ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင်(၂)

မှတ်သားဖွယ်ရာ ဘာသာရေးဆိုင်ရာ အမြင်တစ်ရပ်ကိုဖော်ပြပါမယ်။၂၀၀၁ ခုနှစ် မေလထုတ် မြတ်သတိဝါဒ သဒ္ဓမ္မမဂ္ဂဇင်း အမှတ်၁၁၊ဘာသာဥဒါန်းဆိုသည့် ခေါင်းကြီးပိုင်းက ပါ။
““ဘာသာ တရားတိုင်းသည် လူ ့ယဉ်ကျေးမှု အဆောက်အဦးတို ့ကို မြင့်တက်စေသည်မှာ အမှန်ဖြစ်ပေသည်။ထိုသို ့မြင့်

တက်စေရာတွင်လည်း ဗဟိဒ္ဓအဆောက်အဦးကို မြင့်စေခြင်းအဇ္ဈတ္တအဆောက်အဦးကိုမြင့်စေခြင်း ဟူ၍နှစ်မျိုးနှစ်စားရှိလေ၏။
ရွှေတိဂုံစေတီတော်၊အန်ကောဝပ်ကျောင်းတော်၊ဂရိတို ့၏ နတ်ကွန်းကြီးများ၊ခရစ်ယန်တို ့၏ ဘုရားကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးများ စသည်တို ့က ဘာသာတရားတို ့ကြောင့်မြင့်တက်လာသော လူ ့ယဉ်ကျေးမှုအဆောက်အအုံများ၏ သာဓကများပင်။
စာနာခြင်း၊အများအကျိုးသယ်ပိုးခြင်း၊လူ ့တန်ဖိုးကို အချင်းချင်းအသိအမှတ်ပြုတန်ဖိုးထားတတ်ခြင်း၊မေတ္တာထားခြင်း စသည်တို ့ကား အတွင်းယဉ်ကျေးမှု မြင့်တက်လာခြင်းပင်ဖြစ်လေသည်။သို ့သော်အချို ့သောသူများက ထိုယဉ်ကျေးမှုတန်ဖိုးများကို အစွန်းရောက်မှု တိမ်သလ္လာ တို ့ဖုံးကာ မမြင်နိုင်ကြဘဲ ဖျောက်ဖျက်ပစ်မိတတ်ကြပေသည်။ ထိုသူတို ့သည် မိမိတို ့ကိုယဉ်ကျေးစေသော ဘာသာတရား၏ မျက်နှာကိုမျှမထောက်ရုံမက မိမိတို ့မယဉ်ကျေးကြောင်းကိုလဲ ပြသရာရောက်ချေသည်။
ထိုသို ့အပ ယဉ်ကျေးမှုအဆောက်အဦးတို ့ကိုမည်သို ့ဖြိုဖျက်ကြပါစေ၊အတွင်းယဉ်ကျေးမှု အဆောက်အဦးတို ့မှာ ဘယ်ခါမှထိပါးနိုင်မည်မဟုတ်ချေ။
အကြောင်းသော်. မယဉ်ကျေးခြင်းသည် ယဉ်ကျေးခြင်းကို မည်သည့်အခါမျှ အနိုင်မယူနိုင်ဘဲ ယဉ်ကျေးခြင်းကသာ မယဉ်ကျေးခြင်းကို ဆုံးမ နိုင်သောကြောင့်တည်း။”ဟူ၍ဖြစ်ပါတယ်။မှတ်သားလိုက်နာ နှလုံးမူရပါလိမ့်မည်။

ထို ့ပြင် ၂၀၀၅ ခုနှစ်ဧပြီလထုတ် အတွေးအမြင်စာစောင်၊စာစဉ် ၁၇၂ တွင်ဆရာပါရဂူ ရေးသည့်“ကွန်မောင်း ပလက်ဖောင်း”ဟူသည့်ဆောင်းပါးမှလည်း ကောက်နှတ်ပြပါရစေ။
““ဓမ္မ သို ့မဟုတ် ဘာသာတရားကို အသုံးချတတ်လျှင် အမြတ်ထွက်လာနိုင်ပြီး အသုံးမချတတ်လျှင် အရှုံးပေါ်လာနိုင်သည်။ရေငတ်လျှင် ရေပုံးကြိုးနှင့်ဆွဲပြီး ရေတွင်းထဲက ရေကို ခပ်ယူသောက်နိုင်သည်။ရေတွင်းထဲက ရေကိုခပ်ပေးသော ကြိုးနှင့်ပင် ကြိုးဆွဲချသေကြောင်းကြံလျှင်လဲရသည်””ဟူ၍လည်းကောင်း၊
““မီးသည်အကျိုးနှစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။မီးကို အသုံးပြု၍ လူတို ့အတွက် အသက်ရှည်ရာရှည်ကြောင်း အစာအာဟာရကိုလည်း ဖန်တီး၍ရ သည်။မီးကို အသုံးပြုလျှက် အိုးအိမ်ကိုလည်း ပြာကျသွားစေနိုင်သည်။ရပ်ရွာ၊မြို ့နယ်၊တိုင်းပြည်ကိုလည်းလောင်ကျွမ်းစေနိုင်ပါသည်။နျူစွမ်းအင်သည် ကမ္ဘာပြုဖို ့အတွက်လဲဖြစ်သည်။ကမ္ဘာဖျက်ဖို ့အတွက်လည်းဖြစ်သည်။ဘာသာတရားတခုခုကို အစွဲသန်နေလျှင် ငါ့ဘာသာ တရားကသာအမှန်ဖြစ်ပြီးတခြားဘာသာ တရားတွေက ဘာသာတရားမဟုတ်ဟူသောဘအစွဲမျိုးရှိနေလျှင် မိမိဘာသာတရားအတွက်လဲ ကောင်းကျိုးရှိမလာနိုင်ပါ။တခြားဘာသာတရားတွေ အတွက်လည်း ကောင်းကျိုးမဖြစ်လာနိုင်ပေ။””ဟူ၍ ဖော်ပြထားပါတယ်။

နောက်ထပ် တင်မယ့်ပို ့စ်မှာတော့ မဟတ္တမဂန္ဓီ၊ဆရာပါရဂူ တို ့ရဲ ့အတွေးအမြင် နဲ ့အမျှော်အမြင်ကြီးပုံတို ့ကို ထုတ်နှုတ်တင်ပြပေးပါမယ်နော်။ရွာသူ၊ရွာသားများအားလုံး ကျန်းမာ၊ချမ်းသာ၍ ကိုယ်စိတ်နှလုံးရွှင်ပြနိုင်ကြပါစေ။