ဝေါဗီးရှင်းမြန်မာရပ်ကွက်အဖွဲ့ငွေချေး

htet wayOctober 31, 20111min23617

ဧရာဝတီတိုင်းအိမ်မဲမြို့နယ်တွင်ဖွင့်လှစ်ထားရှိသောworld vision myanmar၏လက်အောက်ခံအထက်ပိုင်းရပ်ကွက်အဖွဲ့သားများမှဆင်းရဲသားလျှော့နည်းရေး
အထောက်အကူပြုငွေချေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
အိမ်မဲမြို့တွင်ဖွင့်လှစ်ထားရှိသောဝေါဗီးရှင်းမှရပ်ကွက်အဖွဲ့များဖွဲ့စည်းပြီးဖွံ့ဖြိုးရေးကိစ္စများဆောင်ရွက်လျှက်ရှိရာကလေးသူငယ်ဖွံ့ဖြိုး
ရေး၊ပညာရေး၊မွေးမြူးရေး၊ကျန်းမာရေး၊..စသဖြင့်ဆောင်ရွက်လျှက်ရှိရာအိမ်မဲမြို့ငါးရပ်ကွက်မှအထက်ပိုင်းရပ်ကွက်တွင်ယခင်ကတည်းကမွေးမြူရေး၊ငွေချေးမ
ူလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ယခုအခါဆင်းရဲသားလျှော့ချရေးအစီစဉ်တရပ်အနေဖြင့်တစ်ဦးလျှင်ကျပ်၃၀၀၀ဝကျပ်ကို(၁.၁၀.၂၀၁၁)ရက်နေ့တွင်ဆက်လက်
်ထုတ် ချေးခဲံ့ရာအတိုးနုန်းမှာနှစ်ကျပ်ဖြစ်ပြီးရပ်ကွက်ကော်မတီမှ၄ကျပ်နုန်းဖြင့်ထုပ်ချေးခဲ့ပါသည်။
ပိုယူသောချေးငွေကိုဝေါဗီးရှင်းလက်အောက်ခံကော်မတီမှရန်ပုံငွေအဖြစ်သုံးစွဲမည်ဖြစ်ပြီး၎င်းတို့မှရပ်ကွက်အတွင်းကလေးများကိုကျူရှင်
အခမဲ့သင်ပေးခြင်း၊စာသင်ခန်းဆောက်လုပ်ခြင်းနှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သုံးစွဲဆောင်ရွက်ကြောင်းတွေ့ရှိကြားသိရပါသည်။အဆိုပါချေးငွေကိုလေးလကြာ
ထုပ်ချေးထားမည်ဖြစ်ပြီးလစဉ်အတိုးငွေပေးသွင်းရမည်ဖြစ်ပါသည်။
မြို့နယ်ဝေါဗီရှင်းမှဆေးရုံတွင်အိ်မ်သာဆောက်ပေးခြင်း၊မူလတန်းကျေင်းများဆောက်လုပ်ရာတွင်ပါဝင်လှူဒါန်းခြင်းစံပြကလေးများကျန်း
မာရေးကိစ္စများဆောင်ရွက်ပေးခြင်းတို့ကိုပြုလုပ်သည်ကိုမြင်တွေ့ရပြီးရံဖန်ရံခါရပ်ကွက်အခြေပြုစာသင်ကျောင်းလေးတွင်မိဘရှင်များအားပညာပေးဟောပြောပွဲများ
ကျင်းပကြောင်းသိရှိရပါသည်။

17 comments

  • ပေါက်ဖော်

    October 31, 2011 at 9:47 am

    တစ်ဂယ်ဆိုရင်တော့ ဝမ်းသာစရာပဲ ဆာထက်ဝေးရေ
    အတိုးနှုန်းကဘယ်လောက်နဲ ့ချေးတာလဲ မသိဘူး..
    တော်ကြာ သတ်သေနေကြလေ သတည်း ဖြစ်နေဦးမယ်

    ရန်ကုန်ကလူတွေကော လာချေးလို ့ရလား ခင်ဗျ 🙄
    လမ်းကြုံရင်…သဂျီးကော ရွာသားတွေကို ချေးမလား တစ်ချက် မေးပေးပါဦး.. 😆

  • etone

    October 31, 2011 at 10:22 am

    ပြောချင်တာဘာလဲဟင် … ငွေချေးပေးတဲ့ သတင်းလား … ။
    ပိုယူတဲ့ အတိုးနှုန်းနဲ့ …. ပရဟိတ္တလုပ်မယ့်သတင်းလား … ။ ဝေါဗစ်ရှင်းရဲ့ လုပ်ငန်းစဉ် အကြောင်း တစေ့တစောင်းလား ။

  • thureinmaung

    October 31, 2011 at 10:30 am

    ဝေါလ်ဗွီရှင် (World Vision) ဟာမြန်မာနိုင်ငံမှာ
    ဒေသဖွံ့ဖြိုးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှစပြီးနှစ်ရှည်စီမံကိန်းတွေချမှတ်လုပ်ဆောင်
    နေတဲ့ကလေးဗဟိုပြုလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။
    နာဂစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဧရာဝတီတိုင်းရှိမြို့နယ်အတော်
    များများမှာဆောင်ရွက်ခဲ့ပြီးတော့အခု နောက်ပိုင်းဖျာပုံနဲ့ဘိုကလေးမြို့နယ်၂ ခုမှာရေရှည်
    ဖွံ့ဖြိုးရေးလုပ်ငန်းစတင်နေပါပြီ၊ လောလောဆယ်မြန်မာနိုင်ငံအနှံ့အပြားတိုင်းနဲ့ပြည်နယ်တွေမှာ
    အနဲဆုံး၅နှစ်မှ၂ဝ နှစ်ကြာတဲ့ရေရှည်တည်တံ့စေမဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဒေသခံပြည်သူ
    အာဏာပိုင်တွေနဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။
    ကချင်ပြည်နယ်ဆဒုံးနဲ့ကန်ပိုက်တီးမြို့နယ်၊
    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်
    ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့်တာချီလိတ်မြို့နယ်
    ကယားပြည်နယ် လွိုင်ကော်မြို့နယ်
    မန်းလေးတိုင်းဒေသကြီး အောင်မြေသာဇံ၊အမရပူရ၊ချမ်းမြသာစည် မြို့နယ်
    မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ချောက်မြို့နယ်
    ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊သာပေါင်းမြို့နယ်၊ပုသိမ်မြို့နယ်၊
    မြောင်းမြမြို့နယ်၊အိမ်မဲမြို့နယ်ဖျာပုံမြို့နယ်၊ဘိုကလေးမြို့နယ်
    ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊လှည်းကူးမြို့နယ်၊လှိုင်သာယာမြို့နယ်၊
    တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊သန်လျင်မြို့နယ်
    ကရင်ပြည်နယ် ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်
    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊သံဖြူဇရပ်မြို့နယ်
    တနင်းသာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊သရက်ချောင်းမြို့နယ်၊
    လောင်းလုံမြို့နယ်၊ပုလောမြို့နယ်မြိတ်မြို့နယ်၊ကော့သောင်းမြို့နယ်
    တကယ်ကိုလိုအပ်ချက်ရှိတဲ့နေရာတွေကိုဘဲရွေးပြီးလုပ်သွားပါတယ်၊
    အခု ပခုကူ၊ဆိပ်ဖြူရေဘေးကယ်ဆယ်ရေးမှာလဲအင်တိုက်အားတိုက်ကူညီဖို့
    ဝန်ထမ်းတွေထွက်ခွါသွားကြပါပြီ။

  • ကြောင်ကြီး

    October 31, 2011 at 10:42 am

    ဝေါဗစ်ရှင်းအဖွဲ့က ခရစ်ယာန်ဘာသာရေး လူမှုထောက်ပံ့မှု အဖွဲ့အစည်း။ မြန်မာပြည်ရှိ နိုင်ငံတကာ အန်ဂျီအိုများထဲမှာ ဘာသာရေးခွဲခြားမှု အရှိဆုံးလို့ နာမည်ပျက်ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နောက်ကွယ်မှာ ဘာသာရေး ရည်မှန်းချက်ပါတယ်။ မနက်တိုင်း ရုံးလုပ်ငန်း မစခင် ဘုရားစုပေါင်းရှိခိုးရတာ၊ ကွင်းဆင်းပညာပေးမှု ဟောပြောပွဲတွေမှာ ဘာသာရေး ဆုတောင်းခြင်းနဲ့ စတယ်လို့ နီးစပ်သူများ ပြောတာကြားဖူးတယ်။ သိထားဖို့ပါ။ ကိုယ်က ငတ်နေမှတော့ တရုတ် ကုလား အကြွေးရှင် ရွေးနေလို့ ခက်ပါတယ်။ များသောအားဖြင့် သူတို့ လိုကယ်ဝန်ထမ်းတွေက တိုင်းရင်းသားတွေများတယ်။ မြန်မာပြည်မှာ ဘာသာရေးနွယ်ရင် သဂျီးပြောသလို စူပါကွန်ဆားဗေးတစ်နဲ့ မီဂါကွန်ဆားဗေးတစ် အမြင်ရှိသူတွေများတော့ သိပ်ဝမ်းမသာပါ။ နိုင်ငံခြားသား ကျွမ်းကျင်သူများကလည်း အခြားအန်ဂျီအိုများလို secular ဘာသာရေး မကိုင်းရှိုင်းတဲ့ ပရော်ဖက်ရှင်နယ်စစ်စ် ဖြစ်နိုင်ခြေနဲတယ်။ တဖက်ကကြည့်ပြန်တော့လည်း ကျနော်သာ ခရစ်ယာန်ဆို ဒီစကားထွက်မှာ မဟုတ်ဘူး၊ လက်ခုပ်လက်ဝါးတီး ကြိုဆိုမှာပေါ့။ သို့သော် အပြုသဘောပြောရရင် လခယူလုပ်တဲ့ ဘာသာရေးအဖွဲ့အစည်းများရဲ့ (ဘယ်ဘာသာမဆိုပါ) ပရောဂျက်အလုပ်များ အပေါ်ယုံကြည်မှုနဲပါတယ်။ ဝန်ထမ်းများအပေါ် နားလည်စာနာပါတယ်၊ ကျနော်လည် ထိုက်ထိုက်တန်တန် ပေးရင်ဝင်လုပ်မှာပဲ။ ပြောချင်တာ ငွေကြေး အရှုပ်အရှင်း ရှိတတ်တယ်၊ ကြာလာရင် သူလည်းပဲ လောကီသားပေမို့….

  • ဆူး

    October 31, 2011 at 11:59 am

    ဆင်းရဲသားအပေါ် အတိုးနှုန်း ယူတာ များသလားလို့..
    ၂ကျပ် ဆိုရင် ဘဏ်တိုးသာသာ ဆိုတော့ မဆိုးလောက်ဘူးပေါ့..
    မနေ့က သတင်းမှာ ကြားလိုက်တယ် တခြားနိုင်ငံတွေမှာ မကြိုက်တဲ့ နိုင်ငံတွေလည်း ရှိတယ်လို့ ကြားတယ် ဟုတ်မဟုတ်တော့ အချိန်စောင့်ကြည့်ရမှာပဲ..
    ဦးကြောင်ကြီး ပြောသလိုဆို ဘာသာရေး အရေခွံစုပ်ဖို့များလား… 🙄

  • windtalker

    October 31, 2011 at 12:18 pm

    ပို ့စ်ကိုဖတ်တော့ ဝမ်းသာမိတယ်
    ကွန်မင့်တွေ ဆက်လက် ဖတ်ပြီးတော့ သံသယ ဝင်မိတယ်
    ပိုက်ဆံချေးမယ် ငါ့ ဘာသာထဲ ဝင်ရမယ် ဆိုတာမျိုးတော့ မလုပ်စေချင်ဘူး

    • ကြောင်ကြီး

      October 31, 2011 at 12:25 pm

      အဲသလောက်တော့ ပြင်းထန်လို့ ရမယ်မထင်ပါဘူး။ သို့သော် စဉ်းစားကြည့်ပေါ့ဗျာ။ ဘာသာရေး အဖွဲ့အစည်းက လာတယ်ဆိုမှတော့ သူ့နည်းသူဟန် ရှိမှာပေါ့။ မယူချင် မဆက်ဆံနဲ့၊ မနေနိုင်ရင်လည်း သတိထား ဒါမှမဟုတ် သဘောထားကြီးပါ။ ကိုယ်လည်း ဘာသာခြားတွေကို အကူအညီပေးနေရင် ဒီစိတ်မျိုးဝင်မှာပဲ။ ပြောချင်တာ မြန်မာပြည်သား စိတ် အချင်းချင်းကို သိနေလို့ပါ။

      • windtalker

        October 31, 2011 at 12:42 pm

        အနော် က ငယ်သေးလို ့လားမသိဘူးဗျ
        ကိုကြောင်ကြီး ရဲ ့
        ကိုယ်လည်း စိတ်ကူးယဉ်ဖူးပါတယ်
        ငါ တစ်နေ ့၊ အကြီးအကျယ် ချမ်းသာရင်
        ငါ ရှင်သန်ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင် ၊ နိုင်ငံ အတွက်
        ဘာပြန်လုပ်ပေးမယ် ၊ ဘယ်လို ဘယ်ပုံ အစရှိသဖြင့်ပေါ့ ဗျာ
        သို ့ပေသည့် ၊ ဘာသာရေးဓါးပြတော့ တိုက်မှာ မဟုတ်ဘူးဗျို ့

  • htet way

    October 31, 2011 at 12:49 pm

    ကျွန်တော်ပြောချင်တဲ့သတင်းကရပ်ကွက်ဆင်းရဲသားလျှော့နည်းရေး
    ငွေချေးတဲ့ကိစ္စပါ။etoneမေးသလိုကျွန်တော်အရေးအသားမကျွမ်းကျင်မူ
    ူကြောင့်ရောထွေးသွားတာတောင်းပန်ပါတယ်။ဘာသာရေးအဖွဲ့အစည်း
    ဆိုပေမယ့်ဘာသာရေးဆွဲဆောင်မူတော့မတွေ့ရပါဘူး။ငွေချေးမယ်ငါ့ဘာ
    သာထဲဝင်ဆိုတာလည်းမရှိပါဘူး။ကျွန်တော်ဝေါဗီးရှင်းဝန်ထမ်းမဟုတ်သလို
    ခရစ်ယာန်လည်းမဟုတ်ပါ။သူတို့လုပ်ဆောင်မူတွေရှိနေတာတဖက်တလမ်း
    ကတော့နိင်ငံကိုအကျိုးပြုနေတာပါပဲ။တခုပြောချင်တာကဝန်ထမ်းလျှောက်
    ်တဲ့အထဲမှာခရစ်ယာန်ကိုဦးစားပေးတယ်အိမ်မဲမှာဆိုဗုဒ ္ဓ ဘာသာဝင်၃ဦးရှိပါ
    တယ်။နေရာကြီးကြီးကတော့ခရစ်ယာန်ပါခင်ဗျာ။ကလေးလေးတွေအတွက်
    ်ကတော့သိပ်ကောင်းတဲ့အဖွဲ့လို့ဆိုပါရစေ။သူတိုတွေကိုချီးကျူးတာကတော့
    လစာဘယ်လောက်ရတယ်ဆိုတာလုံးဝမပေါက်ကြားအောင်လျှို့ဝှက်နိုင်တယ်ဗျား။

  • moethidasoe

    October 31, 2011 at 12:56 pm

    အကူအညီ ပေးတဲ့နေရာမှာ များများ ပေးရမယ် ဆိုရင် ဘာသာ ပြောင်းရတယ် ဆိုတဲ့ အစဉ်အလာ ရှိခဲ့တယ်လို့တော့ ကြားဖူးတယ်
    ဥပမာ .. အိမ်ဆောက်ပေးမယ် .. ဒါပေမယ့် ခရစ်ယာန် ဘာသာဝင်ရတယ် တဲ့

  • zay

    October 31, 2011 at 2:37 pm

    ်ုုု်ိအင်း ကျွန်တေ်တို့ အိမ်မဲမှာ ခရစ်ယာန်က များများရင်လေးတယ်

  • thit min

    October 31, 2011 at 6:25 pm

    Bangladesh က Micro finace plan လိုမျိုးလုပ်နိုင်ရင်တော့ကောင်းမှာပါ။
    မြန်မာပြည်ကအခွင့်အရေးပေးလာတာကိုအလွဲသုံးတတ်တဲ့သဘောတွေကိုလဲထိမ်းသိန်းရအုန်းမယ်ထင်ပါရဲ့။

  • GreeNSheeP

    October 31, 2011 at 8:20 pm

    စောင့်ကြည့်ရဦးမှာပေါ့နော်
    ငွေချေးခဲ့တဲ့သူတွေ ရဲ ့စကားသံတွေကိုလည်း ရေးပေးပါဦး ၊ ကြားရတော့ ပြည့်ပြည့်စုံစုံ သိရတာပေါ့

  • shwebagan

    November 1, 2011 at 1:17 am

    ဆရာလေးတို့. ခရစ်ယန် က သူ့ဘာသာ သူစောက်ရှောက်တာကို ဝေဖန်လေကန်နေကြမဲ့အစား ဆရာတို့ ဗုဒ္ဓဘာသာ တွေသူ့ထက်သာအောင်
    လုပ်ပြကြပါလားဗျာ ခင်ဗျားတို့ ရှေ့ကသွားရင် နောက်က အပြည့် ထောက်ခံပြီး လိုက်မယ်

  • မန်းဂေဇက် စာရေးသူ၊ စာဖတ်သူအပေါင်းတို့ခင်ဗျား…
    မနေနိုင်၊ မထိုင်နိုင် ဝင်ပြီး လျှာရှည်ပါရစေဦး.. World Vision ဆိုတာ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်မှန်း လူတိုင်းသိပြီးဖြစ်လောက်တယ်ထင်ပါတယ်.. နောက်ပြီး ခရစ်ယာန်အားပြုအဖွဲ့တစ်ခု ဖြစ်တယ်ဆိုတာလည်း သိကြမယ်ထင်ပါတယ် (ဦးကြောင်ပြောစကားအရ)၊ ဆိုတော့ကာ… ခရစ်ယာန်အကြောင်း ထဲထဲဝင်ဝင်မသိဘဲ စွပ်စွဲတယ်လို့ မြင်မိပါတယ်.. လုပ်ငန်းမစခင် ဝတ်ပြုဆုတောင်းတယ်ဆိုတာ ဘုရားသခင်ဆီက နေ့စဉ်ခွန်အားယူခြင်းပဲဖြစ်ပါတယ်.. ဝတ်ပြုဆုတောင်းခြင်းကြောင့် တစ်ခြားဘာသာဝင်များကို စွဲဆောင်တယ်လို့ မယူဆပါ။ များသောအားဖြင့် ခရစ်ယာန်ဆိုတာ မေတ္တာတရားဗဟိုုပြုပြီး လူတွေကို ကောင်းသတင်းတွေ ဝေမျှနေခြင်းပါပဲ.. တစ်ချို့ တစ်ချို့သော ဘာသာဝင်တွေလို ခြိမ်းခြောက်၊ အကြပ်ကိုင်၊ လူမျိုးရေးဝါးမျိုပြီး သာသနာ ဖြန့်ဝေနေခြင်းလဲ မဟုတ်ပါ။ ဒီတော့… World Vision ရဲ့ အဓိက ရည်ရွယ်ချက်ကလဲ အမှန်တစ်ကယ်လိုအပ်နေတဲ့သူတွေကို အထိရောက်ဆုံး အကူအညီတွေ ပေးနေတယ်လို့မြင်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များနေတဲ့အတွက် သာသနာပြုလုပ်ငန်းလုပ်နေတယ်လို့ မယူဆသင့်ပါဘူး။ သူတို့ကူညီနေတာမှာ ဘယ်ဘာသာမှ မရွေးဘဲ ကူညီနေကြတယ်ဆိုတာ အမှန်တစ်ကယ်ရရှိဖူးသူတိုင်း သိမယ်ထင်ပါတယ်။ တစ်ခြားဘာသာဝင်များလို သာသနာ့အကြီးအကဲတွေကိုသာ ပုံအောလှူဒါန်းနေပြီး လက်တွေ့လိုအပ်နေတဲ့သူတွေကို ဘာမှ မပေးကမ်း မစွန့်ကြဲတာမျိုးမလုပ်ဘဲ ကောင်းရာကောင်းကျိုးလုပ်နေတာကို ဝမ်းပန်းတသာ ကြိုဆိုသင့်ကြတယ် ထင်ပါတယ်။ ငါ့ဘာသာမဟုတ်သူ ငါ့ရန်သူလို့ သတ်မှတ်နေကြမယ်ဆိုရင်တော့ ကိုယ့်ဘာသာဝင်များကို ကိုယ်ဘယ်လောက်တောင်များ ကူညီစောင့်ရှောက်၊ ထောက်ပံ့မှုလုပ်ခဲ့ကြပြီးပြီလဲလို့ မေးခွန်းထုတ်ချင်ပါတယ်..

    အားလုံးပဲ နားလည်နိုင်ကြပါစေကြောင်း ရည်သန်လျက်…

  • mg wine

    November 1, 2011 at 7:59 am

    ဘာသာရေးဆွဲဆောင်နေတာမဟုတ်ကြောင်းသိပြီးသားပါ။
    ဒီအဖွဲ့ကကောင်းပါတယ်။ကျန်းမာရေးကူညီမူစရိတ်ကတော့
    နီးစပ်ရင်းနှီးသူတွေကိုပဲပေးနေတာတွေ့ရတယ်ခင်ဗျ။
    တချို့ဝန်ထမ်းတွေအကျင့်လေးတွေပြင်ဖို့နဲ့မှန်မှန်ကန်ကန်
    လုပ်ဖို့စစ်ဆေးပြင်ဆင်သင့်ကြောင်းပါ။

  • Atom

    November 3, 2011 at 12:31 am

    World Vision ဟာ ခရိယာန် ဘာသာ အခြေပြု တဲ့အဖွဲ ့အစည်း လို ့ခံ ယူတဲ့ အဖွဲ ့ပါ။ သဘောတရား အရကတော့ ခရိယာန် ဘာသာ ရဲ့ အဆုံးမ တွေ နဲ ့လိုက်လျော ညီထွေစွာနဲ ့ ဘာသာမခြား၊ လူမျိုး မခြား ပဲ လူတိုင်းကို မေတ္တာထား ပြီးကူညီပါ့မယ် ဆိုတဲ့ ခံယူချက်ကို သဘောတရားအားဖြင့် ကျင့်သုံးကြတယ်။ World Vision မှာ ဘာသာ ပြောင်းလာ အောင် ဆွဲဆောင်တာမျိုး မရှိပါဘူး။ လုပ်ခဲ့ တာရှိခဲ့ရင်လဲ World Vision ရဲ့ မူဝါဒ မဟုတ်ပဲ သက်ဆိုင်ရာ ဝန်ထမ်း များရဲ ့လွဲမှားတဲ့ အယူသည်း မှုတွေသာဖြစ်ပါတယ်။ ကလေး ငယ်လေးတွေရဲ ့ ဘဝ ကိုမြှင့်တင်ပေး ပြီး ဖွံ ့ဖြိုးသော ပတ်ဝန်းကျင်၊ဒေသ ကို ဖန်တီးမယ်ဆိုတဲ့ မျှော်မှန်းချက်ထား တဲ့ အဖွဲ ့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ် တွေနဲ ့တိုက်ရိုက်သက်ဆိုင်တဲ့ ကျန်းမာရေး ကဏ္ဍ၊ ပညာရေး ကဏ္ဍ တွေမှာ အဓိက ပံ့ပိုးမှုတွေလုပ်ပါတယ်။ လူကြီး မိဘ တွေရဲ ့ ဘဝ အခြေအနေကို မြှင့်တင်ပေးနိုင်ရင် ကလေး တွေရဲ ့ ဘဝ အခြေ အနေလည်း မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ ့ စီးပွားရေးကဏ္ဍ မှာလဲ ပါဝင်လာခဲ့ပါတယ်။ World Vision ရဲ ့ micro finance activity မှာ အထက်က ပြောခဲ့သလို ငွေချေး ပေးတာမျိုး၊ တစ်လုံးတစ်ခဲပံ့ပိုး ငွေ ဆိုတာမျိုးတွေ ရှိပါတယ်။ အတိုး ကို ယူသော်လည်းပဲ အတိုးကို စားတာ မဟုတ်ပဲ၊ revolving ပြန်ထဲ့ပြီး ချေးငွေ ပို များလာအောင် ၊ ငွေချေးသူ ဦးရေ များများ ကို ပေး လာ နိုင်အောင် ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။ World Vision ရဲ ့ ချေးငွေ အထောက်အပံ့နဲ ့ အဆင်ပြေလာတဲ့ မိသားစု များရှိ ကြောင်းကို သက်သေပြနိုင်ပါတယ်။
    World Vision ရဲ ့ ခံယူချက် ( Core Value )၊ နဲ ့ ရည်မှန်းချက် တွေဟာ အလွန်ကောင်းသော်လည်းပဲ၊ ခရိယာန်ဘာသာ အစွန်း ရောက်များ ကြီးစိုးမှု ကိုခံရတဲ့ အတွက်ကြောင့် တချို ့သော နယ်မြေ ဒေသ တွေမှာ ခွဲခြား ဆက်ဆံခြင်းတွေ တွေ ့ရပါတယ်။ ဥပမာ ကူညီမှုကို ပေးခြင်း အတူတူ ခရိယာန် ရွာ ကိုမှ ပိုပိုသာသာအကူအညီပေးတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါတွေဟာလဲ အဲဒီ နယ်မြေကို အုပ်ချုပ် သူ မန်နေဂျာတွေ ရဲ ့လွဲမှားတဲ့သဘောထားသာဖြစ်ပြီး World Vision ရဲ ့ ခံယူချက်နဲ ့တော့ မပတ်သက်ပါဘူး။
    လူမျိုးရေး ခွဲခြားမှု ကိုလဲ World Vision မှာ ပြင်းပြင်းထန်ထန် တွေနိုင်ပါတယ်။ ဥပမာ ကရင် လူမျိုး အများစု ကိုသာလျှင် အကြီးတန်း အုပ်ချုပ်သူနေရာမှာ တွေ ့ရမှာဖြစ်ပါတယ်။ တစ်ချိန်က ကရင် မဟုတ်ရင် World Vision မှာ အလုပ်ရဖို ့တောင် မမျှော် မှန်းနိုင်တဲ့ အထိဖြစ်ပါတယ်။ နောက် တစ်မျိုးက တော့ World Vision မှာ မိသားစု ကောင်းစားရေး ကို လုပ်နေကြတဲ့ မန်နေဂျာ တစ်ချို ့ကိုလဲ တွေ ့နိုင်ပါတယ်၊ ဥပမာ ဆွေမျိုး၊ မိသားစု ထဲက နီးစပ်ရာကို အလုပ်ခန် ့တာမျိုး။
    အချုပ်အားဖြင့် ဆိုရ ရင်တော့ World Vision ဟာ အလွန်ကို ကောင်းမွန် တဲ့ ရည်ရွယ်ချက်နဲ ့ ရည်မှန်းချက်တွေ ရှိနေသော်လဲပဲ ၊ အမြင်ကျဉ်းမြောင်းသူ မန်နေဂျာ တစ်ချို ့ကြောင့် ဒေသ အချို ့မှာ ညီမျှ တဲ့ အထောက်အပံ့တွေ မရကြပါဘူး။ ဝန်ထမ်းတွေဟာ လဲ ညီမျှတဲ့ အခွင့်အရေးတွေ မရကြပါဘူး။
    World Vision ရဲ ့ ဝန်ထမ်း အများ စုဟာ Core Value လို ့ခေါ်တဲ့ World Vision ရဲ ့ ခံယူချက်ကို မလိုက်နာကြပါဘူး။ ဘာကို ဆိုလိုမှန်းတောင် တိတိကျကျ မသိသူတွေ အများကြီးရှိပါတယ်။
    ဒါတွေကို ရေးနေရတဲ့ အကြောင်းကတော့ World Vision ကို ပုတ်ခတ်ချင်တာ မဟုတ်ပါဘူး။ World Vision ရဲ ့ဝန်ထမ်း တစ်ဦး အနေနဲ ့ကြုံတွေ ့နေရတဲ့ အခြေအနေမှာ မြင်ခဲ ့ တွေ ့ခဲ့ရတဲ့ အမှန်တရားတွေကို ဒီကနေ ပြီး World Vision ရဲ ့ Policy maker တွေကို သိစေချင်ပါတယ်။ ပိုကောင်းပြီး ၊ ပိုတောက်ပတဲ့ အဖွဲ ့အစည်း အနေနဲ ့မြင်ချင်ပါတယ်။
    World Vision ရဲ ့ ရည်မှန်းချက်နဲ ့ ခံယူချက် တွေကို မူရင်းအတိုင်းဖတ်ချင်သူတွေ လင့် အတိုင်း လိုက်ကြည့်နိုင်ပါတယ်။
    http://www.wvi.org/wvi/wviweb.nsf/maindocs/3F50B250D66B76298825736400663F21?opendocument
    http://www.wvi.org/wvi/wviweb.nsf/maindocs/7A0A54FD44BC11C38825737500737C8A?opendocument

Leave a Reply