ကိုရင်မောင်နဲ့သရဲ (ဇာတ်သိမ်းပိုင်း)

koyinmaungOctober 29, 20111min17113

နေ့လည်၁၂းဝဝကျော်ပြီဆိုတော့ချက်ပြုတ်စားသောက်ပြီးသွားပါပြီ
သရဲဇာတ်လမ်းပြန်စရေးပါပြီခင်ဗျ…..
အိမ်ရှေ့မှာရှိတဲ့ဘုန်းကြီးကျောင်းကိုကျနော့်မမကခေါ်သွားပါတယ်…
ကျောင်းအမည်က မြစ်ကွေ့ကျောင်းပါ ဒီကျောင်းမှာကျောင်းထိုင်ဆရာတော်တပါးရှိပါတယ်
ဘွဲ့အမည်တော့မမှတ်မိတော့ပါ….
ဆရာတော်က ပယောဂါကုတဲ့နေရာမှာအင်မတန်မှနံမည်ကြီးပါတယ်
ဆရာတော်ဆီလဲရောက်ရေား ဆရာတော်ကမေးပါတယ်
ဘာဖြစ်လို့လဲပေါ့ ကျနော့်အမက ဆရာတော်ကိုပြန်လျှောက်ပါတယ်
ကျမမောင်လေးမနေ့ညကအလုပ်လုပ်တဲ့စက်ရုံမှာအပမှီလာလို့ပါ ပေါ့
ဒါနဲ့ဆရာတော်က ခလေးရှေ့ကိုတိုးဘုရားကိုအားရုံပြုဆိုပြီးရှစ်ခိုးခိုင်းပါတယ်
ရှစ်ခို့ပြီးတော့ကျနော့်ခေါင်းကိုကိုင်ပြီးနှုတ်ကနေအမိန့်ပေးတယ်လို့ထင်ရပါတယ်
ကျနော်သိလိုက်တာကမျက်ရည်တွေကျလာတာကိုပါဘဲ..
အဲ့ဒီနောက်တော့ကျနော်ဘာမှမသိတော့ပါ…
ကျနော်ပြန်သတိရတဲ့အချိန်မှာတော့ ဆရာတော်ကသူ့မှာဘာမှကပ်ညိနေတာမရှိတော့ပါဘူး
ဒီရေမန်းကိုသောက်လိုက်ဆိုတာနဲ့ရေမန်းကိုသောက် ဆရာတော်ကိုကန်တော့ပြီးပြန်လာကြပါတယ်…
အိမ်ရောက်တော့မမကပြောတယ်ဆရာတော်ကခေါင်းကိုကိုင်လိုက်တာနဲ့ မျက်ရည်တွေ တွေတွေကျရှိုက်ကြီးတငင်ငင် နဲ့
ဆရာတော်မေးတာတွေကိုခေါင်ငြိပ် ခေါင်းခါဘဲလုပ်တယ်စကားတော့မပြောဘူးတဲ့…
ကျနော်ခေါင်းထဲမှာလဲနောက်ကြိကြိနဲ့အိပ်ချင်နေတာဘဲရှိတယ်
နောက်တနေ့ကျပြန်တော့ ရွှေရင်ကျော် ဂိုဏ်ကဆရာတယောက်ရောက်လာပြန်ပါတယ်
သူကလဲကျနော်ကိုရောဂါစစ်ပါတယ် သူကတမျိုးခင်ဗျ..
ဘုရားစင်ရှေ့မှာဘုရားကိုအာရုံပြုရှစ်ခိုးခိုင်း ပြီး သူ့ရှေ့မှ ထိုင်ခိုင်းပါတယ်လက်ဝါးနှစ်ဖက်ကိုဖြန့်ခိုင်းထားပါတယ်
ဒီအချိန်မှာဆရာကစပြောပြီခင်ဗျ ဘုရားငါဆူအမိန့်ငါ့ဆရာအမိန့်(သူ့အမိန့်တော့မပါဘူးခင်ဗျ) ကဲမင်းကိုနှောက်ရှက်ထားတာဘယ်သူလဲ
အစိမ်းဆို လက်ညိုး သရဲဆိုလက်ခလယ် ရွာသူဆိုလက်သကြွယ် စုံးဆိုလက်သန်း ကွေးပြ တဲ့
ဟုတ်တယ်ဗျလက်ခလယ်ကကွေးပြတယ်…
ရွာသားတို့ရေ သရဲပူးတာကိုယ်တွေ့နော် သူငယ်ချင်းတွေနဲ့များစကားစပ်မိလို့သရဲအကြောင်းများပြောကြရင်
ကျနော် ကိုရင်မောင်ကကိုယ်တွေ့မှပြောတာ သူများဆီကတဆင့်စကားနဲ့ပြောတာမဟုတ်ဘူး…ဟဲဟဲ
ဒါလဲကြွားနည်းတမျိုးပေါ့..
ဇာတ်လမ်းကပြီးသွားပြီမထင်နဲ့အုံးနော်..
ဒီသရဲဇာတ်လမ်းကမပြီးသေးဘူးခင်ဗျ..
ကျနော်ရွှေဟင်္သာဆီစက်မှာ၃နှစ်အလုပ်ပြီးအလုပ်ထွက်လိုက်ပါတယ်
ကုန်စုံဆိုင်ဖွင့်ဈေ းရောင်ပါတယ်
တနေတော့လမ်းမှာဆီစက်တုန်းကရင်းနှီးတဲ့အလုပ်သမား ကိုလှဌေး ကိုတွေ့တာနဲ့
ရှေ့ဟောင်းနှောင်းဖြစ်တွေပြောကြတာကို..
ကဲ ဒီမှာတင်လွန်ခဲ့တဲ့၅နှစ်ကသရဲဇာတ်လမ်းကပြန်ပေါ်လာပါလေရော…
ကိုလှဌေးက ကိုရင်မောင်ကြီးကိုပြောမလို လူခြင်းမဆုံဖြစ်တာရယ်
တွေ့ပြန်တော့လဲစကားမစပ်မိတာရယ်ကြောင့်မပြောဖြစ်တာ
ကိုရင်မောင်စက်ရုံမှာအလုပ်လုပ်တုန်းကသရဲပူးတာ
အဲဒါသရဲမဟုတ်ဘူးခင်ဗျာဆေးခြောက်မူးနေတာတဲ့ ဗျာ
ရွာသားတို့ရေ ကျနော်သရဲပူးတာမဟုတ်ဘဲဆေးခြောက်မူးနေတယ်ဆိုပါလား
ကျနော်လဲအတော်အံဩသွားပါတယ်
ကိုလှဌေးပြောပြသွားတာက ခင်ဗျာအဲ့ဒီညကစက်ရုံနောက်မှာရေနွေးသောက်တယ်မဟုတ်လားတဲ့
အဲ့ဒီရေနွေးအိုးကိုလ္ဘက်ခြောက်နဲ့ဆေးခြောက်ပထုပ်မှားခတ်မိတာတဲ့လေ
ဆေးခြောက်ထုတ်ယူလာတဲ့အလုပ်သမားကသူ့ဆေးခြောက်ထုပ်ပျောက်လို့လိုက်ရှာမှခင်ဗျားဆေးကြောင်နေမှန်သိတာ
ကျနော်ကမင်းဒီတုန်းကငါကိုဘာဖြစ်လို့မပြောတာလဲ မေးတော့
ပြောလို့ဖြစ်မလားတဲ့ဆေးခြောက်ထုပ်ယူလာတာကိုသိယင်သူဌေးကအလုပ်ထုတ်မှာစိုးလို့ဖုံးထားကြတာတဲ့လေ…..
ရွာသားတို့ရေဇာတ်လမ်းကဒီမှာတင်ဘဲပြီးပါပြီခင်ဗျာ..
ရွာသားအားလုံးပြုံးပျော်နိုင်ပါစေ….

13 comments

  • မှော်ဆရာ

    October 29, 2011 at 2:11 pm

    အော် လက်စသတ်တော့ ကိုရင်မောင့် သူရဲက ဆေးခြောက်သူရဲကိုး…
    ဆေးခြောက်မှာ မျက်ကျဉ်း မျက်ကျယ် ရှိတယ်ပြောကြတယ် …
    မျက်ကျဉ်းဆိုရင် အကြီးကြီးကို သေးသေးလေးလို့ထင်နေတာ
    ဥပမာ တံခါးပေါက်အကြီးကြီးကို သေးသေးလေး ထင်နေလို့ လေးဘက်ထောက် ဝင်တာ …
    မျက်ကျယ်ကတော့ သေးသေးလေးကို အကြီးကြီး ထင်နေတာ ..
    ဥပမာ ဗွက်အိုင်သေးသေးလေးကို အိုင်အကျယ်ကြီးထင်ပြီး
    မကျော်ရဲပဲ ဖြတ်ကူးဖို့ လှေရှာနေတာမျိုးပေါ့ ..
    ကိုရင်မောင် သောက်ခဲ့တဲ့ ဆေးခြောက်ကရော ဘာမျိုးတုန်းဗျ ….

  • koyinmaung

    October 29, 2011 at 2:23 pm

    မသိပါဘူးဗျာအိပ်တာတော့၃ရက်လောက်အိပ်ချင်စိတ်မပျောက်ဘူး…
    သူဌေးကပြောတယ်မင်းလာအလုပ်လုပ်မှဘဲ..
    ငါ့စက်လဲဘုန်ကြီးတွေပင့်ပြီးပရိတ်ကိုရွတ်ရတော့တာပါဘဲ တဲ့လေ..

    • “ဘီလူးကြီး”ogre

      October 29, 2011 at 3:36 pm

      ဒီလူ တော်တော် နောက်တယ်ဗျာ
      ကျုပ်ကအဟုတ်မှတ်လို့စောင့်ဖတ်နေတာ
      တစ်ကထဲ ဆေးခြောက် မူးလို့ဖြစ်ရတယ်လို့… 🙂

  • Diamond Key

    October 29, 2011 at 2:33 pm

    ဆေးခြောက်ရေကြမ်း (လက်ဘက်ရည်ကြမ်းမဟုတ်တော့) သောက်ထားတာကိုး။ ဂျေးချောက်သရဲပေါ့ ့ ့ ့ ့ ့ ့ ့ ့။
    ရွှရင်ကျော် ဂိုဏ်ကဆရာကစစ်တော့ လက်ခလယ်ကကွေးပြတာ သဘောပေါက်ပြီ။
    သူက ဘုရားငါဆူအမိန့်ငါ့ဆရာအမိန့်- အစိမ်းဆို လက်ညိုး သရဲဆိုလက်ခလယ် ရွာသူဆိုလက်သကြွယ် စုံးဆိုလက်သန်း ကွေးပြ ဆိုတော့ အစိမ်းမဟုတ်၊ အခြောက် (အရွက်) သောက်ထားတာရယ်၊ ရွာသူလုပ်တာမဟုတ်ပဲ စက်ရုံကအလုပ်သမား ယူလာတာရယ်၊ ဆိုတော့ လက်ခလယ်ကကွေးပြတာ မှန်တာပေ့ါ။ း) း)

  • ဆူး

    October 29, 2011 at 4:51 pm

    ဘုန်းကြီး ခေါင်းထိတော့ ဘာလို့ ငိုတာလဲ

  • koyinmaung

    October 29, 2011 at 5:29 pm

    ဒေါ်ဆူးရေ…ဘာကြောင့်ငိုလဲဆိုတာတော့မသိပါ…
    ဒေါက်တာအုံးမောင်(စိတ်အထူးကု)ရေးတဲ့ အိပ်မွေ့ချခြင်းအတတ်ပညာဆိုတဲ့
    စာအုပ်ထဲမှာတော့လူတယောက်က လူတယောက်ကို အမိန့်ပေးပြီးအိပ်မွေ့ချလို့ရတယ်
    သူ့ရဲ့နောက်ကြောင်းကိုမေးလို့ရတယ်ဆိုတာတော့ဖတ်ခဲ့ဘူးပါတယ်..
    သမာဓိရှိတဲ့သူ ဟိန့်ဟန်ကောင်းတဲ့လူဆိုမျက်နှာချင်းဆိုင်နေယင်းနဲ့တောင်
    အိပ်မွေ့ချလို့ရတယ်လို့ရေထားပါတယ်..ဒီလိုပညာမျိုးနဲ့ပါတ်သက်တယ်လို့တော့ထင်ပါတယ်
    ဆရာတော်ကြီးကပယောဂါနဲ့ပါတ်သက်လာယင်အင်မတန်မှနံမယ်ကြီးပါတယ်
    သူ့ကျောင်းထဲမှာဆိုသရဲတောင်မွေးထားတယ်လို့ကြားဘူးပါတယ်
    ငယ်ငယ်ကဆိုဆရာတော်ကြီးကျောင်းနားသွားမဆော့ရဲပါဘူး…
    ငယ်ငယ်ထဲကကြောက်ရတဲ့ဆရာတော်ပါ….

  • ဆူး

    October 29, 2011 at 5:36 pm

    စိတ်ညို့ခံရလို့ ငယ်ငယ်က ဘုန်းကြီး ပေးတဲ့ ခြေသလုံးက ဒဏ်ရာတွေ သွားသတိရပြီး ငိုတာမျိုးလို့ ပြောတာလားဟင်။

  • koyinmaung

    October 29, 2011 at 6:04 pm

    ဆရာတော်ရိုက်တာတော့မခံရဘူးပါဘူး
    ဒါပေမဲ့ကြောက်တာတော့အမှန်ဘဲ….

  • windtalker

    October 29, 2011 at 7:56 pm

    တော်သေးတာပေါ့ ငါ့ကို ရာ
    နောက်နေ ့တွေကြ ရေနွေးသောက်ချင်လှပါချီရဲ ့ထပ်မဖြစ်တာ
    “ရှိသေးရင် နဲနဲပေးပါ” ဆိုသလို ….
    🙂

  • ပေါက်ဖော်

    October 29, 2011 at 8:22 pm

    ဂယ်လားလို ့..ကြောက်နေဒါ..ဆေးခြောက်သရဲဖစ်နေတယ်..
    ဂယ်လဲ ဟုတ်ပဲနဲ ့..လူဇိုး..
    😆
    ကျနော်တို ့ရပ်ကွက်ထဲက ဘုန်းကြီးနဲ ့မတွေ ့လို ့ကံကောင်းဒယ် မှတ်..
    တို ့ဘုန်းကြီးက မသင်္ကာတာနဲ ့..ဘိုးပေါက်ဆိန်နဲ ့ တစ်ဘုန်းဘုန်း ထုတာ..
    အရိုးတွေကြေသွားနိုင်ဒယ်..
    :mrgreen:

  • unclegyi1974

    October 29, 2011 at 11:28 pm

    ကိုရင်ကဆေးခြောက်နဲ့လက်ဘက်ခြောက်မှားသောက်တာ
    တနည်းမသိပဲသောက်တာ
    ဘတို့၁ဝတန်းအတူအောင်ကြတဲ့သူငယ်ချင်းကစာမေးပွဲအောင်လို့ထမင်းကျွေးတာ
    ညကျတော့ခေါင်းကိုမထူနိုင်အောင်ဖြစ်ပြီးအိပ်ရာဝင်ရောနောက်မှသိရတာ
    သူငယ်ချင်းအဖေကကြက်သားထဲဆေးခြောက်ထည့်ချက်လိုက်တာကိုး
    စားလို့ကအလွန်ကောင်း

  • thit min

    October 31, 2011 at 10:10 am

    ကိုရင်မောင်နဲ့ သရဲမတွေ့တာတော့ သေခြာသွားပါပြီ။
    ဒါပေမဲ့ အဲဒီနယ်ဘက်က လက်ရဲဇက်ရဲတွေအကြောင်းရေးပါအုန်းဗျာ ကိုရင်မောင်ရေ။
    ကျနော်သိတာလဲရေးမယ်ပေါ့။(နောက်မှ ခုရေးအားတေးဝူး)

  • small cat

    November 4, 2011 at 12:21 am

    ရွာထဲက ဘယ်သူရေးတာလဲမသိတော့ဘူး၊သူ့အဒေါ် ပန်းခြံနားဖြတ်ပြန်လာရင်းသူရဲကပ်ပါလာတဲ့
    အကြောင်းဖတ်ရပြီးကတည်းက ကြောင်လေးသူရဲလိုက်ခံရတဲ့အကြောင်းရေးဖို့ လုပ်နေတာ ၊မအားဖြစ်နေတာနဲ့ မရေးဖြစ်သေးဘူး၊ကိုရင်မောင်အဖြစ်နဲ့ခပ်ဆင်ဆင်ပဲဗျ၊ ကျွန်တော့်ကိုတော့မပူး ဘူးဗျ၊ဆိုင်ကယ်ပေါ်ကနေလိုက်လာတာ၊ နောက်မှ ရေးပြတော့မယ်နော်။

Leave a Reply