သောနုတ္တိုရ်လို လူစား

ခါချဉ်ကောင်ရယ် အင်ကြင်းခက်မှာလ
ခိုဝင်ကာ တမင်ရက်စက်ပါလို့
သုဘဒ္ဒါက ငြှိုးမာန်ဖွဲ့တယ်…
ဆဒ္ဒန်ငယ် အစွယ်ပြတ်ရှာပေါ့
သခင်မကို ချော့ဖို့ဆို
သောနုတ္ထိုရ် သူလိုယောင်္ကျား
စေလိုရာသွား ထားရာမှာနေ
သခင်မ အလိုကျစေဖို့
မျက်နှာလိုရ ဆက်သမယ်လေ…
ဆုလာဒ်တွေ ရစေကြောင်း
နားထောင်းကွပ်နဲ့ အမယ်အို
လှသကို ဆိုဆိုသလောက်
အမောင်လျှောက်ပါတဲ့ မုသား
သူ့နားဝမှာ ချိုလှတယ်…
(အားနာပါတယ် ထိပ်ထား)
တုပပြိုင်လို့ လှနိုင်သူ ရှားပေလိမ့်
ပီတိတွေနှင့် ဖြေသိမ့်ပါလေ…
သုဘဒ္ဒါရယ်လေ ဘဝင်စိတ်ကယ်မှ
မရွှင်စိတ်က လာခိုဝင်
ချစ်ဖူးသမျှကို ဇာတ်ကြောင်းငင်တော့
ပြန်ပြောင်းမြင် ရင်ကွဲရှာ
သောနုတ္တိုရ် လူညိုရိုင်းကြောင့်သာရယ်
နတ်ရွာလမ်းကို မြန်း…။
မသွေတမ်း
ဖေကမ်းလို့ ဆက်ခဲ့တယ်
သေလမ်းက တမင်ပြန်လာ
သခင်မကို သတ်ပါလို့ရယ်
အစွယ်ကို လိုတယ်ဆို အသက်ကိုရင်း
ဆဒ္ဒန်နှင့် စစ်ခင်းပါတယ်
ဆင်မင်းရယ် ပရိယာယ်ကြွယ်လှ
သူ့ဝိညာဉ် သူ့အစွယ်မှာ ကိန်းဝပ်မှသာ
ထိပ်ထားလေးက ပျော်ရှာမယ်
ခုတော့ကွယ် ဒီဇာတ်လမ်း
တစ်ခန်းရပ်တဲ့ မှတ်တမ်းမှာ
သောနုတ္တိုရ်သာ လူကြမ်းပါလို့
(ကွယ်…)
ရင်နာလိုက်တဲ့ ဇာတ်ဝင်ခန်း…။ ။

တောက ကိုရင်
၂၉.၁၀.၂၀၁၁

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…