ယိုးဒယား ရေဘေး(ဓာတ်ပုံ)

အီးမေးလ်ထဲရောက်လာတဲ့ ပုံလေးတွေပါ… ကျွန်တော်တို.ဆီမှာ အဲလိုဖြစ်ရင် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ. တင်ပေးလိုက်တာပါဗျာ…
ကျွန်တော်တော့ ဒီပုံတွေကြည့်ပြီး သက်ကယ်အင်္ကျီတစ်ထည်ပြေးဝယ်ထားလိုက်ပြီ ဗျ


မြန်မာနိုင်ငံက ကြက်သားဈေးတက်နိုင်တယ်.. သတိထား..


ပါမစ်ရှိသူများ ရေတိမ်နစ်ကားများ အော်ဒါလက်ခံပါသည်။


ယိုးဒယားပစ္စည်းများ ဈေးစတက်ပါပြီ


ကျွန်တော်လဲ ရေသန်.ဘူးအခွံစုထားရမယ်..


ကားမဝယ်ပဲ ဆင်တစ်ကောင်လောက်ဝယ်ထားရင်ကောင်းမလားပဲ.


HandMake ရှပ်ပြေးဘုတ်ပြားဗျ ဟဟ


အဲဒီ စပိဘုတ်က တော်တော်ဈေးကြီးမယ်ဗျ


ရေကြီးရတဲ့အထဲ ဧည့်သည်ကလာသေးတယ်…


တိရိစ္ဆာန်လေးတွေတောင် အကြင်နာတရားရှိကြတယ်နော်..


ရေတံခွန်နားမှာ ထမင်းလက်စုံစားနေကြတယ်ဗျာ..


ဒီလို ပလပ်စတစ် ပုံးတွေလဲ ဆောင်ထားသင့်တာပေါ့..

ကဲအခုလိုဆိုတော့ ကမာ္ဘမှာ ရေဘေး၊မုန်တိုင်းဘေး အခြားအခြားသော ဘေးတွေ ကျရောက်နေကြပြီး အဲဒီတော့ ဘာပဲပြောပြော တစ်နေ.နေ.တစ်ချိန်ချိန် ကျွန်တော်တို. မကြုံရဘူးလို. သေချာမသိနိုင်ဘူးလေ ဒါကြောင့် ဘုရားတရားသာ လက်ကိုင်ထားကြပေတော့ဗျာ.. ရွာသူရွာသားအပေါင်းအား တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်…

22 comments

  • ပေါက်ဖော်

    October 31, 2011 at 11:19 am

    ခွေးသေးသေးလေး နှစ်ကောင် ချစ်စရာလေး အဟဟ
    ဖွတ်နှစ်ကောင်ကလဲ အဝှာပြုနေကြတာလား
    အပေါ်က ဝက်ကလေးတွေ သနားစရာ

    တစ်ကယ်ခံနေရတဲ့လူတွေ သနားစရာဗျာ.
    ကြည့်ရင်းကြည့်ရင်း မပြုံးနိုင်တော့ဘူး..
    ဝမ်းနည်းဒယ် 😥

    • pan pan

      October 31, 2011 at 1:38 pm

      ကိုပေါက်ဖော်ကြီး
      ခွေးနဲ့ဝက်မှားတွားဒါလား
      ခွေးသေးသေးလေးတွေမဟုတ်ဘူးနဲ့တူတယ်
      ဝက်ပေါက်တွေလားလို့ 🙄
      ဧည့်သည်လာတဲ့မိချောင်းလေးရော ချစ်စရာမကောင်းဘူးလား
      သူ့လည်းအိမ်လည်လေးဘာလေးခေါ်ဦးပေ့ါ

    • etone

      October 31, 2011 at 1:39 pm

      ဒီလောက်ရေတက်နေတာတောင် လူတွေ လောဘတက်ပြီး ဝက်တွေကို မပြေးနိုင်အောင် လုပ်ထားသေးတယ် … သူတို့ခမျာ သနားစရာ 😥

  • nikita

    October 31, 2011 at 11:47 am

    ခွေးနဲ့ မျောက်ပုံလေးတွေက ချစ်စရာလေးတွေ 😀
    ကူးထားလိုက်ပြီနော်

  • မိုးပွင့်ဖြူ

    October 31, 2011 at 12:24 pm

    သဘာဝဘေးအန္တာရယ် ဘယ်သူမှရှောင်လွဲလိုမရပါဘူး Shwe Tike Soe ပြောသလိုပဲဘုရားတရားအာရုံပြုပြီးနေလိုက်ပါပြီ
    သာဓုခေါ်လိုက်ပါတော……….

  • windtalker

    October 31, 2011 at 12:38 pm

    ကိုတိုက်စိုး ပြောသလိုပါဘဲ
    ကိုယ်လည်း ဒါမျိုး မတော်မတဲ့ ချော်ချဲ ့လို ့ကြုံခဲ့ရရင်
    ဘယ်သို ့ဘယ်ပုံ နေရမလဲ ၊ ရင်ဆိုင်ရမလဲ ဆိုတာကို
    စဉ်းစားမိတယ်ဗျို ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 12:46 pm

    ( ဘုရားတရားသာ လက်ကိုင်ထားကြပေတော့ဗျာ.. )
    ဆိုတာကို ဒဂျီးမနိုးခင် မြန်မြန်ပြင်လိုက်ရင်ကောင်းမယ်
    သဘာဝအန္တရယ်ကျလာရင် ဆုတောင်းတာကို ဒဂျီးမင်း နှစ်သက်တော်မမူဘူးကွဲ့
    ထိုင်းရေကြီးတာနဲ့ မြန်မာပြည်မှာ ကြက်သားဈေးကြီးမှာနဲ့
    ထိုင်းပစ္စည်းတွေဈေးတက်မယ်ဆိုတာကို ကျုပ်တို့ ခေါင်ထည်းထည့်ထားရမယ်

  • ဆူး

    October 31, 2011 at 1:34 pm

    ကြက်တွေ သနားပါတယ် ဘောလောတွေမျောပြီး.. ရေနစ်သေနေကြတာပဲ။
    ရေတွေ ကြီးတာ တော်တော်ကြာပြီ ရေတွေ မကျနိုင်သေးတော့ စိတ်မကောင်းစရာပါပဲ။
    ပြည်တွင်းက ရေကြီးတာလည်း တော်တော် ထိသွားကြတယ် ပြောတယ်။
    အပြင်ကို အာရုံ ထက် အတွင်းက လူတွေ ရေကြောင့် ဒုက္ခများနေတာ ဂရုဏာ ပိုထားပေးကြပါ။

  • etone

    October 31, 2011 at 1:35 pm

    သူတို့ နိုင်ငံမှာ ရေသာကြီးတာ ပွဲလန့်တုန်း ဖျာခင်းတဲ့ သတင်း မကြားလိုက်ရဘူးနော် … ။
    ဘာပစ္စည်းတွေ ထုတ်ရောင်းတယ် ညာပစ္စည်းတွေပြန်သွင်းတယ်ဆိုတာမျိုးလေ :mrgreen:

  • koyinmaung

    October 31, 2011 at 1:42 pm

    သဘာဝအကျဆုံးဓါတ်ပုံတွေပါ….
    ရေကြီးတော့မှလါတဲ့ဧည့်သည်ကရှိသေး..
    ဝက်ကလေးတွေလဲသနားစရာပါ
    ဘုန်းဘုန်းတို့ကလဲဒုက္ခသေးပါလား
    ဖွတ်ကလေးနှစ်ကောင်ကလဲ လူတွေကိုကြောက်ရကောင်းမှန်မသိ
    ခွေးနဲမျောက်ကလဲသူတပြန်ကိုယ်တပြန်ကယ်လို့
    ဆင်ရှိတဲ့သူကတော့ဒီနေရာမှာအဆင်ပြေပ
    အမယ်….ပျော်တဲ့သူကလဲပျော်နေကြပါလားကွယ်တို့
    နောက်ရှိယင်လဲတင်ပါအုံး…
    အားပေးနေပါတယ်…

  • khinmintatthu

    October 31, 2011 at 2:49 pm

    အကုန်လုံးက သနားစရာပါပဲ….အားလုံး တရားနဲ့သာဖြေကြပါ…..

  • kai

    October 31, 2011 at 3:03 pm

    အချွန်နဲ့ မလိုက်ဦးမယ်…
    ဒီနှစ်ပိုင်း.. ထေရဝါဒ ဗုဒ္ဓဘာသာ အများစုရှိတဲ့.. နိုင်ငံကြီး ဒီလောက်သဘာဝဘေး..။ လူလုပ်ဘေးတွေ တိုးဝင်လာတာ.. တခုခု အမှားအယွင်း..ကြီးကြီးလုပ်ထားတယ် မထင်မိဘူးလား..။

    ထူးတာတော့ ထူးတယ်..။
    ခုနှစ်တွေ ..သေသေချာချာ ပြန်စစ်တိုက်ကြည့်ချင်သေးတယ်..။

    မယုံတဲ့သူတွေ.. အားရပါးရ ကြိမ်သစ္စာ ဆိုကြည့်ပါလား..။
    အဟတ်..ဟတ်.. ဟတ်ချိုး..။ 😆

    • Moe Z

      October 31, 2011 at 3:20 pm

      ကျန်းမာရေးကို ဂရုစိုက်ပါသဂျီးမင်းရယ်
      အဲဒီမှာ ရာသီဥတုကောင်းရဲ့လား 🙂

    • ဆူး

      October 31, 2011 at 3:31 pm

      တဂျီး ဒါလေး ဖတ်ပြီးပြီလား မေ့မှာ စိုးလို့ ပြန်ဖတ်လိုက်နော်။
      http://myanmargazette.net/136/computers-technology
      နေကောင်းတယ်နော် ကျန်းမာကောင်းအောင်နေနော်.. တရားစွဲရင် နိုင်ငံနဲ့ ချီပြီး ဝိုင်းဆွဲမှာမို့ နည်းနည်း ပိုပြီး အလုပ်ကြိုးစားထားပေါ့။
      ထေရဝါဒ နိုင်ငံတွေ ဘယ်နှစ်နိုင်ငံ ရှိလဲ မသိဘူး ဂူဂဲမှာ ချာ လိုက်အုန်းမယ်နော် 🙄

  • Shwe Ei

    October 31, 2011 at 3:16 pm

    ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဆိုပေသိ အဓမဝါဒီတွေများလာလို့ဖြစ်ပါလိမ့်မယ် သဂျီးရယ်။ 😉

  • Shwe Tike Soe

    October 31, 2011 at 3:28 pm

    ဟုတ်ပ ဟုတ်ပ လူတွေက ကိုယ်ကျင့်တရားတွေပျက်၊ စီးပွားကို သရဲမရဲရှာ.. အလိုလောဘတွေကြီးနေကျတော့ သဘာဝတွေက သူအလိုလို ပျက်လာတာပေါ့ဗျာ.. ကျွန်တော်တို. နိုင်ငံမှာတော့ တော်သေးတာပေါ့ ဆရာတော် ဓမ္မကထိကတွေက တရားတွေ အာပေါက်မတတ်ဟော သာသနာ ကို ထိန်းသိမ်းနေကြတော့ ၄၀%လောက်က ထိန်းထားနိုင်သေးတယ်.. ဒါတောင် ၆၀%ကျန်နေသေးတယ်ဗျာ.. ဘာသာတရားလေးလွှမ်းခြုံနေလို.သာ ဒီလောက်ခံသာနေတာ.. ကျွန်တော်လဲ ဒီထက်လုပ်နို်င်အောင်ကြိုးစားနေပြီဗျို.. ဘုရားတရားပြောပါတယ်..

  • မင်းပြည့်ရှိန်

    October 31, 2011 at 4:12 pm

    သတ္တဝါတစ်ခု ကံတစ်ခု ပေပဲမို့..
    ကြိုတင်လည်း ပြင်ဆင်…
    ရေကူးလည်း သင်ထား…
    ကိုယ့်ရှိတာလေးလည်း သူတစ်ပါးကိုလှူ…..
    နှလုံးသားလေးလည်း ဖြူအောင်ထားပြီး..
    ဘုရား..တရား လည်း အာရုံပြုထားပေါ့…
    မတော်တဆ သေသွားတော့လည်……
    မတော်တဆ သေတဲ့စာရင်းထဲ ပါသွားတော့လည်း..
    ဖြေသာအောင်လည်း လုပ်ထားကြကွယ်ရို့…

  • nigimi77

    October 31, 2011 at 8:48 pm

    ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ

    ကမ္ဘာကြီးရဲ ့ ဖြစ်တည်မှု ပျက်စီးမှု တွေ အားလုံးဟာ ဘုရား သခင်တွေရဲ ့

    အကူ အညီ မလိုဘူး ဆိုတဲ့ အယူအဆကို ကြိုက်တယ်။

  • nigimi77

    October 31, 2011 at 9:05 pm

    လူက သေရတော့မယ် ဆိုရင် သိတယ်။

    မသေရသေးခင် အချိန် အထိတော့ အတွေ ့အကြုံ အသစ်အဆန်း တစ်ခု အနေနဲ ့

    ပျော်စရာကြီး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ မငတ်သေးခင် ပင်ပန်းဆင်းရဲ မှု မကြုံခင် အချိန် အထိတော့

    သနားစရာလို ့မြင်မှာပဲ။ ကိုယ်တိုင် ကြုံတွေ ့ချိန်ဆိုရင်တော့ တရားဆိုတာလဲ မကြည့်အားပါဘူး။

    အသက်ရှင်ချင်တာပဲသိတာကိုး။

    လုံးဝကို ဂယ်ပေါက် မရှိတော့ရင်တော့ သဂျီးရဲ ့ ၃ ကိုယ်ခွဲထဲက တစ်ကိုယ်ကို ငှားရတော့တာပေါ့။ 😛

    ကျုပ်လဲ တစ်ချိန် မဟုတ် တစ်ချိန် သေရမဲ့ လူပဲ ဆိုတော့ သနားပါတယ် ဆိုတော့ စိတ်တော့ မဖြစ်မိ

    ပါဘူး။ သဘာဝရဲ ့ ဘေး အန္တရာယ်ကို ရုန်းကန်ရခြင်းဟာ လူဆိုတဲ့ သက်ရှိတွေ အတွက် ခုခံစွမ်း

    ပြန်လည် အသက်ဝင်လာတယ်လိုု ့ မြင်တယ်။ လူတွေက Instant တွေနဲ ့ ယဉ်ပါးလာတာ ကြာပြီလေ။

  • TTNU

    October 31, 2011 at 11:29 pm

    ပြည့်ပြည့်စုံစုံ ပုံတွေ ခုမှတွေ့ရတော့တယ်။ သဘာဝဘေးအန ္တရာယ်ကတော့
    ပထဝီ အနေအထားအရ ဖြစ်မှာပဲမို့ ရှောင်လွှဲဖို့ခက်မှာနော်။ မင်းပြည့်ရှိန်ပြောသလို
    ကံ ကံ၏ အကြောင်းတရား ကို လက်ခံယုံကြည်သူများအတွက်ကတော့
    ဖြစ်လာတောင်မှ ကယောင်ချောက်ချား မဖြစ်ဘူးပေါ့။
    ပုံလေးတွေ လေ့လာခွင့်ရတာကျေးဇူးပါရှင်။

Leave a Reply