ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုုံအချို့နှင့် နောက်ဆက်တွဲ သတင်းများ

အမျိုးသားဘောလုုံးကွင်းမှာဖွင့်လစ်ထားတဲ့စခန်းတွင်းရှိ ရေဘေးဒုုက္ခသည်တိုု့အတွက် ရေအစားထိုုး အနုုဇီဝအချိုရည်များပေးဝေရန် စေတနာ့ဝန်ထမ်း ထိုုင်းစစ်သားများက လုုပ်ပေးနေပုုံဖြစ်သည်။ ထိုုင်းတပ်မသုုံးခှမှ စစ်သည်ပေါင်း ၅၀၀ဝ လောက်သည် ဗဟိုုအစိုုးရကိုု အတည်ပြုထားသော ရေဘေးဒုုက္ခသည်များကိုု ဘေးလွတ်ရာသိုု့ ကူညီရွှေ့ပြောင်းရေးအစီအစဉ်ကိုု ကူညီရန် အသင့်အနေအထားမှာရှိနေပြီဖြစ်သည်။

 

အလုုံးအရင်းနဲ့ ဝင်လာတဲ့တွေဟာ အရေးပေါ်ရေကာတာတွေ တမံတွေကိုုချိုးဖေါက်ပြီ Khlong Talat နယ်ထဲကိုုဝင်လာပါတယ်၊ တလိပ်လိပ်တက်လာတဲ့ရေတွေဟာ ဒိုုမောင်းလေဆိပ် ကားရပ်နားစခန်းတစ်ခုုံးကိုုပါ လွှမ်းမိုုးသွားပြီး ၎င်းကားရပ်နားစခန်းဟာ ရေလွတ်နိုုင်လိမ့်မယ် မေ ျှာင်လင့်ချက်နဲ့ လာရောက်ရပ်နားထားတဲ့ကာတွေ များစွာရှိရာ နေရာလဲဖြစ်ပါတယ်။

်။

Nonthaburi နယ် Bang Kruai-Jong Thanorm လမ်းပေါ်တစ်နေရာက ရေလွတ်ရာပြောင်းရွှေ့နေတဲ့ ဒေသခံပြည်သူတစ်ဦးဖြစ်ပါတယ်။ ၎င်းနေရာကိုု Khlong Maha Sawat နယ်ကနေ ရေတွေ အလုုံးအရင်းနှင့်ဝင်စီးလာတာဖြစ်ပါတယ်။

 

ဘန်ကောက်ရဲ့အဓိက အထင်ကရနေရာဖြစ်တဲ့ မြဘုုရားပတ်လမ်းတလေ ျှာက် ရေတွေပြည့်လ ျှံနေတဲ့ပုုံဖြစ်ပါတယ်။ ၎င်းနေရာဟာ ကျောက်ဘုုရားမြစ်အနီးမှာရှိပြီး ကမ္ဘာလှည့်ခရီးသည်တိုု့ အဓိကလည်ပတ်လာရောက်ရာနေရာလည်းဖြစ်ပါတယ်။

 

မြဘုုရားပတ်လမ်းတစ်နေရာပါ။ ကျောက်ဘုုရားမြစ်အနီးမှာရှိတဲ့အတွက် မြစ်ရေတိုုက်ရိုုက်စီးဝင်လာတာဖြစ်ပါတယ်

 

အစိုုးရအိမ်တော်ကိုု ရေမဝင်အောင် သဲအိပ်တွေဖြင့်ရေတမံဆောက်နေကြတဲ့ စေတာနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ မြို့နေပြည်သူများအား ရေလွတ်ရာ နေရာများသိုု့ ရက်အတန်ကြာနေရွှေ့ပြောင်းနေထိုုင်ကြရန် အစုိုးရမှ ကြေငြာချက်ထုုပ်ပြီးလဲဖြစ်ပါတယ်။

 

ထိုုင်းနိုုင်တကာလေဆိပ်ဖြစ်တဲ့ စုုဝဏ္ဏဘုုံမိလေဆိပ်မှာ အိမ်ပြန်သူများနှင့်ပြည့်နှက်နေတဲ့ပုုံဖြစ်ပါတယ်။ ဘန်ကောက်မြိုု့အပြင် ရေလွတ်ရာနယ်များကိုု ခရီးထွက်ကြတဲ့ခရီးသည်တွေဟာ တနေ့ကိုု ၂ သိန်းလောက်ရှိပြီး ဘတ်စကား အစီးရေ ၄ ထောင်လောက်နေ့စဉ်ပြေးဆွဲပေးနေရတယ်လိုု့သိရပါတယ်။

ဘန်ကောက်မြို့ရဲ့ Lak Si နယ်ထဲ ရေကြီးနေပုုံဖြစ်ပါတယ်

 

ကျောက်ဖရားမြစ်မှလ ျှံကျလာသောရေထုုကြောင့် ဖရချန် မော်တော်စိပ်အနီးရှိ နိဗ္ဗာန်ကုုန်ဆိုုင်အတွင်း၌ ရေနစ်မြုပ်နေသော ဗုုဒ္ဓရုုပ်ပွားတော်များ။

ဘန်ကောက်ရေကမ္ဘာ

ဘန်ကောက်မြို့ အနီးတဝိုက် ရေဘေးသင့်ဒေသခရိုင် ၂ ခုကို ရောက်ခဲ့တဲ့ ဧရာဝတီ

သတင်းထောက် ငြိမ်းဇော်က သူမြင်တွေ့ခဲ့သမျှကို အခုလို မှတ်တမ်းတင်ထားပါတယ်
Pathum Thani ခရိုင် Rangsit ဒေသ မြင်ကွင်းများ

Rangsit ဒေသမှာ ထိုင်းတွေရော၊ အဲဒီဒေသမှာ အလုပ်လုပ်ကိုင်တဲ့
မြန်မာပြည်သားတွေရော ရေနဲ့လွတ်ကင်းရာကို သွားနေကြပါပြီ
ဟိုတုန်းကတော့ ဒီနေရာဟာ ကားတွေ တဝေါဝေါ ဖြတ်သန်းသွားလာနေလို့ လမ်းကူးဖို့မလွယ်တဲ့ နေရာပါ

ဘတ်စ်ကား၊ တက္ကစီတွေ မရှိလို့ တနိုင်စာပစ္စည်းကိုပဲ သယ်ကြရပါတယ်
ရေတွေကတော့ ဝင်လာမစဲပါ၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေဝသ သတင်းတွေက ဆိုပါတယ်
ရေကြီးမှု သတင်း ထုတ်ပြန်ရေးဌာနက ဒွန်မောင်းလေဆိပ်မှာ ရှိပါတယ်။
လေဆိပ်ထဲ ရေတွေဝင်လာတဲ့အတွက် အဲဒီဌာနကိုပါ နေရာရွှေ့ရတော့မယ်လို့ ဆိုပါတယ်

 

လေဆိပ်မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဘန်ကောက်မြို့သူမြို့သားတွေ
ရေဘေးလွတ်မယ့်နေရာကို ထပ်ပြောင်းရပါပြီ

ဘန်ကောက်အပါအဝင် ရေအကြီးအကျယ် ကြီးနေတဲ့ ခရိုင်တွေမှာ အစိုးရရုံးတွေ၊
ကျောင်းတွေကို ၅ ရက်ပိတ်လိုက်ပါပြီ

 

ရေဘေးသင့်သူအပြည့်တင်လာတဲ့ ထိုင်းစစ်တပ် ကူညီကယ်ဆယ်ရေးယာဉ်
မိုးရွာလို့ ရေကြီးတာက ထိုင်းမှာ ရိုးနေပါပြီ။ ဒီတခါလောက်တော့ အကြီးအကျယ် မဖြစ်ခဲ့ဖူးပါ။
ဇူလိုင် ကတည်းက ကြီးလာတဲ့ရေကြောင့်
သေဆုံးသူ အရေအတွက်က မနေ့ကစာရင်းအရ ၃၆၆ ဦး ရှိပါပြီ

 

ရေကြောင့် လူပေါင်း ၂ သန်းခွဲ တိုက်ရိုက် ဒုက္ခရောက်နေပြီး ကူညီကယ်ဆယ်ရေး
စခန်းရောက်နေသူပေါင်း တသိန်းကျော် ရှိပါတယ်

Pathum Thani ခရိုင် မြင်ကွင်းများ

ရေကြီးတဲ့အရပ်မို့ ကားရှိလည်း အလကားပါပဲ
ကားတွေကို ပစ်ထားလို့မရ အိတ်ထဲထည့်ထားလို့မရတာကြောင့် ရေမရောက်နိုင်မယ့်၊
ကိုယ် လက်လှမ်းမီတဲ့နေရာတွေမှာ ရပ်ထားကြပါတယ်
လမ်းပိတ်ဆို့မှုဖြစ်မှာကိုလည်း အာဏာပိုင်တို့က စိတ်ပူနေပါတယ်

 

ရေတိမ်နစ်ကားတစီး
ရေဘေးသတင်း စောင့်နားထောင်သူအများအပြား အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်
အမျိုးမျိုးကြောင့်ရော၊ မကျသေးတဲ့ ရေတွေကြောင့်ပါ စိတ်ညစ်နေရပါတယ်

 

ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ရေဘေးသင့်ဒေသအရပ်သားတွေကို
ပစ္စည်းပစ္စယတွေ ရေလွတ်ရာဒေသရွှေ့ဖို့၊ ဒီထက်ပိုပြီး ရေကြီးလာနိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်ရေး
ပြင်ဆင်ထားဖို့ ပြောသွားပါတယ်

 

အရေးပေါ်ကာလ သယ်ယူပို့ဆောင်နည်းတခု
ရေထဲက ရုပ်ပွားတော်ဆိုင်
ကားလမ်းကူးဖို့ ပြင်ဆင်နေသူ၂ဦး

Bang Bua Thong ခရိုင် မြင်ကွင်းများ

Bang Bua Thong ခရိုင် ဆိုပေမယ့် ဘန်ကောက်မြို့နဲ့ ထိစပ်နေတဲ့ ဒေသ ဖြစ်ပါတယ်

မိနစ်ပိုင်း သွားရမယ့် ခရီးကို နာရီနဲ့ချီပြီး ကုန်းတတန် ရေတတန် သွားနေရပါတယ်

မနေ့ညက ထုတ်လွှင့်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ရုပ်သံမိန့်ခွန်းမှာတော့
အစိုးရိမ်ရဆုံးနေရာတွေထဲမှာ ချောင်ဖုယားမြစ်တလျှောက်ဒေသများ ပါဝင်တယ်လို့ ဆိုပါတယ်

ရေကြီးတာနဲ့ပတ်သက်တဲ့ ဝန်ကြီးချုပ် မိန့်ခွန်း

ဝန်ကြီးချုပ်ခွန်ယင်လပ် ရုပ်သံမိန့်ခွန်း ထုတ်လွှင့်နေစဉ်

 

အစိုးရက အချိန်တိုအတွင်းမှာ ရေမြုပ်တဲ့အခြေအနေတွေကို လျော့ကျစေဖို့  ပိုင်းဖြတ်ထားပေမဲ့လည်း ဘန်ကောက်မြို့ ကြီးဟာ ၁ဝ စင်တီမီတာကနေ တမီတာခွဲထိ ရေမြုပ်နိုင်တယ်လို့ ဝန်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ အင်္ဂါနေ့ညက ဝန်ကြီးချုပ်ခွန်ယင်လပ်က ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ပွင့်လင်းတဲ့အကဲဖြတ်ချက်ကို ရုပ်မြင်သံကြားကနေ ထုတ်ဖော် ကြေညာလိုက်ပါတယ်။ “အကြောင်း ၃ ချက်ထဲက တချက်ကြောင့် ရေဘေးက အဆိုးဆုံးဖြစ်နိုင်ခြေတွေ ဖြစ် လာနိုင်တယ်။ အဲဒါကတော့ ရေတားအကာတွေကျိုးပေါက်ကုန်တာနဲ့ရေက ထင်ထားတာထက်ပိုကြီးလာမှာကြောင့် ဖြစ်တယ်” လို့ သူမက ပြောပါတယ်။ မြောက်ပိုင်းက အရှိန်နဲ့စီးလာတဲ့ရေတွေက အလယ်ပို်င်းဒေသကို ရောက်လာပြီ၊ ဒီရေထုတခုလုံးက ဘန်ကောက်ကိုဖြတ်ပြီး ပင်လယ်ထဲကို စီးဝင်မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
လက်ရှိ ရှိနေတဲ့ ရေတံခါးတွေနဲ့ တမံတွေရဲ့ခံနိုင်ရည်ကို ရေက ကျော်ဖို့များမယ်။ ဒါကြောင့် ဘန်ကောက်အပြင်ပိုင်း၊ အလယ်၊ အတွင်းပိုင်းတွေကို ရေဝင်ဖို့များတယ်။ ကျောက်ဖရားမြစ်ဘေးနားက ရေလွှမ်းနေတဲ့နေရာတွေက အန္တရာယ် အကြီးဆုံးဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရေမြုပ်တာက အကြောင်း ၂ ချက်ပေါ်မူတည်ပါတယ်။ ရေတွေကို ဘယ်လိုစီမံခန့်ခွဲသလဲ၊ ဒေသတခုချင်းစီရဲ့ပထဝီမြေအနိမ့်အမြင့် စတဲ့အပေါ်မှာ မှီနေတယ်လို့ သူမက ပြောပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာတော့ ပထုမ်ဌာနရီနဲ့ နွန်ထာဘူရီကလာတဲ့ရေတွေကို ထိန်းချုပ်ဖို့ ရှိသမျှ လုပ်နိုင်တာတွေ ကို အစိုးရက စုစည်းထားပါတယ်။ ရေတွေကို ကျောက်ဖရားမြစ်နဲ့ သာချီးန်မြစ် စတဲ့ ဒီမြစ်နှစ်ခုနဲ့ ဆက်နေတဲ့ မာဆာဝပ်တူးမြောင်ကတဆင့် ဖောက်ထုတ်မယ်။
ထုံဘူရီမှာရေမြုပ်တာ ခန့်မှန်းခြေ ၅ဝ စင်တီမီတာလောက် ရှိတယ်။ ဒွန်မောန်းလေဆိပ်မှာ ယာယီစခန်းချနေကြတဲ့ ရေ ဘေးဒုက္ခသည်တွေကို ဘန်ကောက်နဲ့ အထက်ပိုင်းနေရာတွေကို ရွှေ့ပြောင်းနေရာချထားပါတော့မယ်။ ရိက္ခာစုပုံ ထား တာကို လည်းဒွန်မောန်းကနေ အမျိုးသားအားကစားရုံနေရာက ချန်ယင်ရုန်အဆောက်အဦကို ရွှေ့ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ကစပြီး အမျိုးသားအားကစားရုံကြီးမှာ ရေဘေးကယ်ဆယ်ရေး ရိက္ခာဝေပေးတာတွေ လုပ်နိုင်ပါ တယ်။
အောက်တိုဘာ ၂၆၊ ၂၀၁၁ (The Nation)

မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေးဒုက္ခသည်များအတွက် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်။

photo: the nation

ထိုင်းနိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီကယ်ဆယ်ရေးစခန်း တစ်ခုကို ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ရိုင်ခင်းဘုန်းကြီးကျောင်း၌ ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာနက (၂၃၊၁၀၊၂၀၁၁) ရက်နေ့က ဖွင့်လှစ်လိုက်သည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာ၌ ဖေါ်ပြထားသည်။

ရေကြီးမှုကြောင့် စက်ရုံများ ပိတ်ထားခဲ့ရသဖြင့် ထောင်ပေါင်း များစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အခြား ရေဘေး ဒုက္ခသည်များကဲ့သို့ အကူအညီ မရရှိခြင်းတို့ကြောင့် မြန်မာပြည်သို့ ပြန်သွားခဲ့ ကြသည်။
ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီ ပေးသည့် လုပ်ငန်းများ နှေးကွေးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများကို (၂၅၊၁၀၊၂၀၁၁) ရက်နေ့တွင် ထုတ်ပြန်သည့် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ ကြေညာချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။
နေးရှင်းသတင်းစာ၏ အဆိုအရ ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာန အနေဖြင့် ရေဘေးဒုက္ခသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်းသည် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ တွန်းအား တစ်ခုကြောင့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများအား မိမိတို့ နိုင်ငံသို့ ပြန်ခြင်းထက် ထိုင်းနိုင်ငံအတွင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးပြီး လုပ်ငန်းသစ်များ ရှာဖွေပေးမည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို နေးရှင်း သတင်းစာက ကိုးကားထားသည်။
“ထိုင်းအစိုးရ အနေနဲ့ အခုလို မြန်မာရေးဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး စခန်း ဖွင့်ပေးပြီး အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတာ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာပြည်ကို ပြန်သွားတဲ့ အလုပ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဂိတ်ကြေးတွေ ပေးနေရတယ်ဆိုတော့ သူတို့အနေနဲ့ ယာယီစခန်းတွေမှာ ခဏနေပြီး၊ အလုပ်အကိုင် ရှာဖွေကြတာ ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ရွှေ့ပြောင်း အလုပ်သမား ရေဘေး ကယ်ဆယ်ရေးကို လုပ်ကိုင်နေသည့် ကွန်ယက်အဖွဲ့နှင့် ထိုင်းအစိုးရ တာဝန် ရှိသူများသည် (၂၆၊၁၀၊၂၀၁၁)နေ့က ယာယီ ကယ်ဆယ်ရေးစခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အရေးပေါ် လိုအပ်ချက်များ၊ အနာဂတ်တွင် ကူညီ ဆောင်ရွက်ပေးသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခုကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ်သည် နှစ်ပေါင်း (၇၀)အတွင်း အဆိုးရွားဆုံး ဖြစ်ပြီး၊ ခန့်မှန်းခြေ စာရင်းများအရ ထိုင်းအလုပ်သမား လေးသိန်းကျော်နှင့် ရွှေ့ပြောင်း အလုပ်သမား နှစ်သိန်းကျော် ရေဘေးဒဏ် ခံနေကြရသည်ဟု သိရသည်။

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အကျႌချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၎င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်း ခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို ဩဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၎င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်ဩဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော် တော်အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွား နိုင်တဲ့အမှုတစ်ခုဖြစ်တဲ့အ တွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။

လူကုန်ကူး ခံခဲ့ရသည့် မြန်မာအမျိုးသမီးနှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

အတူတကွ လူကုန်ကူး ခံခဲ့ရသူများ အားလုံးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း အကြောင်းပြချက် မယ်မယ်ရရ မသိရပဲ ဘန်ကောက်မြို့ IDC အချုပ်ခန်းထဲတွင် ကျန်နေခဲ့ရသည့် အမျိုးသမီး နှစ်ဦး၏ အသက် အန္တရာယ်အား စိုးရိမ်ရကြောင်း ၎င်းတို့အား အကူအညီ ပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
20110916aအလုပ်သမားအရေး ဆောင်ရွက်သည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT မှ ကိုစိုင်းအေးက “ကျနော်တို့ ကူညီထားတဲ့ အလုပ်သမား တွေထဲကIDC အချုပ်ခန်းထဲက အလုပ်သမား (၈)ယောက်ကို မပို့ပဲ ကြာနေလို့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို အကူအညီ တောင်းနေတာ ကြာပြီ။ ဒီနေ့ (၆)ယောက် ပို့လိုက်တယ်။ မသွယ်နဲ့ မဇင်မာတို့ကို ဘာဖြစ်လို့ ချန်ထားလိုက်လဲ မသိဘူး။ သူတို့စိတ် ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေမှာကို ကျနော် စိုးရိမ်နေတယ်’’ဟု ပြောသည်။
ယခု ကျန်ရှိနေခဲ့သူ မသွယ်က “ကျမတို့ အချုပ်ထဲ၊ ထောင်ထဲမှာ နေရတာ (၅)လ ပြည့်တော့မယ်။ ကျမတို့ IDC အချုပ်ခန်းမှာ အခင်းဖျာလည်း မရှိဘူး။ စောင်လည်း မရှိဘူး၊ ထမိန်ခြုံပြီး အိပ်ရတယ်။ ကျမတို့ တစ်ယောက်ပြီး တစ်ယောက် ဖျားနာ နေကြတယ်။ ဒီနေ့ (၆)ယောက်ကို ပို့လိုက်တယ်။ ကျမနဲ့ မဇင်မာကို ဘာဖြစ်လို့ ချန်ထားခဲ့တာလဲ။ ကိုယ့်ကိုကိုယ် သတ်သေချင် စိတ်ပေါက်နေတယ်”ဟု BAT သို့ ပြောဆိုခဲ့သည်။
ပြန်ပို့ခံရသည့် အလုပ်သမားအနက် နှစ်ဦးကို မိသားစုများက မြဝတီမြို့ ကိုးသုံးလုံးဂိတ်မှ တစ်ဦးလျှင် ဘတ်ငွေ (၂၅၀၀)ဖြင့် ရွေးထုတ်ခဲ့သည်။ မရွေးနိုင်သည့် အလုပ်သမား (၄)ဦးတို့က  ဘန်ကောက် အခြေစိုက် ပင်လယ်ပျော်များ သမဂ္ဂ SUB နှင့် BAT တို့က ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး UNIAPသို့ အကူအညီ တောင်းခံခဲ့ကြသည်။

နေ့လည်ပိုင်းက မြဝတီမြို့ လူကုန်ကူးမှု ရဲတပ်ဖွဲ့က အမျိုးသမီး (၄)ဦးအား လာရောက် ခေါ်ယူခဲ့ကြောင်း ဘန်ကောက် UNIAP မှ မြန်မာ အရာရှိက ပြောသည်။
SUB မှ ဥက္ကဌ ဦးအောင်သူရက “ဒီအလုပ်သမတွေဟာ အခန်းပိတ်လှောငြ်ပီး လပေါင်းများစွာ လုပ်အားခ မရပဲ အလုပ် လုပ်ခဲ့ကြရတယ်။ ကယ်ဆယ်ရေး စခန်းလို့ အမည်ခံထားတဲ့ အကျဉ်းထောင်တွေမှာ လပေါင်းများစွာ နေခဲ့ရတယ်။ သူတို့ကို နယ်စပ်ပြန်ပို့တော့ တစ်ယောက်ကို ဘတ် (၂၅၀၀)နဲ့ ရွေးရမယ်။ ဒီလောက် ဒုက္ခရောက်ခဲ့တဲ့ မြန်မာ အလုပ်သမားတွေကို မြဝတီ ကိုးသုံးလုံးဂိတ်မှာ ဘာကြောင့် ငွေပေးပြီး ရွေးရတယ်ဆိုတာ ကျနော် လုံးဝနားမလည်ဘူး”ဟု ပြောသည်။
အဆိုပါ အလုပ်သမားများမှာ ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်နေ့က ဘန်ကောက်မြို့ ဒင်းဒဲန် ရပ်ကွက် စက်ချုပ်ရုံ (၄)ရုံမှ နာရီပေါင်းများစွာ အခန်းပိတ်လှောင် ခိုင်းစေ ခံနေသဖြင့် BATနှင့် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်း ကယ်ထုတ် ခဲ့သူများဖြစ်သည်။
ကယ်ထုတ်ခဲ့သည့် အလုပ်သမား (၄၃)ဦးအနက် လူကုန်ကူးမှု မမြောက်ဟုဆိုကာ အလုပ်သမား (၂၂)ဦးတို့အား ဇွန်လဆန်းက ထိုင်းမြန်မာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ နယ်စပ်သို့ အသုတ်လိုက် ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် ဩဂုတ်လ (၁၂)ရက်နေ့တွင် နွန်ထဘူရီ ကယ်ဆယ်ရေး စခန်းထဲမှ အလုပ်သမား (၁၅)ဦးကို  ဘန်ကောက်မြို့ IDC အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။
ဩဂုတ်လ (၁၅)ရက်နေ့ ညက  (၇)ဦးအား နယ်စပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး (၈)ဦမှာ IDC အချုပ်ခန်းထဲ၌ ကျန်နေခဲ့သည်။ ထိုအထဲမှ (၆)ယောက်ကို ထိုင်းအာဏာပိုင်များက ယနေ့ မြဝတီသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
လူကုန်ကူး ခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ အစိုးရ သက်သေအဖြစ် (၅)လတိုင်တိုင်  အချုပ်ခန်းနှင့် အကျဉ်းထောင် တို့တွင် နေခဲ့ကြရသော်လည်း ဆုံးရှုံးခဲ့သည့် လုပ်အားခများနှင့် နစ်နာကြေး တစ်စုံတစ်ခုမှ မရရှိခဲ့ကြောင်း ပြန်လည် ပို့ဆောင် ခံခဲ့ရသူများက ပြောပြသည်။

ဘန်ကောက်လူထု ကယ်ဆယ်ရေးစခန်းခိုလှုံဖို့ မြို့တော်ဝန်အမိန့်ထုတ်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက ရေကြီးနေတဲ့ မြေနိမ့်ပိုင်းနေရာ ၂ ခုမှာနေကြသူတွေကို အိမ်မှာမနေဘဲ အနီးအနားက ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းနေကြဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပါတယ်။
အဆောက်အဦးတွေ ရေအောက်ရောက်လုဖြစ်နေတဲ့ Don Muang နဲ့ Bang Phalad အရပ်မှာ နေကြသူတွေကို ဘေးလွတ်ရာ ပြောင်းနေကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဘန် ပရာဘတ် (Sukhumbhand Paribatra) က ဗုဒ္ဒဟူးနေ့ နှောင်းပိုင်းထဲက သတိပေးထားပါတယ်။
ဘန်ကောက်မြို့တော်ရဲ့ ဒုတိယအကြီးဆုံး Don Muang လေဆိပ်ကိုလဲ ပိတ်ထားပါတယ်။ ဒီသီတင်းပတ်မကုန်ခင်ဘန်ကောက်တမြို့လုံး ရေတွေကြီးနိုင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြေးနိုင်ကြဖို့လည်း အစိုးရက ၅ ရက် ရုံးပိတ်တယ်လို့ ကြေညာထားပါတယ်။ Bus ကားဂိတ်တွေနဲ့ အဓိက နိုင်ငံတကာလေဆိပ်မှာ လူပေါင်း ထောင်ပေါင်းများစွာနဲ့ အပြည့်ဖြစ်နေပါတယ်။
မြို့ပြင်ထွက်တဲ့ အဝေးပြေးလမ်းမတွေပေါ်မှာလည်း စိုးရိမ်နေကြတဲ့ ခရီးသည်တွေနဲ့ ထောင်နဲ့ချီတဲ့ ကားတွေ ပြည့်ကြပ်နေပါတယ်။ ဒီရေကလည်း တက်နေတဲ့အတွက် ကျောက်ဖရားမြစ်ရေဟာ ကမ်းပါးကို ကျော်လုဆဲဆဲ ဖြစ်နေပါတယ်။
ဒီသတင်းပတ်မကုန်ခင်မှာ ဘန်ကောက်မြို့ထဲက ရေချိန်ဟာ ၅ ပေလောက်ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ် Yingluck Shinawatra က ပြောပါတယ်၊ အရင်နှစ်တွေနဲ့ မတူအောင် မုတ်သုန်မိုးတွေရွာခဲ့လို့ ထိုင်းနိုင်ငံမှာ July လလယ်ထဲကစ ရေကြီးနေတာ ဖြစ်ပြီး သေဆုံးသူ ၃၇၃ ယောက် ကျော်သွားပါပြီ။
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လဝက)နှင့် ထိုင်းအာဏာပိုင်များက လမ်းခရီးနှင့်မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ငွေကြေးကောက်ခံနေကြ သည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ မဲဆောက်သို့ ပို့ဆောင်မည့် မြန်မာ အလုပ်သမားများကို အချုပ်ကား တစီးပေါ်တွင်တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းစိုးဝင်းလတ်)
မြန်မာ အလုပ်သမား ၃၀၀ဝ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက်နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့တဖက်ကမ်းသို့ ထိုင်းအာဏာပိုင်များက ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စိုင်းစိုးဝင်းလတ်က ပြောပြသည်။
ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။
“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစာ္တန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ်လုပ်နေသူတွေကလည်း သူတို့ကို ဖယ်ရီပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။
ပြန်ပို့ခံရသော မြန်မာအလုပ်သမားများ လှေပေါ်သို့ တက်နေစဉ် (ဓာတ်ပုံ – စိုင်းစိုးဝင်းလတ်)
အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။
ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။
ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။
သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀ဝ ခန့် ပေးဆောင်ပါက ပြန်လည်လွှတ်ပေးကြောင်း မကြာသေးခင် ရက်ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။
သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်၍ ပြန်ပို့ခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ – စိုင်းစိုးဝင်းလတ်)
“ကျနော်က ထိုင်း လဝက ကို ပိုက်ဆံ ၂၈၀ဝ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။
ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ က မဲဆောက် လဝက ဌာနကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေ
ကြားခြင်း မရှိချေ။
မြဝတီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)ဂိတ်ကို ဘတ် ၂၅၀ဝ ပေးလိုက်ရတယ်”ဟု ပြောပြသည်။
ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြဝတီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။
မြန်မာနို်င်ငံဘက်သို့ ပြန်မပို့မီ မဲဆောက် လဝက ရုံးတွင် တွေ့ရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို တင်ဆောင်ထား သည့် ကားတစီး (ဓာတ်ပုံ – စိုင်းစိုးဝင်းလတ်)
လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများအပေါ် ယင်းသို့ပြုလုပ်နေမှုများနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ဝန်ကြီး ချုပ်နှင့် အလုပ်သမား ဝန်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမားအရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။
“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။
ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။
စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။
ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။
ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြဝတီနယ်စပ် လမ်းကို အများဆုံး အသုံးပြုကြခြင်းမှာ မြဝတီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။

ကမ္ဘာတစ်လွှားကိုု ရိုုက်ခတ်စေတဲ့ ထိုုင်းရေဘေးရဲ့ ဆိုုးကျိုး

ထိုုင်းနိုုင်ငံရဲ့ နှစ်ငါးဆယ်အတွင်းအဆိုုးရွားဆုုံးရေကြီးမှုဟာ နိုုင်ငံတွင်လာရောက်လုုပ်ကိုုင်နေတဲ့ စက်မှုလက်မှုလုုပ်ငန်းများ၊ ဂျပန်စက်ရုုံများကို်ထိခုိုက်စေကြောင့် ကမ္ဘာ့ကုုန်ထုုတ်လုုပ်မှုကိုုပါ ထိခိုုက်လာလေမလားဆိုုတဲ့ စိုုးရိမ်မှုတွေကိုုပါ တိုုးပွားလာစေပါတယ်။

 

ယိုုမီယူရီ ရှမ်ဘမ် ရဲ့ ယနေ့တင်ပြတဲ့ အစီရင်ခံစာအရဆိုုလ ျှင် ဘန်ကောက်မြို့နှင် သိပ်မဝေးလှတော့တဲ့ ရှေးဟောင်းမြို့တော် အယုုဒ္ဓယနယ်မှာရှိတဲ့ အဓိကကျတဲ့ စက်မှုဇုုန်ကြီး (၅) ခုုဟာ ရေနစ်ခဲ့ရပါတယ်။ ၎င်းနယ်ဟာ ဂျပန်ကားစက်ရုုံများနှင့် လ ျှပ်စစ်ပစ္စည်းများထုုတ်လုုပ်ရာ စက်ရုုံများ အများအပြားတည်ရှိရာ နယ်လည်းဖြစ်ပါတယ်။

 

အစီရင်ခံစာအရ စက်ရုုံတွေဟာ အားလုုံးရေနစ်နေပြီး စက်ရုုံဧရိယအတွင်း လှေမပါလျင် သွားလာလိုု့မဖြစ်နိုုင်ကြောင်း သိရသည်။

 

“ကျွန်တော်တိုု့ စက်ရုုံဟာ ပထမထပ် မျက်နှာကျက်အထိ ရေနစ်ခဲ့တယ်” လိုု့ စက်မှုဇုုန်ကြီးတစ်ခုုလုုံး ဗွက်အိုင်ကြီးအဖြစ် ယုုတ်ချည်းပြောင်းလဲသွားတဲ့ အဆင့်မြင့်လ ျှပ်စစ်ပစ္စည်းများထုုတ်လုုပ်တဲ့ ဂျပန်စက်ရုုံမှာ အလုုပ်လုုပ်ကိုုင်နေတဲ့ အလုုပ်သမားတစ်ယောက်ကပြောပါတယ်။

သူ့အနေနဲ့ ကုုန်ထုုတ်လုုပ်တဲ့စက်ပစ္စည်းတွေကိုု အပြင်ကိုုဆွဲထုုတ်သယ်ယူဖိုု့ကြိုးစားခဲ့ပေမယ့် အပြင်မှာ အဲဒီပစ္စည်းတွေကိုုထားသိုုစရာနေရာရှာမတွေ့တော့တဲ့အတွက်ကြောင့် လက်လျော့ခဲ့ရတယ်လိုု့ပြောပါတယ် “ပစ္စည်းတွေကိုု ဆွဲထုတ်ကယ်တင်ဖိုု့ အချိန်လေးကိုု မရလိုုက်ဖူးဗျာ” လိုု့ ၎င်းကပြောပါတယ်။

အစီရင်ခံစာအရ ၎င်းရေးကြီးမှုကြောင့် ကုုမ္ဗဏီ ၃၂ဝ လောက်ဟာ ပျက်စီးဆုုံးရှုံးခဲ့ရတယ်လိုု့ ဆိုုပါတယ်။ ကုုမ္ဗဏီတွေအားလုုံး အပြည့်အဝပြန်လည် လည်ပတ်နိုုင်ဖိုု့ဆိုုလျင် လ အတော်များများကြာအောင် အချိန်ယူရဖွယ်ရှိပြီး တခြား အစားထိုုးကုုန်ပစ္စည်းများထုုတ်လုုပ်နိုုင်အောင် သိုု့မဟုုတ် တခြားထိရောက်မယ့် လမ်းကြောင်းတစ်ခုုခုုကိုု သူ့ထက်ငါ အလုုအယက်ကြိုးပန်းရှာဖွေနေကြပါတယ်။

Merrill Lynch Japan Securities Company ရဲ့အဆိုုအရ ထိုုင်းနိုုင်ငံဟာ ကမ္ဘာ့ကုုန်ထုုတ်စွမ်းအားလည်ပတ်မှုထဲက အဓိကျတဲ့စက်မှုလက်မှုုလုုပ်ငန်းများတည်ရှိ ရာနိုုင်ငံတစ်နိုုင်ငံဖြစ်ပြီး၊ အကယ်၍ ကုုန်ထုုတ်လုုပ်မှုရေရှည်ပျက်စီးမယ်ဆိုုပါက ကမ္ဘာ့ကုုန်ထုုတ်စွမ်း အားကိုုပါ ထိခုိုက်လာနိုုင်ကြောင်း ပြောပါတယ်။

ဂျပန်လုုပ်ငန်းရှင်တစ်ဦးကတော့ အခုုရေကြီးမှုဟာ ဂျပန်အရှေ့ဘက်ကမ်းရုုံးတန်းမှာ ဖြစ်သွားတဲ့ မြေငလျင်လုုပ်မှုနဲ့ နယူးကလီးယားအကျိုးဆက် ကပ်ဆိုုက်တဲ့အဖြစ်နဲ့ အလားတူတယ်လိုု့ ပြောပါတယ်။

အယုုဒ္ဓယနယ်၊ ရိုုဂျနာ မှာရှိတဲ့ ဂျပန် ဟွန်ဒါ ကားကုုမ္ဗဏီကတော့ ၎င်းရဲ့ စက်ရုုံကိုု အောက်တိုုဘာလ ၄ ရက်နေ့ကတည်းက ရပ်နားခဲ့ရပါတယ်။ ဒီစက်ရုုံဟာ ဟွန်ဒါရဲ့ အရှေ့တောင်အာရှဆိုုင်ရာ အကြီးဆုုံး ကုုမ္ဗဏီလည်းဖြစ်ပြီး ယခုုနှစ်ဈေးကွက်အတွက် ခရီးသည်တင်ကားနှင့် Brio ကားများအပါအဝင် ကားအစီးရေ ၂၄၀၀၀ဝ (နှစ်သိန်းလေးသောင်း) ကိုုထုုပ်လုုပ်ပေးခဲ့တဲ့ကားကုုမ္ဗဏီလည်းဖြစ်ပါတယ်။

စက်ရုုံတွင်းအခြေအနေတွေကိုု အခုုအချိန်အထိတော့ အတည်ပြုချက်မထုုတ်ပြန်နိုုင်သေးဘူးလိုု့ ဟွန်ဒါစက်ရုုံ အရှာရှိတစ်ဦးကပြောပါတယ်။

ရေနစ်သွားတဲ့ စက်ပစ္စည်းတွေ အသုုံးအဆောင်တွေအကုုန်လုုံး ပြန်လည်ပြုပြင်နေရာချထားရတာမျိူး လုုပ်ရမှာဖြစ်တဲ့အတွက် ကုုန်ထုုတ်လုုပ်မှုလုုပ်ငန်းတွေ ပျက်စီးမှုဟာ အချိန်ကြာနိုင်တယ်လိုု့ဆိုုပါတယ်။

တိုုယိုုတာ ကားကုုမ္ဗဏီကတော့ သံမဏိကားဘီးအတွင်းခွေထုုပ်လုုပ်ရေး အပါအဝင် စက်ရုုံရဲ့ အစိတ်အပိုုင်းတစ်ချို့ရယ် တခြား၎င်းစက်ရုံတွေနှင့် လမ်းတွေရေထိခဲ့တာကြောင့် လာမည့် စနေနေ့အထိ ကုုန်ထုုတ်လုုပ်မှုတွေအားလုုံး ရပ်ဆိုုင်းထားရဖွယ်ရှိကြောင်း ပြောပါတယ်။

တိုုယိုုတာကုုမ္ဗဏီရဲ့ အခြေအနေဟာ အရေးပေါ်အခြေအနေမှာရှိနေပါတယ်။ ဒီကုုမ္ဗဏီဟာ ဂျပန်နိုုင်ငံရဲ့ နိုုင်ငံခြားအခြေစိုုက်ကုုမ္ဗဏီတွေထဲမှာ အမေရိကန်နှင့် တရုုပ်နိုုင်ငံတွေပြီးလျင် တတိယ အကြီးဆုုံး ကုုမ္ဗဏီလဲဖြစ်ပါတယ်။ ဒီကုုမ္ဗဏီဟာ ထိုုင်းနိုုင်ငံမှာ၂၀၁ဝ ခုုနှစ်က ကားအစီးရေ ၆၃၀၀၀ဝ (ခြောက်သိန်းသုုံသောင်း) ကိုုထုုတ်လုုပ်ပေးခဲ့တဲ့ ကားကုုမ္ဗဏီလည်းဖြစ်ပါတယ်။

လောလောဆည် ကုန်ထုုတ်စွမ်းအားဆုုံးရှုံးမှုကိုု ကွက်လပ်ဖြည့်နိုုင်အောင် ဂျန်ပန်နိုုင်မှ ရေလမ်းကြောင်းဖြင့်  တခြားနိုုင်ငံများကိုု ကုုန်ပစ္စည်းများ ပိုု့ဖိုု့စဉ်းစားနေကြောင်း ပြောပါတယ်။

လ ျှပ်စစ်ပစ္စည်းထုုတ်လုုပ်မှုတွေဟာလည်း ထိုုင်းထုုတ်ကုုန်တွေအပေါ်တွေ အများကြီး မှီခိုုနေရပြီး

ထိုုင်းနိုုင်ငံဆိုုင်ရာ Nokia ကုုမ္ဗဏီဟာ ၎င်းရဲ့ အလည်လတ်တန်းစား အများသုုံးနိုင်မယ့် ကင်မရာတွေကိုု ထိုုင်းနိုု်င်ငံမှာ ထုုတ်လုုပ်ဖိုု့ စီစဉ်ထားပါတယ်။ ဒါဟာ ကုုမ္ဗဏီရဲ့ SLR ကင်မရာထုုတ်လုပ်ခြင်းရဲ့ ၉ဝ ရာခိုုင်းနှုန်းအထိ ရှိတယ်လုို့ပြောတယ်။

ဒစ်ဂျစ်တယ် SLR ကမ်မရာတွေ အားလုုံးထုုတ်လုုပ်တဲ့ Sony ကုုမ္ဗဏီဟာလည်း အယုုဒ္ဓယနယ်မှာ ဘဲတည်ရှိပါတယ်။

တခြားကုုမ္ဗဏီတွေကိုု ကုုန်စီဖြန့်ဖြူးရေးနှင့်ပတ်သက်လုို့ ကားအတွင်းပိုုင်း အင်ဂျင်မော်တာထုုတ်လုုပ်တဲ့ Nidec ကုုမ္ဗဏီဟာလည်း အောက်တိုုဘာ ၁ဝ ရက်နေ့ကတည်းက ၎င်းရဲ့ ထုုပ်ကုုန်တွေကိုု ရပ်ဆိုုင်းခဲ့ရကြောင်းသိရပါတယ်။

 

စတုတ္ထမြောက် ရေမြုပ်သွားတဲ့ စက်မှုဇုန်

စက်ရုံ ၉၀၊ အလုပ်သမား ၆၀,၀၀ဝတို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပြီ

ပထုမ်ဌာနီ စီးပွားရေးဇုန်

ရေအရမ်းကြီးလို့ အယုဒ္ဓမှာရှိတဲ့ စတုတ္ထအကြီင်္းဆုံးစက်မှုဇုန် ရေမြုပ်သွားပြီး အလုပ်သမားတွေရွှေ့ပြောင်းရေး အမိန့်ပေး ဖို့ အာဏာပိုင်တွေ ကြုံတွေ့နေရပါတယ်။ စစ်တပ်နဲ့အလုပ်သမားတွေက ရေတားတွေထိမ်းထားဖို့ကြိုး စားပေမဲ့လည်း ရေ တွေက တံတိုင်းအကာတွေကို ချိုးဖျက်ပစ်လိုက်ပြီး ဘန့်ဖာအင်းစက်မှုဇုန်ဟာ ရေမြုပ်သွားပါတယ်။ ဘေးကင်းရာမြေကို ချက်ချင်းရွှေ့ဖို့ ပြည်သူတွေကို အမိန့်ထုတ်ထားပါတယ်လို့ ဘန့်ဖာအင်းခရိုင်မှူး နာသီးဘောဆုဝမ်က ပြောပါတယ်။ ရေ အမြင့်က ၈ဝ စင်တီမီတာကနေ တမီတာထိ ရောက်လာပါပြီ။

သောကြာနေ့ကတည်းက ဒီစက်မှုဇုန်ရဲ့ အရှေ့ဖက်က ကြိုးပေါက်သွားတဲ့ရေတံတိုင်းကို ပြင်ဖို့ စစ်သားတွေနဲ့အလုပ် သ မားတွေက အပြိုင်အဆိုင်လုံးပမ်းခဲ့ကြပေမဲ့ ရေအားကအရမ်းသန်လို့ မရပါဘူး။ အောက်တိုဘာ ၄ ရက်က ကျောက်ဖရား မြစ်ရေ လျှံပြီး ချိုင်ဝပ်ထနာရမ်ဘုန်း ကြီးကျောင်းမှာတားထားတဲ့ အတားတွေကို ချိုးဖျက်ပစ်လိုက်ချိန်ကစပြီး အယုဒ္ဓယနဲ့ မြစ်အောက်ပိုင်းဒေသတွေ ရေမြုပ် ကုန်ပါတယ်။ ဆာဟာရတ္ထနာနုခေါန်၊ ရိုကျနာနဲ့ အဆင့်မြင့်နည်းပညာသုံး စက်မှုဇုန် တွေ ရေလွှမ်းကုန်ပြီး ဘတ်ငွေ ဘီလျံနဲ့ချီပြီး ပျက်စီးကုန်ပါတယ်။ အာဏာပိုင်တွေက ကြိုးစားပေမဲ့လည်း ဘန်ပါအင်းဇုန် အားလုံးရေမြုပ်ကုန်တယ်လို့ ထိုင်းစက်မှုဇုန် ဒုအုပ်ချုပ်ရေးမှူး နာရာပေါ့တီးဝဲထနွမ်က ပြောပါတယ်။
စက်မှုဇုန် ၄ ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ၁၉၄ ဘီလျံလောက် ရှိတယ်လို့ သူက ပြောပါတယ်။ ဘန့်ဖာအင်ဇုန်ဟာ လိုက် (ရိုင်) ပေါင်း ၁၉၆၂ လိုက်ရှိပြီး စက်ရုံပေါင်း ၉ဝ နဲ့ အလုပ်သမား ၆၀,၀၀ဝ ရှိပါတယ်။ လုပ်ငန်းအများစုက အီလက် ထ ရောနစ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အင်ဂျင်နဲ့အဝတ်အထည်လုပ်ငန်းတွေ ဖြစ်ကြပါတယ်။
အယုဒ္ဓယကလာတဲ့ရေတွေတားဖို့ အသေအချာဆောင်ရွက်မှုတွေလုပ်ထားဖို့ ပထုမ်ဌာနီ၊ ခလုန်လူအန်းခရိုင်းမှာရှိတဲ့ နာ ဝမ်နာခေါန်စက်မှုဇုန်ကို မနေ့က ကြည်းတပ်ဦးစီးချုပ် ဖရာယုသ်ကျန်းအိုချား စစ်ဆေးခဲ့ပါတယ်။ စက်မှုဇုန်တွေမှာ ရေကြီး တာကို ကူညီဖြေရှင်းပေးဖို့ အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေးစစ်ဆင်မှုဌာနက တပ်မတော်ကို တောင်းဆိုထားတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ အခုအခါမှာ တပ်မတော်ဟာ နာဝမ်နာခေါန် စက်မှုဇုန် မပျက်စီးစေဖို့ ရေကြီး တာကနေ ကာကွယ်ဖို့ အဓိကထား လုပ်နေပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ဒီဇုန်မှာ ကုန်ထုန်စက်ရုံ ပေါင်း ၂၂ရ ရုံရှိပါတယ်၊ အကျယ်အဝန်းက လိုက် (ရိုင်) ၈၀၀ဝ ရှိပြီး အလုပ်သမားပေါင်း ၁၈၀,၀၀ဝ ကျော် ရှိပါတယ်။ ဒီနယ်မှာ ရင်းနှီးမြှုပ်နှံမှုက ဘတ်ဘီလျံ ၁၀ဝ ကျော်ပါတယ်။

အယုဒ္ဓယ၊ ဘန့်ဇာအင်း စက်မှုဇုန် ရေမြုပ်နေပုံ

စစ်သားတွေဟာ ရေတားတံတိုင်းတွေဖို့ ဘို့ သဲအိတ် ၁၀၀,၀၀ဝ ကျော် ကို အပြိုင်အဆိုင် ထုတ်လုပ်နေကြရပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ရေတား အကာအကွယ်အတွင်းမှာရှိတဲ့စက်မှုဇုန်နေရာက လုံခြုံစိတ်ချရပေမဲ့ အကာအကွယ်အပြင်ဖက်မှာနေတဲ့ လူတွေကတော့ ရေလွှမ်းတာ ခံနေရပါတယ်။ သောကြာညက လျှံတက်လာတဲ့ရေက အရမ်းမြင့်တယ်လို့ နဝမ်နခေါန်စက်မှုဇုန်မှူး နီဖစ်က ပြောပါတယ်။ “စနေနေ့လည်မှာ ရေတက်လာတာဆို ၅မီတာ အမြင့် ရှိတဲ့တံတိုင်းကိုရောက်ဖို့ တမီတာလောက်ပဲ လိုတော့တယ်” လို့ သူက ပြောပါတယ်။ တချို့နေရာတွေမှာ ရေတွေက ဒီ အတား အဆီးတွေကို ချိုးဖျက်လိုက်ပြီး စက်မှုဇုန်ထဲကို ဝင်လာတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ရေတွေကို စုပ်ထုတ် ပစ် နိုင်ခဲ့ပါတယ်။ အာရှအဝေးပြေးလမ်းမကြီးပေါ်က ဒက်ချာတီဝေါင်တံတားအနီးက မြေတံတိုင်းကိုပြင်ဖို့ အာဏာပိုင် တွေနဲ့ အလုပ်သမားတွေက လုပ်ကိုင်နေကြပါတယ်။ အာရှလမ်းမကြီးကို ဒီကနေ့ဖွင့်ဖို့ မျှော်လင့်ရတယ်လို့ နခုန်ဆဝမ် အုပ်ချုပ်ရေးမှူး ချိုင်ရော့ချ်မီဒဲန်က ပြောပါတယ်။ပြည်နယ်ရေဘေးကယ်ဆယ် ရေးဌာနက ရေဘေးဒုက္ခ သည် ၁၀,၀၀ဝ လောက်ကို နေစရာပေးနေရပါတယ်လို့ သူက ပြောပါတယ်။






ဘန်ကောက်က ရေတံခါးတွေ ဖွင့်လိုက်ပြီ

ဒွန်မောန်နဲ့လက်ဆီခရိုင် တစိတ်တဒေသကို ရေဘေးအန္တရာယ်စိုးရိမ်ရတဲ့ဒေသတွေအဖြစ် မနေ့က ကြေညာလိုက်တဲ့ အတွက် မြောက်ပို်င်းက ထိုးကျလာတဲ့ရေတွေကို မြို့တော်တူးမြောင်းတွေကတဆင့် ပင်လယ်ထဲကို စီးထွက်စေဖို့  ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သဘောတူလိုက်ပါတယ်။

ဘန်ကောက်ရှိ အဓိကတူးမြောင်း ၁၉ခု

ဒွန်မောန်ခရိုင် ဒွန်မောန် ခရိုင်ခွဲနဲ့ သွန်းဆီခန်နဲ့ လက်ဆီခရိုင်က ထွန်းဆောင်ဟောင်ခရိုင်ခွဲတွေမှာ နေထိုင်တဲ့သူတွေ အတွက် ရေဘေးသတိပေးကြေညာချက်ကို မနေ့ညက ဘန်ကောက်အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်းဖာရိဘတ်ထရာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ဒုတိယအကြိမ် သတိပေးချက်ဖြစ်ပါတယ်။ အရင်တခါက ခရိုင် (၇)ခုကို ထုတ် ပြန်ခဲ့တဲ့သတိပေးကြေညာချက်မှာတော့သူတို့ပိုင်ပစ္စည်းတွေကို မြင့်တဲ့နေရာကိုပဲ ရွှေ့ပြောင်းခိုင်းတာဖြစ်ပါတယ်။
အစိုးရရဲ့ရေဘေးစီမံခန့်ခွဲမှုအစီအစဉ်အရ ဘန်ကောက်က ရေတံခါးတွေအကုန်လုံး ဖွင့်လိုက်တာဖြစ်တယ်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်း က မနေ့က ပြောပါတယ်။
ရေတံခါးတွေအကုန်လုံးဖွင့်ပစ်ရမယ်။ ရေတွေ တိုက်ရိုက် စီးထွက်အောင်လုပ်ရမယ်။ ရေတားတံတိုင်းတွေက နောက် ထပ်ဝင်လာတဲ့ရေတွေကိုပဲ ခံနိုင်ရည်ရှိတယ်။ လို့ ဝန်ကြီးချုပ် ခွန်ယင်လပ်က ပြောပါတယ်။

ရေမြုပ်နေတဲ့ လန်စစ်ဈေးအနီးက မြင်ကွင်း
လန်စစ်ပထုံဌာနရီလမ်းမကြီးပေါ်မှာ သူ့ခွေးတွေသယ်လာတဲ့ မိန်းမကြီးတယောက်  မြင်ကွင်း
ရေဘေးဒုက္ခသည်တွေအတွက် အိမ်သာလုပ်ဖို့ ပလပ်စတစ်ထိုင်ခုံတွေကို အပေါက်ဖောက်နေတဲ့ ချူလာလောင်ခေါန်တက္ကသိုလ်က နိုင်ငံခြားသား ဧည့်သည်တွေ
အယုဒ္ဓယ၊ ဥထိုင်းခရိုင်က အာရှိအဝေးပြေးလမ်းမကြီးပေါ်မှာ ကျောက်အိတ်တံတိုင်းတွေ နဲ့ရေတားနေပုံ
နွန်ဌာဘူရီခရိုင်၊ ဘန်းဘွာထုန်မှာ ရေလွတ်ရာရွှေ့ပြောင်းလာတဲ့ အဖိုးအိုကို အိမ်နီးခြင်းတဦးက ကူနေပုံ
ချာအန်းဝပ်သာန လမ်းမအနီး ခလုန်ဖရားပါလမ်းတလျှောက် မော်တော်ဆိုင်ကယ် စီးလာကြပုံ
အောက်တိုဘာ ၂၁၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ဘန်ကောက်မြို့အတွင်းပိုုင်း ရေလွှမ်းတော့မည်ဟုု ထိုုင်းအစိုုးရ သတိပေး

ဘန်ကောက်မှာရှိတဲ့ တူးမြောင်းတွေက ရေတံခါးအားလုုံးကိုု ဖွင့်ချဖုို့ ထုိုင်းအစိုုးရက ဆုုံးဖြတ်လိုုက်တဲ့အတွက် ဘန်ကောက်အတွင်းပိုုင်း ရက်ကွက်ဇုုန်တွေကိုု ရေလွှမ်းမိုုးတော့မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်အထက်က နခွမ်စဝမ်၊ချိုင်နာ့၊ အယုုဒ္ဓယ၊ နခေါင်ပထုုံ စတဲ့ ခရိုုင်တွေမှာ ၂ လခန့်ကြာအောင် လွှမ်းမိုုးနေတဲ့ရေတွေကိုု ပင်လယ်ထဲအမြန်ဆုုံးစီဆင်းဖိုု့အတွက် ကြားမှာခံနေတဲ့ ဘန်ကောက်မြို့တော်ကိုု ရေဖြတ်သန်းနိုုင်ဖိုု့ လမ်းဖွင့်ပေးတော့မယ်လိုု့ မနေ့ညနေပိုုင်းမှာ ထိုုင်းအစိုုးရက သတင်းထုုတ်ပြန်လိုုက်ပါတယ်။
ဘန်ကောက်မြို့တော်ကိုု ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ဖုုရားမြစ်နှင့် ဆက်သွယ်နေတဲ့ တူးမြောင်း ၁၁ ခုုက ရေတံခါးတွေကိုုလည်း လုိုအပ်သလုို ဖွင့်ချမယ်လုို့ဆုိုပါတယ်။
ရေတံခါးတွေဖွင့်ချာတာကြောင့် စနေနေ့ မွန်းလွဲ ၁ နာရီခန့်က စပြီး ဘန်ကောက်အတွင်းပိုုင်းက ဖဟိုုယိုုထင်၊ လော့ဖရောင်း၊ ရာမ ၉၊ ဖက်ချ်ဘူရီ၊ စူခွန်ဗစ်၊ ရာမ ၄ စတဲ့ လမ်းတွေနှင့် ရပ်ကွက်ဇုုန် အများအပြားကိုု ဒူးဆစ်မှ ခါးအထိ ရေတဖြည်းဖြည်းလွမ်းမိုုးသွားမှာပါ။
၂ လလောက်ကြာအောင် ဘန်ကောက်မြို့ရဲ့ တစိတ်သဒေသ ရေလွှမ်းမိုုးမယ်လိုု့ ထုိုင်းအစိုုးရဌာနတွေနှင့် အထူးပညာရှင်တွေက ထိုုင်းရုုပ်သံအစီအစဉ်ကနေ ပြောဆိုုလုိုက်ပါတယ်။
ဘန်ကောက်ရေဘေးဒုုက္ခသည်တွေထဲက မြန်မာဒုုက္ခသည်တွေကိုုတော့ နိုုင်ငံတကာ ဒုုက္ခသည်ကော်မတီ (အိုုင်အာစီ) အပါအဝင် အဖွဲ့အစည်း ၂ဝ ကျော်ပူးပေါင်းဖွဲ့စည်းထားတဲ့ Migrant Worker Group က ကူညီဆောင်ရွက်ပေးနေကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။
“ဘန်ကောက်မှာတော့ ဘယ်နေရာတွေမှာ ရေဘယ်လောက်တက်မယ်၊ စင်တီမီတာ ဘယ်လောက်အထိတက်မယ် ဆိုုတာကိုု သတ်မှတ်ထားတာ ရှိပါတယ်။ ရွှေ့ပြောင်း အလုုပ်သမားတွေဆိုုရင် သူတိုု့ရဲ့ အရေးကြီးပစ္စည်း၊ စာရွက်စာတမ်းတွေသိမ်းထားဖိုု့ လိုုပါတယ်။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ဖုုန်းနံပတ်တွေကိုုလည်း သိထားဖိုု့လုိုပြီး အရေးပေါ်တော့ အကြောင်းကြားလုို့ရတာပေါ့။”
ရေဘေးသင့် မြန်မာအလုုပ်သမားတွေ အရေးပေါ်အကူအညီ တောင်းနုိုင်ဖိုု့ ဖုုန်းနံပတ်တွေထဲက တချို့ကတော့ ဝ၈၂-၄၉၈၉၅၈၅၊ ဝ၈၁-၆၈၄၀၆၁၂၊ ဝ၈၁-၄၅၂၇၂၂၁၊ ဝ၈၅-၉၂၂၈၄၅၁၊ ဝ၈၅-၃၂၆၈၂၆၃၊ ဝ၈၁-၆၂ဝ၄၄၈၆၊ ဝ၈၅-၃၃၂၇၅၅၃၊ ဝ၈၃-ဝ၆၂၇၅၄၃၁၊ ဝ၈၄-၆၃၇၅၂၇၁စတာတွေ ဖြစ်ပါတယ်။ ဖုုန်းနံပတ်ကိုု မြန်မာစကားနဲ့ ဆက်သွယ်ပြောဆိုုနိုုင်ပါတယ်။
Ref: DVB

မနက်ဖန် ဘန်ကောက်မြောက်ဘက်ပိုင်းထဲရေစဝင်မယ်

ခလောင် ရမ်စစ်က ရေဟာ ဒီညမှာ ဘန်ကောက်မြောက်ဘက်ပိုင်း စိုင်မိုင် နယ်ထဲက ခလောင် ဟော့ဝါကို စတင်ဝင်ရောက်နိုင်ပြီး မနက်ဖန်မှာ ဘန်ကောက်ကို စတင်ဝင်ရောက်နိုင်တယ်လို့ ဘန်ကောက်အုပ်ချူပ်ရေးမှုး Sukhumbhand Parigatra က အင်္ဂ ါနေ့က ပြောကြားလိုုက်ပါတယ်။ သို့သော်လည်း ယမန်နေ့က ကြေငြာခဲ့တဲ့ အန္တရာယ်ဇုန် (၇) ခုထက်ပိုပြီး မကျော်လွန်နိုင်တဲ့အတွက်ကြောင့် ဘန်ကောက်နေ ပြည်သူလူထုကို အထိတ်တလန့်မဖြစ်ဖို့ သူ့အနေနှင့်ပန်ကြားထားပါတယ်။
မြို့တော်ရဲ့ မြောက်ဘက်ပိုင်းသို့ ရေများ စီးဝင်လာနေပြီဖြစ်တဲ့အတွက်ကြောင့် ၎င်း အန္တရာဇုုန် (၇) ခုုဖြစ်တဲ့ Sai Mai, Klong Samwa, Bang Khen, Nong Chok, Min Buri, Lat Krabang, Kannayao မြို့နယ်တွေမှာနေကြတဲ့ ပြည်သူများကိုုတော့ သတိနှင့် နေကြဖိုု့နှင့် မိမိတို့ရဲ့ အဖိုးတန် အသုံးအဆောင်ပစ္စည်းများအား ရေလွတ်ရာ အထပ်မြင့်များသို့ ရွှေ့ပြောင်းထားကြရန် အသိပေးနှိုးဆော်ထားကြောင်းပြောပါတယ်။
ဘန်ကောက်အာဏာပိုုင်များအနေဖြင့် ဘန်ကောက်ဧရိယာအပြင်ဘက် အရေးကြီးတဲ့ နေရာတွေကိုလဲ ကူညီဖို့ . အစိုးရအားပန်ကြားထားပြီး ၎င်းတိုု့အနေနှင့် အင်္ဂါနေ့စောစောပိုင်းလောက်က Klong Prapa နယ်ကနေ လျှံကျလာပြီ Chang Wattana, Ngamwongwan နှင့် Prachachuen ထဲက လမ်းတွေပေါ်ကိုဝင်လာတဲ့ရေတွေကို ရေစုပ်စက်တွေနှင့် စုပ်ယူပေးနေကြောင်းပြောပါတယ်။ဒီ Klong Prapa ကရေတွေဟာ Pathum Thani ဘက်ကနေ စီးဝင်လာတာဖြစ်ပါတယ်။
ထိုုင်းနိုုင်ငံလေဆိပ်များရဲ့ အကြီးအမှုးဖြစ်တဲ့ စူမက် ဖိုုတီမနီကတော့ စုုဝဏ္ဏဘူမိနှင် ဒိုုမောင်း လေဆိပ်တွေရဲ့ အဓိကကျတဲ့နေရာတွေကိုတော့ အသေအချာ ကာကွယ်ထားနိုင်ပြီဖြစ်တဲ့အတွက် စိတ်ချရလောက်တဲ့အနေထားကိုု သူမျှော်လင့်ကြောင်း၊ လက်ရှိအခြေအနေအရ စုဝဏ္ဏဘူမိလေဆိပ်ကို ၃.၅ မီတာမြင့်တဲ့ ရေတားတွေတည်ဆောက်ထားပြီးဖြစ်ပေမယ့် မြောက်ပိုင်းကနေ အလုံးအရင်းနှင့် စီးဝင်လာနေတယ်တဲ့ရေတွေကြောင့် ဒုံမောင်းလေဆိပ်အတွက် သူစိတ်မအေးနိုင်သေးကြောင်း၊ ဒီအတွက် အပြည့်အဝ ထိမ်းချုပ်နိုင်ဖို့အတွက် ယာယီရေကာတာတွေကို သဲအိပ် ၁၀၀၀ဝ သုံးပြီး ထပ်မြှင့်ပြီးတည်ဆောက်ဖို့ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောပါတယ်။

စုဝဏ္ဏဘူမိလေဆိပ်အတွက်တော့ ထိုင်းနိုင်ငံ လေဆိပ်အာဏာပိုင်များအနေနှင့် ဖြစ်နိုင်ဖွယ်ရှိသမျှ ရေဘေးအခြေအနေတွေကို အရေးပေါ်ကယ်ဆယ်နိုင်ရန် ပြင်ဆင်ပြီးဖြစ်ပါတယ်။ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အားလုံးအသင့်အနေအထား ရှိကြောင်းပြောပါတယ်။ လေကြောင်းလိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆပ်စပ်လုပ်ငန်းရှင်အားလုံးကို ၎င်းတို့ရဲ့ လုပ်ငန်းများကို ချွန်ဘူရိ၊ အူတာပါအိုနှင့် တခြားလေဆိပ်တွေမှာ ရွှေ့ပြောင်းလုပ်ကိုင်လိုက လုပ်ကိုင်နိုင်ကြောင်းကိုလည်း ၎င်းတုို့က ကြေငြာထားပါတယ်။

ဘန်ကောက်လူထု ရေလွတ်ရာ ပစ္စည်းရွှေ့ဖို့ အစိုးရတိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန် ရပ်ကွက်တွေမှာ ရေတွေတက်လာနေတဲ့အတွက် သန်းနဲ့ချီရှိတဲ့ မြို့ခံတွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို အမြင့်ပိုင်းနေရာတွေမှာ ရွှေ့ပြောင်းထားကြဖို့ အစိုးရတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ ဘန်ကောက်မြို့လယ်ခေါင်ကနေ ၁ဝ မိုင်လောက်သာဝေးတဲ့ မြို့ရဲ့မြောက်ပိုင်းက လက်ဆီ (Laksi) မှာဆိုရင်လည်း ရေတွေဟာ ဒီကနေ့ ဒူးဆစ်လောက်ထိ တက်လာနေပြီလို့ မြို့ခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
မြို့ရဲ့မြောက်ဘက် ရေကြီးတဲ့ နေရာတွေမှာ နေထိုင်သူတွေကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြသလို ဘန်ကောက်မြို့ခံတွေလည်း အစားအသောက်နဲ့ ရေတွေကို ဝယ်ယူ စုဆောင်းနေကြပါတယ်။ အစိုးရက ရေဘေးပြဿနာကို ကိုင်တွယ်နေတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အရေးပေါ် ကယ်ဆယ်ရေး ဥပဒေမှာ အပ်နှင်းထားတဲ့ အရပ်ဖက် လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yingluck Shinawatra) က စားနပ်ရိက္ခာ မပြတ်လပ်အောင် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ပိုင်ခွင့်အရ အမိန့်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့ အစိုးရတာဝန်ရှိသူတွေကို ဝန်ကြီးချုပ်က အရေးယူပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ရေကြီးမှုကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်း ၃၄၂ ယောက်အထိ ရှိသွားပြီလို့လည်း ထိုင်းအစိုးရက ဒီကနေ့ ကြေညာခဲ့တာပါ။ မုတ်သုန်မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ ဒေသတော်တော်များများ ရေလွှမ်းနေပြီး လူပေါင်းသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ကမော္ဘဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဆိုရင်လည်း သေဆုံးသူပေါင်းဟာ ၃၃၆ ယောက်ထက် မနည်းရှိခဲ့ပါတယ်။
 Ref: VOA

မြို့တော်ဘန်ကောက်ရေလွှမ်းမှာကို ထိတ်လန့်တုန်လှုပ်နေကြ

 

ပထုမ်ဌာနီ၊ ဆမ်ခေါ့ခရိုင်က ခလုန်ဘန်ဖရောက်ရပ်ကွက်က တူးမြောင်းဂိတ်တံခါးကို ပြင်ဆင်ဖို့ အာဏာပို်င်တွေ
ကြိုးပမ်း နေစဉ်။

သိပ္ပံနဲ့နည်းပညာဝန်ကြီး ဖလော့ဖရာဆော့ပ်ဆူရာ့ဆဝါဒီးက ရေဘေးကင်းလွတ်တဲ့နေရာရွှေ့ပြောင်းရေး သတိပေး နှိုး ဆော်ချက်ကို မှားယွင်းတဲ့ ဘေးအန္တရာယ်သတိပေးမှုအဖြစ် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဘန်ကောက် မြောက်ပိုင်းနဲ့ မြို့ တော်အတွင်းပိုင်ဒေသတွေမှာ နေသူတွေဟာ ထိတ်လန့်တုန်လှုပ် ကုန်ကြပါတယ်။
မနေ့ ညနေ ၆ နာရီ ၃ဝ မီးနစ်ဝန်းကျင်လောက်က ဒွန်မောင်းလေဆိပ်မှာ ဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်မှု စစ်ဆင်ရေး ဌာနမှာ ရွှေ့ပြောင်းရေးနဲ့ရေဘေးကယ်ဆယ်ရေး စစ်ဆင်ရေးအကြီးအကဲ၊ ဖလော့ဖရားဆော့ပ်က ဘန်ကောက်မြောက် ပိုင်းနဲ့ပထုမ်ဌာနီမှာနေတဲ့သူတွေအတွက် ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ ဖလော့ ဖရားဆော့ပ်က ပထုမ်ဌာနီ၊ ဆမ်ခေါ့ခရိုင်က မြောက်ဖက်က စီးလာတဲ့ရေအဟုန်က ခလုန်ဘန်ဖရောက်ရပ် ကွက်က တူး မြောင်းဂိတ်တံခါးကို ချိုးဖျက်ပစ်လိုက်ပြီ လို့ ကြေညာခဲ့တယ်။
လန်စစ်မြောက်ပိုင်းနေသူတွေ၊ ပထုမ်ဌာနီ၊ ခလုန်လူအန်းနဲ့လမ်လပ်ခါခရိုင်မှာ နေသူတွေ၊ ထမ္မာဆတ်တက္ကသိုလ်နဲ့ လန် စစ် တက္ကသိုလ်ဝင်းထဲ နေသူတွေ၊ ဘန်ကောက်၊ ဆိုင်းမိုင်ခရိုင်မှာနေသူတွေအကုန်လုံး ဘေးကင်းတဲ့နေရာကို ရွှေ့ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနေရာတွေမှာ ရေတမီတာလောက် လွှမ်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖလော့ဖရား ဆော့ပ် က ပြောပါတယ်။ “ဒါကြောင့် ဒွန်မောင်းလေဆိပ်ကို ချက်ချင်းပြောင်းကြဖို့၊ နာရီဘယ်လောက်ပဲ ကျန်တော့မလဲ ဆိုတာ အစိုးရအနေနဲ့ မပြောနိုင်ကြောင်း” ဖလော့ဖရားဆော့ပ်က ပြောပါတယ်။ ဒါပေမဲ့ ဒီလိုပြောအပြီး မကြာခင်မှာပဲ ရေဘေးကယ်ဆယ်ရေးဌာန၊ အကြီးအကဲ၊ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့က အေးအေးဆေးဆေး နေကြဖို့ ပြည် သူတွေကို ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီဌာနအနေနဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို မထုတ်ပြန် ကြောင်း၊ အစိုးရက ဘန်ကောက်က ရေကြီးတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ရဲဗိုလ်ချုပ်ကြီး ဖရားချာ က ပြောပါတယ်။ ထိတ်လန့်တုန်လှုပ်စရာ မရှိပါဘူးလို့ ရဲဗိုလ်ချုပ်ကြီးဖရားချာက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဒီ ဌာနက ထုတ်ပြန်တဲ့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်သင့်ပါတယ်လို့ သူက ထပ် ပြောပါတယ်။
မစ္စတာ ဖလော့ဖရားဆော့ပ်ရဲ့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ဝန်ကြီးချုပ်ခွန်ယင်လပ်နဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့အကြီးအကျယ် စိတ်ပျက်မိကြောင်း  ရဘေးကယ်ဆယ်ရေးဌာန သတင်းရပ်ကွက်က ပြောပါ တယ်။ ဘန်ကောက်အတွင်းပိုင်းဒေသတွေနဲ့ ရေဘေးအတားအဆီးတွေလုပ်ထားတဲ့ ဒေသတွေက ရေလွှမ်းတာတွေကို ကာကွယ်နိုင်မှာဖြစ်တယ်ဆိုတာ သူယုံကြည်တဲ့အကြောင်း  ဝန်ကြီးချုပ်က ပြောပါတယ်။
အောက်တိုဘာ ၁၄၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်

ထိုုင်းနိုုင်ငံ အယုုဒ္ဓယမြို့ ရေကြီးနေသော ဓာတ်ပုုံမြင်ကွင်းများ

 

ရေဘေးဒုုက္ခသည်များအတွက် ကူညီရေးပစ္စည်းများ (ဧရာဝတီ)
အသက်ကြီးရွယ်အိုုများအား ရေဘေးလွတ်ရာသိုု့ အရေးပေါ်ကယ်ဆည်။ (ဧရာဝတီ)
ရေကြီးလိုု့ ကမ္ဘာလှည့်ခရီးသွားလုုပ်ငန်းလည်း ထိခိုုက် (BBC)
ကားလမ်းမတွေဟာ မြစ်ချောင်းပုုံစံဖြစ်နေ (BBC)
လူတွေရွှေ့ပြောင်းနေကြရ (BBC)
ဗင်းနစ်မြို့လား ၊ အယုုဒ္ဓယလား (BBC)
ဟွန်ဒါကားစက်ရုုံဝင်းအတွင်း ရေတွေဝင် (BBC)
ကားလမ်းတွေပေါ် ရေတွေတက် (BBC)
အယုုဒ္ဓယမြို့က လမ်းမများ (BBC)
ရှေးဟောင်းဘုုရားဝင်းအတွင်းလည်း ရေတွေလွှမ်း (BBC)

11 comments

  • ကိုကိုလူဆိုး

    October 28, 2011 at 8:03 pm

    ဟီးဟီး မောလိုက်တာ ပို့ကအရှည်ကြီးပဲ အားလုံးကို သိစေချင်လို့ ရှဲတာ များသွားတယ် 😛

  • ပေါက်ဖော်

    October 28, 2011 at 9:11 pm

    အောင်မြလေး…
    ပိုမူးသွားပြီ..
    ကိုလူဆိုးရဲ့…စေတနာတွေ..စေတနာတွေ.. 😀

    ဘန်ကောက် ရေကြီးမှု နောက်ဆုံး အခြေအနေ

    ယနေ ့ နေ ့လည် ပိုင်း တွင် ဘန်ကောက် မြို ့ ရှိ ဘန်ကောက် ဘဏ် ၊ ခွန်ထိုင်း ဘဏ်တို ့ဘဏ်
    ခွဲ နှင့် ATM စက်ပေါင်း ၃၈၉ ခု ကို ပိတ် လိုက် ရသည်။

    ရေလွှမ်းမိုး မှု သည် နောသန် ဘူရီ ရှိ ယခင် ဝန်ကြီး ချုပ် ဟောင်း ဘန်ဟန် ဆီပါ အာ ချာ နှင့်
    ဘန်ကောက် Charansanitwong Road လမ်းရှိ ထိုင်းဝန်ကြီး ချုပ် ဟောင်း သက်ဆင်ရှင်
    နာဝတ် တို ့၏ အိမ်များ ကို ပါ ရေ နစ် မြုပ် နေသည်။

    လက်ရှိ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝတ် ၏ ရေဘေး ကယ်ဆယ် ရေး ကူညီ ကမ်းလှမ်းချက်
    ကို ထိုင်းဝန်ကြီး ချုပ် ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ က လိုလိုလား လက်ခံ ခဲ့သည်။

    ယမန် နှစ်က ဆန္ဒပြ ခဲ့ မှု တွင် အကြမ်းဖက် မှု များ ကျူးလွန် ခဲ့ သည် ဆိုသည့် ရှပ် နီဝတ်
    ဆန္ဒပြ သူ ၁၄ ဦး ကို ထောင် ဒဏ် နှစ် ၂ဝ ချမှတ် ခဲ့ သည်။

    ရေလွှမ်း မိုး မှု ဒဏ် ခံနေရသည့် ဘန်ကောက် ဒေသခံ များ ဟွာဟင်း ၊ပတ္တယား ၊ ဖူးခက်
    ကန်ချနာ ဘူရီ ၊ ဆူရတ်ဌာနီ စသည့် ဒေသ များ သို ့ ထွက် ခွာ

    ဘန်ကောက် ရေဘေး အတွက် ထိုင်း ပြည်သူများ နှင့် မြို ့တော် အတွက် စိုးရိမ် စိတ် ဖြစ် ကြောင်း
    အသက် ၈၃ နှစ် အရွယ်ရှိ ထိုင်း ဘုရင် နှင့် မိဘုရား ပြော

    ဘန်ကောက် မြို ့ ၏ နေရာ အချို ့ တွင် ၈. ၄ ပေ ခန် ့ထိ ရေ နစ် မြုပ် နေ

    ရေဘေး ကယ်ဆယ် ရေး အတွက် ထိုင်း တပ်မတော် မှာ စစ်သား ၅၀၀ဝ က ကူညီဆောင်ရွက်
    နေ

    ဘန်ကောက် မြို ့တော် ၏ မြဘုရား တည် ရှိ ရာ Grand Place နှင့် အခြား သမိုင်း ဝင် နေရာများ
    ကို ရေလွှမ်း မိုး နေ

    Src:FNG

    😆

  • blackchaw

    October 28, 2011 at 9:29 pm

    ကောင်းတယ်ဗျာ။ ရွာထဲကနေ ဘယ်မှ လျှောက်မလည်တတ်တဲ့
    ကျွန်တော့် အတွက်တော့ တော်တော် ပြည့်စုံစေပါတယ်။
    ကျေးဇူးပါ။

  • ကိုကိုလူဆိုး

    October 28, 2011 at 10:26 pm

    ပြောသာပြောတယ် ဘလက်ချောရေ ကိုတင်တဲ့စာကို မနည်းကုန်အောင်ပြန်ဖတ်ရတယ် း) ဆိုးလိုက်တာဗျာ ထိုင်းက ရေးကြီးတာ. နိုင်ငံရဲ့ 60 % ရေလွှမ်းနေပီ း(

  • cst.nzr

    October 29, 2011 at 8:47 am

    သဘာဝတရားကကြောက်စရာပဲနော်။

  • ဆူး

    October 29, 2011 at 10:16 am

    ထိုင်းမှာ ဈေးသွားပတ်လို့ မရတော့ဘူး။
    ထိုင်းလည်း တော်တော် ထိ သွားမှာပဲ..
    ဈေးဝယ် မြို့ကြီး ရေမြုပ်နေပြီ။
    နယ်စပ်က ကားတွေ ရေကြီးလို့ ထားမရတော့လို့ ဂျပန်ပြန်ရောက်ကုန်ပြီ ဆိုလား

  • Shwe Tike Soe

    October 29, 2011 at 10:54 am

    အခုလို ပြည့်ပြည့်စုံစုံ ပို.စ်အရှည်ကြီးကို စိတ်ရှည်ရှည်တင်းပေးတာကို အထူးကျေးဇူးတင်ပါတယ်..
    တကယ်လို.များ ကျွန်တော်တို.ဆီ မှာ အဲလိုဖြစ်ရင် ဘာဖြစ်လာမလဲမသိဘူးနော်..

    • ကိုကိုလူဆိုး

      October 29, 2011 at 12:38 pm

      ဟီးဟီး အဖြေက တစ်ခုပဲရှိတယ် သေမှာပေါ့ ရွှေတိုက်စိုးရယ် …
      နာဂစ်တုန်းက ဘယ်လောက်သေလည်း ..အခုဟာက နာဂစ်ထက်တောင်ဆိုးသေးတယ် နာဂစ်က ဖျာပုံခရိုင် ဧရာဝတီတိုင်း အများဆုံးပဲထိတာလေ အခုဟာက နိုင်ငံရဲ့ 60 % ဆိုတော့ အဲလိုသာ မြန်မာပြည်မှာဖြစ်ရင် ရေဝေးမှာတောင်တန်းစီချိန်မရဘူးဖြစ်သွားမယ် း)

  • blackchaw

    October 29, 2011 at 12:41 pm

    ကျွန်တော်တို့ ရန်ကုန်ရော ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
    ကြိုတင်ပြင်ဆင်မှုတွေ၊ တွက်ချက်မှုတွေ လုပ်ဖို့ လိုနေပြီလို့
    ယူဆကြောင်းပါခင်ဗျာ။

  • sitminnaing

    October 29, 2011 at 10:25 pm

    ပခုက္ကုုကရေးဘေးသတင်းတွေလည်းပြည့်ပြည့်စုံစုံတင်ပေးနိုင်ရင်ကောင်းမယ်။ဒါမှကျုပ်တို့လည်းဘယ်လိုလုပ်တယ်၊ပြည်သူတွေကိုဘယ်လိုကူညီတယ်ဆိုတာသိနိုင်မှာပေါ့။ဘယ်နှစ်ယောက်သေတယ်၊ဘယ်လောက်ဆုံးရှုံးသွားတယ်၊နောက်ထပ်ဘယ်လိုပြင်ဆင်မူတွေလုပ်ထားသေးလဲ၊စသည်ဖြင့်ပေါ့ဗျာ…ရေးနိုင်ရင်ရေးပေးစေချင်ပါတယ်…

Leave a Reply