ဦးဖက်ရဲ့မိန်းမ မကောင်းကြောင်း သောင်းပြောင်းထွေလာ …..

fattyOctober 29, 20111min22929

သီတင်းတော့ကျွတ်ပြီ .။
ရသီဥတုများကလဲသာသာယာယာရှိပြီဆိုတော့မင်္ဂလာပွဲတွေ
လာကြတော့မှာပါ …။
အခုတလောတော့မင်္ဂလာဆောင်ဖိတ်စာများသိတ်မရောက်လာသေးဘူးဗျ။
ရာသီဥတုကလဲပူတာကိုးလို့နော ….။

ဒီဇင်ဘာလောက်ကျမှ တန်းစီပြီးလာကြမယ်ထင်ပါရဲ့ ..။
ဦးလေးဖက်တို့ဇနီးမောင်နှံလည်းဒီဇင်ဘာလကြီးမှာရွေးပြီးမင်္ဂလာ
ဆောင်ကြတာလေ။
ထင်တဲ့အတိုင်းဘဲ မင်္ဂလာလက်ဖွဲ့တွေရတော့ စောင်က တထည်မှပါမလာဘူး။
ပိုက်ဆံကလည်းသိတ်မရှီတော့ ဝယ်မနေနိုင်ပါဘူး
ဒီလိုဘဲ လုံးထွေးပြီးအိပ်လိုက်တာပါဘဲ ..။

မိန်းမများ ရကာစတော့ ဟုတ်တုတ်တုတ် …. ရယ် ..။
နောက်တော့ပေါ်တာပါဘဲ …..။
အတွင်းစိတ်တွေပြောပါတယ် ..။
ရကာစတော့ ငါမိန်းမတစ်ယောက်တော့ရအောင်ယူနိုင်ပြီကွလို့
လူပျိုသိုးတွေရှေ့ တထောင်ထောင်နဲ့ပေါ့ လက်မ ။

ရုံ့းကပြန်လာတော့ မောလာပြီလားမောင် ဆိုတဲ့အပြောလေးနဲ့
ဆီးကြိုပုံလေး …. အမောကိုပြေလို့ ……။
တိုက်ပုံလေးကိုချွတ်ပေးလိုက်သေးတယ် …။
ကျုပ်ကိုက အ တာပါ …။
တနှစ်၂နှစ်လောက်နေမှရိပ်မိတယ် …။
အလကားနေရင်းစေတနာဗလပွနဲ့ချွတ်ပေးတာမှမဟုတ်ဘဲ ..။
တရက်တော့ ကျုပ်တိုက်ပုံကိုယူသွားပြီးအခန်းထဲဝင်သွားတော့ ကျုပ်ကလည်းအမှတ်မထင်ဘာရယ်မဟုတ်
နောက်ကနေတိတ်တိတ်လေးလိုက်သွားမိတယ် ..။
ကြည့်လိုက်တော့ …။
တိုက်ပုံကို ဟိုနမ်းကြည့်ဒီနမ်းကြည့်နဲ့ ……..။
ကျုပ်သိပြီ ဘယ်ကောင်မလေးဆီက အနံ့ပါလာသလဲလို့စစ်ဆေးနေတာဗျို့ …။

ကျုပ်ဖြင့်ရုတ်တရက် အတော်ဒေါသထွက်သွားမိတယ် …။
ပြီးတော့ ဟိုအိတ်နှိုက် ဒီအိတ်နှိုက်နဲ့ အခုခေတ်
ရှောပင်းစင်တာကလုံခြုံရေးတွေ သင်တန်းလာတက်ဖို့တောင်ကောင်းသဗျာ ..။

ငါ့ညီတို့ ငါ့တူတို့စဉ်းစားကြနော ….။
မနေနိုင်လို့ ယူကြမယ်ဆိုရင်လဲ အိမ်ထောင်ပြုတယ်ဆိုတာ
ကိုယ်ကြိုက်တာကိုယ်ရွေးယူသွားလို့ရတာမဟုတ်ဘူးတဲ့နော် ..။
ဒီရုပ်ကြီးကြိုက်လို့ယူရင် ဒီစိတ်ကြီးကပါလာမှာဘဲ ….
ဒါက ဝိပသနာ အမြင်နဲ့ပြောတာပါ …။
မြင်အောင်ရှု နာနာရှု …..။

အဲနောက်ပြီးရှိသေး …..
ရုံးကပြန်လာ စားပွဲပေါ်ဖုံးချပြီးရေချိုးခန်းထဲဝင်သွားပြီဆိုရင် ကျုပ်ဖုံးကိုဖွင့်ပြီး
ဘယ်တွေခေါ်ထားလဲ … ဘယ်ကဖုံးလာသလဲ … inbox ထဲဘာရှိလဲ ရှာသေးဗျား
ကျုပ်မသိတာမှတ်လို့ ….။

ဘယ်ထိဆိုးလဲဆို ကျုပ် account pass ward တောင်မရရအောင်
ကျုပ်သားဆီက ၃၀၀၀ဝ ပေးပြီး ဝယ်သတဲ့ဗျား ..။
ကျုပ်က သားတွေကိုစိတ်ချတယ်လေ
သူတို့ကိုပေးထားပြီး ကိုယ်ရိုက်ရမှာပျင်းရင်သူတို့ကိုရိုက်ခိုင်းတာကိုး …။

ကျုပ်ရုံးက account ကကောင်မလေးတွေကို တကူးတကဖိတ်ပြီး
လက်ဖက်ရည်နဲ့ဧည့်ခံသဗျ။ မိတ်ဆွေဆိုတာပေါင်းထားရမှာပေါ့မောင် နော ….တဲ့။
ပြီးတော့မှ ကျုပ် ဘောနပ်စ်ဘယ်လောက်ရလဲ လခဘယ်လောက်တိုးလဲ ရုံးကဘာတွေရသေးလဲ
အကုန်လုံး ထောက်လှမ်းတော့တာပါကလား …။

တခါတလေ သူမသကာင်္ရင်ဘာလုပ်လဲဆိုတော့ …..
မောင် မောင့်ဘီရိုက ရှုတ်ပွနေတာဘဲ ရှင်းအုံးမှပါဆိုပြီး
ပေါ်တင်ကြီးဗျာ .. ဆပ်ပရိုက်စ် ချက် ဝင်တာ ….
တခုလုံးမွှေတော့တာဘဲ။
ကဲသိပ်အရှည်ကြီးမပြောလိုတော့ပါဘူး အများကြီး အများကြီးကျန်ပါသေးတယ်
ခင်ဗျားတို့သိရင်လည်းဖေါက်သည်ချကြပါအုံးလို့ ……။….။

29 comments

  • fatty

    October 29, 2011 at 3:14 pm

    အကောင်းဆုံးကွန်မင့်ရေးနိုင်သူအား ယောကျာင်္းလေးဖြစ်ပါက ဘီယာအဝတိုက်ပါမည်။
    မိန်းကလေးဖြစ်ပါမူ လက်ဆောင်လှလှလေးပေးပါမည် …….ဟု ။

    • ဆူး

      October 29, 2011 at 5:42 pm

      ဦးဖတ် လက်ချောင်လှလှ ပေးတော့ ကွန်မန်း လှလှ ပေးထားပြီးပြီ.. မလှရင်တော့ အန်တီ စုဖုရားလတ် နဲ့ တိုင်မယ် ရွာထဲမှာ မင်းတုန်းမင်း လုပ်ချင်တဲ့ အကြောင်း အရင်က ဖွ ဖူးတယ်လို့ တိုင်လိုက်မယ်။

  • မှော်ဆရာ

    October 29, 2011 at 3:36 pm

    အော် ဦးဖက်ရယ် …
    ဦးဖက် သူ့ဆီက လွတ်ထွက်သွားမှာ စိုးလို့ ထောက်လှမ်းတာ ဖြစ်မှာပါ …။
    သူစိတ်ဝင်စားစရာ ဦးဖက် တစ်ယောက်ပဲ ရှိနေလို့ လို့လဲ အကောင်းဘက်က မြင်လို့ ရပါတယ် ..။
    ငါ့မိန်းမအတွက် ငါဟာ မရှိမဖြစ်လို့လဲ ကြံဖန် ဂုဏ်ယူမယ်ဆိုရင်လဲ ဖြစ်တာပေါ့ ..။
    လူထူထူဆို ငါ့မိန်းမ အဲဒီလို ငါ့ကို စိတ်မချတာလို့လဲ အခြောက်တိုက် ကြွားရင်လဲ ရရဲ့..
    နောက်ဆုံး ငါကိုစိတ်မချဖြစ်နေတာ ငါ့ရုပ် ငါ့ရေသည် နောက်တစ်ယောက် စမောဆွဲလို့ ရနှိုင်တယ်လို မိန်းမက ယူဆထားလို့လို့လဲ လက်မ ထောင်နှိုင်ပါကြောင်း …….

  • ဆူး

    October 29, 2011 at 4:23 pm

    အခုပဲ မဒမ်ဖတ် ကို ဖုန်းဆက်လိုက်တာ အကြောင်းပြန်တယ် ပြောပုံကတော့…..
    သားတွေကို မုန့်ဖိုးပေးပြီး အကောင့် သိစေတာလားအေ.. ဒီလောက်လွယ်တာအေ့.. ငါက မသိချင်လွန်းလို့ ခပ်ဝေးဝေး မှာနေတာတောင် ညအိပ်ရင် ငါ့ စကားဝှက်က ဘာဘာ ဆိုပြီး အော်နေတာ သိတာပေါ့ နောက်ပြီးတော့လည်း အေ အသက်ကလည်း ထောက်လာတော့ စာလုံးတွေ လက်သွက်သွက်နဲ့ မရိုက်ပဲ လက်ညိုးတချောင်းတည်းနဲ့ ဟိုထောက် ဒီထောက်နဲ့ ရိုက်တာ သိသွားတာနေမှာပေါ့.. နောက်တော့ သားကို မုန့်ဖိုးပေးတာနဲ့ ရောထွေးသွားတာနေမှာပေါ့ ထားပါတော့အေ.. အလုပ်က ကောင်မလေးတွေ မုန့်ခေါ်ကျွှေးတာ အိမ်က အဘိုးကြီးက အသက်ကြီးတော့ တခါတခါ သူများနဲ့ မတူဘူး ဒေါသကြီးတယ် အသက်ကြီးလေ စိတ်ကပို မြန်လာတယ် သူ့စိတ်ပဲပေါ့အေ.. ဒါကြောင့် သူ့ကို စိတ်ကသိကအောက်ဖြစ်ပြီး အများမညိုငြင်ရအောင် အရှေ့က ပေါက်ဆိန်နဲ့ ပေါက်သွားလည်း အနောက်က ပွဲညှက်နဲ့ လိုက်ဖာ သင့်ရင် ဖာရမှာပေါ့.. ငါ တော်လို့ သူ့ အလုပ်မှာ သူ ဘယ်လောက် ဆိုးဆိုး သူ့ နေရာ တည်မြဲနေတာ သူ သတိမထားမိဘူးလေ..
    ဒါမျိုးတွေ ညဉ်းမသိသေးပါဘူးအေ.. ညဉ်းငယ်ပါသေးတယ်…
    ဘီဒိုထဲက ပစ္စည်းတွေကို ဟိုဆွဲ ဒီဆွဲနဲ့ ငှက်သိုက် ကြွက်သိုက် ဖြစ်နေတာ အေ.. ပြော မပြောချင်ပါဘူး ညဉ်း ဦးလေး အကြောင်း ငါမပြောချင်မှ အဆုံးပါအေ.. ဘီဒို ကို ငါမှ မရှင်းရင် ဘယ်လိုဖြစ်မလဲ.. ပိုးဟတ်တွေ ဘာတွေ ပေါက်ပွားပြီး ဟိုကိုက်ဒီကိုက် အပေါက်တွေ ဖြစ်နေရင် ခက်မပေါ့နော်..
    တိုက်ပုံ ယူပြီး ကွယ်ရာမှာ နမ်းကြည့်တာ အကျင်္ ီလျှော်ရသက်သာအောင် လုပ်တာအေ့.. သူက သူ့ အနံ့လေး မေ့သွားမှာ စိုးလို့ နမ်းတယ် ထင်နေတာ ငါကလည်း သိပ်မရှင်းပြချင်တော့ဘူး ချော်လဲ ရောထိုင်ပေါ့အေ သူကျေနပ်ရင် ပြီးတာပဲ မဟုတ်လား အသက်တွေကလည်း ကြီးနေကြပြီလေ ငယ်ပေါင်းတွေ ဆိုတော့ တယောက်နဲ့ တယောက် ကြည်ကြည်နူးနူးနဲ့ အရင်လို သိပ်မချစ်ချင်တော့လို့ နေမှာပေါ့ အဲလို ပြောနေတာ အမှန်က တထည်ကို ၂ရက်ဝတ်တာ အဆင်ပြေရင် ၅ရက် ရရက် အဲလိုမျိုး ဝတ်ခိုင်းတာအေ့ ကြာကြာဝတ်တော့ ရေကုန် ဆပ်ပြာကုန် လူပင်ပန်းလည်း သက်သာအောင် အေ့။ ဟဲ့ ဆူး ငါပြောတာ ညဉ်းဦးလေး မသိစေနဲ့.. အန်တီ က ထိုကဲ့သို့ ပြောသွားပါတယ်။

    • မှော်ဆရာ

      October 29, 2011 at 5:26 pm

      ဟယ် ဂလိုကြီးလား ဦးဖက် …
      ဘယ်လောက်နံနေပလဲ မလျှော်ရင်ရသေးလားကိုချင်လို့ တိုက်ပုံကို နမ်းကြည့်တာဆိုပဲ ….

  • zaymdy

    October 29, 2011 at 5:16 pm

    ဟဟား ဘယ်လို.လုပ်မလည်း ဦးဖက်အမဆူးပြောတာဟုတ်လား ရွာတည်းက လူပျိုလေးတွေ. မိန်းမ ယူဖို. စိတ်ပျက်အောင်တော. မပြောနဲ.နော် လေးဖက်.. 🙂

  • fatty

    October 29, 2011 at 5:19 pm

    ကိုယ့်ဆရာလေးရေ သဝင်တိုခြင်းတိုတာ သမီးရီးစားဘဝမှာတော့အင်မတန်ကြည်နုးစရာပါ ..။
    အိမ်ထောင်သက်ရလာပြီဆိုရင်တော့ အလုပ်ကောင်းကောင်းမလုပ်ရ အပေါင်းအသင်းကြားမှာလဲ အနှောက်
    အယှက်ဖြစ်နဲ့ ကြုံရပါတယ် ..။ တခါကအဖြစ်လေးပါ စစ်တပ်ထဲမှာပါ ..။
    ယောကျာင်္းဖြစ်သူ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတာကို လူရှေ့သူရှေ့မရှောင်သွားပြီး ကောလို့
    ယောကျာင်္းဖြစ်သူက ရှက်ပြီး မိန်းမကိုရော သူ့ကိုယ်သူရော သေနပ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာ
    မျိုးတွေရှိပါတယ် …..။

    • ကြောင်ကြီး

      October 30, 2011 at 3:39 am

      မဒမ်ဖက်က ဦးဖက်ကွန်းမန့်ကို ဖတ်ပြီး ဈေးထဲက သနပ်အစုံ သွားဝယ်ထားတယ်။ ဦးဖက်ဒီည ထမင်းစားရင် ဟင်းပါမှာ မဟုတ်တော့ဘူး။ ထမင်းနဲ့ သနပ်ပေါင်းစုံနဲ့ စားပေတော့။ နောက်မှ ငါ လက်နာနေလို့ စာမရိုက်နိုင်ဘူး ဆင်ခြေမပေးနဲ့။ ပါးစပ်နဲ့ လက်က တခြားစီ..။ 😆

  • windtalker

    October 29, 2011 at 6:52 pm

    ဒီလိုရှိလို ့ထင်တယ်ဗျ
    ဦးဖက် က မဒမ်ဖက်ရှေ ့မှာ အလေးပင်တွေ ဘာတွေ ညာတွေ “မ” ပြ မိသလားမှ မသိတာ
    “ယောက်ျားဆိုတာ ဖွဲတစ်ဆုပ် မနိုင်မှ စိတ်လျှော့တယ် ဆိုကလား ” အဆိုကလေးကလဲ ရှိပြန်တော့
    နောက်ဆို အိမ်မှာ တစ်ခုခု အလေးအပင်ဖြစ်ဖြစ် / ပေါ့ပေါ့ပါးပါး ဖြစ်ဖြစ် ဘာမှ မသယ်ပြနဲ ့တော့ဗျို ့
    လုံးဝ အားအင် ချိနဲ နေတဲ့ ပုံသာ ဖမ်းပစ်လိုက်
    ဟီဟိ

  • padonmar

    October 29, 2011 at 7:31 pm

    တခါက လူတစ်ယောက်ဟာ အိမ်ပြန်လာရင် သူ့မိန်းမကိုသိပ်ရိုက်တာဘဲတဲ့၊
    တစ်နေ့တော့ သူ့ဖာသာ စိတ်ကောင်းလေးဝင်လာပြီး မိန်းမကို မရိုက်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်တယ်။
    အိမ်ကိုရောက်တော့လည်း မရိုက်ဘူးပေါ့ ၊သု့မိန်းမက မရိုက်ပါလား မရိုက်ပါလားနဲ့ တစ်နာရီ နှစ်နာရီ စောင့်လည်းကြည့်ပြီးတော့ အော်ငိုပါလေရော။
    ရှင် ကျွန်မကို ဂရုမစိုက်တော့လို့ အသစ်မြင်လို့ မရိုက်တော့တာ မဟုတ်လားတဲ့။
    ဦးဖက်လည်း မဒမ်ဖက်ကများ မစစ်ဆေးတော့ရင် နေမထိ ထိုင်မသာဖြစ်နေမှာ မြင်ယောင်ပါသေးတယ်။ 😀

  • ပေါက်ဖော်

    October 29, 2011 at 7:47 pm

    မိန်းမတွေမကောင်းပါဘူး ဦးဖတ်ရာ
    အရမ်းချစ်လို ့.သဝန်တိုတယ်ဆိုတာ..လူကြားကောင်းပေမဲ့…
    အချစ်ခံရတဲ့လူက မကောင်းဘူးဗျာ..
    ဟိုမသွားရ..ဒီမသွားရ..ဟိုစစ်ဒီစစ် နဲ ့…ဒီမိုကရေစီကို မရဘူး..
    ပြန်ရန်တွေ ့ရင်လဲ ချစ်လို ့.ပြောတာ..စိတ်ဆိုးစရာလားဆိုတော့ ကိုယ့်အလွန်ဖြစ်ပြန်ကော.
    မိန်းမ ကောင်းကို မကောင်းဘူး..ဂယ်ပြောတာ..

    အန်တီမနောရေ..
    ဒီစာကို ပရင့်ထုတ်ပြီး ဦးဖတ် မူပိုင်ရှင်ကို သွားပို ့ပေးလိုက်ပါလား..
    ပြီးရင်မုန် ့ဖိုးတောင်းခဲ့..
    တားကို တစ်ဝက်ပေး….ဦးဖတ်တီး မသိစေနဲ ့..

    😆

    • Shwe Tike Soe

      October 30, 2011 at 10:59 am

      ဟိုမသွားရ ဒီမသွားရ ဒီမိုကရေစီမရဘူးဆိုတာ ကိုယ်က တော်ကီကောင်းလို.ကတော့ အေးဆေးပါ ကိုပေါက်ဖော်ရယ်.. ဟဲဟဲ

      • ပေါက်ဖော်

        October 30, 2011 at 11:26 am

        ဆာ့ဆီမှာ…တော်ကီကောင်းကောင်းဖုတ်နည်း သင်တန်း လာတက်ဦးမယ်နော့်
        😆

  • fatty

    October 29, 2011 at 9:03 pm

    ဦးလေးဖက်က မိန်းမ မကောင်းဘူးဆိုလို့ မကောင်းဘူးလို့ မလုပ်ကြပါနဲ့ကွယ် ကောင်းတယ်ထင်ရင်
    ကောင်းတယ်လို့ရေးကြပါ …။ ဒါပေတဲ့ အခုမှမင်္ဂလာဆောင်မဲ့သူတွေ ဦးဖက်ကြီးပြောတာမှန်သားဘဲ
    ဆိုတဲ့အချိန်ကြရင် ဦးလေးဖက်တယောက်ရှိချင်မှရှိတော့မှာပါ ….။

  • အီးတီ

    October 30, 2011 at 4:45 am

    အကောင်းဘက်က တွေးကြည့်တာ ပေါ်..ကိုမလာဘူး။ ချစ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့်
    ဦးပေါက်ဖော် ပြောသလို အချစ်ခံရတဲ့လူက သိပ်မနိပ်ဘူးဗျ။ ဘာပဲပြောပြော အပေးအယူတဲ့ တဲ့တချိန်တော့
    ရှိပါတယ်။ ဒါနဲ ့ စကားမစပ် ၃ထိပ် ရေ ကျွန်တော်ဘို ့လဲ မုန် ့ဖိုးပိုတောင်းခဲ့ဗျ။

  • Moe Z

    October 30, 2011 at 10:32 am

    ဦးဖက်စာထဲမှာကို ပေါ်နေပြီ..
    ညားကာစဆိုဘာလုပ်လုပ်လုံးဝ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်ဆိုပြီးတော့
    တစ်နှစ် နှစ်နှစ်လောက်နေတော့ ရိုးသွားပြီးအမြင်တစ်မျိုးပြောင်းသွားတာပဲဖြစ်မှာ 🙂

  • Shwe Tike Soe

    October 30, 2011 at 10:52 am

    အော်ဦးလေးဖက်ရယ် အဲဒါ ကိုယ့်ကိုချစ်တာ လို.ခေါ်တယ်.. ဦးလေးဖက်က အဆိုးဘက်ကတွေးတာပေါ့.. ကိုယ့်ကို ဂရုစိုက်တာလေးကို ဦးလေးဖက် မခံစားတတ်လို.ပါ.. ဟဲဟဲဟဲ..
    အဲဒီလို တွေလုပ်တော့ရော လေးဖက်ကြီး အဲဒီ မောင်မောင်လို. ခေါ်တဲ့သူကို စွန်.ပြစ်ရက်သလားဗျာ.. ဟိဟိဟိ

  • fatty

    October 30, 2011 at 5:32 pm

    စွန့်ရခက်နေလို့ပေါ့ … ကြောင်တို့ ခွေးတို့ ဆိုလဲ ဘုန်းကြီးကျောင်းဝင်းထဲသွားစွန့်ရရဲ့ ..။

  • xman

    October 31, 2011 at 9:00 am

    ဒီပိုစ့်ဖတ်မိကတည်းက ဝေခွဲမရဖြစ်မိတယ်။
    အတည်ပြောရင်ကောင်းမလား ..အပျော်ပဲနောက်ရင်ကောင်းမလားပေါ့..။
    အခုထိတော့ ချစ်စနိုး နောက်ကြတာပဲများလို့ …..ကိုယ်တွေ့အမှန်ပဲပြောပါတော့မယ်။

    မိန်းမမရခင် မင်္ဂလာမဆောင်ခင် ခပ်ဝေးဝေးတုန်းကတော့ တော်တော်တက်ကြွတာ။ စိတ်ထဲမှာလဲ ဘယ်လိုမင်္ဂလာဆောင်မယ် ဘယ်သူတွေဖိတ်မယ် မင်္ဂလာဆောင်ပြီးရင် ဘယ်ကိုဟန်းနီးမွန်းထွက်မယ် ရှေ့ဆက်ပြီး ဘဝကိုနှစ်ယောက်အတူ ဘယ်လိုဖြတ်သန်းမယ်..စသည်…စသည် ဖြင့်ပေါ့…. စိတ်ကူးတွေအမျိုးမျိုးယဉ်မိတယ်။

    တကယ်မင်္ဂလာဆောင်ဘို့နီးလာတော့ မမျှော်လင့်တဲ့ သဘောကွဲလွဲမှု့လေးတွေ မထင်မှတ်တဲ့ ပြဿနာလေးတွေ နဲနဲစတွေ့လာတယ်။ ဒါပေမယ့် မင်္ဂလာဆောင်တော့မယ်လေ။ ဖျက်လို့မရတော့ဘူး။ (ဖျက်လဲမဖျက်ချင်ပါဘူး သဘောပြောတာ)

    မင်္ဂလာဆောင်ပြီးတဲ့နောက်နေ့ကစပြီး ငါမှားပြီထင်တယ် ဆိုတဲ့စိတ်ကလေး တခါတရံဖြစ်လာတယ်။

    နှစ်ဦးသားညှိနှိုှု်င်းရတဲ့ကိစ္စလေးတွေ တွေ့လာလေ အဲဒီစိတ်ကလေးဖြစ်လာတာ များလာလေပဲ။

    သုံးနှစ်လောက်နေတော့ အဲဒီစိတ်ကအလွန်များနေပြီ။ ဒါပေမယ့်ကလေးလဲ ရပြီဆိုတော့ မထူးတော့ပါဘူးပေါ့။

    ခြောက်နှစ်လောက်နေတော့ အရေထူသွားပါပြီ။ ဘာမှလဲ မညှိနှိုင်းချင်တော့ဘူး။ ဘာမှလဲ မကွဲလွဲချင်တော့ဘူး။ ဘာမှလဲ အခြေအတင်မပြောချင်တော့ဘူး။ ဒီတော့ သူလဲသူအဆင်ပြေသလိုနေ၊ ကိုယ်လဲကိုယ်အဆင်ပြေသလို နေဖြစ်သွားတော့တယ်။

    ဒီလိုပြောလို့ သာယာမှု့မရှိတဲ့ အိမ်ထောင်ရေးလို့တော့ မဆိုလိုပါဘူး။ အလိုမကျတာ သဘောမတိုက်ဆိုင်တာတွေကြားမှာပဲ ပျော်စရာ ချမ်းမြေ့စရာလေးတွေလဲ ကြိုကြားကြိုကြား တွေ့ကြုံနေရတာပါပဲ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ရည်းစားဘဝနဲ့ ရှစ်နှစ်နေပြီးမှ အပြန်အလှန်နောကြေအောင်လေ့လာပြီးမှ လက်ထပ်တာပါ။ ပြင်ပ စီးပွားရေး လူမှု့ရေး ဆွေမျိုးရေး ပြဿနာတွေလဲ မရှိပါဘူး။
    ဒါတောင်မှနော်….???

    တခါတုန်းကတော့ မိန်းမရဲ့ သဝန်တိုတာတွေ၊ ချုပ်ကိုင်ချင်တာတွေ၊ ကိုယ့်ဘဝကို အပိုင်စီးထားချင်တာတွေအကြောင်း သူငယ်ချင်းတယောက်ကို ရင်ဖွင့်မိတယ်။ သူငယ်ချင်းက ပြုံးပြီးပြန်ပြောတာကတော့…..
    “မင်းကမိန်မယူထားတာလေ၊ ယောက်ျားယူထားတာမှမဟုတ်တာ။ အဲသလိုပဲဖြစ်မှာပေါ့။ မင်းမိန်းမဘက်မှာရော ဘယ်လိုခံစားချက်တွေရှိမယ်ထင်လဲ…” တဲ့….

    ဦးဖက်ရေ-
    အိမ်ထောင်မကျသေးတဲ့ ညီအကိုတွေကို ဦးဖက်ကိုယ်စား ပြောပြလိုက်ချင်တာကတော့-
    မိန်းမယူရင်ဖြင့် မိန်းမပဲရမှာ ဖြစ်ပါတယ်…လို့။

  • pan pan

    October 31, 2011 at 9:14 am

    အဲဒါ လေးဖက်ကိုဂရုစိုက်လွန်းလို့ပေ့ါ
    အသေးစိတ်ကြည့်ရှုနေတာ
    အကောင်းဖက်ကတွေးတော့လည်း ကိုယ့်ကိုချစ်တော့ စိတ်ချမ်းသာစရာပေ့ါ
    အဆိုးဖက်ကတွေးတော့လည်း စီစစ်လွန်တော့ စိတ်ကျဉ်းကျပ်တာပေ့ါ
    ဘာပဲဖြစ်ဖြစ် အဲဒါလေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ကြား
    ဆွဲဆောင်မှုလေးတွေလို့ ထင်ပါရဲ့
    အမြဲအေးအေးဆေးဆေးကြီးဆိုရင်လည်း ပျင်းစရာကြီးပါပဲ
    လေးဖက်ကို အလွန်အရေးတယူရှိတာကြောင့်လို့ အကောင်းဖက်ကပဲ တွေးလိုက်ပါတော့ဗျို့
    ပြီးတော့ အန်တီမဒမ်ဖက်ဘယ်လောက်စစ်စစ် လေးဖက်က ဘောင်ဝင်နေတာပဲ အေးဆေးအေးဆေး 😀

  • Foreign Resident

    October 31, 2011 at 9:14 am

    ကို x man ရဲ့
    ” မိန်းမရဲ့ သဝန်တိုတာတွေ၊ ချုပ်ကိုင်ချင်တာတွေ၊ ကိုယ့်ဘဝကို အပိုင်စီးထားချင်တာတွေ ”

    မှတ်သားလောက်တဲ့ အဆိုအမိန့် တစ်ခုကတော့
    ယောက်ကျားတွေကတဲ့ မိန်းမအားလုံးဆီကတဲ့ လိုချင်တာက တစ်ခုတည်းတဲ့ ။
    မိန်းမတွေကတော့တဲ့ ယောက်ကျားတစ်ယောက်ထဲဆီကတဲ့ လိုချင်တာက အားလုံးတဲ့ ။

    • parlayar46

      October 31, 2011 at 11:30 am

      ကိုဖေါရင်းပြောတဲ့အဆိုအမိန့်
      “ယောက်ကျားတွေကတဲ့ မိန်းမအားလုံးဆီကတဲ့ လိုချင်တာက တစ်ခုတည်းတဲ့ ။
      မိန်းမတွေကတော့တဲ့ ယောက်ကျားတစ်ယောက်ထဲဆီကတဲ့ လိုချင်တာက အားလုံးတဲ့ ။”

      ခက်တာက ယောက်ျားတွေကျတော့ လိုချင်တာမရကြဘူး..
      မိန်းမတွေကသာ သူလိုချင်တာရကြတယ် ….:(

  • etone

    October 31, 2011 at 10:52 am

    လေးဖက်ရေ … မိန်းမဆိုတဲ့ အမျိုးက ပူပန်တတ်တဲ့ အမျိုးပါ … ။
    လူသိရှင်ကြား ယောကျာ်းယူလိုက်ပြီဆိုကတည်းက သူ့အိမ်ထောင်တည်မြဲဖို့ …ယောကျာ်း အပျော်မရှာဖို့ … ပိုက်ဆံတွေ အလေလွင့်မသုံးဖို့ … ဘယ်ခြေလှမ်းစလှမ်းတယ်ဆိုတာကအစ ခရေစေ့တွင်းကျ သိအောင် လုပ်တတ်တဲ့ အကျင့် မွေးရာပါလာတယ်လို့ ဆိုရမယ် … ။ ဉာဏ်ရှိတဲ့ မိန်းမတွေကတော ့ ဉာဏ်ရှိသလို အလိမ္မာနဲ့ စစ်ဆေးရေး ဝင်ကြတယ် … ယောကျာ်းအလိုက်ကို သိတတ်တဲ့ မိန်းမမျိုးရထားတာ … ကံကောင်းတယ်လို့ ဆိုရမယ် …. ။ ပျက်ဆီးလွယ်တဲ့ ဒီခေတ်ကြီးထဲ …ယောကျာ်းတစ်ယောက်အိမ်မြဲဖို ့ ၊ အိမ်တွင်းရေး သာယာဖို့ … ၊ အိမ်ထောင့်တာဝန်သိတတ်ဖို့ဆိုတာ … သူ့မိန်းမပေါ် အများကြီး မူတည်ပါတယ် …. ။ ဒီပုံအတိုင်းဆို မဒမ်ဖက်က ထက်မြက်တဲ့ မိန်းမ အမျိုးစားထဲကပါပဲ … 🙂

  • fatty

    October 31, 2011 at 4:33 pm

    အင်း … ၃ဝ ကျော် ၄ဝ ကျော် တွေအတွက်တော့ လိုကောင်းလိုပါလိမ့်မယ်လေ …..။
    အရွယ်တွေကောင်းတုန်းကိုးနော ….
    အခုက ၅ဝ ကျော်ပြီဗျ ….။ အဟီး ရွှတ် ရွှတ်……။
    ငိုချင်တယ် သိလား ….. ပြောရင်းဆိုရင်း ……။

  • စုံ စုံ

    October 31, 2011 at 4:53 pm

    မငိုပါနဲ့ဦးဖက်ရယ်
    ဒါဂုဏ်ယူရမယ့်ကိစ္စပါ
    ငါ့မိန်းမငါ့ကိုခုချိန်ထိဟိုးအရင်ကလိုမေတ္တာမျိုးထားနိုင်တုန်းပါလားဆိုတဲ့စိတ်ကလေးထည့်ကြည့်ပါ
    ပျော်ရွှင်လာပါလိမ့်မယ်
    ပြောမယ့်သာပြောရတာဦးဖက်ရယ်
    တချို့ယောကျာ်းတွေကအရမ်းဂရုစိုက်တာကိုမခံနိုင်ဘူးထင်ပါရဲ့
    နောက်အနှစ်၂ဝလောက်ကျရင်လဲကျမအမျိုးသားကအခုဦးဖက်ညည်းပြီးငိုချင်းချသလိုသူလဲ
    ငိုလာတော့မယ်ထင်ပါရဲ့
    နေရာတကာဂရုစိုက်လွန်းတော့ကျဉ်းကျပ်တယ်တဲ့လေ
    အဲ့ဒါကြောင့်ကျမလဲတခွန်းဘဲပြောလိုက်တယ်
    ငါအသက်ရှင်တုန်းမို့လို့နင့်ကိုဂရုစိုက်တာ ငါသေမှနင်ငါ့တန်ဖိုးသိမယ်လို့

  • nature

    October 31, 2011 at 4:55 pm

    ဆရာဖက်မိန်းမ ပေးထားတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ချက်က သေသပ် လှပပါပေတယ်။ ဆရာဖက်ကို လှလှပပလေး ထိန်းနိုင်တယ်ဆိုတော့ တော်တော်လေး ဉာဏ်ပညာ အမြှော်အမြင်နဲ့ ပြည့်စုံပြီး ဆရာဖက်ကိုလည်းတော်တော်ချစ်ပြီး တာဝန်ကြေပြီး အပင်ပန်းခံနိုင်တဲ့ အိမ်ထောင်ရှင်ကောင်း တယောက်လို့ မြင်မိတယ်။ ရွာထဲက အိမ်ထောင်ရှင်များ နဲ့ အိမ်ထောင်ပြုမည့်သူများ ကိုသင်တန်းပေးမယ်ဆို တော်တော်အလုပ်ဖြစ်မယ်။ သင်တန်းဆင်းလာရင် ရွာသားတွေတော့ ဆရာဖက်လိုလိမ္မာသွားလိမ့်မယ်။ 🙂

  • htet way

    November 7, 2011 at 3:41 pm

    သဝန်တိုရင် လင်မယားကွဲမှာပဲ။
    မိန်းမယူရင်စိတ်ညစ်ရမှာပဲ
    ဝယ်စားရင်သိက္ခာကျမှာပဲ
    မရှိမကောင်းရှိမကောင်း
    မပေါင်းတာအကောင်းဆုံး
    ကျွန်တော်မိန်းမဒီထက်ဆိုးသေး။

  • aungnng87

    November 7, 2011 at 4:24 pm

    ဦးဖတ်ရေ..ကျနော်ထင်တာတော့ ဦးဖတ်ရဲ့အမျိုးသမီးဟာ ဦးဖတ်ကိုလဲချစ်ပါတယ်။ ချစ်လို့လဲဂရုစိုက်တာပေါ့။
    ဒါပေမဲ့သူရဲ့ဂုဏ်သိက္ခာအတွက်ပိုပြီးဂရုစိုက်တာလို့ထင်တယ်။ ဒီအရွယ်ကျမှဦးဖတ်က ဖောက်ပြန်တာတွေဘာတွေဖြစ်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ခံစားရမှာက သူ့ဂုဏ်သိက္ခာအတွက်ကပိုရှက်ဖို့ကောင်းတယ်လေ.။ ဒါကြောင့်မဖြစ်ခင်ထဲကမဖြစ်အောင်ကြိုတင်ဂရုစိုက်ထားတာပါ။ ကျနော်ထင်တာနော်.၊မှားရင်စိတ်မဆိုးနဲ့နော်။

  • cobra

    November 7, 2011 at 4:50 pm

    မကောင်းတာတွေပဲမပြောနဲ ့လေ
    ကောင်းတာတွေလည်းပြောဦးမှပေါ့
    အိမ်ထောင်ရှိတဲ့အကိုများအားလုံးမိန်းမယူတာဘာကောင်းတယ်
    ဆိုတာပြောပြကြဦးလေ……..
    ဒါမှကျွန်တော်တို့လိုလူငယ်တွေလည်းယူသင့်မယူသင့်စဉ်းစားလို့ရမှာပေါ့

Leave a Reply