မပြောဖြစ်ခဲ့သော

htet wayOctober 28, 20111min712

အရင်ကငါတို့မပြောရဲတာတွေ
အခုပြောရဲလာပြီ
မောင်သာချိုပြောတဲ့ဗိုလ်ချုပ်ရဲ့sympathyစိတ်
ငါတို့မိခင်ရဲ့အကြောင်း
ပြည်တော်ပြန်တွေအကြောင်း
အကျည်းစံသူရဲကောင်းတွေအကြောင်း
လက်ဖက်ရည်ဆိုင်မှာ
လူစုံရာနေရာမှာ…..
အခုဆို စာပေဟောပြောပွဲတွေမှာတခုတ်တရ
မပြောဘဲနေကြတာတွေပြောကုန်ကြပြီ
ကဗျာဆရာစောဝေလည်း
နာနာကျင်ကျင်ကြေကွဲမူတွေ
အားရပါးရပြောနေလိမ့်မယ်။
ငါတို့ရင်ထဲမှာ
ကိန်းဝပ်နေတဲ့လိုှင်းတွေနိုးထ
ပြောချလိုက်တာ…
ပင်လယ်တစ်ခုလုံးမှောက်ချလိုက်သလို
စကားလုံးတွေမိုးလိုရွာပြီ ။
တကယ်တော့
အရှုံးပေးရတဲ့ခံပြင်းစိတ်မုန်တိုင်း
အဲ့ဒီမှာတဝုန်းဝုန်းတိုက်ခဲ့ပြီလေ…။ ။

ကဗျာအမည်။ ။မပြောဖြစ်ခဲ့သော

ကဗျာအမျိုးအစား။ ။ မော်ဒန်
sympathy /ကိုယ်ချင်းစာစိတ် ၊စာနာစိတ်

2 comments

  • eagle

    October 29, 2011 at 11:42 am

    ကိုယ်ချင်းစာစိတ် စာနာစိတ်ဟာ သူတော်ကောင်းတွေရဲ့ စိတ်ပါ။
    ဗိုလ်ချုပ်ရဲ့ ဇနီးမယားအပါ်မှာ နားလည်တဲ့စိတ် ပြည်သူပြည်သားတွေပေါ်မှာ
    ထားတဲ့စိတ်ဟာ မြတ်နိုးတန်ဖိုးထားရမှာပါ။
    မပြောဖြစ်သောစကားများက ပြောဖြစ်အောင်ပြောရမယ့် စကားဖြစ်တယ်။

  • manawphyulay

    October 29, 2011 at 1:37 pm

    မပြောဖြစ်ခဲ့တာတွေ ခုရော ပြောလို့ဖြစ်နေပြီလား….

Leave a Reply