တနင်္ဂနွေ ပွဲစဉ်များကို ချဉ်းကပ်ခြင်း

မောင် ပေOctober 30, 20115min1186

မင်္ဂလာပါ ။

30/10/2011 တနင်္ဂနွေနေ ့ည ကစားမယ့် အသင်းတွေ နဲ ့အချိန်တွေကတော့

၆:၀၀      စီနာ   –   ချီယေဗို

၈:၃၀     ဘိုလော့နာ   –  အတ်တလန်တာ

။          ဖီအိုရင်တီးနား   –   ဂျီနိုအာ

။          လက်ချီ   –   နိုဗာရာ

။          ပါးမား   –   ဆီစီနာ

။          အူဒီနီး   –   ပါလာမို

၂:၁၅      ကယ်ဂလီရာရီ   –   လာဇီယို

၅:၃၀      ဂီဂျွန်   –   ဘီဘာအို

၉:၃၀      အိုစာစူနာ   –   လီဗန်တေး

၁၁:၃၀    ရေဆင်း   –   ဘက်တစ်

၁:၃၀      အသလက်တီကို   –   ဇာရာဂိုဇာ

၃:၃၀      မာလာဂါ   –  အက်စ်ပန်ညို

၁၀:၃၀   စပါး   –   ကျူပီအာ

****************************************

ဒီနေ ့ညပွဲစဉ်များ ထဲ မှ အကြိုက်တွေ  ့မိတဲ့ ပွဲစဉ်လေးများကို ပြောပြချင်ပါတယ်

****************************************

စပါး(၆)   –   ကျူပီအာ(၁၂)

စပါးနောက်ဆုံးငါးပွဲရလဒ်များမှာ

ကျူပီအာ နောက်ဆုံးငါးပွဲရလဒ်များမှာ 

စပါး သည်ပွဲပြီးလျှင် ယူအီးအက်ဖ်အေ ပွဲ ကန်ရမည် ဖြစ်သော်လည်း ၊ ယူအီးအက်ဖ်အေ တွင် အုပ်စုဗိုလ်ဖြစ်နေသဖြင့် အခြေအနေကောင်းသည် ဟု ဆိုနိုင်သည် ။

ကျူပီအာ ပြီးခဲ့သည့် အပတ် က ချဲဆီးကို နိုင်ခဲ့ခြင်းမှာ ကွင်းလယ်ဒိုင်၏ လက်ဆောင် ဟု ဆိုနိုင်သည် ။ ပင်နယ်တီ တစ်လုံး ရသည် ။ ၂ ယောက် ထုတ်ပေးသည် ။

ဈေးအနေအထားအရ စပါးကို အားပေးလျှင် ၂ဂိုးလိုအပ်မည် ဖြစ်သော်လည်း ၊ အဒီဘာယော နှင့် ဗန်ဒါဗတ် တို ့၏ ဂိုးသွင်းခြေ မှာ ယုံကြည်စိတ်ချရသောကြောင့် စပါးကိုပဲ အားပေးမည် ။

****************************************

ဖီအိုရင်တီးနား(၁၃)   –   ဂျီနိုအာ(၁၉)

ဖီအိုရင်တီးနား နောက်ဆုံးငါးပွဲရလဒ်များမှာ  

ဂျီနိုအာ နောက်ဆုံးငါးပွဲရလဒ်များမှာ  

နှစ်သင်း စလုံး ခြေပျက်နေကြပြီး ၊ ဂျီနိုအာ အသင်းမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ ့ကြားရက်ပွဲစဉ်တွင် ရိုးမားအသင်းကို ၂-၁ ဖြင့် အနိုင်ယူထားသည် ။

ဖီအိုရင်တီးနား ရှုံးခဲ့သည့် နှစ်သင်း မှာ ဂျူဗင်တပ် နှင့် လာဇီယို ကို ဖြစ်သည် ။

ဖီအိုရင်တီးနား အိမ်ကွင်း ဂျီနိုအာ နှင့် ကစားခဲ့သောသမျှ ဖီအိုရင်တီးနားက သာ အနိုင်ကန်ခဲ့သည် ကို တွေ  ့ရသည် ။

ယခုပွဲတွင်လည်း မဖြစ်မနေ နိုင်ပွဲပြန်ရှာမည့် စိတ်ဓါတ်ပိုင်ရှင် ဖီအိုရင် တီးနားကို သာ သဘောကျမိသည် ။

****************************************

ပါးမား(၁၅)   –   စီစီနာ(၂၀)

ပါးမားအသင်း နောက်ဆုံးငါးပွဲရလဒ်များမှာ

စီစီနာ အသင်း နောက်ဆုံးငါးပွဲရလဒ်များမှာ 

ဒီပွဲကို ရိုးရိုးလေးပဲ တွေးကြည့်ရင် ပါးမား ဆိုသည်မှာ ယခုနောက်ပိုင်းရာသီများတွင် အဆင့်၁ဝနားပတ်ချာလည် ရပ်တည်သော အသင်းဖြစ်သည် ။

ယခုပွဲစဉ်တွင် မဖြစ်မနေ အနိုင်ပြန်ကန်မည် ဟု ယူဆမိသည် ။

ပါးမား ၁-ဝ / ၂-ဝ ဖြစ်မည် ။

****************************************

အသလက်တီကို(၁၂)   –   ဇာရာဂိုဇာ(၁၄)

အသလက်တီကို နောက်ဆုံးငါးပွဲရလဒ်များမှာ

ဇာရာဂိုဇာ နောက်ဆုံးငါးပွဲရလဒ်များမှာ

အသလက်တီကို ယခုနှစ် လာလီဂါပွဲစဉ် ၊ အိမ်ကွင်း ၅ပွဲကန်ခဲ့ရာ ၂ ပွဲနိုင် ၃ ပွဲ သရေ ။

ဇာရာဂိုဇာ ယခုနှစ် လာလီဂါပွဲစဉ် ၊ အဝေးကွင်း ၄ ပွဲကန်ခဲ့ရာ ၂ ပွဲသရေ ၂ ပွဲ ရှုံး ။

အသလက်တီကို အိမ်ကွင်းတွင် ဇာရာဂိုဇာ နှင့် တွေ  ့ဆုံခဲ့မှု ယခင်ရာသီမှတ်တမ်းများအရ ၁-ဝ ၊ ၂-၁ နှင့် အနိုင်ရခဲ့သည်ကို တွေ ့ရသည် ။

လက်ရှိအချိန်တွင် အသလက်တီကို တိုက်စစ်မှာ ၅ ပွဲမှ ၁ ဂိုးပဲ သွင်းနိုင်သည် ကို တွေ ့ရသည် ။ ဇာရာဂိုဇာ က လည်း ၅ ပွဲ ၂ ဂိုး ။

ဈေးအရ အသလက်တီကို အနေဖြင့် သရေကျလျှင် အပြည့်ရှုံးမည် ဖြစ်သည် ။

ရလဒ်ဆိုးများကြားမှ အနိုင်ပြန်ရှာမည့် အသလက်တီကို ကိုသာ အားပေးမည် ။

****************************************

——————– ဘောပွဲချစ်သူတိုင်း အောင်မြင်ကြပါစေ ——————–

 

 

6 comments

  • Koyin Sithu

    October 30, 2011 at 1:51 pm

    ကားလင်းတုန်းက မောင်းသခင် ကိုရင်မှန်းတာ
    ၄ပွဲလုံးကွက်တိမှန်တယ်နော်.. ဦးပေပေရေ..
    ချဲလ်ဆီး – နိုင်
    လီဗာဘူး – နိုင်
    ကာဆယ်ပွဲ မိနစ်၉ဝထိ သရေပြောထားတယ်
    မန်စီးတီး – နိုင်..
    မယုံရင် ပြန်ဖတ်ကြည့်…
    ဒီညတော့ စပါးကို အိမ်ပေါင် ရိုက်လိုက်တော့ဗျာ…
    ၂ ဂိုးအနည်းဆုံးပြတ်တယ်…

    ပေပေရဲ့ အကျိုးလိုလားသော
    ဘော်ဒီဘုရင် ကိုရင်စီ

    • Foreign Resident

      October 30, 2011 at 1:59 pm

      ကိုရင် နှင့် ဘော်ဒီတို့ ဂိုးပေါင်းတို့က ဘာဆိုင်လို့လဲ ။
      ဒါဆိုရင် ကိုရင် မစစ်လို့ပဲဖြစ်ရမယ် ။
      ဘယ်နှယ့် ကိုရင်က ဘော်ဒီဘုရင်တဲ့ ။ 😛

  • ပေါက်ဖော်

    October 30, 2011 at 5:12 pm

    ဒိုင်ကိုင်ရင်တော့ ကိုရင်စည်သူနဲ ့..မောင်ဘောပေ ကို ရှောင်စားတော့မယ်..
    🙄

  • comegyi

    October 30, 2011 at 5:51 pm

    စပါး – ကျူပီအာ ပွဲကတော့ ဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ပဲ ကိုယ့်လူရေ့ ………
    မနေ့ကလည်း မန်မန်နဲ့ အဝင်းတို့ ကြောင့်ပျော်ရတာပေါ့ဗျာ………

  • kyawkoko

    October 31, 2011 at 10:25 am

    ဦးပေပေရေ.. ချန်ပီယံလိဂ် လုပ်ဦးှဗျ .. စောစောလဲတင်ဦး ဦးပေပေပြောတဲ့အတိုင်းရိုက်မှာနော် ဒါဘဲ

  • windtalker

    October 31, 2011 at 12:01 pm

    ယခု ပို ့စ်အတွက် လွန်စွာ ဝမ်းသာမိပါ၏ ။
    ဝင်ရောက်ဖတ်ရှုသူ ၅၁ ရှိကြောင်း သိရသည် ။
    ထိုထဲမှ အောင်မြင်ခဲ့သူ ၁ဝ ယောက် ရှိမည် ဆိုလျှင် ဝမ်းမြောက်ရပါမည် ။
    စပါး ၃-၁ ကျူပီအာ ( နိုင် )
    ဖီအိုရင်တီးနား ၁-ဝ ဂျီနိုအာ (နိုင်)
    ပါးမား ၂-ဝ စီစီနာ (နိုင်)
    အသလက်တီကို ၃-၁ ဇာရာဂိုဇာ (နိုင်)
    ပါးမားပွဲဆိုလျှင် ခန် ့မှန်းသည့် ဖိုးကပ်၂ကွက်ထဲမှ ၂-ဝ ကွက်တိကျခဲ့သည် ။

Leave a Reply