ကွမ်းခြံကုန်းမြို့နယ် တောင်ဘက် ၁၂ မိုင်အကွာ ဒရယ်လူးကျေးရွာတွင် သေနတ်ဖြင့် လုယက်မှုဖြစ်ပွား

ShwemannmayMay 21, 20101min370

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၏ တောင်ဘက် ၁၂ မိုင်အကွာ ဒရယ်လူးကျေးရွာတွင် သေနတ်ဖြင့် လုယက်မှုတစ်ခု မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လုယက်မှုဖြစ်ပွားပုံမှာ ၂၀၁ဝ ခုနှစ် မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ဒရယ်လူးကျေးရွာနေ ဒေါ်- (ခ)ဒေါ်-နေအိမ်သို့ ပြည်သူ့စစ်ယူနီဖောင်းဝတ် ၃ ဦးနှင့် အရပ်ဝတ်ဖြင့် ၁ ဦး ရောက်ရှိလာပြီး အဆိုပါနေအိမ်မှ မောင်– ၃၅ နှစ်အား ရ.ယ.က ဥ က္ကဋ္ဌအိမ်သို့ လိုက်ပို့ရန် ပြောကြားခဲ့ကြောင်း သိရသည်။မောင်–မှ ရ.ယ.က ဥက္ကဋ္ဌအိမ်မှာ နှစ်အိမ်ကျော်တွင်ရှိကြောင်း ပြန်ပြောရာ ၎င်းတို့အား မချေမငံပြန်ပြောရမလား၊ ငါတို့ကတာဝန်အရလာသည်ဟုဆိုကာ မောင်–နှင့်အဆိုပါ နေအိမ်မှ စာရင်းငှား–ကိုအိမ် အောက်တွင် ကြိုးဖြင့်တုတ်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါလူလေးဦး မှ ‘ဝါးဘလောက်သောက်ရွာမှ ကျင်းစား–ရှိလား’ဟုမေးပြီး အိမ်ပေါ်တက်၍ ရှာဖွေမှုများပြုလုပ်နေစဉ် အိမ်အောက်တွင် ကြိုးတုတ်ခံထားရ သူ မောင်–နှင့်စာရင်းငှား–တို့နှစ်ဦးမှာ ထွက်ပြေး၍ ဓါးပြဟုအော်ဟစ်သဖြင့် အဆိုပါနေအိမ်သို့ ရွာသား ၂ဝ ဦးခန့်က ဝိုင်းဝန်းထားခဲ့သည်ဟု သိရသည်။ ထိုသို့ ရွာသာများဝိုင်းဝန်းထားမှုကြောင့် လုယက်သူ ၄ ဦး မှာ ဒေါ်–နေအိမ်မှ ငွေ ၁၃ သိန်းခန့်နှင့် ရွှေတစ်မတ်သားကို ယူဆောင်ပြီး ကျည်အတွဲလိုက်ထွက်သော သေနတ်ဖြင့် ပစ်ခတ်၍ အိမ်အနောက်ပေါက်မှ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အိမ်အနောက်ခြံစည်းရိုးအရောက်တွင် လက်ပစ်ဗုံးဟု ယူဆရသောအရာဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် လူ ၂ ဦးသေဆုံးပြီး လူ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၃ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများမှာ ဒရယ်လူးကျေးရွာနှင့် ကင်မလာကျေးရွာတို့မှ ဖြစ်ပြီး အရောင်းအဝယ်၊ လယ်လုပ် ၊ လယ်ကူလီ၊ စက်ဘီးဆိုင်ကယ်ပြင်သူနှင့် ကျပန်းလုပ်သူများဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးသူများကို ကိုယ်တိုင်ကိုယ်ကျလိုက်လံ ဖမ်းဆီးရန်ကြိုးပမ်းခဲ့ပြီး ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူနေရသူတစ်ဦးက ”ဖြစ်တာက တနင်္လာနေ့ညကိုးနာရီခွဲလောက်က ဖြစ်တာပါ။ ကျွန်တော်လည်း သေနတ်သံကြားလို့ အဖော်နှစ်ယောက်နဲ့ ရွာထဲကိုထွက်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့အိမ်ကလည်း ဆွေလိုမျိုးလိုဖြစ်နေပြီး ညီမကလည်း အဲဒီအိမ်မှာအဖော်အဖြစ် သွားအိပ်ပေးနေတာပါ။ ဖြစ်တဲ့အချိန်မှာ အဲဒီအိမ်မှာက ကောင်လေးနှစ်ယောက်နဲ့အိမ်ရှင်အမျိုး သမီးရယ်၊ကျွန်တော့ညီမရယ် စုစုပေါင်းလေးယောက်ရှိမယ်ထင်ပါတယ်။ကျွန်တော်လည်းသေနတ်သံကြားပြီး အဲဒီအိမ်ကိုရောက်တဲ့အခါ ဓာတ်မီးနဲ့ထိုးကြည့်တော့ လူလေးငါးယောက်လောက်ရှိမယ်ထင်တယ်။အရပ်သား နဲ့နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်၊ကျန်တစ်ယောက်ကတော့ အိမ်နောက်ဖက်မှာ စောင့်ပေးနေတယ်။ ကျန်နှစ်ယောက်နဲ့ ကျွန်တော်တို့ထိပ်တိုက်ရင်ဆိုင်ရတာပဲ။ကျွန်တော်လည်း သူ့လက်ထဲကသေနတ်ကိုလု တယ် ဒါပေမယ့်မရဘူး။ကျွန်တော့ကို သေနတ်ဒင်နဲ့ထုတယ်။ကျွန်တော်လည်း ယူလာတဲ့သံချောင်းနဲ့ပြန်ရိုက်တယ်။ သူတို့လည်း ဒဏ်ရာရရှိခဲ့တယ်။ ဒီလိုနဲ့ကျွန်တော်တို့ ထွေးလားလုံးလားရှိနေတုန်း ကျွန်တော့ခေါင်းပေါ်သေနတ်ဒင်နဲ့ ထုရိုက်လိုက် လို့ ကျွန်တော်လဲကျပြီးသတိမေ့သွားတယ်။အဲဒီအချိန်မှာ ကျွန်တော့ကို သေနတ်နဲ့ပစ်တာ ခါးကိုရှပ်ထိသွားပါတယ်။ ကျွန်တော်နဲ့အတူ ဝိုင်းဝန်းဖမ်းဆီးဖို့လုပ်တဲ့သူတစ်ယောက် သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်တာဆိုတာကတော့ ကျွန်တော်မေ့ပြီးနောက်ပိုင်းမှဖြစ်တော့ မသိတော့ပါဘူး။ သူတို့ကိုင်တဲ့သေနတ်ကတော့ လက်မောင်းလောက်အရှည်ရှိပါတယ်။ သူတို့အသက်တွေကတော့ ခန့်မှန်းရတာက အသက် ၃ဝ ကျော် ၄ဝ ဝန်းကျင်တွေပါပဲ” ဟုပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် သေဆုံးသူဦးရေမှာ ၄ ဦးရှိကြောင်းနှင့် ကွမ်းခြံကုန်းမြို့နယ်ဆေးရုံတွင် ရ ယောက်၊ ရန်ကုန်ဆေးရုံကြီးတွင် ၆ ယောက် တက်ရောက်ကုသနေရာမှ မေလ ၁၉ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

လုယက်မှုဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ်၊ဒရယ်လူူးကျေးရွာမှ အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးကလည်း ” အိမ်ရှင်ကအပျိုကြီးပါ။ အိမ်မှာကားလည်းရှိတယ်၊ရွာအနေနဲ့ ပြောရင်ချမ်းသာတယ်ပေါ့။ အခုပါသွားတာက ၁၃ သိန်းကျော်နဲ့ရွှေ လက်စွပ်တစ်ကွင်းပါသွားတယ်လို့ သိရပါတယ်။ အိမ်ရှင်တွေကတော့ ဒဏ်ရာပဲရတာပါ။ သေဆုံးတာတော့ မရှိပါဘူး။ သေတာက ဝိုင်းဝန်းဖမ်းဆီးဖို့လုပ်တဲ့သူတွေပါ။ ဖြစ်ဖြစ်ချင်း တစ်ယောက်သေတယ်။ လမ်းမှာ တစ်ယောက်သေတယ်။ ဆေးရုံကြီး မှာတစ်ယောက်သေတယ်။ နောက်ပြီး လန့်ပြီးသေတဲ့ အမျိုးသမီးတစ်ယောက် သူကနှလုံးရောဂါရှိတယ်လို့လည်း သိရပါတယ်။ဖြစ်တဲ့အိမ်နဲ့ နှစ်အိမ်ကျော်သုံးအိမ်လောက်ဖြစ်မှာပေါ့။အခင်းဖြစ်တဲ့အိမ်ကလည်း လူသူကင်းတဲ့နေရာမှာ မဟုတ်ပါဘူး။ ညစောစောပိုင်းလည်း ဖြစ်နေတယ်။ သေနတ်တွေလည်းပါတယ်။ လိုက်တဲ့သူတွေကို လက်ပစ်ဗုံးလိုအရာနဲ့ပေါက်လိုက်တာ ပတ်ဝန်းကျင်ရွာတွေကတော့ ကြားရတယ်လို့ပြောပါတယ်။ ဗုံးဖောက်လို့ ကျင်းတောင်ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ရွာက လက်ခုပ်ကုန်းနဲ့ကွမ်းခြံကုန်းကြားထဲမှာ ဘေးနားမှာလည်း တော်လမ်းတိုက်နယ်၊ လက်ခုပ်ကုန်း၊ ဝါးဘလောက်သောက်၊ တော်ကူးစတဲ့ တိုက်နယ်တွေရှိပါတယ်။ ကျွန်တော်တို့ရွာမှာ သေနတ်သံမကြားခဲ့ရတာ ၃၉ နှစ်လောက်ကိုရှိနေပြီ အခုဖြစ်တော့ တစ်ရွာလုံးထိတ်လန့်နေကြတာပေါ့”ဟု ဖြစ်စဉ်ကိုရှင်းပြခဲ့သည်။

လုယက်သူများထွက်ပြေးသည်ဟု ယူဆရသော ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် လုယက်သူများထွက်ပြေးနိုင်သည်ဟု ယူဆရသော ကျေးရွာများသို့လည်း ပိတ်ဆို့ရှာဖွေရေးပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

weekly eleven journal မှာပါပါတယ်။ မူရင်းကို   http://www.news-eleven.com/index.php?option=com_content&view=article&id=3125:2010-05-20-06-30-04&catid=42:2009-11-10-07-36-59&Itemid=112 မှာကြည့်လို ့ရပါတယ်။

ကော့မှူးဆိုတာက ရန်ကုန်လို မြို  ့ကြီးနဲ ့ ဘယ်လောက်မှဝေးတဲ့နေရာမပာုတ်ပေမယ် ့ဒီလို မှုခင်းမျိုးဖြစ်ပွားလောက်အောင် လုုံခြုံမှုကင်းနေပြီလားဆိုတာက မေးခွန်းထုတ်စရာပါ။ သေနတ်တွေကို အလွယ်တကူကိုင်ခွင့် အသုံးပြုခွင့်မရှိတဲ့ကျွန်မတို ့နိုင်ငံမှာ ဒီလိုသေနတ်ကိုင်ပြီးလုယက်နိုင်တဲ့သူတွေက ဘယ်လိုလူတွေပါလိမ့်လို ့ သိချင်လိုက်တာ လွန်ပါ ရော ။ ဗုံးလည်းပါသေးတယ် ဆိုတော့ အတိုင်းထက်အလွန်ပေါ့ ။ အရင်ကအေးချမ်းခဲ့တဲ့ မြန်မာပြည်မှာ ဒီလို မှုခင်းမျိူးဆိုတာ တော်တော့ကို ရှားရှားပါးပါး ဖြစ်စဉ်မျို းပါ။   အသေခံ ဗုံးခွဲတာတွေ ၊ လက်နက်ကိုင်လုယက်တာတွေန ဲ့ 2010 ပာာ အရုပ်ဆိုးအကျည်းတန် လာပြီလို ့ ခံစားရပါတယ် ။ မှုခင်းတွေမှာလည်း မုဒိမ်းမှုတွေ အတော်များလာတာကိုတွေ ့ရ ပါတယ် ။

ရာသီဥတုတွေဖောက်ပြန် လာ တာကတစ်မျိူး ၊ ဒီလို မှုခင်းတွေကတို းလာတာတစ်မျိူးနဲ  ့ကြာရင် မြန်မာနိုင်ငံလည်း လူနေမှူဘဝတွေမလုံမခြုံ ဖြစ်လာတော့မှာလား လို ့စို းရိမ်စိတ်ပွားမိပါတယ်။ အေးအေးချမ်းချမ်းနေရတာကို ကျင့်သားရနေကြပြီဖြစ်လို ့ ဒီလို သတင်းတွေကြားရင်ကို ရင်မောရပါတယ်။

တာဝန်ရှိသူတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါစေ။