ကျွန်တော့….ကျေးဇူးရှင်။။(၃)

ဒီလိုနဲ့ ကျုပ်လဲဆုံးဖြတ်လိုက်တယ် အပြင်မှာ အေးဂျင့် လုပ်နေတာထက်စာရင် ကုမ္ပဏီ တစ်ခု မှာ တည်တည်ငြိမ်ငြိမ်
ထိုင်ပြီးလုပ်တာကောင်းတယ်လို့လဲစဉ်းစားတယ်လေ ဒီအန်တီကြီးရဲ အခြေအနေက ကိုယ်နဲ့ အတူအလုပ်တွဲလုပ်နေ
ချိန်အထိတော့ ဘာမှ ပြဿနာ မရှိပေမယ် နောင် အတူတွဲလုပ်ခါမှ ဘာ်လိုပြဿနာတွေ တွေ့လာမယ် မသိရဘူးဗျ
ဒါပေမယ့် လူတစ်ယောက်ဟာ ထက် ငှက်တစ်ကောင်တောင် သူဥခွံထဲမှာ ကြာကြာမနေ့ပဲ ပြင်ပလောကကိုဖေါက်ထွက်
လာနိုင်ရဲသေးတာပဲ ကျုပ်တို့က လူတွေဆိုတော့ တိုးတက်မယ်ထင်တဲ့လမ်းစ ကိုလိုက်ပါရမှာပဲလေ…။။
““ဟယ်လို..အန်တီလား  ””
““အေး …ငါမောင်ပြောကွဲ့…မင်း အင်တာဗျုးလာမှာလား အန်တီပြောထားတယ်ကွဲ့””
““ကျွန်တော် အခုလာလိုက်မယ် အဆင်ပြေလား ””
““လာခဲ့လာခဲ့ အန်တီ မပြန်သေးဘူး”””
အဲဒီနေ့က စနေနေ့ ဗျ ကျုပ်လဲ ဆုံးဖြတ်ချက်တစ်ခု ချရင်းဖုန်းဆက်လိုက်တာပဲလေ ဒါနဲ့ကျုပ်လဲ ဒီအန်တီကြီးလုပ်ကိုင်ရာ
ကုမ္ပဏီကို သွားခဲ့ တယ် ….ရုံးထဲကိုလှမ်းဝင်လိုက်တယ် ဆိုရင်ပဲကျုပ်ကို ဝိုင်းကြည့်နေကြတဲ့ ရုံးသမ  လေးတွေရဲ့ အကြည့်က ကျုပ်ကိုသနားစရာသတ္တဝါတစ်ကောင်ကိုကြည့်နေကြသလိုမျိုးပဲ တစ်ချို့လူတွေရဲ့ အကြည့်ကတော့ ထောင်ဒဏ်
အနှစ် (၂၅) ကျလို့ တိုက်ပိတ်ခံရတော့မယ့် အကျဉ်းသားတစ်ယောက်ကိုကြည့်နေသလိုမျိုးပဲလေ ကိုယ့်ကိုကိုယ် လိပ်ပြာမလုံခြင်…
““လာလာမောင်လေး ခဏထိုင်အုံး””
““ဟုတ်ကဲ့ ခင်ဗျ””
အန်တီကြီးလဲ သူဘောစိကြီးအခန်းထဲဝင်သွားပြီး ဘာတွေသွားပြောတယ် မသိဘူး ကျုပ်လဲအသာထိုင်စောင့်နေလိုက်တယ်
ခဏနေတော့ ထွက်လာပြီးခေါ်လို့ အခန်းထဲလိုက်ဝင်သွားတော့ အခန်းထဲမှာနိုင်ငံခြားသားတစ်ယောက်ကိုတွေ့ရတယ်
ဒီနိုင်ငံခြားသားကပဲ နာမည်မေးတယ်/အသက်မေးတယ်/ နေရပ်လိပ်စာမေးတယ် သူက အင်္ဂလိပ်လိုမေးတယ် ကျုပ်က ဗမာ
လိုဖြေတယ် မကောင်းပါဘူးလေ အင်္ဂလိပ်လို တတ်သမျှမှတ်သမျှပြောချေမှ ပဲလို့ စဉ်းစားလိုက်တဲ့ အချိန် သူက မြန်မာလို
မေးတယ် ..
““ 1 ကွန်တိမ်နာ အချိန်ဘယ်လောက်လဲ””
““စာရွက်စာတမ်းစုံရင် (၃)ရက်နဲ့ အပြီးထုတ်ပေးမယ်””(အခုတော့ E /Custom စံနစ်ပြောင်းနေသဖြင့်(ရ)ရက်ခန်ကြာနေတယ်ဗျာ) ..စကားချပ်။။
““OK ..ကောင်းတယ်””
““ 20′ ဘယ်လောက်လဲ””
““ နှစ်သောင်း လောက်ကုန်တယ်””
““ 40′ ဘယ်လောက်လဲ””
““ အင်း…. 40′ ဆိုရင်တော့ နှစ်သောင်းငါးထောင်လောက်ကုန်တယ် ””
““လစာ ..ဘယ်လောက်လဲ””
““ ငါးသောင်းပေး””
““မနက်ဖန် working started ရလား””
““မရ ဘူး အလုပ်ထဲမှာလက်စလေးတွေ လုပ်ပေးရအုံးမယ် tue day စဆင်းမယ် ””
““OK  …tue day လာပါ””
ဒီလောက်ပဲဗျ ကျုပ်မှာ အရင် တုန်းကများ shipping section အတွက် အင်တာဗျုးတွေဝင်သမျှ မဟုတ်က ဟုတ်က ပေါက်တတ်ကရ တွေ ဗျူး လုပ်ငန်းအကြောင်းအမပြောရဘူး ကာစတန်ဥပဒေကဘာတွေလဲ စည်ကမ်းတွေက ဘယ်လိုလဲ
အေးဂျင်က ဝင်ငွေဘယ်လောက်ရလဲ မဟုတ်တာတွေလျှောက်မေးတာ ဒီဘောစိကတော့ သူဖြစ်ခြင်တဲ့ အတိုင်းမေးတယ်
သူလိုခြင်တဲ့ပုံစံလုပ်ပေးရင် ရမယ်ပုံပဲ ဗျ အရင့် အရင် အင်တာဗျူးတွေ ခက်သမျှ ဒီဟာကျတော့ လွယ်လှချည်လားပေါ့
အခန်းထဲက ပြန်ထွက်လာတော့ ရုံးသမတွေရဲ့ အကြည်က စူးစမ်းချင်တဲ့ ပုံရတယ် ကျုပ်လဲခပ်တည်တည်ပြန်ထွက်လာတာကို
ခပ်သွက်သွက်စာရေးမတစ်ယောက်က မေးလေရဲ့..။။
““အလုပ်ခန့်လိုက်လား””
ကျုပ်လဲ မရင်းနှီသူဆိုတော့ ““အင်း””လို့တစ်လုံးပဲ ပြန်ပြောလိုက်တယ်လေ..ဒီအချိန်မှာပဲ စောစောက အန်တီကြီးက အဲဒီ
ကောင်မလေးကို မျက်ထောက်နီကြီးနဲ့ကြည့်ပြီး …
““ကောင်မတွေ ရွကိုရွတယ် ငါပြောရင်မကောင်းရှိတော့မယ်””
ကျုပ်လဲ ထိုကောင်မလေးအတွက်အ အတန်ငယ်အားနာမိသွားပေမယ် ဒီကောင်မလေးကတော့ မဖြုံေပေါင် မျက်နှာပေးနဲ့ ဒီ
အန်တီကြီးပြောတဲ့ စကားကို မကြားသလိုလုပ်နေတယ် လေ ပြဿနာက အလုပ်မဝင်ရသေးဘူးစနေပြီလားမသိဘူး ကျုပ်
တောင် ကြားထဲကရှက်မိသလို ခံစားလိုက်ရတယ်လေ….
…………..အင်္ဂါနေ့ ………
ကျုပ် အလုပ်စဆင်းတယ် ရုံးကို(၈)နာရီ တက်တယ် ရုံးခန်းထဲရောက်တော့ ကျုပ်ထိုင်ရမယ့်ခုံက စာရေးမတွေနဲ့
မျက်နှာချင်းဆိုင် ထိုင်ခုံမှာ  ဒီအန်တီကြီးက တော့ မလာသေးပါဘူး ကောင်မလေးတွေဝိုင်းစပ်စုကြတယ် အန်တီကြီးနဲ့
ဘယ်လိုတွေ့တာလဲ /သူနဲ့ တည့်အောင်ပေါင်းသင်းနိုင်တာအံဩကြောင်း/တစ်ကိုယ်လုံးကြောင်သေးနံ့ နံကြောင်း /ရုံးမှာ
တစ်ချိန်လုံးသူတို့အားဆဲနေတတ်ကြောင်း/ဂဂျီ ဂဂျောင် အဖွားကြီးဖြစ်ကြောင်း အတင်းစုံပြောကြ ကျုပ်ကလဲ မရင်းနှီး
သေးတော့ အင်း..အဲ  ..ဒီလောက်ပဲသံရောင်လိုက်ရတာပေါ့  ဒီအချိန်မှာပဲ ““လာနေပြီလာနေပြီ””ဆိုတဲ့အသံနဲ့ စာရေး
မတွေ ဆူညံဆူညံပြောနေသံတွေလဲ ညိမ်ကျသွားပါတော့တယ် …ရေမွှေးသယ် အန်တီကြီးရုံးခန်းထဲဝင်လာတာပါပဲ
သူလွယ်နေကျ စလင်းဘက် ပန်းနက်နုရောင်လေးရယ် ပလစ်စတစ်အိတ်ကြီးရယ် ဆွဲလို့ပါပဲ..
အန်တီကြီးရဲမျက်နှာဟာ တင်းနေပါတယ် ရုံးအဝင်ဝကနေပဲ စာရေးမတစ်သိုက်ကို မျက်စောင်းထိုးပါတယ် သူမှာပါလာတဲ့
အိတ်တွေကို သူစားပွဲခုံပေါ်ကို တမင်သက်သက် အသံမည်အောင်ပစ်ချလိုက်တဲ့ အသံဟာ ကျွန်တော်တောင်လန့်သွားပါတယ်
အိတ်ပစ်ချသံနဲ့မရှေးမနှောင်းမှာပဲ—
““ကောင်မတွေကိုက ဖာသယ်တွေကျနေတာပဲ ရုပ်တွေကိုက ကျက်သရေမရှိဘူး””
““ဗုဒ္ဓေါရေ..ပလိမ်းကြီးပါလားဗျ””
စိတ်ထဲက ပြောမိတာပါ
ကျုပ် နည်းနည်း တွန့်သွားပါတယ်  တွန်သွားပြီးတဲ့အပြင် မျက်နှာဟာ ဘယ်မှာထားရမှန်းမသိအောင်ရှက်သွားမိပါတယ်
ဟိုစာရေးမလေးတွေကတော့ အဆဲခံရတဲ့ စာရေး မတွေတော့ ဘယ်လိုနေတယ်မသိပါ  ဒီမိန်ခလေးတွေ ကြားမှာ
ကျုပ်ယောက်ျားလေးက တစ်ယောက်ထဲဆိုတော့ အားနာလိုက်တာ မပြောပါနဲ့တော့ သူတိုကတော့မလေးမခန့် ပုံနဲ့ သီချင်းငြီးတောင် မပျက်ပါဘူး တစ်ယောက်ကတော့ အဖွားကြီးမမြင်အောင် မေးထိုးမျက်စပစ် ပြပါတယ် ဘယ့်နဲ့လဲဆိုတဲ့
သဘောပေါ့ခင်ဗျာ…။။။အဲဒီကနေ ပွဲစကြမ်းတာပါပဲ….
““ညဉ်း တို့ attadance စာအုပ်တွေပြစမ်း””
စာရေးမလေးတစ်ယောက် စာအုပ် (၅)အုပ်လောက် ယူလာပြီး သူရှေ့ကို ချပေးလိုက်ပါတယ် ကျုပ်လဲ
အစအဆုံးကြည့်နေမိတယ် ကျုပ်အတွက်လဲတော်တော်ထူးဆန်းနေမိတယ် ကုမ္ပဏီတွေက ရုံးတွေမှာဒီလိုပဲလား ဒီလိုဆိုရင်
တော့စိတ်ပျက်စရာကြီး  ရေမွှေးသယ်အန်တီကြီးလဲ   စာအုပ်တွေလှန်ကြည့်ရင် ဘာတွေ့သွားတယ် မသိပါဘူး ကျုပ်ကလဲ
အဲဒီ အချိန်တုန်းက ရုံးလုပ်ငန်းဘာမှ မသိတော့ ဘာဖြစ်တယ် သေချာမသိရဘူးလေ..
““ကောင်မ နင်တို့ကဘာလဲ ထွက်သွားတဲ့လူကို ဆက်ထားနေရအောင် သူ့လစာလိမ်ထုတ်မလို့လား…သူခိုးမတွေ””
ဟာဆော်ကုန်ပြီ အဖွားကြီးတော့ တွယ်ပြီ..
ဟိုစာရေးမကလဲ  နှုတ်သီးကောင်း လျှာပါး ပြန်ပြောလိုက်တာများ ဘာတွေပြောတယ်တောင်လိုက်မှတ်လို့မရဘူး ရန်တွေ
ဖြစ်ကြတော့တာပဲလေ ကျွန်တော်လဲ ဒီအတိုင်းထိုင်ကြည့်နေလိုက်တယ် ဝင်လဲမဆွဲဘူး အန်တီကြီးကတစ်ချက်တစ်ချက်
ကျုပ်ပါ သက်သေ ဆွဲထည့်နေသေးတာကလားဗျ ..။။
““ဒီကောင်မတွေ ဒီလိုခိုးနေကြ တာငါ့မောင်မသိလို့””
ကောင်မလေးက လဲမခံပါဘူး..
““ကျမတို့က ဘာတွေခိုးနေလို့လဲ လူပဲမှားမှာပေါ့ နောက်ပိုင်းပြန်တိုက်စစ်ရင် တွေ့မှာပဲဟာ””
ကျုပ် မှာ“ဟုတ်ကဲ့”ပြောရကောင်းနိုးနိုး “မဟုတ်ဘူး“ပြောရကောင်းနိုးနိုး စိတ်တွေကိုညစ်ရော စိတ်ညစ်ညစ်နဲဒီတိုင်းထိုင်
ကြည့်နေလိုက်တယ်ဗျာ..။။။
(ဆက်ပါအုံးမည်)

6 comments

  • windtalker

    October 29, 2011 at 7:38 pm

    မချော ဆယ်ယောက် ဘီလူး တစ်ယောက် ပါလား ဗျို ့
    အန်တီကြီးကတော့ ခေါင်းဆောင်မင်းသမီးကြီးပေါ့နော်
    ဟီဟိ

  • ပေါက်ဖော်

    October 29, 2011 at 7:53 pm

    ကျေးဇူးရှင် ရေမွှေးသည်ကြီး ဖိုက်တာဘဲဗျာ.
    သူ ့ကို..အလုပ်သမ တွေလဲ တော်တော်ကြောက်ပုံရတယ်..
    တစ်ခွန်းမခံပဲ.အဟအဟ.
    အင်းလေ..ရဲဘော်ဘဲလူးလဲ သူ ့ဆန်စား ရဲရတော့မပေါ့…ကြိတ်မှိတ်ပြီး သေးရေမွှေးလေး ရှူနေရမှာ
    မြင်ယောင်သေး..

    😆

  • မှော်ဆရာ

    October 30, 2011 at 12:11 am

    စိတ်ဝင်စားလာပြီ တစ်ထိုင်ထဲ ပိုစ်သုံးခုလုံး ဖတ်ဘလိုက်တယ်
    ဆန့်ငင် ဆန့်ငင် မလုပ်ပါနဲ့ များများရေးပါ

  • thit min

    October 31, 2011 at 8:54 am

    ကော်မန့်ကို ၂ မျိုးရေးမယ်။
    ပထမတမျိုးက
    ဒါနဲ့များတောင် မိန်းမ မရသေးဘူးနော်။
    နောက်တမျိုးက
    ဪဒါကြောင့် ကိုဘီလူးမိန်းမ မယူတာကိုး။
    ကဲ…….ဖြေ ဘယ်ဟာလဲ?(^^)

  • pan pan

    October 31, 2011 at 11:50 am

    အဟား….
    ရေမွှေးသည်အန်တီကြီးက ကိုဘီလူးကျတော့ အရေးပေးနေပါလား
    ကျန်တဲ့လူတွေကိုတော့ မျက်နှာသာမပေးဘူးနော်
    ကိုဘီလူးမှကိုဘီလူးပဲ
    တစ်ခုတော့တစ်ခုခုပဲဗျို့ 😆

  • nature

    October 31, 2011 at 4:18 pm

    …..““ကောင်မ နင်တို့ကဘာလဲ ထွက်သွားတဲ့လူကို ဆက်ထားနေရအောင် သူ့လစာလိမ်ထုတ်မလို့လား…သူခိုးမတွေ””..
    …““ဒီကောင်မတွေ ဒီလိုခိုးနေကြ တာငါ့မောင်မသိလို့””
    ကောင်မလေးက လဲမခံပါဘူး..
    ““ကျမတို့က ဘာတွေခိုးနေလို့လဲ လူပဲမှားမှာပေါ့ နောက်ပိုင်းပြန်တိုက်စစ်ရင် တွေ့မှာပဲဟာ””…
    အလုပ်ထွက်သွားတဲ့သူကို လစာမှားထုတ်ပေးတာကတော့ မဖြစ်သင့်တဲ့အမှားပါ။ ကြည့်ရတာ ကုမ္ပဏီ လစာကလည်း နည်းမယ်လို့ထင်မိတယ်။

Leave a Reply