“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၄(အောင်ပန်းသို့အပြန်လမ်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၄

တိမ်ုခိုးတွေနဲ့ဝေနေတဲ့တောင်

ထမင်းဆိုင်လေးရဲ့နောက်ကတောင်မှာတော့ မိုးငွေ့တွေထောင်းထောင်းထနေပါတယ်။
9နာရီထိုးတော့ ကားကလေးက ဟွန်းသံပေးလို့ခေါ် ပြီးခရီးဆက်ခဲ့ကြပါတယ်။

တောင်ခိုးနဲ့တိမ် စိမ်းမှောင်တဲ့တောင်

မိုးရေသောက်လို့ဝနေတဲ့ ပါတ်ဝန်းကျင်ကြီးကတော့ စိမ်းစိမ်းစိုစို။
စိမ်းမှောင်တဲ့တောင် စိမ်းမြတဲ့အခင်း

လမ်းဘေးတစ်နေရာမှာတော့ ရေညှိတွေတက်နေတဲ့သစ်ပင်အခင်းလေးတွေကို မသိလို့မေးကြည့်တော့
သစ်တော်သီးပင်ပါတဲ့။
သစ်တော်သီးပင်လေးတွေ

သစ်တော်ပင်လေးတွေက အခင်းလေးတွေအဖြစ်ရှိနေသလို၊
တစ်နေရာမှာတော့ခြံစည်းရိုးလိုကာထား၊

သစ်တော်ပင်တန်း

နောက်တစ်နေရာမှာတော့ သစ်တော်ပင်လေးတွေကြားထဲမှာအိမ်ကလေးတစ်လုံး။
မြင်ရတာကဗျာဆန်ဆန်။
သစ်တော်ပင်ကြားက အိမ်ကလေး

သွားရင်းသွားရင်းနဲ့ဘဲ စိမ်းမြတဲ့လယ်ကွင်းလေးတွေကပေါ်လာလိုက် ပျောက်သွားလိုက်။
စိမ်းမြတဲ့ ကောက်ပင်တွှေနောက် က သစ်တော်ခင်း

ရွာလေးတွေအဝင်မှာ အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့အိမ်ကလေးတွေကလဲအစီအရီ။
အပြန်ခရီးမှာတော့ ကားကျပ်လှပါတယ်။
လူအပြည့်ကားအပြည့်။

ကလေးအမေလေးတစ်ယောက်တက်လာတော့ ထိုင်နေတဲ့အမျိုးသမီးတစ်ယောက်က
နေရာဖယ်ပေးလိုက်တဲ့မြင်ကွင်းလေးက ကြည်နူးစရာ။
နေရာမရလို့ အပေါက်ဝမှာမတ်တပ်ရပ်နေသူတွေရဲ့လက်ထဲကပစ္စည်းကို နီးတဲ့သူကယူလို့ပေါင်ပေါ်တင်ထား
ပေးတဲ့မြင်ကွင်းက မြို့ပေါ်မှမတွေ့နိုင်တဲ့မြင်ကွင်း။
ကိုယ့်လက်ထဲက ပစ္စည်းကို သူများဆီမှာစိတ်ချလက်ချမထားနိုင်သလို သူများပစ္စည်းကိုလည်းအလုပ်
ရှုပ်ခံပြီး ယူမထားချင်ဘူးဆိုတာ မြို့ဆန်တဲ့စိတ်လို့ဘဲပြောရတော့မယ်ထင်ပါရဲ့။
လမ်းဘေးတစ်နေရာမှာတော့ ရွာထဲကထွက်လာနေတဲ့ပအိုဝ့်မကြီးတစ်ယောက်ကိုမြင်တော့အသွားတုံးက
ဓါတ်ပုံမရိုက်လိုက်ရတာကို ပြန်သတိရပြီးနှမျောနေမိပါတယ်။

ရွာထဲ့နေထွက်လာတယ် ဘယ်သွားမလဲတော့ မသိဘူး

သွားနေရင်းကနေ ကျောက်စရစ်ခဲပုံကြီးတစ်ခုမြင်လို့ လှမ်းအကြည့် ဟိုးဘက်ကရွာကိုသွားတဲ့လမ်း
အသစ်ဖောက်နေတာဆိုတာကိုသိရပြန်ပါတယ်။
လမ်းအသစ်

လမ်းဘေးတစ်နေရာမှာ ဆိုင်ခန်းအလွတ်တွေအများကြီးကိုတွေ့လို့မေးကြည့်တော့
” ဆောင်းပြောင်းရွာ“လို့သိလို်က်ရပါတယ်.။
အခုမှပြန်သတိရလိုက်တာက ကျနော်အသွားတုံးကအိပ်နေတုန်း
ကားဆရာနဲ့လူတစ်ယောက်စကားအပြန်အလှန်ပြောနေကြတာကိုပါ။
“ ဒီနေ့ဆောင်းပြောင်းဈေးနေ့မလား လူရှင်းလှချည်းလား“
“ ဒီနေ့ဈေးနေ့ပျက်တယ်လေ မိုးတအားရွာတော့ မလာနိုင်ကြဘူး
ဒါကြောင့် ဈေးအပျော်ခင်းပြီး ပြန်သွားကြတာပ “ ဆိုတာလေးပါဘဲ။
အပြန်ခရီးမှာတော့ တောင်အတက်လမ်းတွေကြောင့်လား ကုန်အပြည့်လူအပြည့်မို့လားမသိ
ကားကလေးက တအိအိနဲ့ရုန်းရတာ သနားစရာ အသံတွေတောင်ပေးလို့ပါ။
မြေပြန့်လိုနေရာမျိုးမှာတော့စိုက်ခင်းတွေအပြည့်။
မြေပြန့်လွင်ပြင် စိမ်းလွင် စိုက်ခင်း

မြေသားများများကတ္တရာနည်းနည်း ကွေ့ကောက်ကောက်လမ်းမနံဘေးမှတော့ လယ်ယာလုပ်ငန်းခွင်
ဆင်းနေသူကလဲအများအပြား။
တောင်တက်လမ်းနံဘေးမှာအလုပ်လုပ်နေတဲ့သူတွေ

တိုးတက်လာတယ်လို့ထင်ရတဲ့တစ်ခုကတော့ ဒီအနီးအနားက ယောကျာ်းမိန်းမတောဆင်းရင်
ဆိုင်ကယ်ကိုယ်စီနဲ့ပါဘဲ။
မြေစောင်းစောင်းမှာလှေကားထစ်လိုစိုက်ထားတဲ့စပါးခင်းလေးဘေးကဖောက်ထားတဲ့ကားလမ်းလေးက
လဲ အဝတ်စလေးတစ်ခုချထားသလိုပါဘဲ။
လှေခါးထစ်လို စို်က်ထားတဲ့စိုက်ခင်း

သွားနေရင်းက လယ်ကွင်းလွင်ပြင်တွေပျောက်ပြီးကျောက်တောင်ကုန်းတွေအမြင်ပြောင်းလာပြန်ပါတယ်။
ကျောင်တောင်ကြီးတွေ

အပင်မရှိတဲ့ကျောက်တောင်ကုန်းတွေမြင်ရပြန်တော့ ရင်ထဲမှာအထီးကျန်ဆံသလိုလို။
လှပတဲ့မြင်ကွင်း

လှပတဲ့ရူ့ခင်းလေးတွေငေးနေရင်းက စိတ်ထဲမိုက်ကနဲခဏတော့အိပ်ငိုက်သွားပါတယ်။
ပြန်နိုးလို့ကြည့်လိုက်တော့ ကားကလေးက လမ်းကွေ့ကွေ့လေးရဲ့ကျောပေါ်မှာပြေးလွားနေပါတယ်။
ကျနော်မှတ်မိသွားပါပြီ.။
အထီးကျန်နေသလို မြင်ရတဲ့ကျောက်တောင်

ဒီလမ်းကွေ့လေးလွန်တာနဲ့ ကလောသွားတဲ့လမ်းဆုံကိုရောက်တော့မယ်။
မကြာခင်အောင်ပန်းကိုပြန်ရောက်တော့မယ်ဆိုတာသိလိုက်ပါတယ်။
လမ်းကွေ့ကွေ့လေးက ချစ်စရာ

နာရီကြည့်တော့ 12း15။
မျက်စေ့ကို ခဏမှိတ်ပြီးအနားယူလို်က်တော့ ပိတ်ထားတဲ့ကြားထဲကမြင်လာတာကတော့
မနေ့ညနေစောင်းမှာရောက်ခဲ့တဲ့တောင်ကွဲစေတီရဲ့မြင်ကွင်းတွေက
တဖြည်းဖြည်းနဲ့ပိုပီပြင်လာသလို………………………………………….

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(30-10-2011)
ဆက်လက်ဖော်ပြပါမည်။

8 comments

  • thit min

    October 31, 2011 at 9:17 am

    အဲဒီ ဓာတ်ပုံတွေကူးပြီး ဒီက ကောင်တွေပြရင် သူ့တို့နိုင်ငံက ဒေသတခုလို့ဘဲပြောမှာ။
    ဖွံ့ဖြိုးတိုးတက်မှုမတူတာမြို့ပြပါဘဲ။ သဘာဝရဲ့လက်ဆောင်ကတော့ဘယ်မှာဖြစ်ဖြစ်
    လှပစွာ လူသားတွေကိုပေးဆပ်တယ်ပေါ့။
    လက်ဆောင်ဘဲပေးပါလို့ သဘာဝတရားကြီးရေ။
    ကျေးဇူးကိုပေါက်ရေ မြင်ခွင့်ရလို့။

  • koyinmaung

    October 31, 2011 at 9:27 am

    လှပတဲ့ရှု့ခင်းတွေကို အားပေးသွားပါတယ် ဆရာပေါက်….

  • blackchaw

    October 31, 2011 at 9:30 am

    ဝင်ကြည့်ပြီး အားပေးသွားပါတယ် ကိုပေါက်ရေ။
    အချိန်မရလို့ နောက်မှ ထပ်မန်းပါတော့မယ်။

  • Diamond Key

    October 31, 2011 at 10:17 am

    လှလိုက်တာ ကိုပေါက်ရေ၊ မြူတွေတိမ်တွေကလည်း ရှုခင်းလေးကို ပိုပြီး ချစ်စရာ ကောင်းစေတယ်နော်။

  • inz@ghi

    October 31, 2011 at 10:40 am

    အားပါးပါးစ် …

    ဒါတွေအကုန် စုပြီး …
    သဂျိုင်ခီးကို ….
    ကိုပေါက်၏ ရှမ်းပြည်တခွင် ပြဲပြဲစင် ရိုက်ချက်များ ဆိုပြီး
    အယ်လဘမ် တအုပ် ထုတ်ခိုင်းရမယ်

  • ဆူး

    October 31, 2011 at 12:01 pm

    အောင်ပန်းသားကြီး ပုံလည်း မပါပါလား.. ဟိဟိ။
    ခရီးကတော့ ရှယ်ထွက်နေတယ် လိမ္မော်သီးတောင် အောင်ပန်း လိမ္မော်တဲ့.. အပင်တွေ တွေ့ခဲ့သေးလား။

  • windtalker

    October 31, 2011 at 12:16 pm

    လေးပေါက် ရေ စိတ်ထဲကို အေးသွားတာဘဲ ပုံလေးတွေကြည့်ရတာ
    လူပုံကြည့်ချင်တယ်ဆိုတဲ့သူအတွက် ၊ ဂေဇက်ထဲ မှာ ရှိတဲ့ လူပုံဘဲ လွယ်လွယ်ညွှန်းလိုက်ပေါ့ဗျာ..နော
    ဟီဟိ

Leave a Reply