သဂျီးရေ သောက်သောက်…..DaJyee gets drinking

ရ ရထားကြီး ပင်စင်ခရီး သန်းတထောင်ကျော်တီး

နယူးယောက်မြို့နဲ့ Long Island ဒေသတဝိုက် ပြေးဆွဲတဲ့ ဒေသဆိုင်ရာ အစိုးရတပိုင်း LIRR ရထား ကုမ္မဏီ အငြိမ်းစားရံပုံငွေ ဒေါ်လာသန်းတထောင်ကျော် အလွဲသုံးစားမှုကြီးကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ စုံစမ်းစစ်ဆေး နေပါတယ်။ သဂျီးရဲ့တိုင်းပြည်မှာလည်း ဒီလိုမျိုးရှိပါ ဂလားလို့ သံဝေဂ ယူမိပါတယ်။ အစိုးရ ကောင်းရင် အုပ်ချုပ်ပုံစနစ် မှန်ရင် တိုင်းပြည် တိုးတက်တယ် သဂျီးရေ၊ လူထက်မူ အရေးကြီးတယ်။ စပါးလုံး တထောက်လောက် ကြည့်ပြီး ဘာသာတရားကို အရမ်းမစွတ်စွဲနဲ့။ အခုလို ပြသနာမျိုးတွေ အများပြည်သူနဲ့ ဆိုင်တဲ့ ဌာနတိုင်းလိုလိုမှာ ရှိတယ်။ လုပ်ပုံလုပ်နည်း ဖြစ်ရပ်တွေသာကွာမယ်။ စီးပွားရေး ကော်ပိုရေးရှင်းတွေ အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းဌာနတွေအားလုံး သူ့ဂွင်နဲ့သူ။ အစိုးရ ချွတ်ခြုံကျမှ ယိုပေါက်တွေ လိုက်ပိတ် ရင်းနဲ့ပေါ်ကုန်တာ။ စနစ်မှန်ရင် ထွက်ငွေထက် ဝင်ငွေသာတယ်၊ အဆိုးထက် အကောင်းပိုတယ်၊ ဒါနဲ့ပဲ တော်ရုံ တန်ရုံ ချို့ယွင်းချက်တွေကို ဖာထေးသွားလို့ရတယ်။ မြန်မာပြည်မှာ စနစ်ပျက်လို့ အရာရာအားလုံး freefall အထိန်းကွပ်မဲ့ ဒလဟော ပြုတ်ဆင်းကျသွားတာ။ မောရတာ ပြောတယ်…ဟူး။ 🙄
အကျဉ်းချုပ် လိုရင်းဘာသာပြန်ရရင် ရာပေါင်းများစွာသော Long Island Rail Road ရထားကုမ္မဏီ အမှုထမ်းများ မသန်မစွမ်း ပင်စင်လစာနဲ့ စောစီးစွာ အငြိမ်းစားယူဖို့ ဆရာဝန်များနဲ့ ပေါင်းလိမ်ခဲ့တာ ဒေါ်လာ သန်းတထောင်ကျော် နိုင်တယ်၊ မသန်မစွမ်း အငြိမ်းစားလစာယူထားသူအချို့ဟာ ပုံမှန် တင်းနစ်၊ ဂေါက်ရိုက်၊ နှင်းကြုံး၊ နာရီများစွာ ကာယအားကစား လေ့ကျင့်တာ အာဏာပိုင်များ ဖော်ထုတ်တွေ့ရှိသည်။ orthopedists နှစ်ဦး၊ အလုပ်သမားသမဂ္ဂ အရာရှိဟောင်းတဦး အပါအဝင် စုစုပေါင်း လူဆယ့်တဦးတို့ကို နိုင်ငံရဲ့ အကြီးဆုံး ခရီးသွားရထားလိုင်းအား ဆယ်စုနှစ်တခုကြာ လိမ်လည်မှုအတွက် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်လိုက်သည်။
မသန်မစွမ်းပင်စင်ဟာ လူလိမ်တွေအတွက် လုပ်ပေးထားတာ မဟုတ်ပေမဲ့ အငြိမ်းစားယူလိုက်သူတိုင်း လုပ်ချင်သလို လုပ်လို့ရတဲ့ ကစားပွဲ ဖြစ်နေတယ်လို့ နယူးယောက် FBI စုံထောက် အကြီးအကဲမ ှပြောသည်။ အမှုထမ်း ရာပေါင်းများစွာဟာ ပင်စင်ငွေ ပိုမိုရရှိဖို့ မသန်မစွမ်းတော့ဘူးလို့ အသက် ၅ဝနဲ့ ၆၅နှစ် အကြားမှာ လိမ်ညာတင်ပြခဲ့ကြသည်။ နို့မိုရင် သူတို့ဟာ သက်ပြည့်ပင်စင်ကိုသာ ရရှိခံစားရမည်ဖြစ်သည်။ ပင်စင်လစာနဲ့ မသန်မစွမ်း ခံစားခွင့်ပေါင်းပြီး တနှစ်လျင် ဒေါ်လာ တသိန်းငါးထောင် ရတဲ့ အငြိမ်းစားအင်ဂျင်နီယာတဦးသည် လက်၊ ဒူး၊ ပုခုံးနဲ့ နောက်ကျော နာကျင်မှု ဝေဒနာ ခံစားနေရတယ်လို့ ပြောပေမဲ့ တင်းနစ်၊ ဂေါ့ဖ် မကြာခဏ ကစားတယ်လို့ အမှုတွင် ဆိုထားသည်။
နောက်ဝန်ထမ်းဟောင်း တဦးကတော့ အလုပ်မှာ ကွန်ပြူတာသုံးရလို့ လည်ပင်း၊ ပုခုံး၊ လက် တို့မှာ နာကျင်မှု ခံစာရပြီး ငါးမိနစ်ထက် ပိုရပ်လျင် ခြေထောက်နာသည်ဟုဆိုသည်။ သူမကို နှင်းတောထဲမှာ တနာရီခွဲ လောက်ကြာအောင် နှင်ကြုံးတာ ထောက်လှမ်းတွေ့ရှိရသည်။ သူမ၏ ပင်စင်နှင့်မသန်မစွမ်းကြေးမှာ တနှစ်လျှင် ဒေါ်လာ တသိန်းရှစ်ထောင်နီးပါး ဖြစ်သည်။
ပင်စင်လစာကို နောက်ဆုံးလုပ်သက် ငါးနှစ်၏ လစာပေါ်မူတည် တွက်ချက်သောကြောင့် မသန်မစွမ်း ပင်စင်ယူသူ အများအပြားသည် ထိုအချိန်အတွင်း ပုံမှန်မဟုတ်ဘဲ အချိန်ပို မတန်မဆ လုပ်ပြကြသည်။ အသက် ငါးဆယ်ပြည့်လျင် ပင်စင်ယူခွင့်ပေးသော ကုမ္မဏီမူဝါဒကြောင် မသန်မစွမ်းပင်စင်ယူရန် ကြိုးပမ်းမှုများ အလွန် များပြားရသည်ဟု ရထားကုမ္မဏီ၏ ပင်စင်စနစ်ကို အမှုတိုင်ချက်တွင် တစိတ်တပိုင်း အပြစ်တင်ထားသည်။ ရိုးသားမှု မရှိသော ဝန်ထမ်းများသည် ကျန်းမာရေးမကောင်းဟု လိမ်ညာ၍ အလုပ်လုပ်မှရမည့် လစာငွေနှင့် နီးပါးမျှသော အငြိမ်းစားလစာကို ပင်စင်သက်မပြည့်မှီ ခံစားကြသည်။
၂၀၀၈ခုနှစ် မတိုင်မှီအထိ မသန်မစွမ်း ခံစားခွင့်လျောက်လွှာ ၈၆%တွင် ဆရာဝန်သုံးဦး၌ တာဝန်ရှိပြီး ၎င်းတို့အနက် တဦးမှာ ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ဆရာဝန်တဦးသည် ၁၉၉၈ -၂၀၀၈ခုနှစ်အတွင်း အနည်းဆုံး ဝန်ထမ်း ၈၃၉ဦးအား မသန်မစွမ်း ခံစားခွင့် ထောက်ခံချက် ပေးခဲ့သည်။ ဆရာဝန်များသည် ဆေးဖက်ဆိုင်ရာ စမ်းသပ်မှုများနှင့် ဆေးဝါးကုထုံးများ မလိုအပ်ဘဲ လုပ်ခဲ့ပြီး လူနာတဦးလျင် ဒေါ်လာ ၈၀ဝမှ ၁၂၀ဝ အကြား အခကြေးငွေ ယူခဲ့သည်။ ဆရာဝန်များက လူနာဝန်ထမ်းများ အလုပ်ဆက်မလုပ်နိုင်တော့ဟု အလွန်အမင်း ချဲ့ကားထားသော ဆေးစစ်ချက်၊ မနာမကျန်းမှု မှတ်တမ်းများ လုပ်ကြံဖန်တီးပေးသည်။
LIRR ဥက္ကဌကတော့ အငြိမ်းစားဘုတ်အဖွဲ့သည် ရထားလိုင်းကို မတိုင်ပင်ဘဲ ရာဘာတံဆိပ်တုံးပမာ တင်လာသမျှ လျောက်လွှာများကို လက်ခံခဲ့သည်ဟု ပြစ်တင်လိုက်ပြီး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် နေသည်ဟုဆိုသည်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ခန့်လိုက်သော ဝန်ထမ်းများ လုပ်သက်၃ဝနှစ်၊ အသက် ၅၅နှစ် မတိုင်မှီ အငြိမ်းစားယူခွင့် မရှိတော့ဟုဆိုသည်။ ရထားလိုင်းသည် ခရီးသည် ၂၆၅၀၀ဝ ယောက်အား နေ့စဉ် သယ်ဆောင်ပြေးဆွဲ လျက်ရှိသည်။
၂၀၀၉ခုနှစ် ကွန်ဂရက်လွှတ်တော် စုံစမ်းရေးအဖွဲ့ တွေ့ရှိချက်အရ အငြိမ်းစားယူရန် လျောက်ထားသူ အားလုံးနီးပါးကို ခံစားခွင့်ပြုခဲ့ပြီး ရာခိုင်နှုန်းအရ အခြားရထားလိုင်းများထက် ကျော်လွန်သည်။ ၂၀၀၄ခုနှစ် – ၂၀၀၈ခုနှစ်အတွင်း မသန်မစွမ်းပင်စင် လျောက်ထားခဲ့သော LIRR အမှုထမ်း ၁၄၂၃ယောက်၏ ၆၁% (သို့) ၈၆၉ဦးသည် အသက် ၅ဝနှစ် မှ ၅၅နှစ် အကြားဖြစ်ပြီး အခြားရထားလိုင်း မက်ထရို-မြောက် ရထားလိုင်းတွင် အလားတူ အသက်အရွယ်ဖြင့် မသန်မစွမ်း ပင်စင်ရခဲ့သူများမှာ ၇%သာရှိသည်။ မက်ထရို-မြောက် ရထားကို နယူးယောက် မြောက်ပိုင်းဆင်ခြေပုံး ရပ်ကွက်များအတွက် ပြေးဆွဲပြီး LIRR လိုင်းကမူ မြို့ထဲ မန်ဟက်တန်နှင့် ဘရွတ်ကလင်၊ ကွင်းစ် ဒေသများ ပါဝင်သော မိုင်၁၁ဝရှည်လျားသည့် မြို့အရှေ့ပိုင်းတလျောက် ပြေးဆွဲသည်။
၂၀၀၈ခုနှစ်အတွင်း နယူးယောက်တိုမ်း သတင်းစာ ရေးသားချက်ကြောင့် ယခု ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းအရေးယူမှု ဖြစ်လာခဲ့သည်။

FBI: Hundreds of NY rail workers part of $1B fraud
By LARRY NEUMEISTER – Associated Press | AP – Thu, Oct 27, 2011
http://news.yahoo.com/fbi-hundreds-ny-rail-workers-part-1b-fraud-202316195.html

NEW YORK (AP) — Hundreds of Long Island Rail Road employees may have cheated their way to big pensions through a $1 billion fraud by paying off doctors to say they were unable to work, authorities said Thursday as they revealed that some supposedly disabled retirees were spotted regularly playing tennis and golf, shoveling heavy snow and working out for hours at a gym.
Eleven people, including two orthopedists and a former union official, have been charged with conspiracy in a decadelong fraud that authorities say poisoned the pension system used by employees of the nation’s largest commuter railroad.
Janice Fedarcyk, the head of New York’s FBI office, called it a “game where every retiree was a winner.” U.S. Attorney Preet Bharara said the disability pension program was not designed to be “a feeding trough for the truly dishonest,” but authorities say that’s what happened.
Hundreds of LIRR employees falsely declared themselves disabled to collect more pension money from the ages of 50 to 65, when they would otherwise qualify for full benefits, according to a criminal complaint filed in U.S. District Court in Manhattan.
The complaint said a retired engineering manager who complained of severe hand, knee, shoulder and back pain often played tennis and golf while collecting about $105,000 yearly in combined pension and disability payments.
Another former employee said she suffered neck, shoulder and hand pain from computer work and couldn’t stand more than five minutes without leg pain. She was “surveilled shoveling heavy snow for approximately one and a half hours,” the complaint said. She gets about $108,000 a year in combined pension and disability payments.
The complaint said many workers who retired with disability benefits worked unusually high amounts of overtime in the five years before retirement because pensions are calculated based on earnings during that period. The heavy workloads often continued “right up until the very day when they and their physicians claimed they were utterly unable to continue doing their railroad jobs,” the complaint said.
The complaint also seemed to place some of the blame for the scandal on the pension system itself, saying the “exceptionally high rate of occupational disability applications for the LIRR can be attributed to the fact that the LIRR, and the LIRR alone, offers a pension to employees as young as 50 years old.” The complaint said unscrupulous employees lie about their physical condition so they can retire at an earlier age with a salary almost equal to what they got when they were working.
Three doctors, one of whom has since died, were responsible for 86 percent of the railroad’s disability applications before 2008. One doctor recommended at least 839 LIRR employees for disability from 1998 to 2008, the complaint said.
Authorities said the doctors collected $800 to $1,200 in fees from each patient as they built disability cases by prescribing unnecessary medical tests and physical therapy. They said the doctors then fabricated or grossly exaggerated medical assessments and built illness narratives to show the employees were unable to work.
The criminal complaint was written by former FBI Agent Adam M. Suits, who is now a special agent with the Office of the Inspector General for the federal Railroad Retirement Board. He estimated that “the fraudulent scheme could cause the RRB to pay unwarranted occupational disability benefits exceeding $1 billion if disbursed in full.”
LIRR President Helena Williams has said the Railroad Retirement Board acted as a rubber stamp without consulting the railroad.
“The LIRR condemns any fraudulent activity associated with federal disability pension benefits,” Williams said, adding that the LIRR has cooperated with authorities and supports “efforts to root out fraud.”
Williams told The Associated Press that workers hired since 1988 cannot retire until they are at least 55 years old with 30 years on the job. She said the railroad has conducted ethics training of all employees since 2008.
The LIRR carries about 265,000 riders daily.
In 2009, an investigative arm of Congress found that the system approved nearly 100 percent of claims filed by retired LIRR workers — a higher rate than other commuter railroads.
The complaint noted that 61 percent, or 869 of 1,423 LIRR employees, who claimed a disability pension from 2004 to 2008 were ages 50 to 55, while only 7 percent of employees at the Metro-North commuter railroad who received disability benefits during the same period were 50 to 55. Metro-North services New York’s northern suburbs, while the LIRR carries passengers between Manhattan and the 110-mile island that stretches east of the city and includes Brooklyn and Queens.
A 2008 New York Times investigation prompted criminal probes.
“During my tenure as attorney general, we investigated and, exactly three years ago today, held hearings that revealed systemic abuse of the federal railroad pension system involving LIRR workers in a practice we termed ‘disability by appointment,'” Gov. Andrew Cuomo said in a statement. “These arrests continue to show that we have zero tolerance for waste and fraud when it comes to pension systems.”
Several commuters at Long Island’s Hicksville station applauded the charges.
“They are stealing. I hope they throw the book at them,” John Rodriquez said.
“It’s terrible,” Edward Plakstis said. “I am sick of it because I keep paying, paying, paying for someone to get rich.”
___
Associated Press writers Kiley Armstrong in New York and Frank Eltman on Long Island contributed to this report.

15 comments

  • koyinmaung

    October 30, 2011 at 3:35 am

    သူတို့နိုင်ငံမှာလဲဒါမျိုးလေးတွေရှိတာပါဘဲလား….

  • အီးတီ

    October 30, 2011 at 4:13 am

    သောက်သောက် ဆိုလို ့ဝင်ကြည့်တာ။ သောက်စရာ ပုလင်းလဲမတွေ ့ပါ့လား။ 😀

  • Foreign Resident

    October 30, 2011 at 4:21 am

    ရထားကုမ္ပဏီရဲ့ အကျိုးစီးပွားကို အထူးထိခိုက်စေပါတယ် ။

    လိမ်ညာပြီးလျှောက်တဲ့ အလုပ်သမားကိုတော့
    လျှော်ကြေးတောင်းယုံမက ထောင်ချဖြစ်အောင်ချရပါမယ် ။

    လိမ်ညာထောက်ခံပေးတဲ့ ဆရာဝန်တွေဟာ
    သိသိကြီးနှင့် လုပ်တာဆိုရင်တော့
    ဆရာဝန် လိုင်စင် သိမ်းရမှာပါ ။

  • kai

    October 30, 2011 at 4:28 am

    “We here highly resolve that these dead shall not have died in vain, that this nation, under God, shall have a new birth of freedom; and that government of the people, by the people, for the people, shall not perish from the earth.”
    President Abraham Lincoln (1809-1865)
    ==
    အောက်ကသတင်းနဲ့ တွဲဖတ်ရင် နယူးယောက်ကသတင်းက..ပိုပြီးအတွေးရစေမယ်ထင်မိတယ်..။
    ကယ်လီဖိုးနီးယား ဂါဗနာက ပင်စင်ယူနိုင်တဲ့အသက် ၆ရအထိတိုးဖို့ ကြိုးစားနေတယ်လေ..။

    http://www.businessweek.com/news/2011-10-27/brown-proposes-overhaul-of-california-pension-programs.html

    By Michael B. Marois and James Nash

    Brown Proposes Overhaul of California Pension Programs
    October 27, 2011, 6:06 PM EDT
    Oct. 27 (Bloomberg) — California Governor Jerry Brown unveiled a sweeping package of changes to the biggest U.S. public-employee pensions that would shunt new workers into a hybrid of conventional and 401(k)-style coverage to lower costs.

    Brown would raise the retirement age for full benefits to 67 from 55 for most, curb abuses known as “pension spiking” and “double dipping,” and revamp the board overseeing the $225 billion California Public Employees’ Retirement System.

    • Foreign Resident

      October 30, 2011 at 4:56 am

      အထူးထင်ရှားတဲ့ Gettysburg Address ပဲ ။
      အမေရိကန် သမ္မတ အေဘရာဟင် လင်ကွန်းဟာ
      ကျွန်တော့် အကြည်ညိုဆုံး ပုဂ္ဂိုလ်တွေထဲကတယောက်ပဲ ။
      သူ့ အကြောင်းလေး ရေးအုန်းမှပဲ ။

      ” Government, (of) the people, (by) the people, (for) the people ”
      အတွေးအခေါ် ရဲ့ အစ ပါပဲ ။

      ဒါကြောင့်ပဲ သမိုင်းဆရာတွေက
      He said Lincoln was mistaken that
      “the world will little note, nor long remember what we say here.”
      Rather, the Bostonian remarked,
      “The world noted at once what he said, and will never cease to remember it.
      The battle itself was less important than the speech.”

      တကယ့်ကို
      ” The battle itself was less important than the speech ” ပါပဲ ။

  • ပေါက်ဖော်

    October 30, 2011 at 9:35 am

    ရပ်လို ့မရဘူးဆိုပြီး နှင်းတောထဲမှာ တစ်နာရီခွဲတဲ့..တော်သေး..ဘောလုံးကွင်းထဲ မမိတာ..
    တော်တော်နောက်တဲ့လူတွေ.. 😆
    အင်းပေါ့လေ..
    တောက်လျှောက်ကြီးတော့ ဘယ်သရုပ်ဆောင်ကောင်းတော့မလဲ….
    ဒီမှာလဲ ထောက်ပံ့ကြေး များများစားစားရှိရင် အဲထက်တောင် လူနာအတုတွေပေါလိုက်မဲ့ဖြစ်ခြင်းပါပဲ..
    ထူးပါဘူး..

  • ဆူး

    October 30, 2011 at 12:01 pm

    သဂျီးကော ပင်စင် စားကြီးလား မသိဘူး။ ဟိဟိ 🙄
    ပလာစတာ အောင်ကျုး လည်း ပင်စင် လစာ တကယ် ရတာ ဟုတ်မဟုတ် အစစ်ခံရတော့မယ် ထင်တယ်

    • kai

      October 30, 2011 at 3:00 pm

      ပင်စင်မစားသေးပါဘူးကွယ်..။
      ပုံမှန်အလုပ်ချိန်ပြည့် တပါတ်၅ရက် တရက် ၈နာရီ အလုပ်လုပ်နေပါတယ်..။
      နေ့လည်ပိုင်း.. အလုပ်ချိန်ထဲ ဒီထဲစာတွေရေးနေနိုင်တဲ့အကြောင်းက.. ရုံးမှာ ကိုယ့်အခန်းနဲ့ကိုယ်.. နေချင်သလိုနေလို့ရလို့ပါကွယ်..။ အလုပ်ပါးချိန်လေးတွေ.. ဒီဖက်က ကွန်ပြူတာလေး ဖွင့်ထားပြီး ရေးရတာပါ..။
      နည်းနည်းရေးလိုက်.. အလုပ်ကလေးလုပ်လိုက်ပေါ့..။
      ( ဘယ်တော့ ပြုတ်မလည်း မသိ.. 🙁 )

      • Moe Z

        October 30, 2011 at 3:15 pm

        စိတ်မပူပါနဲ့သဂျီးရယ် ပြုတ်ရင်ဒီပြန်လာခဲ့ပေါ့..
        မြန်မာပြည်မှာအလုပ်မလုပ်လည်း ထမင်းမငတ်ပါဘူး
        ဘုန်းကြီးကျောင်းတွေမှာ လိုက်စားလို့ရပါတယ်
        အခုဆိုကထိန်တွေအပြိုင်အဆိုင်ခင်းနေကြတာ
        အိမ်မှာမီးခိုးတိတ်နေလို့ရတယ်
        (ခင်လို့ချတာနော် ချိတ်အချိုးရဘူး 🙂 )

      • ဆူး

        October 30, 2011 at 5:13 pm

        မိုးဇတ်ပြောသလိုဆိုတာ ဒီခေတ်အခေါ်အရ ဘာသာရေးလိုက်စားတယ် ခေါ်တယ်။
        မြန်မာပြည် ပြန်လာပြီး ဘာသာရေး လိုက်စားပါလား။

  • ဆူး

    October 30, 2011 at 3:20 pm

    ရွာက သဂျီး ပင်စင် ရတဲ့နေ့ ရွာကြီး ပြိုကွဲတဲ့ နေ့ ဖြစ်နေအုန်းမယ်။
    အာမခံကြေးလေး ဘာလေး ထည့်ထားလားဟင်..
    အလုပ်ကို ဂုရုချိုက် 😀

  • blackchaw

    November 1, 2011 at 3:59 pm

    ကြောင်ကြီးရေ။
    သဂျီးရေ သောက်သောက် ဆိုတာ ဖတ်ရတော့
    ပန်းမြိုင်လယ်က ဥယဉ်မှူး ဇာတ်ကားထဲမှာ
    ကျော်ဇောကြီး မြေပုံကို ထန်းရေလောင်းပြီး ငိုနေတဲ့
    ကျော်ဟိန်းကို သွားသတိရတယ်ဗျာ။
    သူကြီးရေ။ ကျန်းမာရေး ဂရုစိုက်ပါဗျို့။

  • MaMa

    November 1, 2011 at 7:01 pm

    လူဆိုသည်မှာ …..
    လူဆိုသည်မှာ……
    🙁

    • zarlay

      January 26, 2012 at 3:15 pm

      လူဆိုသည်မှာ …..ဆိုပြီးရပ်မထားနဲ့လေ ဆက်ပြော ဖတ်ရတဲ့လူက ဘာဆက်ဖတ်ရမလဲ

  • aungnng87

    January 26, 2012 at 3:57 pm

    အကျင့်မကောင်းတဲ့သူတွေကတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်နိုင်ငံရောက်ရောက်မကောင်းပါဘူး။ ဒါနဲ့စကားမစပ်ကိုကြောင်ကြီး ရေးတဲ့ posts လေးကဗဟုသုတရတယ်နော်။ မှတ်မှတ်ရရ we are 99 တုန်းကလည်း မလေး TV မှာ အမေရိကန်မှာဆန္ဒပြနေတာတွေပြတယ်။ ဒါပေမဲ့ ဘာကြောင့်ပြနေတာမှန်းမသိဘူး။ လာတော့လည်းကြည့်လိုက်တာဘဲ။ နောက်တော့မှ ကိုကြောင်ကြီးရေးထားတာသွားသတိရတယ်။ အော်…..ဒါပါလား…ဆိုပြီး ကိုယ်ကသူများကိုပြန်ပြောပြနိုင်တာ…ဂလိုဂလို…ကျေးဇူး…

Leave a Reply