ဆူနာမီထက်ဆိုးတဲ ့ထိုင်းရေဘေး

အခုဆိုရင်ထိုင်းနိုင်ငံရေကြီးမှု ့သည်လနင့်ချီခဲ ့ပြီဖြစ်သည်။

ဘန်ကောက်မြို့နားတဝိုက်ရှိ ပထုံဌာနီ၊ နွံထပူရီ၊ ချွန်ပူရီ၊ အယုဒ္ဓယဒေသမှာ ရေမြုပ်နေသည့်အတွက် လနှင့် ချီပြီး ပိတ်ထားရသည့် စက်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို ့တို ့ သည်အလုပ်လက်မဲ ့ဖြစ်နေကြရပြီး နေရပ်သို့ ပြန်ပြောင်းနေထိုင်ကြနေရပြီပင်ဖြစ်သည်။

ပထုံဌာနီတွင် အလုပ်လုပ်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရေဘေးကြုံတွေ့နေရပြီး၊ ရေစကြီးစဉ်က စက်ရုံမှ နေထိုင်ရန် စီစဉ်ပေးခြင်းမှလွဲ၍ မည်သည့်အကူအညီမှမရရှိပဲ စားသောက်ရေးနှင့် သွားလာရေးအတွက် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရုန်းကန်နေရကြောင်း အလုပ်သမားများက ပြောသည်။
သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်ကစပြီး အစားအသောက်၊ ရေ၊ အစရှိသည့် အကူအညီများ ရရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။

ရေလွှမ်းမိုးခံနေရသည့်ဒေသများအနက် အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်ဒေသများတွင် ရေကြီးမှုဒဏ်ကိုအပြင်းထန်ဆုံးခံနေရသည်။
နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာပြီး ဆည်ရေဖောက်ချကာ ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ခရိုင် ၆၁ ခု ရေမြုပ်ကာသောင်းနှင့်ချီသည့်စက်ရုံများလည်းပိတ်ထားရသည်။
ထိုင်းနိုင်ငံတွင် နှစ်ပေါင်း (၅၀) အတွင်း အဆိုးဝါးဆုံး ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် လူ (၃၄၂) ယောက် သေဆုံးမှု ရှိနေသည်။

ရေဘေးဒါဏ်ခံနေရသော နေရာအသီးသီးနဲ ့စက်ရုံအလုပ်ရုံများ လမ်းတံတားများပုံ

 

 

 

ကိုယ်နဲ ့ပါတ်သတ်တဲ ့နေရာလေးတွေမှာ ရေဝင်ရောက်လာမှု ့နည်းပါးလာစေရန်

သဲအိတ်များဖြင့်ကာဆီးပိတ်ပင်ထားကြသည်။သို ့သော်လဲရေအားပြင်းသည့်တွက်သဲအိတ်များကိုပင်

ထိုးဖေါက်ဝင်ရောက်လာပ

ုံ

 

 

ုံ

 

ကျောင်းကန်စေတီများလဲရေဘေးဒါဏ်ကိုခံနေကြရသည်။

ဆိုးရွာလှတဲ ့ဒါဏ်များအပြင်မိကျောင်းမွေးမြူရေးနေရာများမှလွတ်ထွက်လာသောမိကျောင်းများရန်ကိုလဲကြောက်နေကြရသည်။ဖမ်းလို ့ရသည်များကိုဖမ်းဆီးထားရာ ကျန်နေသေးသောမိကျောင်းများလဲရှိနေသေးသည်ဟုသိရသည်။

 

ကြောက်စရာသတ္တဝါတွေအပြင်သနားစရာသတ္တဝါများလဲရှိနေသေးသည်။

 

 

 

 

 

မိုးရွာရပ်လို ့နေပင်ပူလာခဲ့သော်လည်းရေများနောက်ထပ်ဝင်ရောက်လာအုံးမည်ဟု သတင်းတွေမှဖေါ်ပြနေကြသည်။(၂၇.၁၀.၂၀၁၁မှ၃၁.၁၀.၂၀၁၁)ထိ အစိုးရရုံပိတ်ရက်များအဖြစ်သတ်မှတ်ပေးထားသေးသည်။ရေများထပ်မံဝင်ရောက်လာမည်ဖြစ်သဖြင့်

ရေဘေးမှကင်းလွတ်နိုင်သောနေရာဒေသများကိုပြောင်းရွှေ ့နေထိုင်ကြရန်သတိပေးထားပါသေးသည်။

အင်မတန်မှဆိုးရွာလှတဲ ့ရေဘေးဒါဏ်ကိုခံစားနေကြရတာပါ။ပြီးခဲ ့တဲ ့ဆူနာမိဒါဏ်ထက်ကိုဆိုးရွာလွန်းလှပါတယ်ရှင်….

ဆူနာမိဒါဏ်က ရေခုတက်ပြီးခုဆင်းသွားတာလေ….ခုကတော့နေ ့နဲ ့တင်မဟုတ်ပဲလပင်ချီပြီးရေထဲမှာဒုက္ခခံနေ။ကြရတာပါ

ထိုင်းနိုင်ငံတွင်းရေးဘေးဒုက္ခရောက်ရှိနေသူများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်မလှူဒါန်းနိုင်ပဲ ကိုယ့်တက်အားသရွေ ့လှူဒါန်းလိုပါက နီးစပ်ရာseven- eleven ဆိုင်များတွင်သွားရောက်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါတယ်နော်…..

ဗီဒီယိုအဖြစ်ကြည့်ရူှလိုပါကအောက်တွင်ဖေါ်ပြပေးထားပါသေးသည်။

ခုလက်ရှိဒီသတင်းကိုရေးသားနေစဉ်TVသတင်းမှမိကျောင်း(၃)ကောင်ထပ်မံဖမ်းဆီးရမိသည်ဟုသိရပါသည်။

http://www.youtube.com/watch?feature=player_embedded&v=orG3PyuILf0

14 comments

  • ကိုကိုလူဆိုး

    October 28, 2011 at 6:58 pm

    ဇူလိုင်လကတည်းကစလို့ ရေကြီးမှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်။ ဒီလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် နေရေးထိုင်ရေး၊ အစားအသောက် အခက်အခဲအပြင် သွားလာရေး ခက်ခဲမှုတွေကြောင့် တချို့နေရာတွေမှာ ပိတ်မိနေတာတွေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်စုံကို မအေးအေးမာက စုံစမ်း မေးမြန်းထားပါတယ်။

    ထိုင်းနိုင်ငံက ရေလွှမ်းမိုးခံနေရတဲ့ အယုဒ္ဓယမြို့နဲ့ ပထုံဌာနီမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ ရေကြီးတဲ့အတွက် နေထို်င်စရာအခက်အခဲ၊ စာသောက်ရေး အခက်အခဲ၊ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ အခက်အခဲတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မရရှိတာတွေကို ရင်ဆိုင်နေရတာပါ။

    ပထုံဌာနီဘက်မှာ စက်ရုံတွေ ပိတ်တဲ့အတွက် လာလုဆဲ ဆိုတဲ့နေရာမှာ အလုပ် လုပ်ကိုင်နေကြတာမှာ ရေတွေနဲ့ ပိတ်မိနေတာကို ကြုံကြရကြောင်း အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

    “ရေကြီးတဲ့အခြေအနေကတော့ ပို ပိုပြီး ဆိုးလာတယ်။ ပို များလာတယ်။ အခု ဒီကိုလာတာက သထုံကနေ လာတာ။ ဒီမှာ လိုတက်စ် မှာ အလုပ်ရမယ်ဆိုတာနဲ့ ဒီကို လာလိုက်တာ။ တစ်နေ့ကို ၅၀ဝ နဲ့ အလုပ်ရမယ်တဲ့။ ၁၄ ရက် ၁၅ ရက်လောက် လုပ်ရမယ်ပေါ့လေ။ အဲဒါနဲ့ လာလိုက်တာ။ ဟိုမှာလည်း စက်ရုံတွေက ရေမြှုပ် နေပြီလေ။ မြှုပ်လို့ ပိတ်ထားတော့ အဲဒါနဲ့ ရတဲ့အလုပ် လုပ်မယ်ဆိုပြီးတော့ လာလိုက်တာ။ နှစ်ရက်လောက် နေတော့ ရေတွေတက်လို့ ဟိုကလူလည်း လာကြိုလို့မရဘူး။ ဒီကလူလည်း သွားလို့မရဘူး ဆိုတော့ အဲဒါ ဒီမှာ သောင်တင်နေတာပေါ့။”

    နွန်ထဘူရီမြို့နယ် ဘက်မှာလည်း ရေတွေကြီးနေပြီး ဒီအတိုင်း ဆက်ပြီး ရေကြီးနေမယ်ဆိုရင် မြန်မာပြည် ပြန်ဖို့ ပြင်ဆင်နေပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

    “အယုဒ္ဓယ ဘက်ခြမ်းကတို့၊ နွန်ထဘူရီ ဘက်ကတို့ ပြန်ကြတယ်လေ။ ရေ ကြောက်လာပြီလေ။ နွန်ထဘူရီဘက်မှာလည်း ရေက တရပ်လောက် မြင့်နေတာလေ။ ကျနော်တို့ အိမ်ခန်းတွေက အိပ်လို့မရတော့ဘူး၊ နေဝင်နေပြီ။ အဲဒီအိမ်ခန်းတွေ ရှေ့ကနေပဲ ကိုယ်ထူကိုယ်ထ မြေကြီးတွေ ဖို့ကြတာပေါ့။ လူအရပ် တရပ်ကျော်လောက်လောက်ကို ရေက တန်းနေပြီ။ ကျနော်လည်း ဘယ်လို စဉ်းစားရမှန်းကို မသိဘူး။ ဒီမှာလည်း ပြန်ဆင်းချင်တဲ့သူတွေ ရှိတယ်။ ပြန်ဆင်းချင်တဲ့သူတွေကို အောက်ကလည်း ပိုက်ဆံတောင်းတယ်ဆိုတော့ အဲဒါတွေကိုလည်း စိတ်ပူနေတာပေါ့။ ပိုက်ဆံမရှိဘဲ ဘယ်လိုသွားမလဲဗျာ။ မြန်မာကလည်း ဖြစ်ပြန်ဆိုတော့ ပုလိပ်က ဖမ်းမယ်လေ။ အခု ဒုက္ခတွေရောက်လို့ မြန်မာပြည်ကို ပြန်ဝင်ကြပြီ ဆိုတဲ့အခါကျတော့ မြဝတီမှာ ကမ်းနဖူးမှာလည်း ပိုက်ဆံ ထပ်ပေးရသေးတယ်ဆိုတော့ တအားကြီး နှိပ်စက်လွန်း အားကြီးတာပေါ့။”

    ထမာဆပ် ကယ်ဆယ်ရေးစခန်းမှာတော့ မြန်မာ အလုပ်သမား ၄ဝ ကျော်လောက် လာရောက် ခိုလှုံနေကြပါတယ်။ စားသောက်ရေးနဲ့ နေရာထိုင်ခင်း လုံလောက်စွာ ပေးထားပေမဲ့ အဲဒီနေရာကိုလည်း ရေတွေဝင်လာနေပြီ ဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပြကြပါတယ်။

    ပထုံဌာနီဘက်မှာတော့ ထိုင်းစစ်တပ်က ကားကြီးတွေနဲ့ လှည့်လည်နေပြီး တခြား ကားတွေကတော့ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အယုဒ္ဓယ ဘက်မှာတော့ ရေက မြင့်တက်လာပြီးတဲ့နောက် မြန်မာအလုပ်သမားတွေ အနေနဲ့ မီးလိုင်း၊ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး အဆက်အသွယ်မရ ဖြစ်နေကြပါတယ်။

    ကယ်ဆယ်ရေးစခန်းတွေမှာတော့ ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ အများဆုံး တွေ့ရပြီး တခြား နိုင်ငံခြားသားတွေ နည်းတယ်လို့ ဆိုပါတယ်။ မြန်မာအလုပ်သမားတွေထဲမှာ ပတ်စ်ပို့ ကိုင်ဆောင် ထားသူတွေကလည်း ပတ်စ်ပို့ သက်တမ်းကုန်တာတွေ ဖြစ်နေသလို လူဝင်မှုကြီးကြပ်ရေး ရုံးတွေလည်း ရေတွေဝင်လို့ ပိတ်ထားတာကြောင့် သက်တမ်းတိုးဖို့ ခက်ခဲနေပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို အကူအညီ ပေးနိုင်မူတွေ ရှိမရှိ ဆက်သွယ်တဲ့အခါ ပြန်လည် ဖြေကြားမယ့်သူ မရှိပါဘူး။ မြန်မာ အလုပ်သမားတွေထဲက အလုပ် လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြန်ဖို့အတွက်လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

    မြန်မာပြည် ပြန်ဖို့အတွက် နယ်စပ် မြဝတီဂိတ်ကနေ ပွဲစားတွေက ငွေကြေး အတင်းအကျပ် ကောက်ခံနေ တာကြောင့် မြဝတီမြို့က ပွဲစားတွေလက်ထဲကနေ ငွေပေးပြီး မရွေးနိုင်တဲ့အတွက် ရေဘေးဒုက္ခနဲ့ ပြန်လာကြတဲ့ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံကိုရောက်မှပဲ ပိုပြီး ဒုက္ခတွေ တွေ့ကြုံနေကြရပါတယ်။

    ထိုင်းနို်င်ငံမှာ ရေဘေးဒဏ်ကြောင့် လူ ၃၀ဝ ခန့် သေဆုံးမှုဖြစ်ရပြီး ထိုင်းအာဏာပိုင်တွေကတော့ မြို့တော် ဘန်ကောက်ရဲ့ အရေးကြီးတဲ့နေရာတွေမှာ ရေမလွှမ်းမိုးနိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေကို အပူတပြင်း လုပ်ဆောင်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမူဟာ နှစ်ပေါင်း ၅ဝ အတွင်း အဆိုးဆုံးဖြစ်သလို ထိုင်းနိုင်ငံရဲ့ ခရိုင်အတော်များများမှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရပါတယ်။

  • ကိုကိုလူဆိုး

    October 28, 2011 at 7:00 pm

    ထိုင်းရေဘေးအကြောင်းတွေ မတင်ရသေးတာတွေ့လို့ ရှဲလိုက်တာပါ .. အားလုံးပဲ မေတ္တာပို့ပေးနိုင်ပါစေ . . . 🙁

  • windtalker

    October 28, 2011 at 7:06 pm

    ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဂျာနယ်တွေထဲ မှာ ဖတ်ဖူးတာက ဘန်ကောက်ဟာ နောင်နှစ်၃ဝ နေရင် ပင်လယ်ရေအောက် ရောက်မှာ ဆိုကလား၊ ယခုတော့ ယိုးဒယား သူားတွေခဗျာ ၊ ဒုက္ခပင်လယ် ဝေပေါ့ ။
    ရေမြန်မြန်ပြန်ကျပါစေ ၊ အားလုံးပဲ ဘေးမသီရန်မခ ကျန်းမာကြပါစေ လို ့ဆုတောင်းလိုက်ပါတယ်ဗျာ

  • ပေါက်ဖော်

    October 28, 2011 at 7:09 pm

    OMG!
    အမေတီကန်ကြီးတော့ အဓိက ကူညီပေးနေမယ် ထင်တာပဲ
    ရေတွေမြန်မြန်ကျပါစေဗျာ.
    ကျပ်တို ့ဘက်လဲ မလာပါစေနဲ ့ဦး..
    ကြောက်ဒယ်
    😯

  • မှော်ဆရာ

    October 28, 2011 at 7:12 pm

    သတင်းတော့ ကြားနေတာပဲဗျာ အဲဒီလောက် ဆိုးဝါးနေမှန်း မသိဘူး …
    တို့ဆီမှာ မိုးရွာလို့ မြောင်းပိတ်သလောက် ထင်တာကိုးဗျ …
    အခုတော့သိသွားပြီ … ကျေးဇူး ကျေးဇူး

  • ကိုကိုလူဆိုး

    October 28, 2011 at 7:31 pm

    အင်းပါ ကွန်နရှင်ကလည်း တော်တော်စုတ်တယ် ပို့စ်အသစ်တင်ဘို့မပြောပဲ browser လေး ဖွင့်ဘို့တောင် မလွယ်ဘူး 😛 ရေကတော့ထပ်ကြီးဦးမယ်ပြောတာပဲ . ကယ်ဆယ်ရေးကောင်းလို့ မြန်မာပြည်ဆို အကုန်အမျိုးပြုတ်ပီ 😀

  • Thanlwinoo

    October 28, 2011 at 8:00 pm

    ထိုင်းရေဘေးကြောင့် ပြည်တော်ပြန်မယ့် မြန်မာနိုင်ငံသားတွေကို စနစ်တကျနဲ့ ချောချောမွေ့မွေ့ဖြစ်အောင် မြန်မာအစိုးရအနေနဲ့ ခပ်မြန်မြန်ထက်ထက် ကူညီဆောင်ရွက်ပေးသင့်ပါတယ်..။
    ဆူနာမီ၊ ထိုင်းရေဘေးထက်ဆိုးတဲ့ နယ်ခြားစောင့်တပ်တွေရဲ့ငွေညှစ်သတင်းတွေက ကြားရတာမကောင်းပါဘူး…။
    ထိုင်းနိုင်ငံသားများလည်း ဘေးအန္တရာယ်များ ကင်းရှင်းကျော်လွှားနိုင်ကြပါစေ…။

  • pooch

    October 28, 2011 at 9:22 pm

    ဟုတ်တယ် ကိုယ်နိုင်ငံသားတွေ ကိုတော့ တတ်နိုင်သလောက်ကူညီသင့်တယ်…ကူညီရမယ် … ဘာလို့ အဲ့လိုတွေ လုပ်နေကြတာလဲ …ကိုယ့်နိုင်ငံပြန်ရောက်မှ ဒုက္ခရောက်ရတယ်ဆိုတာကြီးက ကြားမကောင်းပါဘူး……
    ရေဘေးမှ မဟုတ်ဖူး ဘယ်ဘေးမှကို မကောင်းတာ… ကိုယ်ချင်းစာတယ်…..
    သူတို့ တွေ လည်း အတော်ကို ဒုက္ခပင်လယ်ဝေနေတာပါလားနော်…

  • mandalarthu

    October 28, 2011 at 9:35 pm

    ထိုင်းရေဘေး ကို ဒီလောက်ထိတောင် ဆိုးဝါးလိမ် ့မယ် မထင်မိဘူး။
    အခု ဓာတ်ပုံတွေ။ ဗွီဒီယို ဖိုင်တွေနဲ ့မို ့အတော် ပြည် ့ပြည် ့စုံစုံ သိရလို ့ကျေးဇူးပါဘဲနော်။
    ဆူနာမိဒါဏ်ထက်ကိုဆိုးရွာလွန်းလှပါတဲ ့ရေဘေးသင် ့နေ တဲ့ ထိုင်းပြည်သူတွေနဲ ့ထိုင်းမှာ ရောက်ရှိနေတဲ့
    မြန်မာတွေ အတွက် အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ ကံဆိုးလှစွာ နှစ်ပေါင်း ၅ဝ အတွင်း အဆိုးဆုံးဖြစ်တဲ့ ထိုင်းနိုင် ငံရဲ ့ရေလွှမ်းမိုးမှုနဲ ့ကြံ ုကြရတယ်လို ့။ သတ္တဝါတွေဟာ သူတို ့ကံ အတိုင်း
    ဖြစ်ကြရ တာဘဲနော်။ တရားသဘောနဲ့ကြည် ့ရင်ပေါ ့။
    ဒါနဲ ”့(၂၇.၁၀.၂၀၁၁မှ၃၁.၁၀.၂၀၁၁)ထိ အစိုးရရုံပိတ်ရက်များအဖြစ်သတ်မှတ်ပေးထားသေးသည်။ရေများထပ်မံဝင်ရောက်လာမည်ဖြစ်သဖြင ့်…..့”
    ဆိုတော ့နောက်ထပ် ဘယ်နှစ်ရက်လောက်ထိ ရေ က မကျဘဲ ရှိနေဦးမှာလဲနော်။
    ရေမြန်မြန်ကျပြီး အားလုံးဘဲ ဘေး အန္တရာယ် ကင်းရှင်းကြပါစေလို ့…
    သတိ်ရတိုင်းလဲ ့မေတ္တာပို့ပေးလိုက်ပါ့မယ်နော်။

  • ကိုကိုလူဆိုး

    October 28, 2011 at 10:31 pm

    သူများနိုင်ငံမှာ ကယ်ဆယ်ရေးက ကောင်းလိုက်တာနိုင်ငံရဲ့ ၆၀% ကို ရေလွှမ်းတာ လူအသေအပျောက်က သုံးရာကျော်ပဲရှိတယ်
    နာ့တို့ နာဂစ်များတော့ လူဘယ်နှစ်ယောက်မှန်းတောင်မမှတ်မိတော့ဘူး .. ကယ်ဆယ်ရေးကောင်းပုံများပြောပါတယ်.. ထမင်းထုပ်လုတဲ့လူနဲ့ …. ကယ်ဘို့သွားရင်တောင် မှတ်ပုံတင်လေးတော့ပါမှ 😛 . ပြီးတော့ မြင်လိုက်ရတဲ့ location လေးက လှတပတလေး
    သေနေတဲ့လူတွေ လယ်ကွင်းပြင်မှာအဖွေး .. ချောင်းထဲမှာမြော .
    သူတို့ဆီ မှာ ရေဘေးသတိပေးချက်က သုံးနာရီတစ်ကြိမ်ထုတ်ပြန်တယ်
    ငါ့တို့မြန်မာပြည် မပူနဲ့ သတင်းလာတိုင်း ပါတယ် .
    နာဂစ်ပုံနဲ့တောင်ယှဉ်ပီး တင်လိုက်ချင်သေးတယ် း)) အားလုံးကျန်းမာပါစေ ချမ်းသာပါစေ း)

  • etone

    October 29, 2011 at 9:11 am

    မြင်ရတာ စိတ်မကောင်းစရာပါပဲ …. ရေတွေ ဒီလောက်ကြီးနေတာ ရေနဲ့ ပတ်သတ်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်တယ် … ရေတွေ ပြန်ကျသွားဖို့ လနဲ့ ချီပြီး ကြာမယ်လို့ ဘလော့တစ်ခုက ခန့်မှန်းတာ ဖတ်လိုက်ရတယ် … ။

  • ဆူး

    October 29, 2011 at 10:29 am

    ရေတွေကြီးတာ မြင်တော့ သနားစရာ ကောင်းတယ် ဆိုတဲ့ ခံစားချက်တွေ ဖြစ်မိတယ်။
    နောက်ဆက်တွဲ စဉ်းစားမိတာက ဗုဒ္ဓဘာသာ နိုင်ငံ ဆိုပေမဲ့ အင်းအိုင် လက်ဖွဲ့ ဝါသနာ ထုံတဲ့ နိုင်ငံ ဖြစ်နေတယ်။ ရေကြီးတဲ့ သတင်းနဲ့တော့ မဆိုင်ပါဘူး။ အတွေးသက်သက်ပါပဲ..
    ဒေါသ အားကြီးရင် မီး
    လောဘ အားကြီးရင် ရေ
    မောဟ အားကြီးရင် လေ

    အင်းအိုင် လက်ဖွဲ့တွေနဲ့ အဆောင်အတား မျိုးစုံ နေရာတိုင်းမှာ အင်းကွက်တွေ လက်ညိုးထိုးမလွဲ တွေ့နေရတဲ့ ကြီးပွားတိုးတက်နေတဲ့ ထိုင်းတွေ လောဘတွေ အားကြီးမှု သိပ်များသွား နေလို့များလား.. စပ်မိ စပ်ရာ အတွေး ဇာချဲ့ ကြည့်တာပါ။

    • ကြောင်ကြီး

      October 29, 2011 at 11:50 am

      သဲအင်းဂူယောဂီ တွေ့ဆုံခန်းအသံဖိုင်တခုမှာ သဲအင်းဂူဆရာတော်ကြီးက ကမာ္ဘကြီး ရေဘေးဒုက္ခကြုံလိမ့်မယ်၊ တရားစောင့်ဖို့ မှာခဲ့ကြောင်း ပါတယ်။ သဂျီးကတော့ အာချောင်လို့ လေဘေးနဲ့တွေ့မှာ၊ အပြောလျော့မှ တော်ရုံကြမယ်ဗျို့…။ 😆

  • blackchaw

    October 29, 2011 at 12:44 pm

    ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားဘို့ လိုပါတယ်ဗျို့။

Leave a Reply