ဦးဖက်တီးနှင့်ဗေဒင် ( ငွေအချောင်ရမည့်ကိန်း )

fattyOctober 29, 20111min16310

တခါကျနော်ဗေဒင်သွားမေးပါတယ် …။
ဆရာကဘာဟောလဲဆိုတော့ ခင်ဗျား ပိုက်ဆံအတော်များများဝင်လိမ့်မယ်။
အဲဒီဝင်မဲ့ပိုက်ဆံကလဲ မင်း.. အစိုးရကချီးမြှင့်မဲ့ငွေတဲ့..။
အလုပ်လုပ်လို့ရတဲ့ငွေမဟုတ်ဘူးနော်တဲ့ ..။

ဒီတခါတော့ကျနော်တကယ်ကိုမယုံတော့တာပါ။
ကျနော်အလုပ်ကထွက်ထားတာကြာပြီ ဘာမင်းဘာ အစိုးရနဲ့မှ ပါတ်သက်တာမရှိဘူး
အားအားယားယား ဟုတ်မဟုတ်စမ်းကြည့်အုံးမယ်ဆိုပြီး
ဆရာ့ကိုဘယ်ရက်ကနေ ဘယ်ရက်အတွင်းလဲ ပြောနိုင်ပါသလားလို့ပြန်မေးလိုက်ပါတယ် ..။
နက္ခတ်ပညာဆိုတာ ရက် လ ခုနှစ်နဲ့ပြောနိုင်ပါတယ် ..။

ဆရာပြောတဲ့အတိုင်းဟုတ်မဟုတ်ထိုင်စောင့်ရုံပေါ့။
အလုပ်ကလည်းမရှိဆိုတော့အတော်ဘဲပေါ့။
ကဲဒီအတိုင်းစောင့်မဲ့အစား တရုပ်ပြည်ဘက်
ခရီးထွက်ကြရအောင်ဆိုပြီး အမျိုးသမီးနဲ့ကျနော်တရုပ်ပြည်ဖက်ခရီးထွက်လိုက်ပါသေးတယ် ..။
မူဆယ်လမ်းအတိုင်း လမ်းမှာရှိတဲ့ဘုရားတွေအကုန်ဖူးရတာပေါ့
ပြန်လာပြီး၂ ပါတ်လောက်နေတော့အိမ်ကို စာ၂ စောင်ရောက်လာပါတယ်။

ဘာမှားလဲပေါ့ ဟိုက်ရှားပါး … ဖွင့်လဲဖတ်လိုက်ရော GSM ၂ လုံးပေါက်တယ်ဗျား။
ရောင်းစားတော့ တလုံးကို ၂၅ တောင်ရသဗျား လင်မယား ၂ယောက်စလုံးတပြိုင်နက်
ကိုပေါက်တာ …။ဒါနဲ့ ဆရာနဲ့လဲခင်နေတော့ဆရာ့လဲပူဇောင်္ရင်းပညာလေးတော့ရှင်းပြပါအုန်းပေါ့။

ကျနော်လဲအဲလိုနဲနဲမေးရင်းမေးရင်းနဲ့ နဲနဲကြည့်တတ်လာတာပါဘဲ။
အပေါ်ပုံက ဇာတာခွင်ပုံပါ။
မှင်အပြာနဲ့ပြထားတာက မိမိမွေးတုံးကရှိနေတဲ့ဂြိုလ်ကိုပြတာ
အနီရောင်က ကောဇာရောက်နေတဲ့ဂြိုလ်ကိုပြတာ။
မိမိမွေးတုန်းကရှိနေတဲ့ကြာသာပတေး ၅ ကို
ကောဇာ ၅ က တဲ့မြင်ရင်
လုပ်အားမစိုက်ရဘဲ အချောင်ငွေဝင်ပါတယ်။
မိမိဇာတာမှာဂြိုလ်တွေပူးနေရင် အတက်ကြမ်းသလို အကျလည်းသတိထားရပါ့မယ် ..။

ကျနော် သိန်း ၈ဝ လောက် အချောင်ဝင်တာရှိပါသေးတယ် ..။
ဒါပေတဲ့ ဒီမှာဘဲ ဇာတ်သိမ်းပါရစေတော့။
စာဖတ်သူများလည်းပျင်းရောပေါ့ ကျနော်လည်းနောက်တခုစိတ်ကူးရလို့ပါ ..။
…………………………………………။ ။ ……………………………………

10 comments

  • windtalker

    October 29, 2011 at 11:07 am

    ဟိုက်ရော….လွှတ်ကံကောင်းခဲ့တဲ့ ဦးဖက်တီးပါပေတကား
    ဂျီအက်စ်အမ် ကဒ် ကို တစ်အိမ်လုံးလျှောက်တာ တောင် တစ်ကဒ်ဘဲအစိုးရဈေးနဲ ့ရခဲ့တယ် ။
    ဦးဖက်တီးတို ့ဇနီးမောင်နှံကျတော့လည်း ကုသိုလ်ကံထူးပါပေ့

  • မှော်ဆရာ

    October 29, 2011 at 11:15 am

    ကျွန်တော်လဲ အဖွားနာမည်နဲ့ GSM တစ်လုံး ရဖူးတယ်ဗျာ ..
    ဈေးအရမ်းကောင်းတဲ့အချိန် ဆိုတော့ ၅၆ သိန်းတောင် ရလိုက်တယ် ..
    အစိုးရ ထုတ်ဈေးကလဲ ခုလိုတောင် မဟုတ်သေး ၊ ငွေ ငါးသိန်းထဲရယ် ၊ ဖုန်းတစ်လုံးလဲ ပါသေးတယ် …
    သိန်း ငါးဆယ် မြတ်လိုက်ပါကြောင်း ….

  • ဆူး

    October 29, 2011 at 11:22 am

    ဆူးတို့ မိသားစုတော့ အဲလိုမျိုး လုံးဝ မရှိခဲ့ဘူးဘူး။ ကံစမ်းမဲ ပေါက်တဲ့ ဇာတာ မရှိလို့လား မသိဘူး တခါမှ ထူးထူးဆန်းဆန်း အလိုလို ဝင်လာတဲ့ ပိုက်ဆံ မရှိဘူးသေးဘူး။

    • windtalker

      October 29, 2011 at 11:24 am

      မပူပါနဲ ့ကွယ် ၊ မကြာခင် လာမည် မျှော်
      ဟီဟိ

  • နွယ်ပင်

    October 29, 2011 at 11:34 am

    နွယ်ပင်မှာလဲ အဲလိုကံစမ်းမဲ ပေါက်တဲ့ ဇာတာ မရှိဘူးလားတော့မသိဘူး
    တစ်ခါမှ ပေါက်ခဲံ့ဖူးဘဲ GSMခေတ်တုန်းကလည်း နှစ်ခါလား သုံးခါလားမသိဘူး
    လျှောက်ဖူးတယ် မပေါက်ပါဘူး ဒါပေမယ့် နွယ်ပင့်အစ်မကတော့ အဲလို ဇာတာရှိတယ်ထင်တယ်
    GSM ကိုလည်းတစ်ခါလျှောက်တစ်ခါပေါက်ပဲ နောက်ယုတ်စွအဆုံး ဘုရားပွဲမှာ
    အပျော်တမ်းမဲဝင်နှိုက်တာတောင် ပေါက်တယ် … 🙂

  • MaMa

    October 29, 2011 at 1:59 pm

    အားကျစရာကြီးပါလား။ ကိုယ့်ကံဇာတာကို ယုံကြည်လို့ GSM လျှောက်လွှာ တစ်ခါပဲ တင်ဖူးတယ်။ မပေါက်ဖူးပါဘူး။ တခါမှမတင်ရင် ထီမထိုးပဲ ထီပေါက်ပါစေ ဆုတောင်းသလို ဖြစ်နေမှာစိုးလို့ ကိုယ့်ဘက်က တာဝန်ကျေအောင် လျှောက်လိုက်တာ။ ကံဇာတာဘက်ကလည်း တာဝန်ကျေပါတယ်။ ထုံးစံအတိုင်းပဲ မပေါက်ဘူး။ 😆

  • Yin Nyine Nway

    October 29, 2011 at 2:39 pm

    ရင်ငြိမ်းကိုများ ဗေဒင်ဆရာက ဟောထားတယ်…
    နဖူးချွေး ခြေမ မကျ မစားရတဲ့ အဟင့် ..
    တခါမှ ကံစမ်းမဲလေးတောင် မပေါက်ဘူး
    ဗလာမပါ တောင် ကိုယ့်အလှည့်ရောက် ပစ္စည်းကုန်သွားတာရှိသေး

  • fatty

    October 29, 2011 at 3:29 pm

    မွေးရက် လ သိရင် ဇာတာဖွဲ့ထားသင့်ပါတယ် မွေးချိန်သိဖို့လဲအရေးကြီးပါတယ် …။

  • saipan moon

    October 31, 2011 at 7:52 am

    အရမ်းကံကောင်းတယ်နော်….အားကျစရာပဲ

  • thit min

    October 31, 2011 at 8:23 am

    အဲဒီလိုဂြိုလ်ဆွဲအားရဲ့သဘောနဲ့လူ့ရဲ့စိတ်တွေကိုပြောင်းလဲတယ်ဆိုတာမျိုးကိုလုံးဝသဘောတူပါတယ်။
    လ ရဲ့ဆွဲအားကြောင့်အေးချမ်းမှု၊နေပူလို့စိတ်တိုတာမျိုးတွေပေါ့။
    ကိုယ်မွေးတုန်းကရှိခဲ့တဲ့ဂြိုလ်ဆွဲအားနဲ့ လူ့ဘဝတခုလုံးကိုလွှမ်းမိုးတယ်ဆိုလို့ရှိရင်တော့
    သာမန်ထက်ထူးခြားမှုတွေရှိနေတာတော့အမှန်ဘဲဗျို့။
    အဲဒီလိုမျိုး ဇာတာခွင်နဲ့ လူတယောက်ချင်းစီ အယောက် ၁၀ဝ လောက်မွေးသည်မှသေသည်အထိမှတ်တမ်းပြုကြည့်
    ချင်ပါဘိတော့။
    တူညီတဲ့မှန်ကန်ချက်ရရင်တော့လူတွေကိုရှောင်ရန်ဆောင်ရန်(သို့) အဆိုးအတွက်ကြိုတင်
    ပြင်ဆင်မှုတွေသတိပေးနိုင်မှာ။

Leave a Reply