ရွာသူရွာသားတို့ရေ…ရွာထဲမှာသရဲအကြောင်းတွေဖတ်ရတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းပြောပြချင်လို့ပါ
စိတ်ကူးနဲ့ရေးတာမဟုတ်ဘူးနော် တကယ့်အဖြစ်အပျက်ပါ…
၁၉၈၀လောက်ကပေါ့ ဒီတုန်းကကျနော့်အသက်၂၀လေါက်ဘဲရှိပါသေးတယ်..
ဟင်္သာတမြို့ရွှေဟင်္သာဆီစက်မှာအလုပ်လုပ်တဲ့အချိန်ပါ
ဟင်္သာတမြို့မှာဆီစက်လေးလုံးတောင်ရှိပါတယ်
ရွှေနှင်းဆီ ဆီစက်..ရွှေဒင်္ဂါးဆီစက်..ကျောက်ဆူးဆီစက် နဲ့ရွှေဟင်္သာဆီစက် ပါ
ရွှေဟင်္သာဆီစက်ကတော့အကြီးဆုံးပါ စက်ရုံဝန်းကလဲအတော်ကျယ်ပါတယ်
ဆီကြိတ်တဲ့ဆုံ ငါးလုံး ရှိပါတယ် စက်ရုံလုပ်သားတွေတင်ဘဲအယောက်၂၀၀ကျော်လောက်နဲ့
အဆိုင်း၃တိုင်းခွဲပြီး၂၄နာရီမနားတန်းလည်နေတဲ့စက်ရုံပါ..
ကျနော့်အလုပ်ကစက်ရုံလုပ်သားတွေကိုစောင့်ကြည့်ရတယ် ၀ယ်သူလာယင်အလေးချိန် ချိန်တွယ်တာတွေကိုစောင့်ကြည့်ပေးရတယ်
တစ်ရက်ခြားညအလုပ်ဆင်းပေးရပါတယ်…
ရွာသားတို့လဲကော်နက်ရှင်မကောင်းရတဲ့ကြားထဲဆီစက်ကြော်ငြာဝင်သလိုဖြစ်သွားတာခွင့်လွတ်ပါ…..
သရဲဇာတ်လမ်းစပြီခင်ဗျ…..
ညဘက်တာဝန်ကျတဲ့တနေ့ အတူညဘက်တာဝန်ယူစောင့်ရမှာက၃ယောက်ပါ
စက်ရုံရှေ့ နောက်ကိုအလှည့်ကျစောင့်ရပါတယ်..
အချိန်ကည၁၁း၀၀လောက်ရှိပါပြီ
ကျနော်ကစက်ရုံရဲ့နောက်ဘက်မှာတာဝန်ကျတဲ့အချိန်ပေါ့
ရေနွေးငွေ့နဲ့လည်တဲ့စက်ရုံဖြစ်လို့ စက်ရုံနောက်ဘက်မှာဘွိုင်လာရှိပါတယ်
ဘွိုင်လာကိုစပါးခွန်နဲ့မီးထိုးရတာပါ မီးထိုးပေးတဲ့လုပ်သားနှစ်ယောက်ရှိပါတယ်
အသက်၅၀ ၀န်းကျင်ရှိလူကြီးတွေပါ..
စက်ရုံနောက်ဘက်တာဝန်ကျတဲ့အချိန်ဆိုသူတို့နဲ့စကားပြော လ္ဘက်ရည်သောက်
စက်ရုံပါတ်ဝန်းကျင်လှည့်ပါတ်ကြည့်ပေါဗျာ
စက်ရုံဘေးဘက်ကနေရှေ့ဘက်ကိုအသွား…မီးမရှိတဲ့မှောင်ထဲကိုဖြတ်တဲ့အချိန်..
ဒီမှာတင်ကိုယ့်ကိုယ်ကိုသတိထားမိတာက ခြေလှမ်း၅လှမ်းယင်အလယ်၃လှမ်းသတိလက်လွတ်ဖြစ်နေတယ်
တချက်တချက်သတိလစ်ချင်သလိုမျိုးပါ..လုံးဝသတိလစ်သွားတာလဲမဟုတ်ပါဘူး..
ကျနော်လဲ ငါဘယ်လိုဖြစ်ပါလိပ် စက်ရုံဘေးကမှောင်ထဲသတိလစ်သွားယင်တော့အခက်ဘဲဆိုပြီး
စက်ရုံရှေ့ကိုအမြန်ရောက်အောင်သွား ခုန်တန်းလျားပေါ်မှာလှဲနေလိုက်ပါတယ်
ကျနော်သတိလစ်သွားတယ်ထင်ပါတယ် သတိပြန်ရတဲ့အချိန်မှာ စက်ရုံလုပ်သားတွေက
ကျနော့်လက်နှစ်ဖက်ကိုချုပ်ထားကြပါတယ် ခြေထောက်တွေကိုလဲချုပ်ထားတယ်ခင်ဗျ
သူတို့ပြောဆိုနေတဲ့အသံတွေကိုကြားနေရတယ်..
ဒီလူစက်ရုံဘေးကမကျီးပင်အောက်ကနေ အပမှီလာတာဖြစ်မယ်တဲ့
(အပမှီတယ်ဆိုတာသရဲကပ်လာတာကိုပြောတာပါ)
ကျနော်က ငါကိုချုပ်မထားကြနဲ့မင်းတို့ချုပ်ထားတာလေါက်ကတော့ကွာဆိုပြီးရုန်းပြလိုက်တယ်
မြောက်ပါလာကြတယ်ခင်ဗျ ချုပ်ထားတဲ့လူတွေကအလုပ်ကြမ်းသမားတွေလေအင်မတန်သန်တဲ့လူတွေပါ
သူတို့ပြောသံကြားနေရတယ် ဒီသရဲတော်တော်သန်တယ်ကွ တဲ့
တယောက်ကပြောတယ်ရွာထဲမှာရေမန်းသွားယူချေတဲ့ ဟုတ်တယ်ဗျာ
ရေမန်းရောက်လာတော့ကျနော့်ကိုရေမန်နဲ့တောက်ပေးတယ် မကောင်းဆိုးဝါးတွေထွက်သွားပေါ့လေ
ပြောနေတာတွေကိုကြားနေရတယ် သိပ်မကြာပါဘူး အကိုရောက်လာပြီး အိမ်ကိုဆိုက်ကားနဲ့ပြန်ခေါ်သွားပါတယ်
နောက်တနေ့ကျတော့အိမ်ရှေ့မှာရှိတဲ့ ဘုန်းကြီးကျောင်းကိုခေါ်သွားပြီးဆေးကုပါတော့တယ်……..
ဟာ… ၉း၀၀တောင်ကျော်ပါ ပကေား မမယ်မနဲ့ခလေးတွေအတွက်ဟင်းချက်လိုက်အုံးမယ်ရွာသားတို့ရေ
နေ့လည်ကျမှဆက်ရေးပါ့မယ်…….

About koyinmaung

ကိုရင် မောင် has written 19 post in this Website..