အမျိုးသားရေး ကိစ္စ မို့လို့ပါ ( ရိုဟင်ဂျာ ) ။

Foreign ResidentOctober 30, 20119min18714

အမျိုးသားရေး ကိစ္စ မို့လို့ပါ ။

 

လာပြန်ပြီ

ရိုဟင်ဂျာ တဲ့

အင်းးးးးးးးးးး

ဒီကိစ္စလေးတွေကို

အဘလည်း Post ရေးချင်လိုက်တာ

လက်ကိုယားလို့ ။

 

ဒါပေသည့်

6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင်

ခွဲခြားမုန်းတီးမှုဖြစ်စေသော

စာများမတင်ရ။

ဆိုတဲ့အချက်နှင့် ညိမှာစိုးလို့

ရှောင် ထားတာ ။

 

ဒါပေမယ့် အဲဒီ ကိစ္စက

Current Topic ဖြစ်နေတော့

မဆွေးနွေးရင်လည်း

MG က ဒိတ်အောက်သလို

အရေးမပါတဲ့ Web Page လို

ဖြစ်နေတော့မှာပဲ ။

 

အမျိုးသားရေး မို့လို့လဲ

ဆွေးနွေးသင့်တယ်လို့

ယူဆပါတယ် ။

 

အဲဒီတော့

အဘကပဲ

အဘ ထုံးစံအတိုင်း

ကျေကျေနပ်နပ်ကြီး

လူမုန်းခံပြီး ။

 

နဲနဲလေး သူများထက်ချွန်ပြီး

ထူးခြားနေတဲ့

ဆောင်းပါးလေး

နှစ်ပုဒ်ကို

ရွာသားတွေ

ဗဟုသုတ ရပါစေတော့လို့

တင်ပေးလိုက်ပါတယ် ။

 

အဘ ရဲ့အာဘော်

မဟုတ် ပါကြောင်း နှင့်

မူရင်း ရေးသူရဲ့

အာဘော်သာ ဖြစ်ကြောင်း ။

 

အဘ လည်း

ဝင် Comment ပေးမှာ

မဟုတ်ကြောင်းပါ ။

 

ရွာသားများကလည်း

လူသားများ အချင်းချင်း ဆိုတဲ့

စာနာမှုတရားကို

လက်ကိုင်ထားပြီး

အစွန်းမလွတ်တဲ့

မရိုင်းစိုင်းတဲ့

Comment များနှင့်သာ

အားပေးကြဖို့

တောင်းပန်ပါတယ် ။

 

ဗဟုသုတ လို့ပဲ

သဘောထားပေးပါဗျာ ။

 

သူကြီး အနေ နှင့်

မသင့်တော်ဘူးလို့

ထင်မြင်ရင်

သင့်တော်သလို

စီစဉ်ပါဗျာ ။

 

ပထမဦးစွာ

ရွာသားများ သတိထားသင့်တဲ့

အချက် ( ၅ ) ချက်ကို

ထောက်ပြခွင့် ပြုပါ ။

 

အဲဒီ အချက် ( ၅ ) ချက်ကတော့

အဘ ဆင်ခြင်မိတာတွေပါ ။

 

( ၁ )

ဧရာဝတီ နှင့် ပါတ်သက်ပြီး တရုတ် မုန်းတီးမှု Tempo ကို

လျော့ချချင် လွှဲပြောင်း ပစ်ချင်သူတွေ လည်း ရှိနေနိုင်ပါတယ် ။

 

( ၂ )

ရခိုင်ဒေသဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့်

သဘာဝဓါတ်ငွေ့တွေ့ရှိမှုကြောင့် ဗြုန်းစားကြီး အရေးပါလာပါတယ် ။

 

( ၃ )

သိပ်မကြာခင်မှာပဲ အိန္ဒိယ သမုဒ္ဒရာမှာ Super Power အမေရိကန်

အိန္ဒိယ နှင့် တရုတ် တို့ အားပြိုင်ပွဲ ဖြစ်လာပါမယ် ။

ဒါအစပျိုးနေတာလား ။

 

( ၄ )

လက်ရှိလည်း မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့ဟာ

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့

ပင်လယ်ပြင် ရေပြင်ပိုင်နက် အငြင်းပွားမှု နှင့်ပါတ်သက်ပြီး

နိုင်ငံတကာ Arbitration တရားရုံးမှာ

အကြိတ်အနယ် တရားရင်ဆိုင်နေပါတယ် ။

 

( ၅ )

BBC ရဲ့ Anna Jones ရေးတဲ့ အဲဒီဆောင်းပါးဟာ

6 November 2010 ကထဲက ရေးသားတင်ဆက်

ထားတာပါ ။ တစ်နှစ် လောက်ရှိနေပါပြီ

ဘာဖြစ်လို့ အခုမှ ?????

 

အဆင်လေးတွေ လှပါတယ် ။

ရွာသားတွေ တွေးကြစေချင်ပါတယ် ။

 

တောင်းပန်တဲ့ ။

အဘ FR ။

 

Credit  to  James Mmt ပါ ။

 

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊

မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း

by James Mmt on Thursday, 20 October 2011 at 12:49

 

 

အကျဉ်းရုံးအနေဖြင့် – ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ

သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့

KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက်

2002 ဩဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က

အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့်  

Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်။

 

KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။

DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး

စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ

လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့်

မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့်

အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါတယ်။

 

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှမ်းရေး၏

ARNO အပေါ်တွင်ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည် အခြေစိုက်

ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့၏ လက်မခံနိုင်သည့် ဆက်သွယ်မှု

သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ရ ရက် တွင်

ပေးပို့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ကျော်သိန်း၏ အဆိုအရ ARNO နှင့် Al Qaeda ဟာ

အဆက်အသွယ်ရှိပြီး ARNO ၏ အခြေစိုက်စခန်းအားလုံးသည်

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။

 

ARNO ၏ သမိုင်းကျောင်းနောက်ခံနှင့် နောက်ဆုံးအခြေအနေ

(စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ) အားရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ

အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော

ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ ရှေ့ထွက် အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် (ARIF)

နှင့် Hak-Kavt အဖွဲ့အစည်းတို့ဟာ ပူပေါင်းပြီး 1998 အောက်တိုဘာ 28 ရက်နေ့တွင်

ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကိုဖွဲ့စည်းခဲ့ပါတယ်။

 

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့

ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အားလုံးသော လက်နက်ကိုင် သောင်းကျန်သူ

အဖွဲ့အစည်းများအား ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေး တပ်မတော် (RLA)

ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာပြည် ပြင်ပရှိ မွတ်စလင်အဖွဲ့အစည်းများ၏

ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်းပြီး

အဖွဲ့အစည်းတစ်ခု၏အောက်သို့ ထားရှိအုပ်ချုပ်ရန် ARNO အားဖွဲ့စည်းခဲ့ပါတယ်။

 

ARNO ရုံးချုပ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊

ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀)မှာ ဖွင့်လှစ်ထားပါတယ်။  သူတို့၏ စခန်းများမှာ

Zai-Lar-Saw-Ri HQ camp–map reference (PG-2916),

Daw-Maw-Sri camp–map reference (P6-0537) and

Kyar-Laung-Taik camp–map reference (PG-2026) မှာ အခြေချ တည်ရှိပါတယ်။

ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ 200 ခန့်အင်အားရှိပြီး၊

170 ခန့်ဟာ အမျိုးမျိုးသော လက်နက်များ တပ်ဆင်ထားပါတယ်။

ARNO ၏ ဗဟိုကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်။

 

– ဥက္ကဌ

– စစ်ရေးတာဝန်ခံ

– အတွင်းရေးမှူး

– လက်ထောက်အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ

– ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ

– ဗဟိုကော်မတီ အဖွဲ့ဝင်

– နိုင်ငံခြားရေးရာ ဆက်ဆံရေးတာဝန်ခံ

– တိုင်းတပါး ထောက်ပံ့ငွေများများရရှိရေး ဦးဆောင်သူ)

– မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်

– တောင်ဘဇာ စည်းရုံးရေး တာဝန်ခံ

– ငွေရေးကြေးရေးဆိုင်ရာ အရာရှိ

– ဆက်ဆံရေး အရာရှိ

– အကြံပေး

– စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)

– ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ

– စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)

– စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)

  

ARNO အဖွဲ့ဝင် 5 ဦးဟာ တာလီဘန်ခေါင်းဆောင် Osama Bin Laden နှင့်

အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဆိုပါ GOB မှ ဆက်လက်စုံစမ်း လေ့လာဆဲဖြစ်တဲ့

အဖွဲ့ဝင် 5 ဦးဟာ Al Qaeda ကိုယ်စားလှယ်နှင့်အတူ 15 မေ 2000 တွင်

အဆင့်မြင့်အရာရှိ သင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့

22 ဇွန်လတွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဆိုပါ သင်တန်းတက်ရောက်နေစဉ်အတွင်း

နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့်

ငွေကြေးဆိုင်ရာကိစ္စများကို Osama Bin Laden နှင့် ဆွေးနွေးခဲ့ပါတယ်။

တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနှင့် မိုဟာမက် ရာရှိတ်အာမာဒါစီလည်း

အဆိုပါ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်။

 

ARNO အဖွဲ့ဝင် 19 ဦးဟာ လစ်ဗျားနှင့် အာဖဂန် နစ်စတန်တွင်

2001 ဩဂုတ်လတွင် ပြုလုပ်ခဲ့သည့် ပြောက်ကျားစစ်သင်တန်း၊

အမျိုးမျိုးသော ဖောက်ခွဲရေးသင်တန်း၊ လက်နက်ကြီးသင်တန်းများအား တက်ရောက်ရန်

ရွေးချယ်ခံခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များထဲမှ 13 ဦးဟာ ဖောက်ခွဲရေးနှင့်

လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။

Zai-La-Saw-Ri စခန်းတွင်ရှိသည့် ARNO ရုံးချုပ်သို့ တာလီဘန် အဖွဲ့ဝင်များ

ဖြစ်ကြသည့် အယ်ဟာဆက်နှင့် အယ်ဂျာဟစ်တို့ဟာ 2001 နိုဝင်ဘာ 2 ရက်နေ့တွင်

RSO ၏ Kann-Grat-Chaung စခန်းမှ ရောက်ရှိခဲ့ပါတယ်။

 

သူတို့ဟာ ဥက္ကဌ Nur Islam၊ အတွင်းရေးမှူး ဇဖာအာမက်၊

စစ်ဆင်ရေးအကြီးအမှုး ဖာရော့အာမက်၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး  

RSO နှင့် ARNO အား ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်။

ထိုမှတဆင့် ARNO/RSO နှင့် တာလီဘန်အဖွဲ့အစည်းတို့ဟာ

2001 နိုဝင်ဘာ 15 ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်။

ARNO ဥက္ကဌ Nur Islam ဟာ ARIF နှင့် RSO တို့ဟာ

ARNO ၏ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့

ကြေငြာခဲ့ပါတယ်။ သို့သော်လည်း RSO မှ မူလာဒီမာဟာ

အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏နောက်လိုက်နောက်ပါများနှင့်

ခွဲထွက်သွားခဲ့ပါတယ်။

 

တိုင်းတပါး အဆက်အသွယ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊

GOB မှ စုံစမ်းဆဲဖြစ်သည့် ဟာဆာအာမက်နှင့် နိုင်ငံခြားသားနှစ်ယောက်တို့ဟာ

Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့သွားရောက်ခဲ့ပြီး Salein တပ်သားများ၏

အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ

အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်။

 

– ARNO အားဖွဲ့စည်းခဲ့သည့် ခုနှစ်၊ လ၊ ရက်

– သဘောထားနှင့် ရည်ရွယ်ချက်

– မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်

– လက်ရှိ စစ်သည်အင်အား

– လက်နက်အမျိုးအစားနှင့် အရည်အသွေး

– ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ်တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်မဟုတ်

– ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း

– အဆိုပါ အဖွဲ့အစည်းများတွင် မူစလင် နှင့် မူစလင် မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်

– လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည် နိုင်ငံများ

– လက်ရှိ ငွေရေးကြေးရေး အခြေအနေ

 

ARNO ၏ ဒုတိယဥက္ကဌ ဖာရော့အာမက်သည် ထိုင်းအခြေစိုက် သောင်းကျန်သူ

ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပါတယ်။ 2002 ဩဂုတ်လ 27 ရက်နေ့တွင်

ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက်သို့ ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာသည့်

ဖာရော့အာမက်နှင့်အတူ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ

ဦးမောင်လူကြီးလည်း တောက်လျှောက်ပါခဲ့ပါတယ်။ ထို့နောက်

DAB အေးဆောင်၏ မိန်းမ အင်္ဂလိပ်အမျိုးသမီ ပိုက်ပါကာရန်၏ကူညီမှုနှင့်

မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များ ဖြစ်ကြသည့်

ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေ အတွင်းရေးမှူး ဦးရေမွန်ထူး၊

တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှုး အောင်မြတ်တို့နှင့်

စကားပြောဆိုခဲ့ပါတယ်။

 

ဖာရော့အာမက်မှ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ARNO အား ဘင်္ဂလားဒေ့ရှ်မှ

ထွက်ခွာရန်ပြောခဲ့သဖြင့် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက်နေထိုင်ရန်

မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်နှင့် အခြားသော အဖွဲ့အစည်းများမှလည်း

Al Qaeda အဖွဲ့အစည်းနှင့် ၎င်းတို့ဆက်ဆံမှုဖြစ်စဉ်အား

စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ထို့ကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်သည့်နေရာတွင် စခန်းဖွင့်ခွင့်ပြုပါရန်

တောင်းဆိုခဲ့ပြီး၊ ထိုင်း နိုင်ငံသည် ၎င်းတို့အတွက် အလွန် သင့်တော်သည့်

နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါသည်။

 

ဖာရော့အာမက်သည် ရှေ့ထွက်ပလောင်လွတ်မြောက်ရေး (PSLF) အဖွဲ့မှ

အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း

(PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နှင့်

တွေ့ဆုံခဲ့ပါတယ်။ ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့၏ ခက်ခဲသည့်အခြေအနေအား

VOA, BBC နှင့် RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့်

ရှေ့ထွက် ချင်းအမျိုးသားများ (CNF) မှ ရွှေခါးတို့နှင့် ဆွေးနွေးခဲ့ပါတယ်။

သူဟာ မဲဆောက်သို့ ချင်းမိုင်မှ စက်တင်ဘာလ 5 ရက်နေ့တွင် KNU ရုံးချုပ်သို့

သွားရောက်ခဲ့ပြီး ဒုတိယ ဥက္ကဌ ဗိုလ်မြ၊ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ နှင့်

တာမလာဘောတို့နှင့်လည်း စကားပြောခဲ့ပါတယ်။

 

အထက်ပါ အကြောင်းအရာများနှင့် ပါတ်သက်ပြီး ARNO အနေဖြင့် DAB

အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေရှိမရှိအား ဖာရော့အာမက်ဟာ KNU နှင့်ဆွေးနွေးခဲ့ပါတယ်။

ARNO ၏ DAB အဖွဲ့ဝင် လျှောက်လွှာအား အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ

အောင်စိန်းသာ၊ အာရကန် လွတ်မြောက်ရေး ပါတီ (ALP) မှ

ခိုင်စိုးအောင် တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်။

 

ခိုင်စိုးအောင်နှင့် အောင်စိန်းသာတို့နှစ်ဦးအနေဖြင့် ၎င်းတို့ အဆိုပြုချက်အား

ရိုဟင်ဂျာလူမျိုးများဟာ ရခိုင် တိုင်းရင်းသားများမဟုတ်ကြောင်းနှင့်

လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍

ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ ထို့အတွက်ကြောင့် DAB အနေဖြင့် ARNO အား

အဖွဲ့ဝင်အဖြစ် လက်မခံခဲ့ပဲ စစ်ရေးမဟာမိတ်အနေသာ လက်ခံခဲ့တယ်လို့

ယူဆရပါတယ်။

 

ဖာရော့အာမက်၏ အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာသည် Al Qaeda နှင့်

အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်ရှိ တာလီဘန်များနှင့်

ပူးပေါင်းပြီး အမေရိကန်အား တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ARNO တပ်သားများဟာ ပါကစ်စတန်၊ ကရာချိမြို့ရှိ ရိုဟင်ဂျာ

အုပ်စုမှတစ်ဆင့် အာဖဂန်သို့ ပို့ဆောင်ခဲ့ပါတယ်။

 

ပါကစ်စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE ၊ ပါလက်စတိုင်းနှင့်

ဩစတေးလျတို့မှာ ရိုဟင်ဂျာ အုပ်စုများ အနေနဲ့ ရှိနေပါတယ်။

ဥက္ကဌ Nurul Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေဖြင့် အမေရိကန် နိုင်ငံသို့

ခရီးတို သွားရန် ဗီဇာအား ရရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဆော်ဒီအာရေဗျသို့

ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် နေခဲ့သည့် ခရီးတိုကာလအတွင်း

ဖာရော့အာမက်သည် NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ

ဒေးဗစ်ထော၊ ဗမာ့ ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နှင့် တွေ့ဆုံခဲ့ပါတယ်။

၎င်းဟာ သတင်းဌာနတစ်ခု၏ အယ်ဒီတာအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး

စက်တင်ဘာ 12 ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

 

စင်္ကာပူတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်များအား စစ်ဆေးခဲ့ရာတွင်

ဒေသတွင်း ဝင်ရောက် စွက်ဖက် လှုပ်ရှားနေသည့် ရက်ဘီတာတူ မူဂျာဟစ်ဒင်

အုပ်စု၏ စီစဉ်မှုဖြင့် ဖွဲ့စည်းထားသည့် ဂျမား အစ်စလမ်မီးယား (JI) ၏ခေါင်းဆောင်များမှာ

ဟန်ဘလီနှင့် ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒေသတွင်း မူစလင်အဖွဲ့အစည်းများ၏

အဆက်အသွယ်မှတစ်ဆင့် တက်ကြွတဲ့ ပူပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊

လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းနှင့် စစ်ရေးအကြမ်းဖက်မှု

လုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

 

အခြားသော ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့အစည်းများမှာ ဂျရာကန် အာ့ချ် မာဒီကာ (GAM)၊

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ရခိုင်ရှိ အခြားအဖွဲ့အစည်းနှစ်ခုနှင့် မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ARNO ဟာ Al Qaeda နှင့်

ဆက်သွယ်ရန် စတင်ခဲ့ပြီး၊ ဧပြီ 2001 တွင် ARNO ၏ ဗဟိုကော်မတီဝင် 5 ဦးဟာ

အာဖဂန်နစ်စတန်သို့ သွားရောက်ခဲ့ပါတယ်။ အခြားအနေဖြင့်

Republic of Islam Aceh (RIA) နှင့် အီဂျစ်ရှိ Jammah Jihad Mesir (JJM) တို့နှင့်လည်း

ARNO ဟာ ပူးပေါင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်သည့် ရိုဟင်ဂျာအစုအဖွဲ့ဟာ

မလေးရှားနိုင်ငံ ပတူဝပ် မှာရှိတယ်လို့ ယူဆနိုင်ပါတယ်။

 

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အကြံပေးချက်အရ မေလတွင် ARNO ဟာ ဘင်္ဂလားဒေ့ရှ်

အရှေ့တောင်ပိုင်းရှိ ၎င်းတို့၏ စခန်းများအား ဖယ်ရှားခဲ့ပြီးပြီးခြင်းတွင် အာရကန်

စစ်တပ်အဖွဲ့ဝင် 195 ဦးဟာ မြန်မာပြည်ထဲသို့ ၎င်းတို့ဖာသာ ဝင်ရောက်ခဲ့ပါတယ်။

ယခုအထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မရွှေ့ပြောင်းသေးပါဘူး။

မြန်မာတွေရဲ့ အဆိုအရ ARNO နှင့် RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ

စခန်း 8 ခုအား အတူတကွထိမ်းသိမ်းလျက် ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်သည် ဆိုပင် ဆိုသော်ငြား

၎င်းတို့လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်။

 

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စုဟာ လက်နက်ကိုင်တဲ့ အကြမ်းဖက်

အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အဆိုပါ သတင်းပေးပို့ချက်အရ ARNO နှင့် ထိုင်းနယ်စပ်ရှိ

မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန်

အသိပေးလျက် ရှိပါတယ်။ ဖြစ်တန်ရာရှိသည်မှာ ၎င်းတို့အနေဖြင့်

(မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါသည်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား

အမေရိကန်နှင့် ပူပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း

ဖြစ်နိုင်ပါတယ်။

မှတ်ချက် ။    ။ 10/10/2002 တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှကူးယူ၍ ဘာသာပြန်ပါသည်။

 

 

 

 

 

အရှေ့နှင့် အနောက် အန္တရာယ် ကွဲပြားပုံ (သို့မဟုတ်)

ဝ ဆိုသော တိုင်းရင်းသား လူမျိုးများ၏ စီးပွားရေးနှင့် နိုင်ငံရေး ရပ်တည်မှု အခြေအနေ

by James Mmt on Sunday, October 30, 2011 at 5:28pm

 

 

ဘင်္ဂလီတွေဟာ လူနည်းစု ကိုယ်က လူများစုမို့လို့ သူတို့လူနည်းစုကို စိုးရိမ်စရာမလိုပါဘူးလို့

ဆိုတာ နည်းလမ်းလွဲနေပါတယ်…. ခြေဆော့ လက်ဆော့ မိန်းမဆိုရင်

အပျိုမရှောင် အအိုမရှောင်ငန်းငန်းတက်တဲ့ လူမျိုးကို ကိုယ့်အိမ်ပေါ်ကို

ဘယ်သူမှ ခေါ်ထားချင်မှာမဟုတ်ဘူး… မျက်နှာသာပေး ရွှေရေးပန်းကန်တက်တဲ့

လူမျိုးတွေမို့လို့လည်း ကျွန်တော်တို့တွေ မဖြစ်သင့်တာကို တားနေတာပါ…

INGO အလုပ်ကိစ္စတစ်ခုနဲ့ ဘင်္ဂလီကုလားတွေကို ရန်ကုန်ကိုခေါ်တော့ ရုံးခန်း

အပေါ်ထပ်အထိကို ဖိနပ်စီးပြီး ခပ်တည်တည်နဲ့ တက်သွားတတယ်..

ရှေ့မှာ ဖိနပ်ချွတ် ရှိပီးတော့ အားလုံးက ဖိနပ်ချွတ်ထားတာကို မြင်ရဲ့သားနဲ့တောင်

ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ ပုံစံနဲ့ လုပ်သွားခဲ့တာကို ခံပြင်းခဲ့ရတယ်…

 

တရုတ်တွေဝင်လာတာလည်း စိုးရိမ်စရာပဲ… ဒါပေမဲ့ တရုတ်မကိုသဘောတူရင်

ယူလို့ရတယ်…. အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ဘင်္ဂလီတွေကို ယူမယ်ဆိုရင်

ဘယ်လိုမှ မဖြစ်နိုင်ပါဘူး… ကြိုက်မိတဲ့ ကိုယ့်လူမျိုး၊ ပြန်ကြိုက်တဲ့ကောင်မလေး

အသက်အန္တရာယ်တောင် ချိမ်းခြောက်တဲ့အမှုတွေ ဖြစ်ခဲ့တာတွေ ရှိပါတယ်။

အခြေအနေ ပုံစံခြင်းမတူပါဘူး… သူတို့ဟာ ဒုက္ခသည်တွေဆိုရင် သူတို့နဲ့

ဘာသာတူတဲ့ နိုင်ငံကြီးတွေ ဘာ့ကြောင့် သူတို့နိုင်ငံတွေကို အခု အမေရိကန်

Green Card ပေးသလို မခေါ်သလဲ… သိတ်များများ မခေါ်ပါနဲ့ တစ်နှစ်ကို

ငါးသောင်းပဲ ခေါ်ပါ ဆယ်စုနှစ်မှာ မြန်မာပြည်မှာ ဒီပြဿနာရှိမှာ မဟုတ်တော့ဘူး..

(သူတို့စီ ရောက်သွားတာလည်း ပါမှာပါပဲ….) မခေါ်နိုင်ဘူးလို့ မထင်နဲ့နော်

အခုလက်ရှိကို ဟာဂျီရာသီရောက်တိုင်း ပြည်တွင်းမှာ နဂိုရှိပီးသား

မြန်မာမွတ်စလင်တွေတောင် မရတဲ့ စပွန်ဆာတွေနဲ့ လေယာဉ်စီးလုံးနီးပါး စီးပီးတော့

မက္ကာကို သွားကြတာနော်…. အဲ့ဒိ ဘူးသီးတောင် မောင်းတောမှာ ဒေသခံ

ရခိုင်တွေထက်တောင် အဲ့ဒိ ဘင်္ဂလီတွေက ပိုပြီးတော့ အခွင့်အရေးရကြပါတယ်…

UN, INGO တွေရဲ့ အဓိက ဦးစားပေးက ဘင်္ဂလီတွေဖြစ်နေတာကိုး….

 

ဝ ဆိုတာ တရုတ်မဟုတ်တဲ့ လူမျိုးတစ်မျိုးဆိုတာကို သိစေချင်ပါတယ်….

မရောက်ဘူးသေးတဲ့ ဒေသတွေကို စိတ်မှန်းနဲ့ ရမ်းတုတ်နေကြတာတွေ 

ပျောက်စေချင်လို့ပါ… ပန်ဆန်းနဲ့ ကြူကုတ် ပန်ဆိုင်းလည်း မတူတာကိုလူတွေ

သိတ်မသိဘူး ရောကြိတ်နေတာ များတယ်ဗျ…..  ဝ လူမျိုးဆိုတာ တကယ်ရှိပါတယ်….

အခု ဘင်္ဂလီတွေလိုပဲ တရုတ်ပြည်ထဲမှာကော မြန်မာပြည်ထဲမှာပါ ခွနေကြတယ်…

ဝ ဆိုတာ မြန်မာတရုတ် နယ်စပ်မျဉ်းကြောင်းပေါ်က တိုင်းရင်းသားပါ ..

လားဟူ အခါ နဲ့ ရှမ်းတို့လိုပဲ ဟိုဘက်မှာကော ဒီဘက်မှာပါရှိပါတယ် …

ဗကပကနေခွဲထွက်ပြီး အစိုးရနဲ့ငြမ်းချမ်းရေးယူလာခဲ့တာပါ …

ဝ တွေအပြုတ်တိုက်ခဲ့တာ ကတော့ ဘိန်းဘုရင်ခွန်ဆာအဖွဲ့ကို အသက်ပေါင်းများစွာရင်းပြီး

ခက်ခက်ခဲခဲတိုက်ယူခဲ့တာပါ .. (ဝ နဲ့ ရှမ်း တွေနဲ့ မတည့်တာတွေ့နိုင်ပါတယ်)

တောင်ပိုင်း ဝ နယ်ဆိုတာဟာ ဦးခွန်ဆာရဲ့ ဌာနချူပ် နေရာပါ သူတို့တိုက်ယူခဲ့တာပါ …

(ဖြည့်စွက်ချက် – ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောတူ စာချုပ်ချုပ်ပီးတော့ အဲ့ဒိနယ်ကို

တိုက်ယူနိုင်ရင် ယူဆိုလို့ ဝ တပ် ၃ တပ် နဲ့ လားဟူ ၂ တပ်ပေါင်းတိုက်ပီး

တောင်ပိုင်းနယ်ကို ယူထားတာပါ.. အရင် လေယာဉ်နဲ့တောင် ဗုံးကျဲလို့မရတဲ့

အဲ့ဒိနေရာကို 4 x 4 ကားတွေပါ သုံးပြီးတော့ လူ ၂၀၀ဝ ကျော် အသေခံတိုက်ပီးယူထားခဲ့တာပါ…

ဝ တပ်တွေ တိုက်လို့ ခွန်ဆာအထိနာတော့မှ အစိုးရနဲ့ သဘောတူ လက်နက်ချခဲ့တာပါ….)

 

ဟိုးအရင်က ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ် ဝ တွေ အမြှောက်နဲ့ ထုလို့

ကွန်မြူနစ်တွေလည်း တရုတ်ပြည်ပြေးတဲ့သူပြေး သေတဲ့သူသေ… အခုတော့ ဝ တွေရဲ့

အသံလွှင့်ရုံလား တရုတ်ရဲ ့ဖုန်းတာဝါတိုင်လား.. ဘာလဲတော့ မသိဘူး….

 

သူ့ဟာနဲ့သူနေတယ် သူတို့ဟာသူတို့ နယ်စပ်ဖြတ်ကျော် ကူးလူးသွားနေတယ်

ပြဿနာမရှိဘူး… အထူးဒေသ (၂) ရဲ့ ပြဿနာက ငြိမ်းချမ်းရေးယူပြီးတဲ့အချိန်မှာ

ဝ တွေဟာ မိုင်းပေါက်နယ်တစ်ခွင် ပန်ဆန်းနယ်တစ်ခွင်မှာ ရာဘာစိုက်တာ အကြီးအကျယ်

အောင်မြင်တယ် အဲ့ဒိကနေ ဝင်ငွေရတယ်… သူတို့ရဲ့ ကတိအတိုင်း ဘိန်းလုံးဝ

မစိုက်တော့ပဲ တရားဝင် နည်းလမ်းနဲ့ ဝင်ငွေရှာတယ်.. UNODC အသိအမှတ်မပြုပဲနဲ့

မနေနိုင်အောင်ကို လုပ်တယ်.. ဝ ဒေသမှာ ရွှေတအားထွက်တယ်..

ပန်ဆန်းနဲ့ ဝ စစ်ဌာနချုပ် တောင်သုံးလုံးရှိတဲ့ မိုးမောကိုသွားတဲ့လမ်းမှာကို ထွက်တာ….

တရုတ်ကဒါမျိုးကြတော့ လည်တယ် အကျိုးအမြတ် ကိစ္စနောက်မှ စကားပြောမယ် အရင်

ရွှေထုတ်ကြမယ်ဆိုပီးတော့ကို ခောတ်မှီစက်တွေနဲ့ကို တူးနေတာပါ…

 

ဗိုလ်ချုပ်ခင်ညွန့် အထိမ်းသိမ်းခံပြီးသွားတဲ့ အခါမှာ အစိုးရဟာ ဝ တွေအတွက်

ဝင်ငွေအများကြီးရှာပေးနေတဲ့ ရွှေဖြူလို့ ခေါ်တဲ့ ရာဘာတောတွေကို လိုချင်စိတ်

ပြင်းပြလာတယ်…. ရွှေထွက်တဲ့ တွင်းတွေ၊ သတ္ထုတွင်းတွေ ဒါတွေဟာ အစိုးရအတွက်

သွားရည်ကျစရာတွေပါပဲ…. အဲ့ဒိမှာ ဝ တွေရဲ့ အထင်ကရမြို့ဖြစ်တဲ့ မိုင်းပေါက်ကနေ

နောက်ဆုတ်ခိုင်းတာမှာ ဒီ ပဠိပက္ခတွေ ဖြစ်လာတာပါပဲ… နောက်တစ်ခုက မိုင်းပေါက်ဟာ

ပထဝီအနေအထားအရ တော်တော် အရေးပါပါတယ်… မြန်မာ၊ တရုတ်၊ ယိုးဒယား 

နယ်စပ်နဲ့လည်း တော်တော်နီးပါတယ်… အထူးဒေသ (၄) ကိုးကန့်ခေါင်းဆောင်

ဦးစိုင်းလင်းနေတဲ့ မိုင်းလားက အိမ်နဲ့လည်း တအားကြီးမလှန်းပါဘူး….

အစိုးရက ဒါတွေကို သိလို့ နေရာယူချင်တာကို ပါးနပ်တဲ့ ဝ တွေနဲ့ ကိုးကန့်တွေက

လက်မခံတာပါ…. (ဦးဖုန်ကြားရှင်တို့ နေတာက သတ်သတ်တစ်နေရာပါ)

 

2005 ခုနှစ်ကစပြီးလုံးဝဘိန်းမစိုက်တော့ဘူး (သူတို့နယ်ထဲမှာနော်)

ဘိန်းတစ်သီးခေါင်းတစ်လုံးအမိန့်ထုတ်ထားတယ် အဲ့အတိုင်းလဲ မိရင်တကယ်သတ်တယ် …

အဲ့မတိုင်ခင်ကတော့ဈေးထဲထိ ဘိန်းပင် ဘိန်းစေ့ ဘိန်းမဲ ပေါ်တင်ရောင်းတယ် ..

UNODC နဲသဘောတူညီပြီး အဲ့အတိုင်းလဲဖြစ်အောင်လုပ်တယ် အဲ့တာတော့လေးစားစရာပါ ..

လက်ရှိ ရှိသမျှတော အကုန်မီးရှို့ပြီး ရာဘာစိုက်နေတယ် ..

ရွှေ ကျောက်မီးသွေးနဲ့ သတ္တု ရိုင်းတွင်းတွေ လက် 10 ချောင်း မကရှိတယ် …

မြေအောက် လှိုင်ခေါင်းထဲအထိ 10 ဘီးကားမောင်းလို့ရတဲ့တွင်း အကြီးကြီးတွေထိရှိတယ် …

လက်ရှိငြိမ်းချမ်းရေးယူပြီးလို့ ငြိမ်းချမ်းပြီး စစ်တိုက်စရာမလိုတော့တဲ့  ဝ တွေအတွက်

အဲ့ဒီဝင်ငွေက မြို့ရွာတွေတည်ဆောက်နိုင်တယ်..

 

နေပြည်တော်လမ်းကမှ ကွန်ကရစ်အဆင့်ပဲရှိတယ် ဝ ပြည်မှာ အဲ့ထက်ထူတဲ့ကွန်ကရစ် ပေါ်မှာ

နိုင်လွန်လေးထပ်ထပ် ထားတဲ့ အပျိုစင်စစ် ပါးထက်မုန့်ညက်နေတဲ့လမ်းတွေရှိတယ်

(လက်ရှိပင်မလမ်းကြောင်းကြီးကို အဲ့လိုခင်းနေပြီ) နောက်ပြီး လောင်းကစားအလွန်မက်တဲ့

တရုတ် ရှမ်းတရုတ် တို့လိုလူတွေဆီကနေ ငွေသဲ့ယူနေတဲ့ ကာစီနိုဝိုင်းတွေရှိတယ်

(တရုတ်ပြည်ကတောင် ကန့်ကွက်ယူရတယ် တရုတ်နိုင်ငံသားတွေ လာမကစားစေဖို့

ဒါပေမဲ့ဒီလိုပဲကစားနေတာပဲ) သိမ်ကြီးဈေးနီးနီးလောက်ရှိတဲ့ကာစီနို ရုံနဲ့ကစားကွင်း

နိုက်ကလပ်ကိုတွဲထားပေးတယ် … နိုင်သွားလဲ အဲ့မှာတင်ပဲပြန်ကုန်အောင်စီမံထားပေးတယ် …

အဲ့လိုစည်းပွါးရေးခိုင်နေတဲ့အတွက် တရုတ်ကို ဝ တွေလဲ မြန်မာတွေလိုပဲ

မချစ်သော်လဲအောင့်ကာနမ်းနေရခြင်း ဖြစ်တာပါပဲ … နို့မဟုတ်ရင် ဘယ်မျာသွားရောင်းမလဲ

အဲ့သယံဇာတတွေ … သို့ပေသိ လူမျိုးရေးအရ ဝါးမျိုခံရတာထက်စာရင် တော်ပါသေးတယ်

ကိုယ့်လူမျိုးမပျောက်အောင် ထိန်းလို့ရတယ် …

 

သမိုင်းကို ပြန်လေ့လာကြည့်ပါ မြန်မာပြည်မှာ ကွန်မြူနစ်တွေ မျိုးပြုတ်ပီး ခြေကုတ်ယူလို့

မရတော့တာ ဝ တွေကြောင့်ပါ…. သူတို့ တောင်သုံးလုံး ဌာနချုပ်ကနေ လှမ်းမြင်နေရတဲ့

မျက်နှာခြင်းဆိုင်က ကွန်မြူနစ် ဌာနချုပ်ကို အမြှောက်နဲ့ထုပီးတော့ စစ်ကြေငြာပီး

မောင်းထုတ်ခဲ့တာပါ… ကျွန်တော့ ဓါတ်ပုံ အယ်ဘန်ထဲမှာ ကွန်မြူနစ်တွေ

နောက်ဆုံးနေသွားတဲ့ တောင်ပုံ ပါပါတယ်…. ဝ တွေဟာ တကယ်ပေါင်းမယ်ဆိုရင်

အရမ်းကို အသုံးတည့်တဲ့ အနေအထားမှာ ရှိပါတယ် သူဟာလည်း တရုတ်ကို

မချစ်သော်လည်း အောင့်ကာနမ်းနေရတာပါ…….. သူ့ဟာသူ သီးသန့်နေတတ်တဲ့ မိသားစုဝင်တစ်ယောက်လိုပဲ အိမ်သားတွေက မယုံသင်္ကာဖြစ်ပီး နှိပ်စက်လွန်းလို့

ဘေးအိမ်ကို အားထားနေရတဲ့ သဘောပါ…. အဲ့ဒါတွေကို သိလို့ ဗိုလ်ချုပ်ခင်ညွန့်က

ငြိမ်းချမ်းရေး တည်ဆောက်ခဲ့တာပါ…. ဒါပေမဲ့ နဂို ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့တုန်းက

ဝ တွေနဲ့ သတ်ခဲ့တဲ့ မကျေလည်တဲ့ စစ်ခေါင်းဆောင်တွေကြောင့်

ဒီလို ပြဿနာတွေ ဖြစ်လာတာပါ….

 

သေခြာမြင်တတ်ရင် ဝင်လာတဲ့ လူခြင်းတူပေမဲ့ ဓလေ့စရိုက်ခြင်း၊ ရည်ရွယ်ချက်ခြင်း

မတူတဲ့အတွက်ကြောင့် ဒီလိုဖြစ်ရတာပါ… သမိုင်းမှာ တရုတ်တွေ မြန်မာရွာတွေကို

ရွာလုံးကျွတ်မီးရှို့သတ်တာတွေ၊ မြန်မာမတွေကို မုဒိန်းကျင့်တာတွေ မရှိခဲ့ပါဘူး….

ဒါနမူနာ ပြောပြတာပါ တရုတ်ကို လက်ခံဖို့မဟုတ်ပါဘူး…. အခု ဒီ ဘင်္ဂလီတွေ လူမျိုးဖြစ်ဖို့အော်နေတယ် သူတို့ တောင်းဆိုချက်တွေက ကိုယ့်နိုင်ငံသားတွေတောင်

မရသေးတဲ့ လူ့အခွင့်အရေးကို အပြည့်အဝ တောင်းနေတယ်..

ဘီဘီစီနဲ့ ပေါင်းပြီး မြေပုံအတုနဲ့ သူတို့ဟာ နှစ် ရာချီပီးကတည်းက ရှိခဲ့တာပါလို့

သမိုင်းလိမ်နေတယ်… ရခိုင်တွေကပဲ သူတို့နေရာကို ကျူးကျော်ဝင်ရောက်လာတယ်ဆိုပီး

သူခိုးကနေ လူပြန်ဟစ်နေတာ နေရာသာ ပေးလိုက်ရင်တော့…. ခြေစ လက်စရှိသူကို

အိမ်ဝင်းထဲမှာ နေရာပေးလိုက်လို့ ကိုယ့်အမေ၊ နှမကို စော်ကားတာကို ခံရတော့မှ သိလို့

ဖယ်ထုတ်မယ်ဆိုတောင် ကွဲသွားတဲ့ အရှက်တွေ ထိခိုက်သွားတဲ့ စိတ်ဓါတ်တွေဟာ

ပြန်လည် ဖာထေးဖို့ ခက်ပါတယ်….

 

အနောက်ဘက်ကမ်းကနေ စုတ်ပြတ်သတ်ပြီးဝင်လား ကို့မြေမှာခိုကပ်နေ

ကို့လူမျိုးတွေဆီကနေ ကပ်ရက်စား သနားတတ်တဲ့မြန်မာတွေကြောင့်

အဆင်ပြေလာပြီးရင်မြန်မမတွေယူ ဘာသာရေးအရသွတ်သွင်း .. သူတို့လူမျိုးလုပ် …

ကဲအခုဆို တိုင်းရင်းသား နယ်မြေတစ်ခုအထိ ပါတောင်းလာပြီ …

ဘယ်လိုလုပ်ကြမလဲမိတ်ဆွေတို့ … အရှေ့ နဲ့အနောက် အန္တရာယ်ကွဲပြားပုံကို

မရှင်းလင်း သေးတဲ့ မိတ်ဆွေတွေအတွက် ရှုထောင့်တစ်ခုအနေနဲ့တင်ပြတာပါ….

လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ မတန်ဘူးဆိုတာကို လူ့အခွင့်အရေး အပေးဆုံး

နိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့ ဗြိတိန်တို့မှာ ကြည့်ရင် သိနိုင်ပါတယ်…….

 

 

14 comments

  • Harumoto

    October 31, 2011 at 8:18 am

    အေးဗျာ…ဒီစာဖတ်ရတော့ အတွင်းမှာညှိနှိုင်းဆွေးနွေး တည်ဆောက်ရတာ ခက်ခဲတယ်ဆိုပေမဲ့..ပြင်ပကဖိပြီး ဝင်လာနိုင်တဲ့ အန ္တရာယ်တွေက ကြီးတာ တွေ့လာရတယ်။ ဝ လူမျိုးတွေကို တိုင်းရင်းသားအဖြစ်သတ်မှတ်လက်ခံရင်တောင် လူဦးရေပမာဏ နဲ့ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တာကလွဲလို့ နယ်မြေအန ္တရာယ် ဖြစ်မှု နည်းမယ်လို့ ခန့်မှန်းရတယ်။အနောက်ဖက်က ဖိဝင်လာတာတွေအတွက်ကတော့ နေစရာလဲပေး..စားစရာလဲကြွေး ..ကြာလာရင် နှမပါပေးရမဲ့ အခြေအနေ တွေမို့ ဓလေ့စရိုက် အလေ့အထ ပါ မတူတာတွေဖြစ်လို့ တိုင်းရင်းသား အခွင့်အရေးပေးပြီး လက်ခံဘို့မဖြစ်နိုင်တာ ကြောင့် ကန့်ကွက် ရပါကြောင်း….။

  • captainamerica

    October 31, 2011 at 11:47 am

    ဦးဖောပြောတာလုံးဝကိုထောက်ခံတယ်။ကျွန်တော် Anti-chinese တစ်ယောက်ပါ
    ဒါပေမဲ့ဦးဖောပြောတာတစ်ကယ်ကို.လက်တွေ.အရမ်းကျတယ်။ကုလားဆိုးတွေရဲ.အန္တရာယ်က
    တရုပ်တွေထက်အများကြီးကိုပိုဆိုးနိုင်တယ်။ တရုပ်ကမိတ်ဆွေအဖြစ်လက်ခံပေးလို.
    ရနိုင်တယ်။မန္တလေးကဆရာတော်ဦးဝီရသူဟောတဲ့ကုလားတွေရဲ.အန္တရာယ်ပေးနိုင်ပုံ
    အကြောင်းဟောထားတဲ့တရားဖိုင်လေးရှိရင်တင်ပေးကြပါအုန်း
    လူမျိုးရေးခွဲခြားတာမကလို.ကြိုက်သလိုသာပြောပေါ်တင်ကိုခွဲခြာ.တာ ကုလားကတော့မုန်းလိုက်တာမှ
    တူးတူးခါးခါးပဲ အသလွတ်တောင်ရန်စပီးရိုက်ဖူးတယ်…ပေါ်တင်ကိုကြေငြာတာ
    အဲဒီလောက်ထိအောင်ကိုမုန်းတာ…

  • ကြောင်ကြီး

    October 31, 2011 at 12:20 pm

    ဝ၊ ကိုးကန့်နဲ့ ရိုဟင်ဂျာအရေးက မြန်မာပြည်မှာ ရှေ့လျောက်ပြသနာ ပိုလာဖို့ပဲရှိပါတယ်။ မွတ်စလင်များကို အကြံပေးချင်တာ ကိုယ့်အတွင်းစည်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်ပြကြပါ။ နိုင်ငံအတွင်း ဝင်လာတာခြင်းအတူတူ ကိုးကန့်၊ ဝတွေထက် မွတ်စလင်များကို ဘာကြောင့် လူမုန်းများနေရသလဲ။ မိမိကိုယ်မိမိ ဆန်းစစ်ဖို့လိုပါတယ်။ ထင်ကြေးပေးရရင် ဗိုလ်ခင်ညွှန့်လက်ထက် ဝတွေကို သိန်းနဲ့ချီ လက်ခံခဲ့တဲ့အတွက် ခင်ဗျားတို့မှာ ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ အရေးကြီးတာ လူအများရဲ့ စာနာမှု ရနိုင်ဖို့ပါ။ မြန်မာပြည်နဲ့ဆိုင်တဲ့ မွတ်စလင်များအားလုံး နားလည်တတ်မှ ဖြစ်မယ်။ ကြမ်းဖို့ရမ်းဖို့ မုန်းတီးဖို့ စုစည်းညီညွတ်နိုင်ရင် ပျော့ပြောင်းညှင်သာဖို့ရော ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ သူများထက် ကိုယ့်ကိုယ်တိုင် အပေါ်ပိုပြီး မူတည်နေတယ် ထင်ပါတယ်။။။။ မတရားဘူးတော့ မပြောနဲ့၊ ရာနှုန်ပြည့် မျှတတယ်ဆိုတာ ဘယ်တိုင်းပြည်မှာမှ မရှိဘူး။ နောင်လည်း ရှိမှာမဟုတ်ဘူး။ ကိုယ့်အနေအထားကိုယ် သိဖို့ပဲလိုတယ်။ ရူးချင်ယောင်ဆောင်တာ မသိကျိုးကျွံပြုတာ များလွန်းရင် မဆိုင်တော့လည်း လုပ်စားမရဖြစ်သွားတာမျိုးကို ဥပမာယူပါ။ ကမာ္ဘအနှံက အစ္စလာမ်းအစွန်းရောက် အကြမ်းဖက်ဝါဒရဲ့ သက်ရောက်မှုကို လျော့မတွက်ပါနဲ့။

    ရိုဟင်ဂျာ၊ ကိုးကန် ့ နှင့် ဒီအေဘီ ပေါ်လစီ
    http://komoethee.blogspot.com/…..html#links

    by Moethee Zun on Saturday, October 29, 2011 at 8:38am

    ကျနော်တို ့ ဒီအေဘီတွင်တာဝန်ယူစဉ်က ရိုဟင်ဂျာနှင့်ကိုးကန် ကိစ္စကိုဆွေးနွေးခဲ့ရပါတယ်။ တပ်ပေါင်းစုမှချမှတ်ထားသောပေါ်လစီကို
    နောက်မျိုးဆက်များသိနိင်ရင် ပြန်ဖေါ်ပြပေးလိုပါတယ်။
    ရိုဟင်ဂျာရောကိုကိုးကန် ့ပါမြန်မာနိင်ငံများဖြစ်ခွင့်ရှိတယ်။လူအခွင့်အရေးအပြည့်အဝရရှိစေရမှာဖြစ်ပါတယ်။ လွတ်လပ်စွာစီးပွားရှာခွင့်၊ကိုးကွယ်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များရှိကြောင်း အသိမှတ်ပြုထားပါတယ်။နိင်ငံသားအခွင့်အရေးတွေရရှိဖို့လည်း ကျနော်တို ့ ထောက်ခံပါတယ်။

    ၂- ဒါပေမဲ့ သူတို ့ကို မြန်မာ ရဲ ့ တိုင်းရင်းသား တမျိုး ( Ethnic) အဖြစ်အသိမှတ်မပြုပါ။ ရိုဟင်ဂျာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတမျိုးအဖြစ်လည်းအသိမှတ်မပြုကြောင်း ဒီအေဘီမှ ဆုံးဖြတ်ထားပါတယ်။

    ၃- အလားတူပဲမြန်မာပြည်ရှိ တရုပ်၊အိန္ဒယနွယ်ဘွားများကိုလည်း လူနည်းစုအဖြစ်သာအသိမှတ်ပြုပြီး မြန်မာ ပြည်ဘွားတိုင်းရင်းသားတမျိုး
    အဖြစ်အသိမှတ်မပြုပါ။ သူတို ့ဟာ မြန်မာ နိင်ငံသားတဦးအဖြစ် လူအခွင့်အရေးနှင့်နိင်ငံသားအခွင့်အရေးများအပြည့်အဝရရှိမှာဖြစ်ပါတယ်။

    ၄- အမေရိကန်ပြည်ထောင်စုမှာ တရားဝင်လာရောက်လုပ်ကိုင်သူရော၊ခိုးဝင်လာသူတွေရော ဥပဒေကြောင်းအရနိင်ငံသားလျောက်ထားပိုင်ခွင့်တွေရှိပါတယ်။ ဒါပေမဲ့ ရက်အင်ဒီယန်း ကဲ့သို့သော ဌာနေတိုင်းရင်းသားအဖြစ် လျောက်ထားမရသလိုဖြစ်ပါတယ်။

    ၅- ဒီအေဘီပေါ်လစီ ကို ကျနော်တို ့အဖွဲ ့ပေါင်းစုံပေါ်လစီအဖြစ် ကျင့်သုံးခဲ့ကြပါတယ်။

    မိုးသီးဇွန်

  • nainglinn

    October 31, 2011 at 12:30 pm

    ကိုယ်ကိုယ်တိုင်ရဲ.ခြံစည်းရိုးမလုံတာ ဘယ်သူကိုအပြစ်ပြောရမလဲ
    မြန်မာမလေးတွေ မြန်မာသားတွေ ကိုယ်တိုင် အမျိုးချစ်တဲ.စိတ်တွေပျောက်နေတာ
    ကျွန်တော် အအေးဆိုင်မှာတွေ.ဖူးတယ် ကုလားတစ်ယောက်နဲ.မြန်မာမလေးတစ်ယောက်နဲ.ကိုဘေးက မြန်မာသားလေးတွေက ဝိုင်းကြပ်ပေးနေကြတာပါ။ကျွန်တော် အသည်းတဆတ်ဆတ်နာတယ်။သူတို.နှမတွေသာဆိုရင် သူတို.အဲလိုလုပ်ပေးမလား
    သိပ်မကြာပါဖူး အဲကုလားနဲ.ကြိုက်တာပဲ
    သွားးးပြီးး သူတို.သာ ညားသွားရင်
    ကျွန်တော်ပြောချင်တာ မြန်မာမလေးတွေ အမျိုးဂုဏ်ကိုထိန်းသိမ်းစေချင်ပါတယ်
    လဝက နံရံမှာကပ်ထားတဲ. “မြေမျိူလို. လူမျိူးမပျောက်ဖူး လူမျိူမှ လူမျိူးပျောက်မှာပါ”
    ဆိုတာလေးကို သတိထားစေချင်တာပါ

  • Foreign Resident

    October 31, 2011 at 3:04 pm

    အဘ တစ်ခုကျန်ခဲ့လို့ ပြောပါရစေကွယ် ။

    အဘက တရုတ်သွေး စပ်ပါတယ်ကွယ်။
    တရုတ် အကျိုးစီးပွားကို ကာကွယ်နေတာလဲ မဟုတ်ရပါကွယ် ။

    တရုတ် ကိုလည်း မုန်းလို့ ရပါတယ်ကွယ် ။
    ကုလား ကိုလည်း မုန်းလို့ ရပါတယ်ကွယ် ။
    လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အမြင် နှင့် ခံစားချက် မို့လို့
    အဘ ဘာမှပြောစရာ မရှိပါကွယ် ။

    ဒါပေမယ့် အခုဖြစ်နေတာက

    ဟိုတနေ့ကပဲ
    ဧရာဝတီ ဧရာဝတီ ဧရာဝတီ ဆိုပြီး
    တရုတ် ကိုဆန့်ကျင် လိုက်ကြ ။

    ဒီနေ့ကြတော့
    ရိုဟင်ဂျာ ရိုဟင်ဂျာ ရိုဟင်ဂျာ ဆိုပြီး
    ကုလား ကိုဆန့်ကျင် လိုက်ကြ ။

    အရမ်း အရမ်း ကိုပဲ စိတ်ခံစားမှုပေါ်မူတည်ပြီး
    အပြောင်းအလဲ မြန်လွန်း နေလို့ပါ ။
    အခြေအနေကို ဘက်ပေါင်းစုံကနေကြည့်ပြီး
    နောက်ကွယ်က အကြောင်းတရားတွေကို
    အချိန်ယူ သုံးသပ် စေချင် ပါတယ်ကွယ် ။

    တော်ကြာ နိုင်ငံခြားက ပညာတတ်တွေက
    မြန်မာလူမျိုး ဆိုတာ ဘေးတီးပေးဖို့ တော်တော်လွယ်တဲ့ လူမျိုးဆိုပြီး
    နောက်ကွယ်မှာ အဟားခံနေရမှာ စိုးလို့ပါကွယ် ။

    ကို nainglinn ရဲ့ ” ကိုယ်ကိုယ်တိုင်ရဲ့ခြံစည်းရိုးမလုံတာ ”
    ဆိုတဲ့စကား နှင့် ပါတ်သက်လို့ ပြောရမယ် ဆိုရင်တော့

    ခေါင်းဆောင်တွေ ကိုယ်နှိုက်က ကိုယ့် ခြံစည်းရိုး ကိုယ် ထင်းခွေခဲ့တာကိုး
    ဘယ်လုံပါတော့မလဲ လို့ပဲ ပြောချင်ပါတော့တယ် ။

    အရင်းစစ်တော့ အမြစ်မြေကပါကွယ် ။
    စဉ်းစားနိုင်ကြပါစေကွယ် ။

  • kai

    October 31, 2011 at 3:15 pm

    မြန်မာဟာ..အမေရိကကို ဆက်ဆန့်ကျင်နေရင်.. အဲဒီနေရာ.. တော်တော်ပြဿနာကြီးနိုင်ပါတယ်.။
    အခု.. ရွေလမ်းငွေလမ်းတွေ မြင်နေရတာမို့.. နောက်ပိုင်း.. ဒီအစ်ရှုးသေးသွားမယ် ယူဆရတာပဲ..။

    ရခိုင်ပြည်နယ်က.. ရခိုင်နိုင်ငံဖြစ်ချင်လာတဲ့.. အပေါ်..တန်ပြန်ထိန်ညှိမှုတခုလို့လည်း.. ထင်မိတာပါပဲ..။
    ဆိုတော့..
    ဘီလီယန် ဘစ်ဇနက်တွေရဲ့.. အရင်းမြေနေရာမို့..
    (မြန်မာအမျိုးသားရေးနဲ့ ဝင်မရောပဲ.. ပါးပါးနပ်နပ်ကလေး..။)
    စူပါ ပါဝါတွေ.. ကစားကွင်းထဲက.. လက်ရှောင်နေတာ ကောင်းတယ် ထင်ပါကြောင်း..။ 😉

  • Ko Ko Aung

    October 31, 2011 at 6:01 pm

    ကိုးကန့် နဲ့ ဝ ဒေသ/လူမျိုး ကိစ္စက တမျိုးသတ်သတ်ပါ။
    ဦးနေဝင်းလက်ထက် တရုတ်နဲ့ နယ်ခြားမျဉ်း သဘောတူချက်ရတုန်းက ဘာတွေပေးပြီး ဘာတွေယူခဲ့တယ်ဆိုတာ ရှိပါတယ်။ အဲဒီမစ်ရှင်ရဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်အောင်ကြီး အသိဆုံးဖြစ်မှာ။

    ဘာပဲဖြစ်ဖြစ် အတိတ်သမိုင်းအမျိုးမျိုးက မြေပုံအမျိုးမျိုးရေးဆွဲပေးခဲ့ပြီးပါပြီ။ ဘယ်ဟာဘယ်တုန်းကအမှန် ဆိုတာထက် လက်ရှိဟာကိုပဲ အမှန်ယူပြီး ရှေ့ဆက်ရမှာလို့ ထင်ပါတယ်။

    ရိုဟင်ဂျာကိစ္စကတော့ တမျိုးပါ။ နားစွန်နားဖျားကြားဘူးရုံနဲ့ တွေးမိတာကတမျိုး ၊ တကယ်စစ်စစ်ပေါက်ပေါက် လေ့လာမိရင် တွေးမိတာက တမျိုးဖြစ်နိုင်ပါတယ်။ ပိုစ့်မှာတချို့ပါပြီးဖြစ်လို့ ဝင်မပြောတော့ပါဘူး။

    အဓိကပြဿနာက ကျွန်တော်တို့အစိုးရအဆက်ဆက်ကလဲ ကိုယ့်နိုင်ငံနယ်စပ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ လုံအောင်ကာနိုင်ခြင်းမရှိခဲ့ပါဘူး။ အခုလဲမရှိသေးပါဘူး။ ဒါကြောင့် မူဝါဒနဲ့သာ ကာထားနေရပုံပါ။

    နယ်စပ်နေတိုင်းရင်းသားတွေနဲ့လဲ အခုထိ တူညီတဲ့ပလက်ဖေါင်းပေါ်မရပ်နိုင်သေးပါဘူး။
    တိုင်းပြည်ကို ခပ်မြန်မြန်ဒီမိုကရေစီစံနစ် ဖေါ်ဆောင်နိုင်မှ အဲဒါလေးကို တိုင်းရင်းသားလူငယ်ပိုင်းတွေ ကြိုက်အောင်လုပ်ပြီး လူငယ်ချင်းဆွဲစိနိုင်မှာ။

    လက်ရှိလူကြီးတွေကတော့ ဒီမိုကရေစီတကယ်လိုချင်ကြတယ်လို့ ကျွန်တော်တော့မထင်ပါဘူး။

    နယ်စပ်နေ ဒေသခံတွေရဲ့ အပြည့်အဝနီးပါးပူးပေါင်းဆောင်ရွက်မှု့မပါပဲနဲ့ နယ်စပ်တွေကို မထိမ်းသိမ်းနိုင်မှာတော့ အသေအချာပါပဲ။

  • GreeNSheeP

    October 31, 2011 at 8:34 pm

    မြင်းခြံ ၊ နွားထိုးကြီး ၊ တောင်သာ နယ်သားများ ထုံးကို နှလုံးမူကြစေလိုပါသည်

    • parlayar46

      October 31, 2011 at 9:12 pm

      အဲဒါဘာလဲဗျ…
      နဲနဲလေးဖွင့်ပြပါဦး

  • three colors

    October 31, 2011 at 10:40 pm

    ်FRကြီး ပြောသလို ဟိုဟာအစထောင်၊ဟိုဟာဆန့်ကျင် ၊ဒီဟာ အစ ထောင် ဒီဟာ ဆန့်ကျင် လုပ်တာမဟုတ်။
    ကြံ ုလို့ဆွေးနွေးတာပါ။
    အမှန်က တရုတ် လဲ မကောင်း၊ ဘင်္ဂလား လဲ မစွံပါ။ ယိုးဒယားကလဲ ဘယ်တော့လက်စားချေ ရမလဲစဉ်းစားနေတဲ့အကောင်ပါ။
    ခြံစည်းရိုးခြင်း ကပ် နေတဲ့နိုင်ငံတခုခုကို မှီရပြီဆိုရင် ကိုယ့်ပြသနာကိုယ်ရှာတာပဲ။
    ဒါပေမဲ့ဘုရားတောင်အမှီရှိ ၊မှပွင့်နိုင်တာလေ။
    ကိုယ့်ဟာကိုယ် တိုးတက်အောင်လုပ်ဘို့ကမဖြစ်နိုင်။ ှ
    နည်းပညာနဲ့အရင်းအနှီးမရှိလို့မရ။
    တကယ် တိုးတက်အောင် လုပ်ပေးနိုင်တာ ဘယ်ကcompanyတွေလဲ၊ဗီယက်နမ်ကိုကြည့်။
    တရုတ် တောင်မှ ဘယ်နိုင်ငံက companyတွေက နည်းပညာတွေ၊ရင်းနှီးမြ ုပ်နှံမှူတွေ လာအောင်လုပ်နိုင်လို့ ထောင်သွားတာလဲ???
    ပြောတာ ခေါင်းစီး နဲ့လွဲနေသလား၊
    frကြီးပြောသလို ဝ အစစ်ဟာ တရုတ် မ ဟုတ်ပါ၊ဒါပေမဲ့ ဝ ယောင်ဆောင်တဲ့အကောင်တွေရောနေသလိုပဲ။
    နိုင်ငံတနိုင်ငံမှာ စစ်တပ်တခုပဲ ရှိရမှာကတော့ တိုင်းရင်းသားမို့လို့လျော့ပေးမရပါ၊ တပ်မတော် လက်အောက်ခံ အနေနဲ.ပဲ လက်နက်ကိုင်သင့်ပါတယ်၊
    ကိုးကန့်ကတော့ တရုတ် လူမျိုးပါ၊ တိုင်းရင်းသား မဟုတ်ပါ၊
    ရှမ်းသမိုင်း ကိုဖတ်ရတော့မှ ရှမ်းဆိုတာ တရုတ်တွေရဲ့အင်အားနဲ့ ဖိပြီးလိုက်သတ်လို့တဖြည်း၂ဆုတ်ပြေးဝင်ရောက်လာရတဲ့(ယခင်)ပန် လူမျိုး ဆိုတာသိရတယ်။
    ဘင်္ဂါလီဆိုတာ ဘယ်တုံး ကမှ တိုင်းရင်းသား မဟုတ်၊နိုင်ငံသားအခွင့်အရေးမရသင့်၊လွတ်တော်မှာ မရှိသင့်၊ မှတ်ပုံတင် မရသင့်၊ရခိုင် လူမျိုးများကို နယ်ခြားစောင့်တပ်ဖွဲ့စေပြီးထိန်းချုပ်သင့်တယ်။

  • maungmoenyo

    November 2, 2011 at 10:20 am

    လက်ရှိစီးပွားရေးအရရော၊ နိုင်ငံရေးမျက်နှာစာတွေမှာနေရာရနေကြသူတွေဟာ တကယ်တော့ မြန်မာစစ်လို့ပြောရတော်တော်ခက်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာ သမိုင်းနဲ့ချီပြီး သူကတော့မြန်မာစစ်စစ်မို့၊ သူကတော့ မူလဖွားဘက်တော်တိုင်းရင်းသားပါလို့ ငြင်းကြရတာထက်၊ လက်ရှိနေထိုင်ရာဒေသနိုင်ငံ၊ ပြည်နယ်အပေါ်ဘယ်လောက်အကျိုးပြုနိုင်လဲ ဆိုတာကိုကြည့်ရတော့မဲ့အချိန်ဖြစ်နေပါပြီ။ မြန်မာအစတကောင်းကဆိုပြီး DNA စစ်ဆေးနေရမဲ့အချိန်မဟုတ်တော့ပါဘူး။ နိုင်ငံ့သယံဇာတ ကိုလက်ညှိုးထိုးပြီး အိပ်ကတ်ထဲပိုက်ဆံထဲ့နေကြတဲ့ Steven Law တို့လိုလူမျိုးတွေကိုမဆိုလိုဘူးနော်။ တကယ်အမျိုးသားစိတ်ရှိကြသူ တွေတကယ်ရှိပါတယ်။ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုကြီးဘဲအခြေကျလို့ချမ်းသာနေကြပါစေ၊ မြန်မာမြေကိုကြိတ်လွမ်းကြသူ တရုတ်ကြီးတွေရှိသလို၊ ကုလားကြီးတွေကလဲ ရှိကြပါတယ်။ အဓိက ကတော့ နိုင်ငံအတွက်ဘယ်လောက်ပြန်အကျိုးပြုနိုင်၊ ကိုယ့်အတတ်ပညာကိုပြန်အသုံးပြုနိုင်ကြမလဲဆိုတာပါဘဲ။

  • Foreign Resident

    November 4, 2011 at 5:08 am

    နစက ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ
    11/2/2011

    မြန်မာ-ဘင်္ဂလာဒေချ့် နယ်စပ် ရသေ့တောင်မြို့နယ်တွင် နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး ကွပ်ကဲမူ အဖွဲ့ (နစက)မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး နိုဝင်္ဘာလ ၁ ရက်နေ့ က အသတ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

    အသတ်ခံရသူ နစက အဖွဲ့ဝင်များမှာ ရသေ့တောင် မြို့နယ် အရှေ့တောင်ပို်င်းတွင် တည်ရှိသော အငူမော် တပ်စခန်းမှ ဖြစ်ကြောင်း သရက်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

    ” အငူမော် တပ်စခန်းကပါ။ သူတို့က လောင်ချောင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ ကြက်ရိုးကုန်တန်း ကုလားရွာမှာ အင်္ဂါနေ့က အသတ်ခံခဲ့ရပါတယ်။ သူတို့က ဘာကြောင့် အဲဒီရွာကို သွားတယ် ဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး” ဟု သူက ပြောသည်။

    အဆိုပါ ရွာသို့ သွားရောက်သူများမှာ နစက တပ်ဖွဲ့ဝင် (၃) ဦး ဖြစ်ပြီး အဆိုပါ ကျေးရွာသို့ အရောက်တွင် (၂) ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    “ရွာသားတွေကတော့ တရွာလုံးက ဝိုင်းပြီး သတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က ဆိုင်ကယ် မောင်းတော့ အဲဒီရွာကို လူတွေကို သွားပို့စဉ် နစက တပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီး ရွာသားတွေကို စစ်ဆေးနေတာကို တွေ့ခဲ့ရတယ်။ သတ်တဲ့ အထဲမှာ ပါတဲ့ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ အိုနာခါးကုန်း ကုလားတွေဘဲ ကျန်ပါတယ်” ဟု သူက ပြောသည်။

    ယနေ့တွင် နစက တပ်ဖွဲ့ဝင် ရာချီ ရောက်ရှိနေပြီး လူသတ်ရာတွင် ပါဝင်သူများ တဘက်နိုင်ငံ ထွက်မပြေးရအောင် နယ်စပ် တောင်ကျော်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

    သေဆုံးသွားသူ နစက အရာရှိများ၏ အလောင်းကို ယနေ့ (နိုဝင်္ဘာလ ၂ ရက်နေ့) က ရသေ့တောင်သို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာမှ ကျန်နေခဲ့သူ တချို့ကိုလည်း နစကမှ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်

  • Foreign Resident

    November 4, 2011 at 5:08 am

    နစက နှစ်ဦး အသတ် မခံရမှီ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်မူ ဖြစ်ပွားခဲ့

    မောင်အေး
    ————
    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကြက်ရိုး ကုန်တန်း မူဆလင်ကျေးရွာတွင် အသတ်ခံခဲ့ရသော နစက အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦးတို့မှာ သူတို့ အသတ် မခံရမှီ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သေဆုံးမူ ဖြစ်စဉ် အကျဉ်းနှင့် ပတ်သက်ပြီး နစက တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    ” သူတို့က သေနတ်နဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။ ကုလားရွာသား (၆) ဦးခန့် ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ဒါပေမယ့် နစက တပ်သား တဦးဘဲ လွှတ်သွားတယ်။ နောက်နှစ်ဦးက ရွာထဲက မထွက်နိုင်ဘဲ ဖမ်းမိသွားပြီး အသတ်ခံသွားကြရတာ ဖြစ်ပါတယ်။”

    သေဆုံးသွား သူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် တောင်ပိုင်းတွင် တည်ရှိသောအငူမော် စခန်းမှ ဖြစ်ကြသည်။ သေဆုံးသူ အရာရှိမှာ စစ်တပ်ကနေ နစကသို့ ပြောင်းလာသူ ဒုဗိုလ် မြတ်ဆွေနှင့် ရဲတပ်မှ ပြောင်းလာသူ တပ်သား အောင်ကျော်ဇောတို့ ဖြစ်ကြသည်။ ကျန်တဦးမှာ ထွက်ပြေးလွတ်မြောက်လာ ကြောင်း သိရှိရသည်။

    အခင်းဖြစ်ပွားသည့် ဖြစ်စဉ် အကျဉ်းကိုလည်း သူက ယခုလို ပြောသည်။

    ” သူတို့ သုံးဦးမှာ နွားမှောင်ခို လမ်းတွေကို ပိတ်ဆို့ဖို့သွားကြတာ ဖြစ်ပါတယ်။ အခု မူဆလင် အိဒ်ပွဲတော်နဲ့ နီးလာတော့ အဲဒီဘက်က ဘင်္ဂလာကို နွားမှောင်ခို ခိုးကျော်တဲ့ လမ်းတွေရှိတယ်။ အဲဒီ လမ်းတွေ ကိုပိတ်ဖို့ သွားတဲ့အချိန်မှာ ရွာသားတယောက်က သူတို့ရွာမှာ နွားမှောင်ခို သမားတွေ ရောက်နေ တယ်ဆိုပြီး လာခေါ်လို့ လိုက်သွားကြတယ်။ အဲဒီ မှောင်ခိုသမားကိုဖမ်းပြီး ရယကအိမ်မှာ အပ်ထားတယ်။ သူတို့ ခရီးဆက်တယ်။ ပြန်လာတဲ့အချိန်မှာ မှောင်ခိုသမားက မရှိတော့ဘူး။ ဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရိုက်ပြီး စစ်ဆေးမေးမြန်းတယ်။ သူကလည်း ထွက်ပြေး သွားတော့ အိမ်သားကို ရိုက်ပြီး စစ်ဆေးတဲ့အခါ အဲဒီ အချိန်မှာ အိမ်သားတွေက ဓါးပြ၊ ဓါးပြဆိုပြီး အော်တယ်။ အဲဒီကနေ ကုလားတွေ ဝိုင်းလိုက်လာပြီး သူတို့ကို ဝိုင်းဖမ်းတယ်။ အဲဒီကနေ ဖြစ်သွားတာ” ဟုပြောသည်။

    ထိုသို့ အော်စဉ် ရွာသားများ ဝိုင်းအုံလိုက်လာသဖြင့် သေနတ်နှင် ့ပစ်ခတ်ခဲ့သည့် အတွက် ရွာသားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော်လည်း ရွာသားများက နစကများကို ဖမ်းမိသွားပြီး နစက နှစ်ဦးကို အသေသတ်လိုက်ကြောင်း သူက ဆက်ပြောသည်။

    ” အသတ်ခံရတဲ့သူတွေ သေနတ်နဲ့ ပစ်ခဲ့လို့ ဒဏ်ရာရသွားသူတွေရော၊ ကျန်တဲ့ ရွာသားတွေရော အကုန်လုံး ထွက်ပြေးသွားကြတယ်။ ဘင်္ဂလာဒေချ့်ကို ထွက်ပြေးဖို့များပါတယ်။ သူတို့က အခုလို ပြစ်မူမျိုး ဖြစ်ပြီးရင် ဘင်္ဂလာကို ထွက်ပြေးတာများပါတယ်။ သေနတ်တွေကိ်ုတော့ နောက်ပိုင်းမှာ ကျန်နေခဲ့တဲ့ ရွာသားတွေက နစကကို လာအပ်တယ်လို့ သိရပါတယ်” ဟု သူကပြောသည်။

    အဆိုပါ ပြဿနာကြောင့် ဒေသ တဝိုက်တွက် ဆူဆူပူပူ ဖြစ်နေပြီး ကြက်ရိုး ကုန်တန်းကျေးရွာတွင် ယခုအချိန်ထိ နစက တပ်ဖွဲ့ဝင်အများအပြား နေရာယူထားကြပြီး ရွာသားများကို စစ်ဆေးမှုများ ပြုလုပ်နေကာ တချို့ကျေးရွာသားများကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။

  • htoosan

    November 4, 2011 at 10:50 am

    “သူတို့ သုံးဦးမှာ နွားမှောင်ခို လမ်းတွေကို ပိတ်ဆို့ဖို့သွားကြတာ ဖြစ်ပါတယ်။ ”

    သုံးဦးထဲလားဟင် …ရန်ကုန်မှာ ကားတွေ စစ်တာတောင် မော်တော်ပီကယ်ရဲ လေးယောက် လောက် အနဲဆုံး ရှိတာ။
    နွားမှောင်ခို သမား လဲ ဖမ်းရဦးမယ်၊ နွားတွေလဲမောင်းရဦးမယ် ၊ ဒါကို သုံးယောက်ထဲသွားတယ်ဆိုတာ.. မစဉ်းစားတတ်တော့ပါဘူးဗျာ…
    အိမ်သားတွေက လည်း ဉာဏ်ပြေးပ။ ဓားပြ ဓားပြ လို့အော်တယ်ဆိုတော့…… အင်း အဖြစ်မှန်တော့ သူတို့ဘဲသိမှာပါ။

Leave a Reply