ဦးကုလားကြီးအသက်ငင်နေတာတော်တော်ကြာပြီ၊ ခုဆိုတစ်လလောက်ရှိရောပေါ့၊ အသက်ကလည်း(70)ကျော်(80)နီးပါး၊ခံစားနေရတဲ့ရောဂါကအဆုပ်ကင်ဆာ နောက်ဆုံး အခြေနေမို့ဆေးရုံကလက်မခံတော့၊အိမ်ပြန်ခေါ်လာခဲ့ရသည်တဲ့၊ ဖုတ်ဝင်နေသလေားလို့အိမ်သားတွေ သံသယ၀င်ပြီ၊ သူ့အိပ်ယာခင်းအောက်ကို သူ့ဖိနပ်ပြောင်းပြန်ထည့်သည်– အသက် ကမထွက်၊ သူအိပ်ယာ ဖျာအောက် ကို သြဇာရွက်ထည့်ကြသည်—- ထိုအသက်ကမဖြုံ၊အိမ်သားတွေ လူနာပြုရစုလို့အိပ်ရေးမပျက် ဖုတ်ဝင်သလားလို့ ထထ ချောင်း ရလို့ပျက်ရပြီ၊ သူ့ခဗျာလည်းမနဲခံစားနေရပြီ။
သူ့သားကြီးဆို လက်ရှိ ရပ်ကွက်ထဲမှာမှာပူပူနွေးနွေးကြံ့ဖွတ်ချုပ်ရေးမှုး၊ ဦးကုလားအတွက်၊ တစ်နေ့တစ်နေ့ကြံ့ဖွတ်အဖွဲ့သားတွေလာလာမေးကြသည်၊ အဖိုးဘယ်လိုလဲ– အဖိုး ဘယ်လိုလည်းပေါ့၊ သူသေလျှင် နာရေးကိစ္စပူစရာမလို ၊ဆရာဝန်မှ တစ်ပတ်သာလိုတော့သည်ဆိုကတည်းကပြင်ဆင်ပြီးသား၊ ဒါပေမည့် အခု(1)လတောင်ရှိရော့မည်၊ သူ့ သား ကြီးခေါင်းစားရပြီ၊ သူ့အဖေတော်တော်ခံစားနေရသည်ကိုး။
အကြောင်းတော့ရှာရတော့မယ်၊ တစ်ခုရှိတာက သူ့အဖေဦးကုလားကြီးသည် သူသေလျှင်မီးရှို့မှာအလွန်တွေးကြောက်သည်၊ဒါလည်းသူတို့ကိုကာယကံရှင် ဦးကုလား ကြီးမှ ပွင့်ပွင့်လင်းလင်းပြောပြီးသား၊မြေမြှုပ်သင်္ဂြိုလ်ရန်လည်းမှာပြီးသား၊သူ့ကိုယ်သူ အဲလောက်ထိပြင်ဆင်ထားသော ဦးကုလာကြီး၊ဘာကြောင့်အသက်မထွက်သေးတာပါလိပ်။
သည်နေ့သူ့မွေးနေ့ထပ်ရောက်ပြန်ပြီ၊ စောင့်ကြည့်ရမည်၊ ည (12)နာရီသာကျော်သွားပြီ၊ ဦးကုလားကြီးကသည်အတိုင်း။ သည်တော့ သူ့သားကြီးက ဆုံးဖြတ် ချက် တစ်ခု မြန်မြန်ချလိုက်ပြီ၊ သူ့အဖေနားတိုပြီး နားနားကပ်ကာပြောရတော့သည်၊ အဖေ– သည်လောက်မခံစားပါနဲ့—- အားလုံးစိတ်ချသွားပါ— အဖေ့စိတ်တိုင်းကျအောင်
သားတို့အဖွဲ့ မှပြင်ဆင်ထားပါတယ်လို့ပြောတော့- အံ့သြ စရာ-အနှီ ဦးကုလားကြီး မိန်းမောနေရာကငေါက်ကနဲ ထထိုင်ပြီး၊ သူ့သားကို မျက်လုံးပြူးကြည့်ရင်းပြောလိုက်ပုံက
—– အဲ အဲ တာ ငါတွေးနေတာ– မင်းတို့ ကူညီရင် ငါ့အုတ်ဂူမှာ——ငါ့နာမည်မတပ်ပဲ– မင်းတို့အဖွဲ့နာမည်ရေးသွားမှာစိုးလို့ပါ ဟူသတည်း။

About ba gyi

ba gyi has written 34 post in this Website..

   Send article as PDF