတာ..စိတ်မဆိုးရဘူးနော..။) 😆

    • ဆူး

      October 28, 2011 at 4:17 pm

      ဘုရားဆင်းတု အောက်မှာ အထုတ်တွေ အများကြီး ပတ်ချာလည်ဝိုင်းအောင် ချထားပြီး ထိုင်နေတဲ့ နဖူးပြောင်ပြောင်နဲ့ စီလုပ်ကြီး မျက်မှန်အထူကြီး တပ်ပြီး ပေတီးခေါက်ရင်း ရေရွတ်နေတာ ကြားမိတာ ပြန်ပြောတာလို့ ထင်လွယ်မြင်လွယ်အောင် သေချာ တော့ မပြောဘူး။ ဟိဟိ..
      (ခင်လို့ စတာ.. စိတ်မဆိုးရဘူးနော့……..။)

      • မှော်ဆရာ

        October 28, 2011 at 4:21 pm

        ဟေး ဒါမှ မဆူးကွ ….

  • မှော်ဆရာ

    October 28, 2011 at 4:00 pm

    မှန်ကန်တဲ့ အတွေးအခေါ်ပါ သူကြီးရယ် …

    • ပေါက်ဖော်

      October 28, 2011 at 4:15 pm

      ပွိုင့်လေးဘာလေး တော့ ကြိုထုတ်မပေးပဲနဲ ့.
      ကင်မရာ ကောင်းကောင်း ဝယ်ခိုင်းနေတယ်
      လူဂျိုး..
      နော်..မှောချာ..နော်.. ဟုတ်တယ်မလား
      :mrgreen:

      • မှော်ဆရာ

        October 28, 2011 at 4:20 pm

        ဟုတ်ပါ့ဗျာ … တကယ်ဆို အခုခေတ်ထုတ်ဝေသူတွေလို ဘယ်နှစ်ပိုစ် အပြတ်ရေးပေးရမည် …
        တစ်ပိုစ့်ကို ဘယ်လောက်နဲ့ ပွိုင့်ဘယ်လောက် အရင်ယူထား ..ဆိုပြီး သူကြီးနဲ့ စာချုပ်ချုပ်ရင် ကောင်းမယ်ထင်တယ်ဗျာ … ရေးလို့ကောင်းအောင် အင်တာနက် လိုင်းကောင်းကောင်းလေးလဲ စီစဉ်ပေးပေါ့နော် …

  • kocho

    October 28, 2011 at 6:26 pm

    ဂလု ဂလု အဲလေ(ဒီလေချင်ကလဲ) သာဓုသာဓုသာဓုပါဗျာ (နေရာကဘယ်မှာတုံးဗျ)

  • MaMa

    October 28, 2011 at 6:26 pm

    ဆုကြီးပန်စေတီဆိုပါလား။ ရန်ကုန်ကပဲလား။ ဘယ်မှာရှိတာလဲ။ တည်နေရာလေးပါ ရေးပေးပါလား။

    • မှော်ဆရာ

      October 28, 2011 at 6:39 pm

      ကျွန်တော်တို့မြို့မှာပါဗျာ … မြို့နာမည်တော့ ရေးမပေးတော့ပါဘူး …. ထပ်ပြောရရင် အဲဒီ့ဘုရားကို ရုပ်ရှင်မင်းသား လူမင်းနဲ့ စိုးမြတ်နန္ဒာတို့ တည်ထားတာပါ .. ရန်ကုန်ကနေ ဝေးပါတယ် ….။

  • windtalker

    October 28, 2011 at 7:44 pm

    ဘုရားပုံတော်က ပုဂံက အာနန္ဒာ ဘုရား ပုံလို တည်ထားတာဗျနော်
    ဘာပဲဖြစ်ဖြစ် ဖူးမျှော်သွားပါတယ် ဗျို ့
    သာဓု သာဓု သာဓု ပါ ဘုရားဒကာမှော် ရေ

  • KoNyeinChan

    October 29, 2011 at 9:47 am

    လပြည့်နေပုံ၊ စေတီတော်နဲ ့ နဂါးရုံဘုရားတို ့အားလုံးကို တစ်ခါတည်းပါအောင်ရိုက်နိုင်တဲ့ View Point ရွေးချယ်ပုံကို သဘောကျပါတယ်.. အားပေးနေပါတယ်

  • Diamond Key

    October 29, 2011 at 9:55 am

    တော်တော်လေးကို ကြည်ညိုစရာကောင်းတဲ့ အေးချမ်းတဲ့ ပုံလေးပါ။ သာဓုပါ မှော်ဆရာ ခင်ဗျာ။

  • မှော်ဆရာ

    October 29, 2011 at 11:23 am

    ရွာထဲက ဓါတ်ပုံဆရာတွေအတွက် သတင်းအချက်အလက်လေး တင်ပေးလိုက်ပါတယ် ..
    ကင်မရာက NIKON D40x ပါ။ 12 Mg Pixel ရှိပါတယ်..
    lens က 18-55 normal – Ed ပါပါတယ် ။ VR မပါပါဘူး .
    င်္F – 3.5 / Aperture 1/4 sec ပါ ။ ဖလက် ပိတ်ထားပါတယ်။ဒီလို angel ရအောင် ကြမ်းပြင်ပေါ် ဝမ်းလျှားမှောက်ပြီး ရိုက်ခဲ့ရပါတယ် ။ အဲ ISO ကတော့ 800 ပါ ။

    • inz@ghi

      October 31, 2011 at 7:40 am

      နီကွန် ရှုတာ ကြီးပဲ ….
      ဘော်ဒီ မချိန်းသေးဝူးလား ဆြာ ..

      ကျနော်တော့ မနေ့က အောက်ဒိုးထွက်ရင်း ကျနော့် ဘော်ဒါ ကိုင်တဲ့ ဒီ ၇၀၀ဝ အတော် သဘောကျလာတယ်ဗျို့..
      ဒါပေမယ့် switch လုပ်ဖို့က မဖြစ်နိုင်တာမို့ …စိတ်လျော့ ထားလိုက်ပါသည်…

      • မှော်ဆရာ

        October 31, 2011 at 9:13 am

        အခုလောလောဆယ် D3100 ကိုင်ထားပါတယ်ဗျာ ..
        ဒီနှစ်တော့ တစ်ခုုခု ထပ်လဲနှိုင်ပါလိမ့်မယ် …။

  • etone

    October 29, 2011 at 11:57 am

    ဆွယ်တော်မှာရိုက်ထားတာလားဟင် … ။ ညဘက်ဆိုတော့ မီးရောင်ဝါဝါနဲ့ရွှေရောင်တွေ အရမ်း သပ္ပါယ်တာပဲ ။

    • မှော်ဆရာ

      October 29, 2011 at 12:54 pm

      မဟုတ်ပါ မအိတုန်ခင်ဗျား ကျွန်တော့တို့ နယ်မြို့လေးတစ်မြို့မှာပါ …

  • GreeNSheeP

    October 29, 2011 at 1:59 pm

    ဘယ်နယ်လဲ ဆိုတာ အတိအကျ ညွှန်ပါဦး ဘုရားဒကာ ရဲ ့

Leave a Reply