၂၈/၁၀/၂၀၁၁ ရက်နေ့ ဒဂုံ မြောက်ပိုင်းမြို့နယ် အမှတ်(၄၉)ရပ်ကွက်အတွင်းည(၉)နာရီခန့်က
ကလေးခိုးယူသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်  ကလေးခိုးယူသော သူများမှာ မှန်လုံ တောင်းအေ့ကားဖြင့် လာရောက်ခိုးယူခြင်းဖြစ်ကြောင်းနှင့်လူသုံးဦး ပါဝင်တယ်လို့သိရပါ   ကလေးခိုးယူသွားသည်ကို တွေ့၇ှိသူများပြောကြားချက်အရ ခိုးယူသူမှာ ကလေငယ်အား ပုဆိုးဖြင့် ပတ်ခြုံကာ
ပွေ့ချီ ထွက်ပြေးသည်ကို မသင်္ကာသဖြင့် ရပ်ကွက်က လူများမှ လိုက်လံမေးမြန်းရာမှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်  ထိုသူဟာ ကလေး ကိုချထားခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးစဉ် အမှတ်(၄၉) ရပ်ကွက် စိန်ပန်းလမ်းပေါ်မှ လူအများက အော်ဟစ်လိုက်လံဖမ်းဆီးရာတွင် ကလေးအားချထားခဲ့ပြီး ဒူးယား(၁၀)လမ်း ရေမြောင်း အတွင်းဝင်ရောက် ပုန်းအောင်နေသည်ကိုတွေ့ရှိ
ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့်  ဖမ်းစီးခံရသောကလေးမှာ (၁၀)အောက် ကလေးတစ်ဦးဖြစ်ပြီး သတိကင်းလွတ်နေကြောင်း စကားမပြောနိုင်အောင် မူးဝေစေသည့်ဆေးတစ်ခုခုတိုက်ကြွေးထားသည်ဟု ယူဆရကြောင်း ခလေးသူခိုးနှစ်ဦးကို ရပ်ကွက်မှလိုက်လံဖမ်းဆီးခဲ့ကြောင်းနှင့် ထိုသူနှစ်ဦးမှာလွတ်မြောက်သွားတယ်လို့သိရပါတယ်..။။။
ဖမ်းဆီးရမိသော ခလေးခိုသူတစ်ဦးမှာ ပိန်ပိန်ပါးပါး“ ချင်း” လူမျိုးတစ်ဦးဖြစ်ကြောင်းနှင့်  ရပ်ကွက်မှဝိုင်းဝန်ရိုက်နှက်သဖြင့်  သက်ဆိုင်ရာ လူကြီးများမှ အမှတ်(၄၉) ရပ်ကွက်ရုံးအတွင်းထိမ်းသိမ်းထားစဉ် လုံခြုံရေးတပ်ဖွဲဝင်များရောက်ရှိလာခဲ့ပြီး
စိန်ပန်း လမ်းတစ်လျှောက်များပြားလှတဲ့လူအုပ်ကြီးအား ထိမ်းသိမ်းခဲ့ပါတယ် ရပ်ကွက်မှ လူများက ဖမ်းဆီးရမိသောကလေး
သူခိုးအားရုံးအတွင်မှ ထုတ်ပေးရန် တောင်းဆိုခဲ့သော် လည်းရဲတပ်ဖွဲဝင်များနှင့် ရပ်ကွက်လူကြီးများမှ တားမြစ်ထားခဲ့ပါတယ်။
ယင်းတရားခံအားရဲတပ်ဖွဲဝင်များမှ ခေါ်ဆောင်သွားလျှင် ရပ်ကွက်လူအများ၏ ရန်ပြုခြင်းကိုခံရနိုင်သဖြင့် ရဲတပ်ဖွဲဝင်
တစ်ယောက်အဖြစ် အသွင်ယူခေါ်ဆောင်စဉ် မှတ်မိသော ရပ်ကွက်မှလူများမှ ခေါ်ဆောင်သွားသော ဆိုင်ကယ်အားအုတ်ခဲ
တုတ်များဖြင့် ၀ိုင်းဝန် ပစ်ပေါက်ရိုက်နှက် ကြသဖြင့် ခေါ်ဆောင်ခြင်းမပြုနိုင်ဘဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်..။။
ည(၁၀း၃၀)ခန့် တွင်လုံခြုံရေးနှင့်ထိမ်းသိမ်းရေးတပ်ဖွဲဝင် များရောက်ရှိလာခဲ့ပြီး ရပ်ကွက် မှ လူများအားထိမ်းသိမ်း
နိုင်ခဲ့ပါတယ် သို့သော်(၄၉)ရပ်ကွက် လူအုပ်ကြီးမှာ ဆက်လက်များပြာလာကာ  စိန်ပန်းလမ်းတစ်လျှောက် ပြည်နှက်နေခဲ့ပြီး
ရဲတပ်ဖွဲဝင်များနှင့် ရပ်ကွက်လူထုအကြား တရားခံထုတ်ပေးရေးအတွက် အားစမ်းမှုများပေါ်ပေါက်ခဲ့ပြီး ည(၂း၀၀)ခန်ထိ
စုစည်းနေခဲ့ကြတယ်လို့သိရပါတယ်.။။။

။။။။။။။။။ဘီလူး။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com