နေ့လည်၁၂း၀၀ကျော်ပြီဆိုတော့ချက်ပြုတ်စားသောက်ပြီးသွားပါပြီ
သရဲဇာတ်လမ်းပြန်စရေးပါပြီခင်ဗျ…..
အိမ်ရှေ့မှာရှိတဲ့ဘုန်းကြီးကျောင်းကိုကျနော့်မမကခေါ်သွားပါတယ်…
ကျောင်းအမည်က မြစ်ကွေ့ကျောင်းပါ ဒီကျောင်းမှာကျောင်းထိုင်ဆရာတော်တပါးရှိပါတယ်
ဘွဲ့အမည်တော့မမှတ်မိတော့ပါ….
ဆရာတော်က ပယောဂါကုတဲ့နေရာမှာအင်မတန်မှနံမည်ကြီးပါတယ်
ဆရာတော်ဆီလဲရောက်ရေား ဆရာတော်ကမေးပါတယ်
ဘာဖြစ်လို့လဲပေါ့ ကျနော့်အမက ဆရာတော်ကိုပြန်လျှောက်ပါတယ်
ကျမမောင်လေးမနေ့ညကအလုပ်လုပ်တဲ့စက်ရုံမှာအပမှီလာလို့ပါ ပေါ့
ဒါနဲ့ဆရာတော်က ခလေးရှေ့ကိုတိုးဘုရားကိုအားရုံပြုဆိုပြီးရှစ်ခိုးခိုင်းပါတယ်
ရှစ်ခို့ပြီးတော့ကျနော့်ခေါင်းကိုကိုင်ပြီးနှုတ်ကနေအမိန့်ပေးတယ်လို့ထင်ရပါတယ်
ကျနော်သိလိုက်တာကမျက်ရည်တွေကျလာတာကိုပါဘဲ..
အဲ့ဒီနောက်တော့ကျနော်ဘာမှမသိတော့ပါ…
ကျနော်ပြန်သတိရတဲ့အချိန်မှာတော့ ဆရာတော်ကသူ့မှာဘာမှကပ်ညိနေတာမရှိတော့ပါဘူး
ဒီရေမန်းကိုသောက်လိုက်ဆိုတာနဲ့ရေမန်းကိုသောက် ဆရာတော်ကိုကန်တော့ပြီးပြန်လာကြပါတယ်…
အိမ်ရောက်တော့မမကပြောတယ်ဆရာတော်ကခေါင်းကိုကိုင်လိုက်တာနဲ့ မျက်ရည်တွေ တွေတွေကျရှိုက်ကြီးတငင်ငင် နဲ့
ဆရာတော်မေးတာတွေကိုခေါင်ငြိပ် ခေါင်းခါဘဲလုပ်တယ်စကားတော့မပြောဘူးတဲ့…
ကျနော်ခေါင်းထဲမှာလဲနောက်ကြိကြိနဲ့အိပ်ချင်နေတာဘဲရှိတယ်
နောက်တနေ့ကျပြန်တော့ ရွှေရင်ကျော် ဂိုဏ်ကဆရာတယောက်ရောက်လာပြန်ပါတယ်
သူကလဲကျနော်ကိုရောဂါစစ်ပါတယ် သူကတမျိုးခင်ဗျ..
ဘုရားစင်ရှေ့မှာဘုရားကိုအာရုံပြုရှစ်ခိုးခိုင်း ပြီး သူ့ရှေ့မှ ထိုင်ခိုင်းပါတယ်လက်ဝါးနှစ်ဖက်ကိုဖြန့်ခိုင်းထားပါတယ်
ဒီအချိန်မှာဆရာကစပြောပြီခင်ဗျ ဘုရားငါဆူအမိန့်ငါ့ဆရာအမိန့်(သူ့အမိန့်တော့မပါဘူးခင်ဗျ) ကဲမင်းကိုနှောက်ရှက်ထားတာဘယ်သူလဲ
အစိမ်းဆို လက်ညိုး သရဲဆိုလက်ခလယ် ရွာသူဆိုလက်သကြွယ် စုံးဆိုလက်သန်း ကွေးပြ တဲ့
ဟုတ်တယ်ဗျလက်ခလယ်ကကွေးပြတယ်…
ရွာသားတို့ရေ သရဲပူးတာကိုယ်တွေ့နော် သူငယ်ချင်းတွေနဲ့များစကားစပ်မိလို့သရဲအကြောင်းများပြောကြရင်
ကျနော် ကိုရင်မောင်ကကိုယ်တွေ့မှပြောတာ သူများဆီကတဆင့်စကားနဲ့ပြောတာမဟုတ်ဘူး…ဟဲဟဲ
ဒါလဲကြွားနည်းတမျိုးပေါ့..
ဇာတ်လမ်းကပြီးသွားပြီမထင်နဲ့အုံးနော်..
ဒီသရဲဇာတ်လမ်းကမပြီးသေးဘူးခင်ဗျ..
ကျနော်ရွှေဟင်္သာဆီစက်မှာ၃နှစ်အလုပ်ပြီးအလုပ်ထွက်လိုက်ပါတယ်
ကုန်စုံဆိုင်ဖွင့်ဈေးရောင်ပါတယ်
တနေတော့လမ်းမှာဆီစက်တုန်းကရင်းနှီးတဲ့အလုပ်သမား ကိုလှဌေး ကိုတွေ့တာနဲ့
ရှေ့ဟောင်းနှောင်းဖြစ်တွေပြောကြတာကို..
ကဲ ဒီမှာတင်လွန်ခဲ့တဲ့၅နှစ်ကသရဲဇာတ်လမ်းကပြန်ပေါ်လာပါလေရော…
ကိုလှဌေးက ကိုရင်မောင်ကြီးကိုပြောမလို လူခြင်းမဆုံဖြစ်တာရယ်
တွေ့ပြန်တော့လဲစကားမစပ်မိတာရယ်ကြောင့်မပြောဖြစ်တာ
ကိုရင်မောင်စက်ရုံမှာအလုပ်လုပ်တုန်းကသရဲပူးတာ
အဲဒါသရဲမဟုတ်ဘူးခင်ဗျာဆေးခြောက်မူးနေတာတဲ့ ဗျာ
ရွာသားတို့ရေ ကျနော်သရဲပူးတာမဟုတ်ဘဲဆေးခြောက်မူးနေတယ်ဆိုပါလား
ကျနော်လဲအတော်အံသြသွားပါတယ်
ကိုလှဌေးပြောပြသွားတာက ခင်ဗျာအဲ့ဒီညကစက်ရုံနောက်မှာရေနွေးသောက်တယ်မဟုတ်လားတဲ့
အဲ့ဒီရေနွေးအိုးကိုလ္ဘက်ခြောက်နဲ့ဆေးခြောက်ပထုပ်မှားခတ်မိတာတဲ့လေ
ဆေးခြောက်ထုတ်ယူလာတဲ့အလုပ်သမားကသူ့ဆေးခြောက်ထုပ်ပျောက်လို့လိုက်ရှာမှခင်ဗျားဆေးကြောင်နေမှန်သိတာ
ကျနော်ကမင်းဒီတုန်းကငါကိုဘာဖြစ်လို့မပြောတာလဲ မေးတော့
ပြောလို့ဖြစ်မလားတဲ့ဆေးခြောက်ထုပ်ယူလာတာကိုသိယင်သူဌေးကအလုပ်ထုတ်မှာစိုးလို့ဖုံးထားကြတာတဲ့လေ…..
ရွာသားတို့ရေဇာတ်လမ်းကဒီမှာတင်ဘဲပြီးပါပြီခင်ဗျာ..
ရွာသားအားလုံးပြုံးပျော်နိုင်ပါစေ….

About koyinmaung

ကိုရင် မောင် has written 19 post in this Website..