မမှီလျှင်မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် (၃) နောက်ဆုံးပိုင်း

etoneOctober 29, 20111min11410

သူတို့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရှက်လာတယ် …။ ကျွန်မတို့က ရတဲ့ ပိုက်ဆံကို ဘယ်လို ထိန်းသိမ်းရမလဲ မစဉ်းစားပဲ ရသမျှ ကုန်အောင် သုံးနေခဲ့တာ ကိုယ့်စရိတ်နဲ့ကိုယ်… အိမ်ကိုမပေးနိုင်တဲ့ အပြင် အိမ်ကတောင် တင်ကျွေးထားရတဲ့ အဖြစ်ပါ … တစ်လနေလို့ စုမိဖို့ မပြောနဲ့ .. တစ်နှစ်နေလို့တောင် လက်ထဲ တသိန်း မကျန်ပါဘူး … ။ သူတို့လေးတွေနဲ့ ကိုုယ့်ကိုယ်ကိုယ်ယှဉ်ကြည့်လျှင်တောင် ရှက်ဖို့ကောင်းနေပါသေးတယ် … ။ သူတို့လေးတွေ ကုတ်ခြစ်စုပြီး လက်ထဲ ပိုက်ဆံရတဲ့အခါ အိမ်ဝိုင်းဝယ်တာမျိုး ခြံဝယ် တာမျိုး လုပ်ပေးတတ်ကြပါတယ် … ။ တစ်ချို့ကလည်း ရွှေတိုရွှေစ (ဆယ့်လေးပဲရည်)က အစ … အခေါက်ရွှေ မီးလင်းရွှေ အကယ်ဒမီရွှေအထိ စုနိုင်ကြတယ် …. ။ ကျွန်မကတော့ ရွှေမပြောနဲ့ … ကြေးပြားတောင် မစုနိုင်ခဲ့ဘူး … ။ ရတဲ့ လစာကွာပေမယ့် စုဆောင်းပုံ ကွာတာကြောင့် အကျိုးမြတ်ဖြစ်ထွန်းခြင်း မတူညီပါဘူး … ။ ဒါတင်မကဘူး … စီးပွားရေး အကွက်ကလည်း မြင်တာကြောင့် နှစ်လုံးသုံးလုံးလေးတွေပါ လက်သိပ်ထိုး ဒိုင်ကိုင်တတ်ကြပါသေးတယ် … အပြင်နဲ့ ဘယ်လို ဘယ်လို ချိတ်ဆက်တယ်မသိဘူး …. အလျှော်စားလုပ်နေကြတယ် …. ။ တစ်ချို့ ဉာဏ်ကြီးရှင်တွေကတော့ … လူကြီးတွေ မသိအောင် ဖုန်းခေါ်စားပါသေးတယ် … ။ အရင်က ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ ခြင်းဖုန်းတွေပဲ ရှိခဲ့ရာက စက်ရုံတွင်းမှာ လိုင်းမမိလို့ အသုံး ပြုလို့မရပါဘူး … ဒါပြင်စက်ရုံမှ ဖုန်းကိုလည်း အင်တာကွန်းကနေ လိုင်းခွဲတွေလုပ်ပေးထားပြီး စက်ရုံအတွင်း ဌာနချင်းချင်းသာ လှည့်ခေါ်နိုင်အောင် လုပ်ထားပေးတာကြောင့် အပြင်ကို သူတို့ ဖုန်းခေါ်မရပါဘူး … ။ ဒီလိုပါပဲ … စက်ရုံကို ဝင်လာတဲ့ဖုန်းကိုလည်း …အလုပ်ချိန်အတွင် းသေရေး ရှင်ရေးက လွဲပြီး အော်ပရေတာက မလွဲပေးတာကြောင့် သူတို့အလုပ်ချိန်မှာ အလုပ်ကိစ္စကလွဲလို့ တခြား ဆက်သွယ်လို့မရနိုင်ပါဘူး … ဉာဏ်ပြေးတဲ့ လူတွေကတော့ .. ရှိစုမဲ့စုလေး ရောင်းချပြီး ငါးသိန်းဖုန်းတွေပေါ်လာတဲ့အခါ အရဲစွန့်ဝယ်လိုက်ပါတယ် …. စီဒီအမ်အေ 800 တွေက လိုင်းဆွဲအားကောင်းပြီး စက်ရုံတွင်းမှာပါ လိုင်းမိတဲ့အတွက် …. သူတို့ အဆင်ပြေကြတယ် … ။ ဖုန်းကို ဆိုင်းလန့် ပေးထားပြီး … အဝင်ခေါ်ဆိုမှု ၊ အထွက်ခေါ်ဆိုမှုတွေအတွက် လက်ဆင့်ကမ်း အသုံးပြုကြတယ် … ။ ဖုန်းဝယ်ပြီး သုံးလအတွင်းမှာပဲ ဖုန်းတလုံး တန်ဖိုး (ဟမ်းဆက်ပါ) ကျေသွားခဲ့တယ်လို့ …. ဖုန်းဝယ်ပြီး လုပ်စားလိုက်တဲ့တစ်ယောက်ကပြောဖူးတယ် …. ။ သူတို့ ခွင်တွေကို သိနေပေမယ့်ကျွန်မ ဘယ်သူ့ကိုမှ မကြပ်ခဲ့ပါဘူး… မသိချင်ယောင်ဆောင်ပေးခဲ့တယ်လေ … အဓိကက အလုပ်အဆင်ပြေပြေလုပ်ပြီးဖို့ပဲ မဟုတ်ဘူးလား … ။ သူတို့လေးတွေ ကျန်းမာရေးအတွက် ဆေးခန်းထားပေးထားပါတယ် … အလုပ်သမား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ စက်ရုံတစ်ရုံမှာ လူဦးရေ ငါးရာ လောက်ရှိမယ်ဆို မဖြစ်မနေ ဆေးခန်းလုပ်ပေးပြီး နပ်စ်တယောက်ထားပေးရပါတယ်… အလုပ်သမားဦးရေ တစ်ထောင်နဲ့ အထက်ရှိမယ်ဆိုလျှင် ဆရာဝန်တယောက် အချိန်ပိုင်းထားပေးရပါတယ်…. ။ ဆေးတွေကိုတော့ စက်ရုံက လိုသလိုဖြည့်စည်းပေးပါတယ် … ။ ကျွန်မတို့ စက်ရုံမှာတော့ နပ်စ်တယောက်အမြဲရှိပေမယ့် …. သူမရဲ ့ လုပ်သက်အတွေ့ကြုံ ၊ လေ့လာသင်ယူမှု မရှိတာကြောင့် … ဘာလာလာ ပါရာလို့ပဲ ကလေးတွေ သမုတ်ခေါ်ကြတာကြားခဲ့ဖူးတယ် … ။နပ်စ်လို့သာပြောတာ …သူမက သင်တန်းဆင်း လက်မှတ် ၊ အစိုးရအသိမှတ်ပြု သူနာပြုတက္ကသိုလ် ဆင်း …ဘာတစ်ခုမှ မဟုတ်ပဲ … နားလည်မှုနဲ့ အစားထိုး လုပ်နေတာပါ …သူမရဲ့ အမေကသာ သူနာပြုတစ်ယောက်ဖြစ်ပြီး အသက်ရွယ်ကြီးလို့ ရုံးမှာ မနေနိုင်တော့တဲ့အခါ သမီးဖြစ်သူ အရပ်သူက အဖြူ နဲ့ အပြာဝတ်ပြီး နားလည်သလို ဆေးပေးနေတာမျိုးပါ … ။ တစ်ကောင်တည်းပေမယ့် ခြင်္သေ ့လို့ သူ့ကိုယ်သူခံယူထားပြီး …. သင်ကြားလေ့လာမှုမရှိ ၊ ကူညီလုပ်ကိုင် ၊ နာခံလိုစိတ်မရှိတဲ့အခါ အချိန်ပိုင်းဝင်ပေးတဲ့ ဆရာဝန်ရဲ့ သင်ကြားပေးမှုကို လက်မခံတဲ့အပြင် ရိုင်းပြတဲ့ အပြုမူအပြောဆိုလေးတွေကြောင့် … ဆရာဝန်ရောက်နေတဲ့ တပတ်ကို နှစ်ရက် မှာမှ တစ်ရက်ကို နှစ်ရာရီအတွင်း ဆေးခန်းပြင်ပသို့သာ ထွက်နေပါတော့တယ် … ။ အပြင်မှာ ဆေးမထိုးနိုင် ၊ ဆေးခန်းမသွားနိုင်တဲ့ .. (တချို့လည်းချွေတာတာပါတယ် ) လူတွေကတော့ … ဆရာဝန်လာတဲ့အချိန် ဆေးထိုး ၊ ဆေးယူကြတယ်… လိုအပ်လို့ YGH ကို ရီဗားလုပ်ပေးရမယ့် လူနာရှိခဲ့လျှင် လုပ်ပေးလိုက်တယ် … (အခြေနေဆိုးပြီး ဆေးရုံတက်သင့်သူများကိုပေ့ါ) …. ။ ဆေးခန်းကိုဆရာဝန်ရောက်ပေမယ့် …. သူတို ့လေးတွေခမျာ မလာရဲကြတာရှိတယ် … မလာရဲတာကတော့ … နပ်စ်က ဆေးခန်းလာတဲ့လူတွေကို အပြင်အဝင်ဝကနေ မှတ်သားထားပြီး နောက်ပိုင်း သူ့ဆီလာ ဆေးတောင်းတဲ့အခါ ဘုတောလွှတ်တာတို့ … မပေးတာတို့ ကြုံနေရလို့ … တချို့ဆို အခြေနေအရမ်းမဆိုးလျှင် ….. မလာရဲကြပါဘူး …. ။ တကယ့် နပ်စ်တယောက်မဟုတ်လို့ …. လူနာပေါ် ဆက်ဆံပုံ … စိတ်ထား ပြည့်ပြည့်မထားတတ်လို့ပဲ ကျွန်မကတော့ မြင်ပါတယ် …. ။ သူ့အရပ်နဲ့ သူ့ဇာတ်ကိုး …. ။ အလုပ်ရှင်တွေကလည်း နားလည်မှုနဲ့ လက်မှတ်မရှိတဲ့လူ အမေအရိုက်ရာခံစေတော့လည်း … သူလည်း လုပ်ခွင့်ရနေတာပါ … ဒါပေမယ့် …. နားလည်တတ်သိကျွမ်းကျင်သူ မဟုတ်တာကတော့ အလုပ်သမားတွေရဲ ့ ကျန်းမာရေး စောက်ရှောက်မှု နစ်နာဆုံးရှုံးခြင်းပါပဲ … ။ အလုပ်ခွင်အတွင်းအရေးပေါ် ထိခိုက်ကျိုးပဲ့တာတွေဖြစ်လျှင်တော့ …. ဆရာဝန်မရှိတဲ့အချိန် နပ်စ်ကလည်း ဆေးထိုးမပေးနိုင်တဲ့ အနေထားမျိုးမှာ နီးစပ်ရာ အထူးကုဆေးခန်း (ဈေးနှုန်းသင့်တင့်) ကို လိုက်ပို့ပေးပါတယ် …. တချို့ ရန်ဖြစ်ပြီး ငိုကြယိုကြလို့ တက်သွားတဲ့ လူနာတွေကိုတော့ … ဆိုက်ကားနဲ့ အိမ်ပြန်ပို့ပေးလိုက်တော့တယ် … ။ ပြောရမယ်ဆိုလျှင် ကုန်နိုင်အောင်မရှိပေမယ့် … သူ့တို့ရဲ့ အံဝင်ခွင်ကြနေတဲ့ ဘဝထဲ နယ်ခံအနေနဲ့ ရန်ကုန်မှာ စီးပွားလာရှာနေနိုင်တာ … သူတို့အတွက်ကျေနပ်စရာပါပဲ … ။ တစ်ချို့ ဆူပါဗိုက်ဇာတွေဆို အလုပ်ကထွက်ပြီး အပြင်မှာ ဝါသနာတူသူ ၊ အကြံတူသူ အချင်းချင်းစုပြီး အခန်းငှား အလုပ်သမားငှားပြီး စက်ရုံမှာ လုပ်ခဲ့သလို ထုတ်ကုန်တွေ လုပ်နိုင်ကြပါသေးတယ် … ။ လှိုင်သာယာမှာ ပြသနာရှိတာက ရေပါ … ။ တစ်ချို့နေရာတွေရေတူးတာ တိမ်လို့လား မသိ ၊ ဘာလို့မှန်းမသိပဲ ရေသိပ်မကြည်ဘူး … ။ ရေတပုံး ခပ်ထားပြီး တညအိပ်တာနဲ့ အဲ့ဒီရေထဲ ဆီတွေဝေ့လာတာ ၊ မီးခိုရောင်ပြောင်းသွားတာ (ကိုယ်တွေ့ ) တွေ့ခဲ့ဖူးပါတယ် .. ဒါကြောင့် … သောက်ရေ အနေနဲ့ လက်တွန်းလှဲလေးနဲ့ အဝီဇိရေလိုက်ရောင်းတာကို ရေပုံးနဲ့လှောင်ပြီး သောက်သုံးရပါတယ်…..ရေသန့်ဗူး 20လီတာဝင်လောက်ကို တပုံး 150နဲ့ အထမ်းသမားတွေ လိုက်တွန်းပြီး ရောင်းတာပါ …။ ရေအိုးထဲအထိ သူတို့မှာ အသင့်ပါတဲ့ သေသေချာချာ သိမ်းဆည်း ထားသိုထားတဲ့ ရေစစ်တွေနဲ့ ဖြည့်ပေးပါတယ် … တပုံးကို ဆားဗစ်ချချ်အပါပြီး 150တည်းပေးရပါတယ် … နွေဆိုလျှင်တော့ 200 ထက်ပိုမပေးရပါဘူး … ။ စက်ရုံမှာ အနေများသူတွေအတွက်ကတော့ … တပုံးဆိုလျှင် တပတ်လောက် အသာလေးသောက်လို့ရပါတယ် … ။ စက်ရုံမှာတော့ … ထွက်တဲ့ရေကို ဓါတ်ခွဲခန်းကိုပို့ပြီး ရေထဲပါဝင်တဲ့ သထ္ထုဓါတ်တွေနဲ့ လူတွေကို အန္တရယ်ရှိမရှိတိုင်းတာပြီး … ထွက်လာတဲ့ အဖြေပေါ်မူတည်ကာ … သင့်တော်တဲ့ ရေသန့်စက်အမျိုးစား ရွေးချယ်ဝယ်ယူသုံးပေးထားပါတယ် … ။ စက်ရုံမှာတော့ရေကို အကန့်သတ်မရှိသောက်သုံးလို့ရပါတယ် … ထုတ်ကုန်အလုပ်သမားများအတွက်ရေဗူးလေးတွေကို သန့်ရှင်းရေး ဝန်ထမ်းတွေကယူပြီး ရေသန့်စက်ကဖြည့်ကာ သူတို့နေရာမှာ ပြန်ထားပေးတဲ့ ဝန်ဆောင်မှုလေးတွေ အချင်းချင်းရိုင်းပင်းတဲ့ စိတ်နဲ့ လုပ်ပေးကြပါတယ် … ။ အိမ်မှာနေတာထက် ပိုပြီး အချိန်ကြာကြာနေရတဲ့ အလုပ်ခွင်မှာ သူတို့လေးတွေ အံဝင်ခွင်ကြဖြစ်နေကြသလို တချို့တွေလည်း ဝင်လိုက်ကြ … ထွက်လိုက်ကြ … ပြန်ထပ်ဝင်လိုက်ကြ စသဖြင့် အလုပ်သမား အနည်းစုသာ အပြောင်းရွှေ့ရှိပါတယ် … နေ့စဉ်တော့ အလုပ်လာလျှောက်သူတွေ မနက်တိုင်း စက်ရုံရှေ့ စည်ကားနေတာပါပဲ … ။ နှစ်ကုန်ကျလျှင် တစ်ယောက်လျှင် ဆန်တအိတ်လိုမျိုး ၊ ခေါက်ဆွဲတစ်ပါကင်လူမျိုး နှစ်သစ်ကူးလက်ဆောင်အနေနဲ့ရတတ်သလို … သီတင်းကျွတ်လိုပွဲမျိုးဆိုလျှင်တော့ လူကြီးတွေကန်တော့တဲ့ ပွဲလေး လုပ်ပေးပြီး … သူတို့တွေ စိတ်ကြိုက်သီချင်းဆိုနိုင်အောင် စီစဉ်ပေးထားပါတယ် … သင်္ကြန်ပွဲတော်ရက်နီးလျှင်လည်း … စက်ရုံအတွင်းရှိသမျှ ရေပိုက် ၊မီးသက်ပိုက်ဖွင့်ပြီး …. သူတို့ကို ရေဆော့စေတာကြောင့် … လုပ်သက်ရင့် အလုပ်သမားတွေ အများစု လုပ်ကိုင်နေကြပါသေးတယ် … ။ ထိုအလုပ်သမားတွေထဲမှာမှ …. မူလတန်းအောင် ၊ အလယ်တန်းအောင်တွေအပြင် အထက်တန်းနဲ့ ကျောင်းထွက်ရသူ ၊ အဝေးသင်တက်နေသူ … ဘွဲ့ရသူများတောင်ပါပါသေးတယ် … ။ အလုပ်ရာထူးကို မကြည့်ပဲ နေရထိုင်ရတာနဲ့ လုပ်ခလစာ .. ခံစားခွင့် …ကိုကြည့်ပြီး အလုပ်လုပ်နေကြတာကြောင့်ပါ။ သူများတွေ ဟိုတယ်မှာ ကြွကြွရွရွလေး အလုပ်လုပ်နေရတယ် … လစာမေးကြည့်တော့ .. တလ ဒေါ်လာ 65တဲ့ ….. ။ အလုပ်ခွင်ပဲကွာတာ … ရတဲ့ လစာတော့ကွာတယ်လေ … ဒါပြင် …စူပါမားကတ်မှာ ကြွကြွရွရွလေး အလုပ်ဆင်းရတဲ့ … အရောင်းစာရေးမလေးတွေ ၊ အလှကုန်ရောင်းသူလေးတွေ … ပြင်ပြင်ဆင်ဆင်သာနေရတာ … တစ်နေ့လုံး ခုံမရှိဘူး … မတ်တပ်ချည်းပဲ … ။ နောက်တချို့ ရုံးမှာ ဘာပို ဇက်ရှင် ညာပိုဇက်ရှင်နဲ့ .. လစာလေးက တသိန်းတောင် မပြည့် … ပြောရလျှင်တော့ … စုံပလုံစိနေမှာပဲ … ။ ဒါတောင် အလုပ်မြဲဖို့ ကမလွယ် .. အလုပ်ခုန်တော့ ဆားဗစ်မရှိလို့ … အလုပ်ထပ်ရှာရခက်ပြန် …အသက်သာကြီးလာတယ် … အတည်တကျနေရာမရတွေဖြစ် … အင်း …. တွေးရင်း စိတ်မောတယ် … ။အလုပ်ခွင်မှာ နေပျော်ဖို့ဆိုတာက လွယ်တာမှ မဟုတ်ပဲကိုး …. ။ သူတို့မပြောနဲ့ ကျွန်မတောင် ကိုယ့်ရွေးချယ်မှုနဲ့ဝင်လာတဲ့ အလုပ်ခွင်မဟုတ်ပေမယ့်(လုပ်ချင်တဲ့ အလုပ်မျိုးမဟုတ်) … တာဝန်သိတတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်က ရုန်းမထွက်နိုင်သေးပဲ … အလုပ်ကို သံယောဇဉ်ဖြစ်တတ်လာခဲ့တယ်လေ … ။ အလုပ်ခွင်ထဲမှာ ဝင်နေတဲ့ လူတွေက အသက်ရွယ်စုံပါပဲ …. သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေလည်းပါပါတယ် … တချို့သော သန့်ရှင်းရေး အမျိုးသမီးဆို သူ့သားသမီး သုံးယောက်နဲ့ အဖေအိုကြီးကို လခလေး ရှစ်သောင်းလောက် (ဟိုလူကခိုင်းလို့ မုန့်ဖိုးပေး ၊ဒီလူကခိုင်းလို့ မုန့်ဖိုးပေးဆိုကတော့ မပါသေးဘူးနော် ) နဲ့ ရုန်းကန်လုပ်ကျွေးနေရရှာတယ် … ။ သားသမီးတွေ ကိုတော့ ပ ညာတတ်အောင်သင်ပေးပြီး သူတို့ စိတ်ကြိုက် အလုပ်ဝင်လုပ်စေချင်တဲ့ သူ့ဆန္ဒကို သားဆိုးသမီးဆိုးတွေနားမလည်ခဲ့ပါဘူး … ။ ကိုယ်ကိုယ်တိုင်က တတ်ချင်တာ IDCS ကျွန်ပျူတာနဲ့ပတ်သတ်လို့ လေ့ကျင့်စရာလည်းမရှိ …. သူများလို ဒေါ်လာသွင်းပြီးလည်း စာမေးပွဲမဖြေနိုင် …အလုပ်ခွင်ဝင်ဖို့ကျတော့လည်း ဟိုအလုပ်ဒီအလုပ်ရွေးနဲ့ … IDCS တက်ပြီး လခကောင်းကောင်း အလုပ်တခုရဖို့ကလည်း အသိမရှိလျှင် မသေချာဆိုတော့ …သူမအမေ ခေါင်းမီးတောက်ရတော့တာပေါ့ .. ဒီကြားထဲ အ ဖေကြီးက ကျန်းမာရေး ချို့တဲ့တော့ နီးစပ်ရာ ဆေးဆိုင်က ဆေးပြေးဝယ်သောက် … သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေရတာပါပဲ … သိတတ်တဲ့ သားသမီးကတော့… ကိုယ်တိုင်က ပညာရေးမှာ အရမ်းမထူးချွန်ပါပဲ … သူများတွေမြင်နေ ၊တက်နေလို့ သင်ချင်နေတဲ့ သင်တန်းတွေ ဒီပလိုမာသင်တန်းတွေ လျှောက်တတ်မယ့်အစား…. အလုပ် ခွင်တစ်ခုမှာ လက်ငင်းငွေရမယ့် ယုတိ္တရှိရှိအလုပ်တစ်ခုဝင်လုပ်သင့်တာပါ … ဒါက ကျွန်မပြောချင်တဲ့ အကြောင်းရာပါ … ။ မမှီနိုင်တာကို သိပါလျှက် ထင်ပေါ်ချင်လို့ဖြစ်ဖြစ် ၊သူများယောင်လို့ဖြစ်ဖြစ်လိုက်လုပ်နေတာမျိုးက …. ကိုယ့်ကိုယ်ကိုယ်ငြင်းဆဲသလိုပါပဲ … ။ ဝမရှိပဲ ဝိလုပ်တယ်လို့တော့ကျွန်မကတော့ မြင်မိတယ်လေ … ။ ကိုယ်တိုင်ကိုယ်က သင်တန်းတက်ပြီး ဒေါ်လာသွင်းဖြေလို့ အောင်မြင်နိုင်မယ် သေချာတယ်ဆိုလျှင်တောင် ပညာရေးမို့ ကူညီချင်တဲ့လူတွေက ရှိဦးမယ် အခုဟာက … ဖြေလည်း အောင်ချင်မှအောင်မယ် … ဒီလိုအနေထားမျိုးမှာ ကိုယ့်ဘဝကိုယ်သိပြီး လက်တွေ့မိသားစုတစ်ခုအတွက်ရုန်းကန်ရတော့မယ်လေ …. ။ ကိုယ်နဲ့သင့်တော်ရာလေးရွေးပြီး ပိုက်ဆံရှာသင့်တာပေါ့… ။ သူများ သန့်ရှင်းရေးလုပ်ပေးနေရတဲ့ အမေရဲ့ ပိုက်ဆံကို မှီခိုပြီး ကိုယ်က ကျော့ကျော့မော့မော့ကျောင်းတတ်ဖို့ဆိုတာ ကျွန်မဆိုလျှင်တောင် မလုပ်ရက်နိုင်ပါဘူး …. ။ ကံတရားက မျက်နှာသာမပေးလို့ မွဲတေတဲ့ဘဝမှာ လူလာဖြစ်သည့်တိုင်အောင် အသိတရားရှိနဲ့ လက်တွေ့ဘဝယှဉ်ပြီး လုပ်ချင်တာထက် ဖြစ်သင့်ပါတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်နားလည်လိုက်ရပါတော့တယ် …. ။ ။

10 comments

  • windtalker

    October 29, 2011 at 11:51 am

    အောင်မလေး…မောလိုက်တာနော် ။ အတုန် ပို ့စ်ဖတ်ပြီး ဘဝတွေ ရုန်းကန် လှုပ်ရှားရပုံ ကို အသေးစိတ် သိမြင်ရတော့ ၊ ကိုယ့်ကိုကိုယ် “ ငါကံကောင်းပါကလား ” လို ့ကောက်ချက်ချမိတယ် ။
    သူ ့အိုးနဲ ့သူ ့ဆန် ဆိုတဲ့ စကားကတော့ နေရာတိုင်းမှာ ရှိတာပါဘဲ ။
    တို ့ရွာက သဂျီးတောင် တစ်ခါတုန်းက ပို ့စ်တစ်ခု မှ မန် ့ဖူးသေးတယ် ။
    ဘာတဲ့ ဒရိုက်ဘာလား စပါယ်ယာ လား မသိဘူး ။ သူ ့သားကို မြို ့ထဲ က နာမည်ကြီး ကျောင်းကြီးတစ်ခု မှာ သွားအပ်တာ လက်မခံလိုက်လို ့ဆိုကလား ၊ အဲဒီမှာ သဂျီးမန်းဖူးတယ် ။
    မောင်ပေ့ အမြင် အရဆို
    ရတာက ၅၀ဝ ကျပ် ၊ လုပ်နိုင်တာကလည်း ၅၀ဝ ကျပ်ဖိုး ကို ပြန်သုံးတဲ့အခါ တစ်ထောင်ကျော်တန်တွေ သွားသုံးဖို ့မဖြစ်နိုင်သလို မျိုး လို ့ဘဲ ထင်မိပါတယ် ။

  • Ko Ko Aung

    October 29, 2011 at 1:03 pm

    ဖြစ်ချင်တာတွေ..ဖြစ်စေချင်တာတွေ..ဖြစ်သင့်တယ်ဆိုတာတွေ….ကတော့
    စိတ်ကူးစဉ်းစားတဲ့ကိစ္စမို့ ကြိုက်သလိုစဉ်းစားလို့ရပါတယ်။
    ဒါပေမယ့် တကယ့်လက်တွေ့ လက်ငင်းအခြအနေမှာတော့
    လူအမျိုးမျိုးမှာ မတူညီတဲ့ ဘဝရဲ့ပေးထားချက်(လက်ရှိအခြေအနေ) အမျိုးမျိုးရှိကြပါတယ်။
    ကိုယ့်အခြေအနေနဲ့ကိုယ် အတတ်နိုင်ဆုံးပျော်အောင်နေရင်း
    ကိုယ့်စံနှုန်းနဲ့ကိုယ် နေပျော်တဲ့ဘဝလေးတွေ တည်ဆောက်မိကြတာပေါ့။
    ဒါ့ထက်ကောင်းတဲ့အခြအနေမရခင် မှာပဲ ဖြစ်ဖြစ်ပေါ့လေ။

    အပြင်က အမြင့်က အခြားလူမှု့ဝန်းကျင်က အမြင်အမျိုးမျိုးလဲရှိမှာဖြစ်သလို..
    သူတို့နေရာကိုဝင်ပြီး သူတို့နေရာကကြည့်တဲ့ etone ရဲ့ အမြင်မျိုးကလဲစိတ်ဝင်စားစရာပါ။

    etone ရဲ့ပိုစ့် ၃ ပိုင်းကိုဖတ်ပြီးတော့ – ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေ သတိရမိတယ်။
    ဝန်ကြီးတပါးက လက်လုပ်လက်စားပြည်သူတွေကြားကို ဝင်ကြည့်ပြီး
    သူတို့ဘဝကိုလေ့လာပြီး….. သူတို့စိတ်နှလုံးကိုနားလည်ခံစားပြီး
    သူတို့ဘဝတွေရဲ့ ရိုးစင်းမှု့၊ အေးချမ်းမှု့၊ ရောင့်ရဲပျော်ရွှင်မှု့တွေကို ရေးဖွဲ့ခဲ့တာ…။

    (အဲဒါကြောင့် မြန်မာပြည် အခုလိုဖြစ်နေတာ….လို့ တယောက်ယောက်ပြောမှာတော့ ကြားယောင်မိသေးတယ်) 🙂

  • “ဘီလူးကြီး”ogre

    October 29, 2011 at 2:43 pm

    ဒေါ်တုန်
    စက်ရုံထဲကအကြောင်းတွေကုန်ပြီလားဗျ
    မြင်လဲမြင်တတ် ရေးလဲရေးတတ်ပါပေတယ်
    ကျုပ်တောင်အဲလောက်မသိဘူး မသိဆို ကျုပ်ကမလေ့လာဘူးဗျ
    အားအားရှိ အပြင်ထွက်ဘို့လောက်ချောင်းနေတတ်တာကိုယ်း..။။။

    • etone

      October 31, 2011 at 11:16 am

      ကိုဘီလူးရေ … စက်ရုံပိုင်းကို တကူးတက လေ့လာတယ်တော့မဟုတ်ပဲ … တစ်ခါတစ်လေ စက်ရုံထဲ ဆင်းသွားတဲ့ အချိန်တွေ … စပ်စုရင်းသိခဲ့တာပါ …. ။ အချိန်ပိုင်းသီးခြားကမာ္ဘတစ်ခုဖြစ်နေတဲ့စက်ရုံလိုနေရာမျိုးမှာ ပြသနာကတော့ သောင်းခြောက်ထောင်ပါပဲ … ။ ဒါတောင် … အင်ဒိုနီးရှားတွေရဲ့ မျက်နှာသာ ပေးခံချင်လို့ ဝင်လုံးတဲ့ လူတွေအကြောင်းကတော့ … ထည့်မရေးထားဘူး … ဒါလေးတွေလည်းရှိတယ် … ။

  • နီလေး

    October 29, 2011 at 4:26 pm

    မမအိတုန်ပြောပြလို့သာ ဒီအကြောင်းတွေသိရတာ ကိုယ်သာဆို မလေ့လာတာနဲ့ ဒီစက်ရုံအကြောင်းတွေသိဖို့မလွယ်ဘူး “အလုပ်ခုန်တော့ ဆားဗစ်မရှိလို့ … အလုပ်ထပ်ရှာရခက်ပြန် …အသက်သာကြီးလာတယ် … အတည်တကျနေရာမရတွေဖြစ် ” အပြင်မှာတော်တော်တွေ့နေရတယ် အမတစ်ယောက်တော့ သူရတဲ့ဘွဲ့နဲ့ လစာနဲ့ကမကိုက် အသက်ကကြီး စိတ်ပိန်လို့ ဂျပန်ထွက်သွားလိုက်ပြီ ခုတော့ ပြန်လာချင်ရဲ့လို့ပြောနေလေရဲ့

    • etone

      October 31, 2011 at 11:23 am

      အလုပ်ခုန်တဲ့ လူအတော်များများကို တွေ့ခဲ့ဖူးပါတယ် … အလုပ်ခုန်တာကလည်း … ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပေါ့လေ … ။ တိုးတက်ရာ တိုးတက်ကြောင်းရှာတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း ပါပါသေးတယ် … ။ ဘယ်လိုပဲ အလုပ်ခုန်ခုန် … ကိုယ့်အတွက် အခိုင်မာ တနေရာတော့ရှိသင့်တယ် မဟုတ်ဘူးလားနော် … ။

      ဒီနိုင်ငံမှာက ဘယ်လောက်ပဲ တော်တော် တတ်တတ် ..ဝင်ဝင်ချင်း … ရာထူးမြင့်နေရာရဖို့ … ဘာအကန့်မှ မရှိပဲ ရတဲ့နေရာ ရှားပါတယ် … ။ (ရှိတော့ရှိတယ် ရှားတယ်) … ။ နီးစပ်ရာကနေ ခေါ်ယူ အလုပ်ခန့်တာမျိုးလေ … ။ အလုပ်ဝင်လိုက် ထွက်လိုက် လုပ်တာထက်စာလျှင် အချိန်အတိုင်းတာ တစ်ခုထိ လုပ်ငန်း တစ်ခုမှာ ကိုယ့်နေရာရဖို့ ဝင်လုပ်သင့်တယ်လို့ ထင်ပါတယ် … ။ ကိုယ်လည်း တွက်ခြေကိုက် … လုပ်လည်း လုပ်နိုင်မယ့် အလုပ်မျိုးမှာပေါ့ … ။

  • TTNU

    October 30, 2011 at 12:44 am

    အိတုန်ရေ
    စိတ်ပင်ပန်းနေလား။
    ဉာဏ်ရည်မြင့်ပုံပေါ်ပါတယ်။
    စာအဖြစ်သာ ရေးတာ စိတ်ပျော်အောင်နေနိုင်မယ်လို့ ယူဆမိပါတယ်။
    (မမှီနိုင်တာကို သိပါလျှက် ထင်ပေါ်ချင်လို့ဖြစ်ဖြစ် ၊သူများယောင်လို့ဖြစ်ဖြစ်လိုက်လုပ်နေတာမျိုးက …. ကိုယ့်ကိုယ်ကိုယ်ငြင်းဆဲသလိုပါပဲ … ။ ဝမရှိပဲ ဝိလုပ်တယ်လို့တော့ကျွန်မကတော့ မြင်မိတယ်လေ …)
    ဒီစာကြောင်းလေးတွေ ဖတ်ရတာနဲ့ကို စိတ်ဓာတ်ခိုင်မာမယ်လို့ တွေးနေမိပါတယ်။

    • etone

      October 31, 2011 at 11:29 am

      တီချယ်ကြီးရေ … အလုပ်တိုင်းမှာတော့ စိတ်ပင်ပန်းမှု ရှိကြစမြဲပါ … ခုခံကျော်လွှားဖို့ …. ကိုယ့်စိတ်ကိုယ်တင်းရပါတယ် …. ။ နောက်ဆုံး အ ဆင်ပြေပြေနဲ့ အလုပ်တစ်ခု ပြီးသွားတဲ့ အချိန်ကျလျှင် ပင်ပန်းခံရကျိုး နပ်သလို ခံစားရပါတယ် … ။ ဒါပေမယ့်လည်း … သူများ အလုပ်က သူများ အလုပ်ပါပဲ လေ … ကိုယ်ဘယ်လောက်ပဲ ကျိုးစား လုပ်လုပ ်… ကိုယ်ခံစားရတဲ့ အသီးပွင့်က အကန့်သတ်နဲ့ပါ …. ။ ကိုယ်ပိုင်အလုပ်လေး လုပ်နိုင်မလားလို့ … တွေးနေတာ … အချိန်တွေတောင် ကြာကြာသွားပြီး … ။

      ဉာဏ်ရည်မြင့်မမြင့်တော့ မသိဘူး … ကလိန်ကကျစ် အကြံဖန်ဆိုလျှင် ဦးနှောက်က ထွက်တယ် … ။ အိမ်ကတော့ ထောပနာပြုကြပါတယ် … ငတုံးတဲ့ … ။ ဘာကိုမှ လေးလေးနက်နက် မစဉ်းစားပဲ လုပ်တတ်လို့တဲ့ … တခါတလေ အဲ့ဒီစဉ်းစားရတာကြီးကိုက … ပင်ပန်းလွန်းတယ်လေ … အလုပ်ထဲမှာကတော့ ပိုက်ဆံယူထားတော့ တာဝန်ကျေအောင် စဉ်းစားပြီး ပြန်လုပ်ပေးရတယ် အိမ်ပြန်လာတဲ့ အချိန် …. ဘာမှကို ဦးနှောက်နဲ့ ယှဉ်ပြီး မလုပ်ချင်တော့တာ … ။ ဒီတော့လည်း … အိမ်ကလူတွေ ခေါ်တာ မလွန်ပါဘူး 😀

  • pan pan

    October 31, 2011 at 1:28 pm

    အစ်မတော်က ဇာတ်လမ်းဆုံးမှ ခေါင်းစဉ်အတိုင်းသိမ်းသွားတာပဲ
    အဲဒီသန့်ရှင်းရေးလုပ်တဲ့အမျိုးသမီးကြီးရဲ့ကလေးတွေက IDCSတက်ချင်တာက
    ညီမထင်တာပြောမယ်နော်၊ သူတို့စိတ်ထဲတော့ ဘယ်လိုရယ်မသိ
    IDCS/IADCSတို့ဆိုတာက ဒေါ်လာသွင်းပြီးဖြေရတာကလား
    အဲဒီသင်တန်းတက်တဲ့လူတွေက များသောအားဖြင့် မိဘကတတ်နိုင်သူတွေများတယ်
    သားသမီးအတွက် ထောက်ပံ့ပေးနိုင်တယ်
    ခုခေတ်လိုဆို ပိုဆိုးပြီပေ့ါ
    သူများလက်တော့ဆို ကိုယ်လည်းလက်တော့လိုချင်ကြမှာပဲ
    သူများဖုန်းကိုင်၊ ကိုယ်လည်းဖုန်းကိုင်ချင်ကြမှာပဲ
    လက်တော့တောင် Lenovoဟဲ့၊ Toshibaဟဲ့၊ DELLဟဲ့၊ တချို့MacBookမို့ဆိုတာတွေ ဖြစ်လာနိုင်သေးတာ
    သူငယ်ချင်းတွေအဖွဲ့လိုက် သင်တန်းမစခင်၊ သင်တန်းပြီး ဆိုင်ထိုင်ကြ၊ သူများစားသလို စားနိုင်ဖို့၊
    ဒါက အဲဒီသင်တန်းမှာဖြစ်နိုင်တာကို အပြင်မှာတွေ့တာနဲ့ မှန်းကြည့်မိတာပါ
    သူက တခြားသင်တန်းတွေလို ၁လ၊၂လလည်းမဟုတ်
    သင်တန်းကာလလည်းကြာတော့ အဲဒါမျိုးအကုန်များနိုင်တာပေ့ါ
    အဓိကကတော့ အဲဒီသင်တန်းကို လူရှိန်အောင်၊ လူထင်ကြီးအောင်တတ်ချင်တာနေမှာပေ့ါအစ်မရယ်

    စကားမစပ် အစ်မတို့စက်ရုံကသူနာပြု အခုစက်ရုံမှာရှိသေးလား
    သူ့အကြောင်း သူဌေးကိုပြောပြီး တခုခုအရေးယူခိုင်းပါလား
    ဒီတိုင်းဆိုမလွယ်လောက်ဘူး 🙄

    • etone

      October 31, 2011 at 1:52 pm

      ဟုတ်တယ် ပန်ပန်ရေ … အစ်မပြောတာ အဲ့ဒါ … ။ အလုပ်သမား မိသားစုထဲကမို့ အလုပ်အတင်းဝင်လုပ်ရမယ် မဆိုလိုဘူး … ။ ကိုယ်တိုင်ကလည်း မရှာနိုင်သေးတဲ့ အချိန်မှာ မမှီတာကို မလှမ်းသင့်တာကိုပြောတာပါ … ။ လိုချင်တာမရလို့ ဖြစ်လာတဲ့ စိတ်က ကြောက်ဖို့ အတော်ကောင်းတယ် … ကိုယ်တွေ့နော် 😉 တကယ်လည်းရရော … ဘာမှလည်း မဟုတ်ပဲ …… ငါအတော်မိုက်မဲခဲ့ပါလား အချိန်တွေ အကြာကြီး စိတ်ဒုက္ခခံခဲ့တယ်လို့လေ …. ။

      နပ်စ်ကတော့ ရှိတုန်းပါပဲ … ။ အမေနဲ့ အဆင်ပြေနေတော့လည်း ပုဂိ္ဂုလ်ရေးအရ … သမီးကို ဆက်ခန့်ထားတာပါ … အမုန်းခံပြီးပြောကြမယ့်လူမရှိသလို .. အလုပ်သမားတွေဘက်ကလည်း အဖြူအပြာဝတ်တာပဲ သိတယ် …သူက သင်တန်းဆင်းဟုတ်မဟုတ် မသိရှာတဲ့အတွက် … ဘာတောင်းဆိုမှုမှ ပြုလုပ်ရကောင်းမှန်း မသိဘူး … ။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်နေတော့တာပါပဲ … ။

Leave a Reply