သတ်သေ.. နေကြလေသတည်း….။

kaiOctober 30, 20114min20511

အောက်ကသတင်းကို ဖတ်ကြည့်ပါ..။ ဘာသာပြန်ရင်အရသာပျက်နေမှာမို့.ဒီအတိုင်းပဲ..။ အရင်းအတိုင်းပဲ..နော်.။
တိုတိုလေး.. အနှစ်ထုတ်ပေးလိုက်ရရင်တော့..

အိနိ္ဒယမှာ တနာရီ ၁၅ယောက်နှုန်းနဲ့.. လူတွေကိုယ့်ကိုယ်ကိုယ်.. သတ်သေနေကြပါသတဲ့..။
အစိုးရက.. ထရပ်ကားဝယ်ဖို့..အမတော်ကြေး ဒေါ်လာ ၅၀၀ဝလောက် ထုတ်ချေး..။
ပြန်မဆပ်နိုင်တော့.. ဘေးက ရွာသားတွေက.. ဝိုင်းချွတ်..။
ကာယကံရှင်က.. အရှက်ရပါတယ်ဆိုပြီး.. ကိုယ့်ကိုယ် သတ်သေ..
ဇတ်လမ်းက ဒီလောက်ပါပဲ..။

အိနိ္ဒယပြည်က မနှစ်က လူ ၁၃၅၀၀ဝ သတ်သေတာမို့.. လူ ၁.၂ဘီလီယံရှိတဲ့ အထဲ.. ၅.၉ ရာခိုင်နှုန်း သတ်သေခဲ့တာတဲ့..။
လူတရာလမ်းလျှောက်နေရင်.. တနှစ်မှာ အဲဒီထဲက ၆ယောက်လောက်က.. သတ်သေမဲ့သူတွေနော်..။
သတ်သေကြတဲ့.. နှုန်းမြင့်ပြည်နယ်တွေက.. အိနိ္ဒယတောင်ပိုင်း.. (သက်သတ်လွတ်တွေများတဲ့ ဒေသတွေ) ဖြစ်တဲ့..
southern Indian states of Kerala, Tamil Nadu, Andhra Pradesh and Karnataka ပြည်နယ်တွေတဲ့..

မြန်မာပြည်က ချစ်တီးတွေ အနေများတဲ့ ပြည်နယ်တွေလို့.. ယူဆမိတာပဲ..။ ကိုလိုနီခေတ်က.. အင်္ဂလိပ်က.. မြန်မာပြည်က လယ်သမားတွေကို.. ငွေချေးပေးဖို့လုပ်ရာမှာ.. တိုက်ရိုက်မလုပ်ပဲ.. တဆင့်ခံချင်တာမို့.. အိန္ဒိယတောင်ပိုင်းသားတွေ..(ချစ်တီးတွေ..)အင်ပို့လုပ်ပြိး.. ငွေချေးခဲ့တာကိုး…။
( မြန်မာရှေးစွန်းစွဲတွေရဲ့.. လေသံနဲ့ဆို… အခုမှ ချစ်တီးတွေ ဝဋ်လည်နေတယ်ပေါ့..) 😆

မြန်မာအစိုးရက ဆင်းရဲမှု ပပျောက်ရေးဆိုပြီး.. ဆင်းရဲသားတွေကို ငွေထုတ်ချေးနေရင်.. ဘာတွေဖြစ်လာနိုင်မလည်း.. ချိန်ထိုးတွေးနိုင်ကြဖို့ပါပဲ..။
အကြွေးရဆင်ဝယ်စီးမယ် ဆိုတဲံ အတွေးအခေါ်လွှမ်းမိုးတဲ့ ခေတ်ချိန်ခါ..။
ဒီဘဝမဆပ်ရှင်နောင်ဘဝဆပ်မယ်..။ နောင်ဘဝကအကြွေးရှိလို့.. ဒီဘဝဆပ်ရတယ်ဆိုပြီး.. တာဝန်မယူ.. ဟိုဖက်ဘဝ..ဒီဖက်ဘဝ..လွှဲပြောင်းတာဝန်ပုံချတတ်တဲ့..  ၃ကိုယ်ခွဲများရဲ့ တိုင်းပြည်…။

လုပ်အားထည့်အလုပ်လုပ်ရင်း ရတဲ့ငွေထက်.. ပွဲစားလုပ်.. ပွိုင့်ရိုက်.. ဆရာလုပ်.. တပည့်ခံ.. လာဘ်ပေး.. လာဘ်ယူ..။ လောင်းကစား.. ချဲ..၂ခုံး..၃လုံးတွေ ချစ်ကြ..ကြိုက်ကြသူများတဲ့.. တိုင်းပြည်…။

ဒီအကြောင်းလေ… အခြေထားပြီး..Brainstorming လုပ်ကြည့်မလား…. လို့..။

Government says 15 suicides an hour in India

By NIRMALA GEORGE – Associated Press | AP – Fri, Oct 28, 2011

NEW DELHI (AP) — Ram Babu’s last days were typical in India’s growing rash of suicides.

The poor farmer’s crop failed and he defaulted on the $6,000 loan he had taken to buy a tractor. The bank’s collectors hounded him, even hiring drummers to go round the village drawing attention to his shame.

“My father found it unbearable. He was an honorable man and he couldn’t take the humiliation. The next day he hanged himself from a tree on his farm,” his son Ram Gulam said Friday.

Babu’s suicide went unreported in local newspapers, just another statistic in a country where more than 15 people kill themselves every hour, according to a new government report.

The report released late Thursday said nearly 135,000 people killed themselves in the country of 1.2 billion last year, a 5.9 percent jump in the number of suicides over the past year.

The suicide rate increased to 11.4 per 100,000 people in 2010 from 10.9 the year before, according to the statistics from the National Crime Records Bureau.

Financial difficulties and debts led to most of the male suicides while women were driven to take their lives because of domestic pressures, including physical and mental abuse and demands for dowry.

A 2008 World Health Organization report ranked India 41st for its suicide rate, but because of its huge population it accounted for 20 percent of global suicides.

The largest numbers of suicides were reported from the southern Indian states of Kerala, Tamil Nadu, Andhra Pradesh and Karnataka, where tens of thousands of impoverished farmers have killed themselves after suffering under insurmountable debts.

The loans — from banks and loan sharks — were often used to buy seeds and farm equipment, or to pay large dowries to get their daughters married. But a bad harvest could plunge the farmer over the edge.

Sociologists say the rapid rise in incomes in India’s booming economy has resulted in a surge in aspirations as well among the lower and middle classes, and the failure to attain material success can trigger young people to suicide.

“The support that traditionally large Indian families and village communities offered no longer exists in urban situations. Young men and women move to the cities and find they have no one to turn to for succor in times of distress,” said Abhilasha Kumari, a sociology professor in New Delhi.

___

Associated Press Writer Biswajeet Banerjee contributed to this report from Lucknow, India.

11 comments

  • koyinmaung

    October 30, 2011 at 3:49 am

    အလုပ်လုပ်နိုင်တဲ့အခွင့်အလမ်း လုပ်ကွက်များများဖန်တီးပေးမထားဘဲ
    ငွေထုတ်ချေးလို့ကတော့ စားပစ်တာနဲ့ဘဲကုန်မှာပါ
    ပြန်လဲဆပ်နိုင်မှာလဲမဟုတ်ပါဘူး…

  • ကြောင်ကြီး

    October 30, 2011 at 4:09 am

    ဒဂျီးကလည်း ၅.၉% မနှစ်ကထက် ပိုများလာတာပါ။ လူဦးရေရဲ့ ၅.၉% သတ်မသေပါဘူး။ သန်းတထောင်မှာ ၁%တင် ၁ဝသန်းဖြစ်နေပြီ၊ ဝ.၁%သည် ၁သန်း၊ ၁၃၅၀၀ဝဆိုတာ လူဦးရေ သန်းတထောင့်နှစ်ရာကျော်ရဲ့ ဝ.၀၁%သာသာလေးပဲရှိပါတယ်။ စစ်တပ်ဒလျှိုလို့ မပြောရဘူး၊ တစိတ်ဆို တအိတ်လုပ်တယ်။။ နောက်ဆို သဂျီးပြောတာရဲ့ ငါးဆယ်ပုံတပုံပဲ ယုံကြပါဗျို့..။

    မှတ်ချက်။ စစ်ကျင့်စစ်ကြံနဲ့ စာပြင်မယ် မကြံနဲ့ သဂျီး။ အထောက်အထားနဲ့ ပြောတာ။ 😎
    “အိနိ္ဒယပြည်က မနှစ်က လူ ၁၃၅၀၀ဝ သတ်သေတာမို့.. လူ ၁.၂ဘီလီယံရှိတဲ့ အထဲ.. ၅.၉ ရာခိုင်နှုန်း သတ်သေခဲ့တာတဲ့..။
    လူတရာလမ်းလျှောက်နေရင်.. တနှစ်မှာ အဲဒီထဲက ၆ယောက်လောက်က.. သတ်သေမဲ့သူတွေနော်..။”

    • kai

      October 30, 2011 at 4:16 am

      မွှားတဲ့အခါလည်း.. မွှားပေမပေါ့..။
      5.9 percent jump ..ကိုရင်ကြောင်ကြီးစကားအတိုင်း.. ခုန်လိုက်ပါနော..။
      စာဖတ်သူတွေကို.. တောင်းပန်ပါတယ်..။ 😆

      သတင်းရဲ့… မူရင်းလင့်ခ်.
      http://news.yahoo.com/government-says-15-suicides-hour-india-081117712.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2011 at 8:26 am

    ဘာဆန်းလဲသဂျီးမင်းရယ်
    အဲ့ဒါက သူတို့တိုင်းပြည်မှာဘဲ
    ကိုယ့်တိုင်းပြည်မှာကတော့ မပေးနိုင်လို့ကတော့ ငြီးပြမယ်
    အကြွေးတောင်းတဲ့ တာဝန်ခံကို နည်းနည်းပါးပါးပေးပြီးအချိန်ဆွဲမယ်
    နောက်ဆုံး
    ပေးဘူးကွာဘာဖစ်လဲပေါ့
    ဟိုက စာချုပ်အတိုင်းဟိုဒါသိမ်းဒီဒါသိမ်းတော့လည်း
    ဒီမိုကရေစီဖက်ပြန်လှည့်ပေါ့
    ဒါလေးများ

  • ပေါက်ဖော်

    October 30, 2011 at 9:41 am

    နောင်ဘဝမှာ ဆပ်ချင်လို ့ပါဆိုပြီး..
    အကြွေးရှင်ပါ တစ်ခါတည်းခေါ်သွားရမှာ..
    😆

  • windtalker

    October 30, 2011 at 11:39 am

    တော်သေးတယ် ။ ဒီလူတွေ အာဖဂန် တို ့အီရတ် တို ့ကို မရောက်တာ ။

  • manawphyulay

    October 30, 2011 at 11:42 am

    ဒီလိုသာ မပေးနိုင်လို့ သတ်သေကြမယ်ဆိုရင် ဒီမှာတောင် ပိုများနေမလားမပြောတတ်ဘူး။ လက်လှုပ်မှပါးစပ်လှုပ်ရမယ့်ဘဝတွေအတွက် ရုန်းကန်နေကြတာတွေ တစ်ပုံကြီးပါပဲ။

  • ဆူး

    October 30, 2011 at 1:11 pm

    တလောကတော့ ကြားမိတယ် ရပ်ကွက်လူကြီးတွေ အလုပ်များနေတာ ငွေထုတ်ချေးနေလို့ဆိုလား..
    အခုတော့ မသိဘူး။
    ငွေချေးတဲ့ ပုံစံက လူ ၅ယောက်စုပြီး ၅သောင်းထုတ်ပေးတယ်။ တယောက်ကို ၁သောင်းနှုန်းပဲ ရတာပေါ့။ တလကို တယောက်ကို ၂၀၀ဝ နှုန်းနဲ့ ပြန်ဆပ်ရတယ်။ ၅ယောက် တူတူ တွဲပြီး ထုတ်ထားလို့ လကုန်ရင် ၅ယောက်ထဲက အဖွဲ့ခေါင်းဆောင်က ၂၀၀ဝ ကို မရမက တောင်းပြီးတော့ ၁သောင်းတိတိ ရပ်ကွပ်ရုံးကို အပ်.. ၅လ ဆပ်လိုက်ရင် အကြွေးကြေသွားပြီ ဆိုတာနဲ့ နောက်တခါ ထပ်ပြီး ၅သောင်း ထပ်ထုတ်လို့ရတယ်။ ၅ယောက် အုပ်စုထဲမှာလည်း မဖြစ်မနေ တစ်ယောက်မကျန် စုပြီး ပြန်ဆပ်ရတယ် မဆပ်နိုင်ရင် ကျန်တဲ့ လူတွေက တာဝန်ယူရတယ်။ အဲလိုတော့ ကြားတာပဲ အခုတော့ ရှိသေး မရှိသေး မသိပါဘူးကွယ်။

  • etone

    October 31, 2011 at 9:17 am

    အံမယ် … သတ်သေတဲ့ လူတွေများ … ကြံရာမရလို့ ၊ စိတ်ဓါတ်ပျော့ညံ့လို့ ကိုယ်လွတ်ရုန်း တစ်ဘဝစာ ခဏတာ ထွက်ပေါက်ရှာတယ် ထင်သလား … ။ အလွန်သဘောထားကြီးလွန်းတဲ့ လူမျိုးတွေပါ 😆
    ကမာ္ဘပေါ်မှာ လူသားသန်းပေါင်း ခြောက်ထောင်ရှိရာကနေ … လူသား သန်းပေါင်း ခုနှစ်ထောင် ပြည့်တော့မှာဖြစ်တဲ့အတွက် နောက်လူတွေ ခြေချစရာလေး ….. သဘောထားကြီးကြီး ထားပေးတဲ့လူ အမျိုးစားတွေပါ 😀

    ဒီရာစုနှစ် အကုန်မှာတော့ … လူသားသန်းပေါင်း တစ်သောင်းကျော်ထိ တိုးပွားလာမယ် ခန့်မှန်းတဲ့အတွက် … မြန်မာနိုင်ငံမှာလည်း ချေးငွေတွေချပေးတော့မယ်ဆိုတော့ … တဖက်တလမ်းက ကမာ္ဘကြီးကို ကူညီလိုက်တာပါပဲ 😀 😀

  • weiwei

    October 31, 2011 at 9:31 am

    သတ်သေတယ်ဆိုတာ အရှက်ကို အသက်နဲ့လဲကြတာ မဟုတ်လား …
    အရှက်ရှိမှသာ လုပ်တဲ့အလုပ်မို့ အရှက်မရှိတဲ့သူတွေအတွက် မဟုတ်ဘူးလေ … 🙂
    မြန်မာပြည်သူပြည်သားတွေအတွက် စိုးရိမ်တော်မမူပါနဲ့ သူကြီးမင်း …. 😛

  • Endless

    October 31, 2011 at 11:03 am

    တကယ်က ငွေ ထုတ်ချေးတာထက်စာရင် ငွေရှာနည်း သင်ပေးရမှာ … Rich Dad, Poor Dad ထဲမှာတော့ ဗိုက်ဆာနေတဲ့ လူကို ငါးတစ်ကောင် ပေးလိုက်ရင် ချက်ချင်းစားပလိုက်မယ် ပီးရင် မရှိတော့ဘူး၊ သူ့ကိုငါးမျှားနည်း သင်ပေးရင်တော့ တသက်လုံး စားလို့ ရမယ် လို့ ပြောထားပါတယ် သဂျီး ….။
    ဗမာ တွေ မညံ့ပါဘူး … သင်ပေးလိုက်စမ်းပါ… ကြိုးစားကြပါလိမ့်မယ် 🙂

Leave a Reply