ဘောလုံးအကယ်ဒမီ မေလ တတိယပတ်ဖွင့်မည်

klnMay 21, 20101min622

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ကမာ္ဘ့ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းဆောင်ရွက်ခဲ့သော မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီကို မေလတတိယပတ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းအဆိုပါ ဘောလုံးအကယ်ဒမီမှ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်ကပြောကြားသည်။ ၁၅ဧက ကျယ်ဝန်းသည့် ဘောလုံးအကယ်ဒမီတွင် သုံးထပ်ဆောင် ပါရှိပြီးဘောလုံးအသင်းသုံးသင်းစာ နေနိုင်သည့် အဆောင်၊ လူ ၁၂ဝစားသောက်နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းတို့ပါရှိသည်။ နည်းပြများအတွက် အဆောင်သီးသန့်ပါရှိပြီးအထူးဧည့်သည်များ အတွက်လည်း သီးသန့်အခန်းထားရှိသည်။ ထို့ပြင် စာသင်ဆောင်၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊ အစည်းအဝေးခန်းမစသည်တို့လည်း ပါရှိသည်။ “ဒီအဆောင်အအုံကို ကနဦးကဧရာရွှေဝါကုမ္ပဏီက တာဝန်ယူခဲ့ပြီး ရေမီး၊ landscaping ပိုင်းတွေကို Max ကုမ္ပဏီက တာဝန်ယူခဲ့ပါတယ်။ ဖွင့်ပွဲရက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတ်မှတ်မယ့် ရက်ကိုပဲ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ၂၁ရက်နေ့လို့ပဲ ခန့်မှန်းထားရတာပါပဲ” ဟု ပြောကြားသည်။ အဆိုပါဘောလုံးအကယ်ဒမီအတွက် ၁၁နှစ်အောက်အယောက် ၃၀၊၁၃နှစ်အောက် အယောက်၃၀၊ ၁၅နှစ်အောက် အယောက်၃၀၊ ရွေးချယ်ထားပြီးဖြစ်ကာ နိုင်ငံခြားနည်းပြချုပ်တစ်ဦး၊ မြန်မာနည်းပြသုံးဦးတို့က တာဝန်ယူသင်ကြားပေးမည့်အပြင် မြန်မာ့ဘောလုံးလက်ရွေးစင်အဖြစ် မွေးထုတ်ရန် ရည်စူးဆောင်ရွက်ထားကြောင်းသိရသည်။ အဆိုပါ ဘောလုံးအကယ်ဒမီသည် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်၌ တည်ရှိကြောင်း သိရသည်။

2 comments

  • intro

    May 21, 2010 at 10:33 am

    ကောင်းတယ်ဗျို့… အားပေးတယ်… မြန်မာလူငယ်လေးတွေအတွက် မျှော်လင့်ချက်ပဲ…

  • amin

    July 17, 2010 at 5:30 pm

    လင်းရောင် သန်းနေပြီ …… နိုင်ငံရေး မလိုပါဘူး … ကိုယ်နိုင်ရာလုပ်ရင် တစ်ခုခု ပြောင်းလဲမှာပါ … တပ်မရှိတဲ့နိုင်ငံ လို့ သဘောထားပြီး…. တစ်ယောက်ချင်းစီ ..တစ်မိသားစုစီ….တစ်မြို့စီ.. လုပ်ရမယ် ..အလုပ်ပါ

Leave a Reply