ကိုရင်မောင်နဲ့သရဲ ( ပထမပိုင်း )

koyinmaungOctober 29, 20111min13111

ရွာသူရွာသားတို့ရေ…ရွာထဲမှာသရဲအကြောင်းတွေဖတ်ရတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းပြောပြချင်လို့ပါ
စိတ်ကူးနဲ့ရေးတာမဟုတ်ဘူးနော် တကယ့်အဖြစ်အပျက်ပါ…
၁၉၈ဝလောက်ကပေါ့ ဒီတုန်းကကျနော့်အသက်၂ဝလေါက်ဘဲရှိပါသေးတယ်..
ဟင်္သာတမြို့ရွှေဟင်္သာဆီစက်မှာအလုပ်လုပ်တဲ့အချိန်ပါ
ဟင်္သာတမြို့မှာဆီစက်လေးလုံးတောင်ရှိပါတယ်
ရွှေနှင်းဆီ ဆီစက်..ရွှေဒင်္ဂ ါးဆီစက်..ကျောက်ဆူးဆီစက် နဲ့ရွှေဟင်္သာဆီစက် ပါ
ရွှေဟင်္သာဆီစက်ကတော့အကြီးဆုံးပါ စက်ရုံဝန်းကလဲအတော်ကျယ်ပါတယ်
ဆီကြိတ်တဲ့ဆုံ ငါးလုံး ရှိပါတယ် စက်ရုံလုပ်သားတွေတင်ဘဲအယောက်၂၀ဝကျော်လောက်နဲ့
အဆိုင်း၃တိုင်းခွဲပြီး၂၄နာရီမနားတန်းလည်နေတဲ့စက်ရုံပါ..
ကျနော့်အလုပ်ကစက်ရုံလုပ်သားတွေကိုစောင့်ကြည့်ရတယ် ဝယ်သူလာယင်အလေးချိန် ချိန်တွယ်တာတွေကိုစောင့်ကြည့်ပေးရတယ်
တစ်ရက်ခြားညအလုပ်ဆင်းပေးရပါတယ်…
ရွာသားတို့လဲကော်နက်ရှင်မကောင်းရတဲ့ကြားထဲဆီစက်ကြော်ငြာဝင်သလိုဖြစ်သွားတာခွင့်လွတ်ပါ…..
သရဲဇာတ်လမ်းစပြီခင်ဗျ…..
ညဘက်တာဝန်ကျတဲ့တနေ့ အတူညဘက်တာဝန်ယူစောင့်ရမှာက၃ယောက်ပါ
စက်ရုံရှေ့ နောက်ကိုအလှည့်ကျစောင့်ရပါတယ်..
အချိန်ကည၁၁းဝဝလောက်ရှိပါပြီ
ကျနော်ကစက်ရုံရဲ့နောက်ဘက်မှာတာဝန်ကျတဲ့အချိန်ပေ့ါ
ရေနွေးငွေ့နဲ့လည်တဲ့စက်ရုံဖြစ်လို့ စက်ရုံနောက်ဘက်မှာဘွိုင်လာရှိပါတယ်
ဘွိုင်လာကိုစပါးခွန်နဲ့မီးထိုးရတာပါ မီးထိုးပေးတဲ့လုပ်သားနှစ်ယောက်ရှိပါတယ်
အသက်၅ဝ ဝန်းကျင်ရှိလူကြီးတွေပါ..
စက်ရုံနောက်ဘက်တာဝန်ကျတဲ့အချိန်ဆိုသူတို့နဲ့စကားပြော လ္ဘက်ရည်သောက်
စက်ရုံပါတ်ဝန်းကျင်လှည့်ပါတ်ကြည့်ပေါဗျာ
စက်ရုံဘေးဘက်ကနေရှေ့ဘက်ကိုအသွား…မီးမရှိတဲ့မှောင်ထဲကိုဖြတ်တဲ့အချိန်..
ဒီမှာတင်ကိုယ့်ကိုယ်ကိုသတိထားမိတာက ခြေလှမ်း၅လှမ်းယင်အလယ်၃လှမ်းသတိလက်လွတ်ဖြစ်နေတယ်
တချက်တချက်သတိလစ်ချင်သလိုမျိုးပါ..လုံးဝသတိလစ်သွားတာလဲမဟုတ်ပါဘူး..
ကျနော်လဲ ငါဘယ်လိုဖြစ်ပါလိပ် စက်ရုံဘေးကမှောင်ထဲသတိလစ်သွားယင်တော့အခက်ဘဲဆိုပြီး
စက်ရုံရှေ့ကိုအမြန်ရောက်အောင်သွား ခုန်တန်းလျားပေါ်မှာလှဲနေလိုက်ပါတယ်
ကျနော်သတိလစ်သွားတယ်ထင်ပါတယ် သတိပြန်ရတဲ့အချိန်မှာ စက်ရုံလုပ်သားတွေက
ကျနော့်လက်နှစ်ဖက်ကိုချုပ်ထားကြပါတယ် ခြေထောက်တွေကိုလဲချုပ်ထားတယ်ခင်ဗျ
သူတို့ပြောဆိုနေတဲ့အသံတွေကိုကြားနေရတယ်..
ဒီလူစက်ရုံဘေးကမကျီးပင်အောက်ကနေ အပမှီလာတာဖြစ်မယ်တဲ့
(အပမှီတယ်ဆိုတာသရဲကပ်လာတာကိုပြောတာပါ)
ကျနော်က ငါကိုချုပ်မထားကြနဲ့မင်းတို့ချုပ်ထားတာလေါက်ကတော့ကွာဆိုပြီးရုန်းပြလိုက်တယ်
မြောက်ပါလာကြတယ်ခင်ဗျ ချုပ်ထားတဲ့လူတွေကအလုပ်ကြမ်းသမားတွေလေအင်မတန်သန်တဲ့လူတွေပါ
သူတို့ပြောသံကြားနေရတယ် ဒီသရဲတော်တော်သန်တယ်ကွ တဲ့
တယောက်ကပြောတယ်ရွာထဲမှာရေမန်းသွားယူချေတဲ့ ဟုတ်တယ်ဗျာ
ရေမန်းရောက်လာတော့ကျနော့်ကိုရေမန်နဲ့တောက်ပေးတယ် မကောင်းဆိုးဝါးတွေထွက်သွားပေါ့လေ
ပြောနေတာတွေကိုကြားနေရတယ် သိပ်မကြာပါဘူး အကိုရောက်လာပြီး အိမ်ကိုဆိုက်ကားနဲ့ပြန်ခေါ်သွားပါတယ်
နောက်တနေ့ကျတော့အိမ်ရှေ့မှာရှိတဲ့ ဘုန်းကြီးကျောင်းကိုခေါ်သွားပြီးဆေးကုပါတော့တယ်……..
ဟာ… ၉းဝဝတောင်ကျော်ပါ ပကေား မမယ်မနဲ့ခလေးတွေအတွက်ဟင်းချက်လိုက်အုံးမယ်ရွာသားတို့ရေ
နေ့လည်ကျမှဆက်ရေးပါ့မယ်…….

11 comments

  • မှော်ဆရာ

    October 29, 2011 at 9:27 am

    ကိုရင်မောင် ….
    ခင်ဗျား ဆန့်ငင် ဆန့်ငင် သိပ်လုပ်တာပဲနော် ..
    ကျွန်တော် ဆုတောင်းလိုက်တော့မယ် …
    ကိုရင်မောင် အိမ်သာ အရမ်းတက်ချင်နေချိန် ..
    အိမ်သာတွေ လူမအားပါစေနဲ့ဗျာ ….:)

  • Diamond Key

    October 29, 2011 at 9:45 am

    ကိုရင်မောင် ….ထမင်းမြန်မြန်ချက်ပြီး ပြန်လာပါဗျ။

  • ဆူး

    October 29, 2011 at 10:46 am

    အိမ်ရှင်မကြီး ကိုရင်မောင် မီးဖိုချောင် ဝင်နေပါပြီ စားချင်တာတွေ ပြောလို့ရပါတယ်။ ဟိဟိ..
    ဘာမှန်းလဲ သိဘူး ဟွန့်။

  • chitlay

    October 29, 2011 at 10:58 am

    ဗျို့ koyinmaung ဝဋ်လည်မယ်နော် ….. ဆန့်ငင် ဆန့်ငင်ဖြစ်အောင်လုပ်ထားလို့ …… 😛

  • windtalker

    October 29, 2011 at 11:08 am

    ကိုရင်မောင့်ကို ဝင်ပူးခဲ့တဲ့ သရဲ က အထီးလား အမလား ဟင်

  • water-melon

    October 29, 2011 at 11:16 am

    အော် ရွာသူရွာသားတွေကြည့်ရတာ မိန်းမကြောက်ရတာနဲ့ ယောက်ျားကြောက်ရတာနဲ့။ ဒါကြောင့်ပြောပါတယ် ဖရဲတို့ လူပျိုလေးတွေဘဲ နားအေးတယ်။ အပူအပင်မရှိ လွတ်လပ်တယ်။ အဟီး သရဲကားလေး မြန်မြန်ဆက်ပါ။ ကြည့်ချင်လာပြီ မီးလာတုန်းလေး။

  • ကြောင်ကြီး

    October 29, 2011 at 12:01 pm

    စက်ရုံအလုပ်သမားတွေ သုံးတဲ့ဆေးခြောက်မှားရှုမိ၊ စိတ်ကြွဆေးရည် သောက်မိတဲ့ ဇာတ်လမ်းဆိုရင် ပြောပြီးသားကြီးနော်…။ မဟုတ်ရင် စောင့်ဖတ်၊ ဟုတ်ရင် အသစ်မျှော်နေပါတယ်။

  • athaylay

    October 29, 2011 at 12:35 pm

    ဟာ နောက်တစ်ခါဆို ကိစ္စဝိစ္စတွေပြီးမှ အကုန်တင်ပါဗျာ။

  • athaylay

    October 29, 2011 at 12:37 pm

    ဟာ နောက်တစ်ခါဆို ကိစ္စဝိစ္စတွေပြီးမှ အကုန်တင်ပါဗျာ။
    မြန်မြန်တင်ပေးဦး။

  • koyinmaung

    October 29, 2011 at 2:02 pm

    ကိုကြောင်ကြီး ခင်ဗျာပြောတာဟုတ်ပါတယ်
    သရဲအကြောင်းရေးတဲ့ပို့စ်တခုမှာဝင်မန်းခဲ့ဘူးပါတယ်
    ပို့စ်အဖြစ်နဲ့မတင်ဘူးသေးပါဘူး…

  • sukoko

    October 29, 2011 at 2:38 pm

    အလုပ်တွေကမပြီးသေးဘူးလားဖတ်ချင်လို့ပါဆို

Leave a Reply