ထိုင်း ဗီဇာကြေး ကင်းလွတ်ခွင့် ထပ်မံ ရဦးမည်

littlekaungMay 21, 20101min721

ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ ထိုင်း သံရုံးမှ တတိယ အကြိမ် ထိုင်း ဗီဇာကြေး ကင်းလွတ်ခွင့် ကို ယခုနှစ် မေ ၁၁ ရက်မှ လာမည့် နှစ် မေ ၁ဝ ရက် အထိ တစ်နှစ် တိတိ ထပ်မံ ခံစားခွင့် ရရှိမည် ဟု လေယာဉ် လက်မှတ်နှင့် ထိုင်း ဗီဇာ ဝန်ဆောင်မှု လုပ်ငန်းမှ သိရသည်။

ထိုင်းနိုင်ငံ သို့ ခရီးသွား လိုသူများ အတွက် ထိုင်းဗီဇာကြေး ကင်းလွတ်ခွင့် အစီအစဉ်ကို ၂၀၀၉ ခုနှစ်၊ မတ် ၅ ရက်မှ ဇွန် ၄ ရက် အထိ တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်၊ ဇွန် ၂၅ ရက်မှ ၂၀၁ဝ ပြည့်နှစ် မတ် ၄ ရက် အထိ ဒုတိယ အကြိမ် ဗီဇာကြေး ကင်းလွတ်ခွင့် ပြုခဲ့သည်။ “မေ ၁၁ ရက် နောက်ပိုင်း ခရီး သွားမယ့် လူတွေ အတွက် ဗီဇာ ကင်းလွတ်ကြေး ရှိတော့ ဗီဇာကြေး ၃၅ ဒေါ်လာ သက်သာ သွားတာပေါ့။ ကျွန်တော်တို့ ဆီကို တရားဝင် စာဝင် ပါပြီ” ဟု လေ ယာဉ်လက်မှတ်နှင့် ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ငန်းမှ ပြောကြားသည်။

ref;daily news

One comment

  • intro

    May 21, 2010 at 11:53 am

    ကောင်းတာပေါ့… ကုန်သည်တွေလည်း အလုပ်ဖြစ်… ငါတို့လည်း အဆင်ပြေ… ဟဲဟဲ

Leave a Reply