ဉာဏ်ရည်နိမ့်သူ နောက်တစ်ဦး

ကထူးဆန္းOctober 29, 20111min1428

မြန်မာတိုင်း(မ်) အတွဲ ၂၈ ၊ အမှတ် ၅၄၁ (၂၈၊၁၀-၃၊၁၁၊၂၀၁၁) စာမျက်နှာ ၂၆ မှာ “ အဆင့်မြင့်နည်းပညာသုံး အဝတ်လျှော်စက်များ” ဆို တာလေး ဖတ်လိုက်ရပါတယ်။

(၁) ဒီ အဝတ်လျှော်စက်ကြီးက T-Drive Function နဲ့ Filter ပါဝင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့ အဝတ်မနာပါဘူး၊ ခေါက်ရိုးမကျိုး၊ မတွန့်ကြေတဲ့အပြင် လျှော်နေစဉ်မှာ အဝတ်လျှော်စက် အများစုလို အဝတ်တွေကို လုံးထွေးမပစ်ပါဘူးတဲ့။ အလေးချိန်က ကိုးကီလိုဂရမ်။
(၂) ဒီ အဝတ်လျှော်စက်ကတော့ ဟိုတယ်တို့ ဘာတို့ မှာ laundry ပိုင်း သုံးဖို့ပါတဲ့။ ၁၁ ကီလိုဂရမ်တောင်ရှိတာ မို့ ကြီးတယ်ဆိုရမှာပါ။

(၃) ဒီ အဝတ်လျှော်စက်ကတော့ အဝတ်လျှော်တဲ့ အပိုင်းရော ၊ အခြောက်ခံတဲ့ အပိုင်းပါ ပါဝင်ပါတယ်။ လျှော်ပြီး အဝတ်အစားတွေကို အသင့်ဝတ်ဆင်နိုင်ပါတယ်တဲ့။ သူကတော့ ခုနှစ် ကီလိုဂရမ် အလေးချိန်ရှိပြီး ဈေးနှုန်းက ၉၈၉၀၀ဝ ဖြစ်ပါတယ်။

(၄)ဒီ အဝတ်လျှော်စက်ကတော့ လျှော်ရုံသက်သက်ပဲရပါမယ်။၆ ဒသမ ၅ ကီလိုဂရမ်လေးပြီး ဈေးနှုန်းက ကျပ် ၄၃၅၀၀ဝ ပါ။

အထက်က ကျွန်တော် ပြန်ရေးတာ အပြည့်အစုံတော့ မဟုတ်ပါဘူး ။ ညွှန်းချင်တာလေးလောက်ဘဲ ကောက်နုတ်ရေးတာပါ။ အခုလို ဈေးဝယ် အညွှန်း ဖတ်ရတာ ကျေးဇူးတင်စရာပါ။ တစ်ခါတစ်လေ ကိုယ်ဝယ်ချင်တာ လေးတွေ ဘယ်မှာ ရမလဲ အလွယ်တကူ သိသွား တာ ၊ ရွေးချယ်စရာ ဘာ ရှိလဲသိသွားတာ ၊ ဈေးနှုံးလေးတွေ သိရတာ ၊ ဗဟုသုတ ရဖွယ်ရာဖြစ်လို့ အမြဲတန်းလိုလို ဖတ်မိပါတယ်။
ဖတ်ပြီးရင်လည်း မကြာခဏ အစာမကြေဖြစ်ရပါတယ်။ အခုလည်းးးးးး

(၁) ဒီ အဝတ်လျှော်စက်ကြီးက T-Drive Function နဲ့ Filter ပါဝင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့ အဝတ်မနာပါဘူး၊ ခေါက်ရိုးမကျိုး၊ မတွန့်ကြေတဲ့အပြင် လျှော်နေစဉ်မှာ အဝတ်လျှော်စက် အများစုလို အဝတ်တွေကို လုံးထွေးမပစ်ပါဘူးတဲ့။ အလေးချိန်က ကိုးကီလိုဂရမ်။

Filter ဆိုတာကို အကြမ်းအားဖြင့် ရေစစ်သဘော မှတ်ယှုပါတယ်။ အဲ့ဒါတာမှန်ရင်တော့ ဒါ အထူးတလည်ရေးစရာ မဟုတ်ပြန်ပါဘူး။ ရေစစ်ကိုပြောတာမဟုတ်ဘူးဆိုရင် ဘာကိုပြောတာလဲ ဉာဏ်ရည်မမှီတော့ပါဘူး ။ T-Drive Function ဆိုရင်တော့ ဝေလာဝေးပြီပေါ့နော်။ ခေါက်ရိုးတောင်မကျိုး၊မတွန့်ကြေ ဆိုထားတော့ ..အင်း ဒီ T-Drive Function ကြီးက လုပ်တာဘဲ ဖြစ်မှာပါလို့ လူပြိန်းတွေးဘဲတွေးထားလိုက်ပါတယ်။
အလေးချိန်က ကိုးကီလိုဂရမ်တဲ့။

(၂) ဒီ အဝတ်လျှော်စက်ကတော့ ဟိုတယ်တို့ ဘာတို့ မှာ laundry ပိုင်း သုံးဖို့ပါတဲ့။ ၁၁ ကီလိုဂရမ်တောင်ရှိတာ မို့ ကြီးတယ်ဆိုရမှာပါ။

ဉာဏ်မမှီပါဘူးဆိုကာမှ laundry ဆိုတာဘာကြီးပါလိမ့်။ မြန်မာ စကားများ မရှိလို့လား။ အဘိဓာန် စာအုပ်ကြီးထဲ မပါရင်တော့ ဒုက္ခ ဘဲ။ စားပွဲပေါ်က ရှေ့ဆောင် အဘိဓာန်စာအုပ်ကြီး လှန်ကြည့်တော့မှ တွေ့ပါပြီ၊ “ laundry (n) ပင်မင်းဆိုင်” တဲ့ ။ ဪ သဘောပေါက်သွားပြီ။ ဟိုတယ်တို့ ဘာတို့ မှာ ပင်မင်းဆိုင်မှာ သုံးဖို့ကိုး။
ဘာဖြစ်လို့ အင်္ဂလိပ်စာလုံးတွေ ထည့်ထည့် သုံးနေကြလဲ ဉာဏ်မမှီတော့ပါဘူး။
၁၁ ကီလိုဂရမ်တောင် ရှိတာ လည်းမှတ်ထားလိုက်ပါတယ်။

(၃) ဒီ အဝတ်လျှော်စက်ကတော့ အဝတ်လျှော်တဲ့ အပိုင်းရော ၊ အခြောက်ခံတဲ့ အပိုင်းပါ ပါဝင်ပါတယ်။ လျှော်ပြီး အဝတ်အစားတွေကို အသင့်ဝတ်ဆင်နိုင်ပါတယ်တဲ့။ သူကတော့ ခုနှစ် ကီလိုဂရမ် အလေးချိန်ရှိပြီး ဈေးနှုန်းက ၉၈၉၀၀ဝ ဖြစ်ပါတယ်။

ဟန်ကျပါ့။ ထူးဆန်းလို အပျင်းကြီးသူတွေ အတွက်တော့ လျှော်ပြီး အဝတ်အစားတွေကို အသင့်ဝတ်ဆင်နိုင်ပါတယ် ဆိုတော့ မီးပူတိုက်စရာမလိုအသင့် ဝတ်ရုံဘဲ။
သူကတော့ ခုနှစ် ကီလိုဂရမ် အလေးချိန် ရှိဆိုဘဲ

(၄)ဒီ အဝတ်လျှော်စက်ကတော့ လျှော်ရုံသက်သက်ပဲရပါမယ်။၆ ဒသမ ၅ ကီလိုဂရမ်လေးပြီး ဈေးနှုန်းက ကျပ် ၄၃၅၀၀ဝ ပါ။

၆ ဒသမ ၅ ကီလိုဂရမ်ဘဲ လေးပြီး ဆိုတော့ ဒီအဝတ်လျှော်စက် ဘယ်လို သတ္တု သားတွေနဲ့ တည်ဆောက် ထားပါလိမ့် မိန်းမရေ လို့လှမ်းအမေး…….

လမ်းမက မခံသာလောက်တဲ့ ဆူညံသံနဲ့ အင်္ဂလိပ် ရက်ပ်ပါ သီချင်းသံ ကြားလို့ ထွက်ကြည့်တော့ ၊ တစ်ကိုယ်လုံး အဖြူတွေ ဝတ်ထားတဲ့ လူငယ်တွေ ၊ သာသနာ့ အလံထူထားတဲ့ ကင်တာကားပေါ်မှာ စပီကာ အကြီးကြီးတွေတင် တွန့်လိမ်ကောက်ကွေး က ကြကာ မြန်မာ့ရိုးရာ ကထိန်ခင်း ပစ္ခည်းများ ဘုန်းကြီးကျောင်း သို့ ပျော်ပျော်ပါးပါး သွားပို့ ကြတာ မြင်တော့ အင်း..မအပ်စပ်လိုက်တာ၊ ဘာဖြစ်လို့ ဒီလိုဖြစ်ကုန်တာလဲ၊ ဒါတော့ ငါဉာဏ်မမှီတာ မဟုတ် ၊ ငါတို့ခောတ်မဟုတ်တာဘဲလို့ ဖြေဖြေသာသာ တွေးလိုက်ပါတယ်။ဒါကတော့ ကြုံလို့ပြောမိတာပါ။

မိ်န်းမ က “ဘာသားတွေနဲ့ တည်ဆောက်ထားလဲ .မသိဘူးတော်ရေ ၊ မသိဘူး” ဆိုတဲ့ကာလ

ဪ ဂျာနယ်တွေ၊ သတင်းစာတွေမှာ အင်္ဂလိပ်စာလုံးတွေ တိုက်ရိုက်ရေးနေတာ ဒီလိုဘဲ သွားတော့မှာလား၊ သိသူတွေရှိသလို မသိသူတွေ အများကြီး ရှိသေးတယ်ဆိုတာ သတိမထားမိကြတာလား ၊အကြောင်းအရာ တစ်ခု ရေးသှုတွေကလည်း ပြီးပြီးရော ရေးနေ ကြတာလား ၊ ကိုယ်ရေးတဲ့ အကြောင်း ကိုယ်သေသေချာချာသိလို့ရေးတာ ဟုတ်ရဲ့လား၊ကိုယ်သိတော့ သူများလည်း သိမှာဘဲဆိုပြီးရေးလိုက်ကြတာလား ၊ အယ်ဒီတာ ကြီးများက ကော ပြန်မဖတ် မတည်းဖြတ်ကြတော့ ဘူးလါး ၊ လားပေါင်းများစွာနဲ့ ပါဘဲ။

…. ဘာဖြစ်လို့လဲဆိုတော့ ဒီသတင်းမှာ ဖော်ပြထားတဲ့ ကီလိုဂရမ် အလေးချိန်တွေဟာ စက်ရဲ့ အလေးချိန်တွေ မဟုတ်ပါ၊ လျှော်နိုင်သော အဝတ်အထည်များ၏ အလေးချိန် ဖြစ်ပါသည်။ သို့သော် တင်ပြထားပုံဟာ သာမာန် မသိသူ တစ်ဦးဖတ်မိလျှင် စက်၏ အလေးချိန်အဖြစ် အမှတ်မှားကြမည်ဖြစ်လို့ပါ။
သတင်းသမား စာရေးသူများ သတိထားစေချင်သော စေတနာနဲ့ပါ။

8 comments

  • koyinmaung

    October 29, 2011 at 4:49 pm

    အင်…..ဒါလဲဟုတ်တာပါဘဲလေ..

  • ငွေလင်းယုန်

    October 29, 2011 at 5:11 pm

    ဟုတ်တယ် ။
    အခုတချိုု့ ဂျာနယ်တွေမှာတောင် ဖတ်ရင်းက နားမလည်နိုင်တဲ့
    အကြောင်းအရာတွေ ပါတာတွေ့တွေ့နေရတယ် .
    ကိုယ်ပြောချင်တာကို စာဖတ်သူတွေ နားလည်လာအောင်တော့
    ရေးသင့်တယ် .

  • nigimi77

    October 29, 2011 at 9:22 pm

    နို ့နံ ့ မစင်သေးတဲ့ လူတွေ သတင်းထောက် တွေ ရေးတဲ့အခါမှာ….သတိထားမိ သလောက်က

    ဥပမာ…ကိုရီးယား စတားတွေ အကြောင်းကို ရေးတယ် ဆိုပါတော့။

    သူတို ့ရဲ ့နာမည်တွေဟာ မြန်မာ စကားလုံးနဲ ့နီးစပ်အောင် ပေါင်းဖို ့မလွယ်ဘူး။

    ဒါကိုကြည့် …. Song il guk ……သူ ့နာမည်ကို ဂျာနယ်မှာ ရေးထားတာက “ဆောင်းအီဂတ်” တဲ့။

    အမှန်က နီးစပ်အောင် ရေးမယ် ဆိုရင် ” ဆုံ(င်) အီလ်း ဂု(က်) ” လို ့ အသံထွက်တယ်။

    ပြီးတော့ နောက်တစ်ယောက်…… Song Hye Kyo….. အမှန်က ” ဆုံ(င်) ဟဲ ဂရို ” ။

    စတားတွေရဲ ့ နာမည်တွေကို မြန်မာ ပရိတ်သတ် သိစေချင်လို ့ မြန်မာလို အသံထွက်ထားလိုက်ကျတာ

    ကျုပ်ဖြင့် တစ်ယောက်မှကို မသိဘူး။ ဓါတ်ပုံလေး တွဲပါတော့မှ …အော်…ဒါ သူ ့ကို ပြောတာပါလား ဆိုတာ

    မျိုးပေါ့…။ သိရသလောက်ကတော့ နောက်ပိုင်း ဂျာနယ်လ် မဂ္ဂဇင်းတွေ မှာ ရေးတဲ့ အကောင်တွေ

    ကောင်မတွေက လေ့လာမှု အရမ်းအားနည်းတယ်။ သူတို ့ငါ့လောက်မှ သိမှာ မဟုတ်ဘူးဆိုတဲ့ အချိုးနဲ ့

    ရေးချင်သလိုရေးတယ်။ သူတို ့တင်မှ မဟုတ်ဘူး တီဗွီက လာတဲ့ ကကြီး ဇာတ်လမ်းတွဲတွေမှာ ပါတဲ့

    ဘာသာပြန်တွေလည်း တချို ့ အကြောင်းအရာဆိုရင် တကယ့်ကို သောက်တလွဲ ဘာသာပြန်ထားတယ်။

    အဲဒါကို တော်တော် အံ့ဩမိတယ်။ ဇာတ်ကားတိုင်းလိုလို ဖြစ်နေလို ့။

    ဇာတ်ကား အတော်များများက လပြည့်ဝန်း ပလာဇာမှာ ရှိတဲ့ ကကြီး အမျိုးသမီး တစ်ယောက် ဦးစီးတဲ့

    မီဒီယာ တွေကို ဘာသာပြန်ပေးတဲ့ ဆီက ထွက်လာတာဖြစ်ပြီး….ကျန်တဲ့ဟာတွေကတော့ UFL ကနေ

    ကျောင်းလေးပြီးတာနဲ ့ အိမ်မှာပဲ အခန် ့သင့်နေပြီး ဇာတ်ထုတ် တစ်ထုတ်ကို ဘယ်လောက်ဆိုပြီး

    လုံးလုံးကို ဘာသာပြန် ဆရာကြီး ဆရာမကြီးတွေ ပုံစံနဲ ့ရပ်တည်နေတဲ့ ကလေးတွေ ဆီက လာတဲ့

    အခွေတွေပဲ။ ဘာသာပြန် တစ်ယောက်ရဲ ့ခံယူချက်၊ စည်းကမ်း၊ ကျင့်ဝတ် ဆိုတာတွေ ဘာမှ နားမလည်

    ငွေရရင်ပြီးရောဆိုတဲ့ ကလေးတွေ မီဒီယာ လောကမှာ ကြက်ဆူတော ဖြစ်နေတယ်။

    သတင်းထောက်တွေ ၊ ဆောင်းပါးရေးသူတွေလည်း အလားတူပဲ ။

    ပြောချင်တာကတော့ မဟုတ်တဲ့ ဟာကျရင် အတင်းကာရော ဖြဲရဲပြီး ဘာသာပြန် မြန်မာ အသံထွက်တွေ

    ရေး။ ဟုတ်တာကျရင်တော့ အများသူငါ နားလည်စေနိုင်တဲ့ တိုက်ရိုက် ဘာသာပြန်ဆိုမှုမျိုး ဒါမှမဟုတ်

    စတား *** ပြပြီး ပြန်လည် ရည်ညွန်း ဖွင့်ဆိုမှု ဆိုတာတွေလည်း မရှိ။

    ကိုယ်တို ့ခေတ်က I.T ခေတ်လေ ဆိုတာမျိုး ကလေးရော ခွေးရော ပါးစပ်ထဲမှာ ဖောဖောသီသီ သုံးတဲ့

    ပုံစံမျိုးနဲ ့ ဘာကြီးမှန်း မသိတဲ့ စာလုံးတွေကို ကျတော့ သူတို ့ကိုယ်တိုင်ပဲ သေချာမသိလို ့ပဲလား …..

    မူရင်း ဘာသာစကား အတိုင်းကို ထည့်ရေးပစ်လိုက်တော့တာပဲ။

    ဆိုတော့…မြန်မာတွေ ရူးသွပ်နေတဲ့ ကိုရီးယား စတားတွေရဲ ့နာမည်တွေကို ပေါက်ပန်းဈေး အသံထွက်

    တွေနဲ ့ပေါင်းပြမဲ့ အစား နားလည်သူကိုမေးမြန်း၊ အတတ်နိုင်ဆုံး မှန်ကန်တဲ့ အသံထွက်ကို ရေးပြ။

    ဒါမှ မဟုတ်ရင်လည်း အင်္ဂလိပ် စာလုံးပေါင်း အတိုင်းပဲ ရေးပြတာမျိုး။

    အခုနောက်ပိုင်းမှာက မြန်မာတွေ နားလည်လွယ်အောင်လို ့ဆိုပြီး အင်္ဂလိပ် အသံထွက်တွေကို မြန်မာလို

    ပေါက်တက်ကရ ပေါင်းပြီး လုပ်တဲ့ ကြော်ညာတွေ ကို အများဆုံးတွေ ့လာတယ်။

    ဒါဟာ တကယ်တွေးကြည့်ရင် သိပ်ကြောက်စရာ ကောင်းတဲ့ လှိုက်စားမှုတွေပဲ။ ပိုက်ဆံရှိ သားသမီးတွေ

    ဘိုကျောင်းတက်ပြီး ဘိုလို သိပ်ကောင်းလာချိန်မှာ သာမာန် လူတန်းစားတွေ ဘို စကား ဘိုစာ

    ကြောက်စရာ ကောင်းလောက် အောင် ညံ့ဖျင်းလာတယ်။ ဘယ်လိုနည်းနဲ ့မှ အသံထွက်ကို မြန်မာလို

    ပေါင်းပြဖို ့ မလိုအပ်တဲ့ ဟာတွေကို မြန်မာတွေ ဖတ်တတ်အောင် ပေါင်းပြတယ်ဆိုတာ မြန်မာတွေ

    မဆလ ခေတ်ကနေ စပြီး ပိုးစိုးပက်စက် ညံ့ဖျင်းလာတယ် ဆိုတဲ့ ပြယုဂ်ပဲ။

    ဂျပန်တွေလို သေမတတ် အလုပ်လုပ်ပြီး ခံယူချက်ရှိတဲ့ နိုင်ငံမျိုးက သူတပါး ဘာသာ စကားကို သင်စရာ

    မလိုဘူး ဆိုတာက သဘာဝကျတယ်။

    ကြုံလို ့ပြောရရင် ဘုန်းကြီးကျောင်း

    မှာ ဘာသာစကား သင်ကြားတာနဲ ့ပါတ်သပ်လို ့ လေ့လာချင်လို ့ သင်တန်းသား အဖြစ် သွားခဲ့တယ်။

    အဲဒီမှာ UFL ကျောင်းဆင်း အမျိုးသမီးက ဆရာမ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်ကို ခံယူပြီး သင်ပေးနေ

    တယ်။ သူက အပြင်မှာလဲ ကိုရီးယားကို သင်တန်းသား အလုပ်သမား အနေနဲ ့သွားတဲ့ လူတွေကိုလဲ

    သင်တန်းဖွင့် သင်ပေးနေတယ်လို ့သိရတယ်။ သူရေးပြတာက Dog ဆိုတဲ့ အင်္ဂလိပ် စာလုံး အောက်မှာ

    ကိုရီးယားလို 돼지 (ဒွယ်ဂျီ) ဆိုပြီး ရေးပြ သင်ကြားတယ်။ အဲဒီမှာပဲ ပိုးစိုးပက်စက် စိတ်ပျက်ပြီး

    ထပြန်လာခဲ့တယ်။ အဲဒီ သူရေးထားတဲ့ 돼지 (ဒွယ်ဂျီ) ဆိုတာ ” ဝက် ” ပါ။

    ……………………………….
    ကျုပ်တို ့တွေ ဘယ်သူ ့ကို ယုံပြီး ပုံကျမှာလဲ ။ ဒီပုံ အတိုင်းသွားရင် နောက် နှစ် သိပ်မကြာခင်မှာ

    သာမာန်လူတန်းစား မြန်မာတွေ စာစောင်တွေမှာ ပါတဲ့ ဘိုစာလုံးတွေကို မဖတ်တတ်တော့တဲ့

    အနေအထားကို ရောက်လာနိုင်တယ်။ မလိုအပ်ပဲ စာလုံးတွေကို မြန်မာလို ပေါင်းပြ၊ လိုအပ်တာကို

    တော့ မှန်ကန်တိကျတဲ့ ဘာသာပြန်ဆိုမှု တွေ မရှိဆိုတော့။ ဒီတော့ ဘိုလို မဖတ်တတ်တဲ့ အခါကျတော့

    မီဒီယာတွေက ဖြီးဖျန်းသမျှကို အဟုတ်မှတ် ၊ အသိဉာဏ်တွေက ပိုပြီး ခေါင်းပါးလာ။

    ဒီနေ ့နေ ့လည်က MRTV-4 ကြော်ညာ လာတယ်။ သာကေတဖက်က Capital Hyper Mart မှာ

    L***** ကြော်ညာပေါ့။ အဲဒီမှာ Assistant Manger ဆိုတဲ့ အမျိုးသမီးကို MRTV-4 က မေးတာက

    အမတို ့ လုပ်ငန်းကနေ မြန်မာပြည်ကို သွင်းလာတဲ့ ပစ္စည်းက စုစုပေါင်း အရေအတွက် ဘယ်နှစ်ခု ရှိပါ

    သလဲလို ့မေ့တော့ ….အဲဒီ အမျိုးသမီးက …အော်…အင်းး..အဲ.. အမတို ့ဆီမှာပေါ့နော်…..

    Father Choice ထဲမှာ ဆို ရင် Jam လဲ ရှိတယ်ပေါ့နော် ….ဟိုဟာလဲ ရှိတာပေါ့နော် ဒီဟာလဲ ရှိတာပေါ့

    နော်….ဆိုတာတွေကို ပဲပြောသွားပြီး သူ ့ကိုမေးတဲ့ အရေအတွက်ကို လှည့်ပတ်ပြီး လျှော်သွားပါတယ်။

    လူတွေ..လူတွေ ….ကိုယ်စီးတဲ့ မြင်း အထီး အမ ခွဲခြားတတ်ဖို ့ အတော် ပြုပြင်ယူရမယ်။

  • unclegyi1974

    October 29, 2011 at 10:40 pm

    ဉာဏ်ရည်နိမ့်မနိမ့်တော့မသိဖူးကိုထူးဆန်းရေ
    ဂျာနယ်တွေကရေးတဲ့ဆောင်းပါတွေမှာအဲလိုတွေဖြစ်ဖြစ်နေတာတော့အမှန်ပဲ
    သူတို့ကလုံးရေးလိုက်မသိတဲ့သူတွေကအသိဉာဏ်တွေတိုးလိုက်နဲ့အဆင်ကိုပြေနေကြတာ
    အမှန်ကကိုယ်ရေးမယ့်အကြောင်းကိုသေချာသိအောင်တော့ကြိုးစားသင့်တာအမှန်
    ရေးတဲ့သူကရေးပေမဲ့အယ်ဒီတာဆိုတာကြီးကဘယ်ချောင်ရောက်နေပါလိမ့်
    ဟိုးတချိန်ကအယ်ဒီတာဆိုတာအလွယ်မဖြစ်
    ဖြစ်လာရင်လည်းဘယ်ကစမ်းစမ်းညာကစမ်းစမ်း
    အခုအယ်ဒီတာတွေက(အချို့အချို့)အလွန်ရှော်နေတယ်ပြောရင်
    စကိုင်းနက်ကတွေ့ဆုံမေးမြန်းခန်းလုပ်တဲ့ကလေးမလေးတွေကြ
    မျက်နှာသစ်ကလေးများမို့ကြိုပြီးခွင့်လွှတ်ထားပါတယ်ကွယ်

  • TTNU

    October 30, 2011 at 12:05 am

    ရုပ်သံကြော်ငြာတစ်ခုမှာ နားစွန်နားဖျားကြားလိုက်မိတယ်။
    ကြာပါပြီ။
    မြေဩဇာကြော်ငြာထင်ပါရဲ ့။
    ဝဿန ္တ မိုးရာသီမှာ ဘာညာပြောတာ။
    အဲဒီကြော်ငြာတဲ့ ကလေးက ဝသန် တစ်မိုးရာသီ လို့ ပြောတော့
    ကျမ (၃)ခါ(၄)ခါလောက်နားထောင်မိမှ သူဘာပြောချင်တယ်ဆိုတာ
    သဘောပေါက်ခဲ့ရတယ်။

  • ကြောင်ကြီး

    October 30, 2011 at 4:00 am

    Filter ဆိုတာ အဲယားကွန်းထဲက ဖုန်စစ်တဲ့ ဇကာလိုဟာမျိုးကို ပြောတာထင်တယ်။ အခြောက်ခံစက် Dryer အရှေ့ပိုင်းမှာ ပါတတ်တယ်။ အပူပေးစဉ်မှာ အဝတ်ကထွက်တဲ့ ချည်အမှုန်အမွှားတွေ စက်အတွင်းဖက်ထဲ မဝင်အောင် အကာကွယ် ပေးတယ်ထင်တာပဲ။ အဝတ်အခြောက်ခံပြီးရင် အဲဒီဖစ်လ်တာကို မြောင်းထဲက ထုတ်ပြီး ကပ်နေတဲ့ အမှုန်အမွှားတွေကို ရှင်းပစ်ရတယ်။ နို့မို့ရင် နောက်တခါ အခြောက်ခံတဲ့အခါ ပူသင့်သလောက် မပူတော့ဘူး။

  • kai

    October 30, 2011 at 4:42 am

    ကြော်ငြာဆောင်းပါးဆိုရင်တော့..သူ့ ကြော်ငြာသူရေးချင်တာရေး.. လူနားမလည်ရင် လူမဝယ်မှာမို့.. သူပဲကြော်ငြာငွေကုန်သလောက် အကျိုးမခံစားရဘူးပြောရမှာပဲ..။
    အရောင်းကျရင်.. ပိုင်ရှင်က.. ကြော်ငြာဒါရိုက်တာ..ကြီးကြပ်သူအလုပ်အနားပေးရင်ပေး.. သတိပေးရင်ပေး..ရာထူးချရင်ချ..လုပ်ပြိး.. နောက်တယောက်ခန့်ပေါ့..။

    စာမူဆိုရင်တော့…
    အယ်ဒီတာကဏ္ဍအရေးကြီးလာပါတယ်..။
    ဒီခေတ်အယ်ဒီတာတွေ ဘယ်လိုစခန်းသွားနေသလည်းတော့ မသိ..။
    ငွေရှိရင်.. အယ်ဒီတာလုပ်လို့ရပြီ ထင်နေကြသလားထင်ရတာပါပဲ..။
    အယ်ဒီတာတွေ.. စာဘယ်လောက်ဖတ်ဖူးသလည်း.. ဖတ်ထားသလည်း.. ဖတ်နေသလည်း .. မေးခွန်းတွေထုတ်ချင်မိပါရဲ့..။
    အင်း..
    ရယ်စရာ..။

Leave a Reply