မန္တလေးကနေ အလှမ်းမဝေးတဲ့ အုန္နဲရေ ၃ဆင့်ရေတံခွန်

Diamond KeyOctober 31, 20116min17025

စိန်သော့ ဒီရက်ပိုင်းမှာ အလုပ်ကိစ္စ၊ ကထိန်အလှုပွဲ ဖြစ်မြောက်ဖို့အတွက် စီစဉ်ရတာတွေနဲ့ ရွာထဲကို ပို့စ်ထမ်းမဝင်လာနိုင်ခဲ့ပါ။ ဒီနေ့နားရက်လေး ရတော့ဝါသနာ မဖျောက်နိုင်ပဲ သွားမယ်လို့ စိတ်ထဲမှာ စီစဉ်ထားပေမဲ့ မရောက်နိုင်သေးတဲ့ နေရာလေးဆီ ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။
အဲဒါကတော့ မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ နေရာလေးတစ်နေရာက သိပ်လှတဲ့ ၃ဆင့်ရေတံခွန် ရှိရာ နေရာလေးဆီကိုပါ။ မန္တလေးကနေဆိုရင် ၄၅ မိနစ်လောက်ခရီး၊ မန္တလေး – ပြင်ဦးလွင် ကားလမ်းကနေလာရင် ကျောက်မီးရွာ အလွန် အုန္နဲရေတောင်ကြောမှာ ရှိပါတယ်။ အေသုံးလုံး ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ရောက်ရင် ၃ ဆင့်ရေတံခွန် သွားတဲ့လမ်းလေး စတွေ့ရပါပြီ။
ဆိုင်ကယ်၊ ကားနဲ့ လာရင် ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ကနေ ၁၅ မိနစ်လောက်ဆက်မောင်းလို့ရတဲ့ ကားလမ်းရှိပြီး ကားလမ်းဆုံးရင် အဲဒီက စားသောက်စရာ ရောင်းတဲ့ ဆိုင်လေးတွေ ဆီမှာ ကား၊ ဆိုင်ကယ်ထားခဲ့ကာ နောက်ထပ် မိနစ် ၂ဝ လောက် ခြေကျင် တောင်တက်ရတဲ့ သိပ်လှတဲ့ ခရီးလေးပါ။

သိပ်လှတဲ့ ၃ဆင့်ရေတံခွန်

အုန္နဲရေဘုန်းတော်ကြီးကျောင်းကို ကျော်လာတာနဲ့ ပထမ (အောက်ဆုံးအဆင့်) ရေတံခွန်လေးကို စတွေ့ရပါတယ်။ ကြည်စိမ်းနေတဲ့ အေးမြတဲ့ရေ၊ ကျောက်တုံးလေးတွေ၊ ငါးလေးတွေကို ရေအောက်မှာ မြင်နေရတာက သိပ်ကို နှစ်သက်စရာ ကောင်းပါတယ်။ ပတ်ဝန်းကျင် အလှကတော့ စာမဖွဲ့ပြနိုင်စရာပါ။
လမ်းမှာ စတွေ့ရတဲ့ ရှုခင်းအလှတွေ

ပထမ (အောက်ဆုံးအဆင့်) ရေတံခွန်လေးကလည်း လှပပါတယ်။ ကျောက်တုံးတွေ၊ ရေစီးကြောင်းတွေ၊ ရေသံ သဘာဝတောတောင်သံလေးတွေက သာယာပါတယ်။
ပထမ ရေတံခွန်လေး


တောလမ်းလေးအတိုင်းသွားရတဲ့ လမ်းလေးကလည်း သိပ်ကို ကြည်နူးစရာလေးပါ။ စိမ်းစိုလှပပါတယ်။
တောက်တက်လမ်းကလေး

လမ်းခရီး တစ်လျှောက်မှာ လှပတဲ့ တောတောင်ရှုခင်းတွေက ရှုမညီးစရာပါ။
တောင်တက်လမ်းကလေး

ခရီး တစ်လျှောက်လုံးမှာ ရေတံခွန်ကြီးငယ်တွေကိုလည်း အများကြီး တွေ့ရပါတယ်။
လမ်းခရီးမှာ တွေ့ရတဲ့ ရေတံခွန်လေးတွေ

လမ်းခရီးမှာ တွေ့ရတဲ့ ရေတံခွန်လေးတွေ
လမ်းခရီးမှာ တွေ့ရတဲ့ ရေတံခွန်လေးတွေ

လမ်းခရီးမှာ တွေ့ရတဲ့ ရေတံခွန်လေးတွေ

တစ်ခါတလေမှာ ချောင်းကလေးနဘေး ကနေ သွားရတာလည်းရှိတယ်။
ချောင်းကလေးနဘေး ကနေ သွားရတဲ့ နေရာလေးတွေ

ချောင်းကလေးနဘေး ကနေ သွားရတဲ့ နေရာလေးတွေ

ချောင်းကလေးတွေကို ကျော်ဖြတ်ရတာလည်းရှိတယ်။
ချောင်းကျော် တံတားလေး

ခရီးလမ်း တစ်လျှောက်မှာ မောလာရင် နားစရာ နေရာလေးတွေ ရှိတယ်။ စားစရာ ရောင်းတဲ့ ဆိုင်ကလေးတွေ ရှိတယ်။ မမတွေ စားစရာ သောက်စရာ မျိုးစုံရှိသလို၊ ကိုကိုတွေ အတွက်လည်း သောက်စရာက မျိုးစုံ ရသဗျ။ အကြိူက်ကြီးပြီး ဟိုက်ဟီးစီးလာတဲ့ မမတွေ အတွက်တောင် ဘိနပ်ရောင်းတဲ့၊ ဌားတဲ့ ဆားဗစ်လည်း ရှိသဗျာ။ (ဒီဆိုင်လေးတွေ တွေ့ရတော့ ကျိုက်ထီးရိုး ခရီးလမ်းက ဆိုင်လေးတွေကို သတိရမိတယ်။) ဒီဆိုင်လေးတွေကလည်း ဆားဗစ်က ကောင်းမှကောင်း၊ နားပါအုံးလား၊ ရေလေး ရေနွေးကြမ်းလေး သောက်အုံးလေ ဆိုပြီး မျက်နှာချိုချိုနဲ့ ခေါ်ကြသနော်။
နားစရာ ဆိုင်ကလေးတွေ

နားစရာ ဆိုင်ကလေးတွေ

လမ်းခရီးမှာ ထူးဆန်းတဲ့ ကျောက်တောင်လေးတွေ၊ ကျောက်ဂူလေးတွေ နဲ့ သဘာဝကျောက်ပန်းတွေကို တွေ့နိုင်ပါတယ်။
ကျောက်တောင်တွေရဲ့ အလှ

သဘာဝ ကျောက်ပန်းတွေ

မိနစ် ၂ဝ လောက် တောင်တက် ခရီးလေးကိုလျှောက်ပြီးရင်တော့ ရေသံတွေ တစ်ဝေါဝေါနဲ့ သိပ်လှတဲ့ ၃ဆင့်ရေတံခွန်ကြီးကို တွေ့ရပါတယ်။ အဝေးကနေ ကြားနေရတဲ့ ရေသံတွေကလည်း မရောက်သေးချိန်မှာ အမောတစ်ဝက် ပြေစေပါတယ်။ သိပ်လှတဲ့ ရေတံခွန်ကြီး တွေ့လိုက်ရချိန်မှာတော့ ပြေပြီပေ့ါ မောလာတာတွေ။
၃ဆင့်ရေတံခွန်

၃ဆင့်ရေတံခွန်

ရေတံခွန်ကြီရဲ့ အောက်ခြေကို ရောက်ရင်တော့ သိပ်လှတဲ့ ကျောက်တုံးတွေနဲ့ ကျနေတဲ့ ရေတွေက နေရာ အနှံ့ပါပဲ။ ရေတံခွန်တစ်ဝိုက်မှာတော့ ရေနစ်စရာ ရေရာမရှိတဲ့ အတွက် အန္တရယ်လည်း ကင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေတံခွန်က နေရာလေးတွေ

၃ဆင့်ရေတံခွန်ကို သွားရတဲ့ ခရီးလေးက မန္တလေးနဲ့ မဝေးတဲ့ နေရာလေးမှာ သဘာဝတောတောင် အလှတွေ ခံစားလို့ရတဲ့ သဘောကျစရာ နေရာလေးတစ်ခုပါ။ အရင်ကတော့ ခရီးလမ်းက ခက်ခဲလှတယ်လို့ ဆိုပါတယ်။ အခုတော့ သွားရတာ လွယ်ကူလွန်းတာကြောင့် အပန်းဖြေခရီးလာကြသူတွေ၊ လေ့လာမှတ်တမ်းတင်ကြသူတွေ အနဲ့ အချိန်တိုင်းမှာ လူအဆက်မပြတ်ပါဘူး။ ကမ္ဘာလှည့် ခရီးသည်တွေကိုတောင် လိုကယ်ဂိုက်တွေက ခေါ်ခေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ မရောက်ရသေးတဲ့ ရွာသူရွာသားတွေ အတွက် ကိုယ်တိုင် ခရီးမထွက်ပဲ စိတ်အပန်းဖြေနိုင်စေဖို့ စိန်သော့ ရောက်ခဲ့တာလေးကို မျှဝေပေးလိုက်ပါတယ်။
စိန်သော့ နားခဲ့တဲ့ နေရာလေး (နောက်မှာ ရေတံခွန်ရှိတယ်)

သိပ်လှတဲ့ ၃ဆင့်ရေတံခွန်

လေးစားလျှက် –
စိန်သော့
(၃၀၊ ၁၀၊ ၂၀၁၁) ၂၂း၁၅ နာရီ မန္တလေး

25 comments

  • thit min

    October 31, 2011 at 10:06 am

    ကြည့်ရတာ အရသာရှိလိုက်တာဗျာ။
    တကယ်ရောက်သွားတဲ့ကိုစိန်သော့ ဘယ်လောက်စိတ်ချမ်းသာမလဲလို့တွေးမိပါတယ်။
    (ချွင်းချက် အိမ်သူနဲ့ အိုကေအခြေအနေ)

    ရောက်အောင်သွားအုန်းမှာ၊အားလပ်ရက်တလနဲ့လောက်ပါမလားဘဲ။
    ကိုစိန်သော့ရေကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

    • Diamond Key

      October 31, 2011 at 10:32 am

      ကျွန်တော်က အပြင်သွားတိုင်း လူကြီးတွေကို ပြောပြီးမှ ထွက်ပါတယ် ကိုသစ်ရဲ့။

  • ပေါက်ဖော်

    October 31, 2011 at 10:19 am

    ဦးစိန်သော့ နားခဲ့တာ..သောက်စရာစုံလင်စွာရှိတဲ့ ဆိုင်မှားလားဗျ 😀
    ပုံထဲမှာတောင် လှတာ..အပြင်မှာလဲတော်တော်လှမှာပဲ..
    ကြိုက်တယ်ဗျာ..ရေတံခွန်တွေ..ရှုခင်းတွေ

    • Diamond Key

      October 31, 2011 at 10:38 am

      သေသေချာချာကို ပြထားတယ် ဓါတ်ဘူးလေးကို၊ စုံပါတယ် အပေါက်ရဲ့ ။
      (တရုတ်ပြည်ရောက်ရင် ခင်တဲ့သူတွေက စိန်သော့ကို Ah Sein, Ah Sein လို့ခေါ်တာတွေ့လို့နော်)၊ ရှေ့မှာ ” အ ” ထည့်ခေါ်လိုက်တာ။

      • Moe Z

        October 31, 2011 at 10:48 am

        ဒါဆိုကိုစိန်သော့က စီလုပ်ကြီးဖြစ်မယ်ထင်တယ် 🙂
        ဒီတစ်ခေါက် မန္တလေးသွားရင် သုံးဆင့်ရေတံခွန်ကိုရောက်အောင်သွားမယ်
        ကျေးဇူးပါနော်

        • Diamond Key

          October 31, 2011 at 11:12 am

          ဟုတ်ရပါဘူးဗျာ၊ မြန်မာစစ်စစ်လေးပါ။ အလုပ်ကိစ္စနဲ့ ရောက်ခဲ့ရဖူးတုန်းကပါ။

  • လင်းဝေကျော်

    October 31, 2011 at 10:20 am

    ဒီလို တောတောင်သဘာဝတွေကို ဒီအတိုင်းဆက်ရှိနေတုန်း သွားလိုက်ချင်ပါရဲ့။
    ပုံနဲ့ အတူတင်ပြီး သတင်းပေးတဲ့သူကို ကျေးဇူးတင်ကြောင်းပြောချင်ပေမယ့် ရွာစည်းကမ်းမှာ ကျေးဇူးတင်ကြောင်းမပြောရ ဆိုလား၊ အဲဒါကြောင့်တိုးတိုးတိတ်တိတ်ပဲ Thanks so much.

  • inz@ghi

    October 31, 2011 at 10:23 am

    ဘရာဗို ဆြာသော့စ်…
    ဆောင်းပါးလေးတွေလည်း မျှော်နေတယ်ခည …

    အားကျထှာ …
    တားလည်း ရေတခွံရိုက်ချင်တာ တပိုင်းကို သေနေတာပဲ …
    ရှေ့လ ထဲတော့ ရိုက်ဖြစ်မလားပဲဗျ..

    မှော်ဆြာ ဝင်ဆွေးနွေးပါဦးဗျ
    ကျနော် CPL နဲ့ ND တွဲသုံးရင်း ခွကျကျ နေလို့ …ဟီး…

  • kocho

    October 31, 2011 at 10:29 am

    ပြီပြင်တယ်ဗျိုးဓတ်ပုံတွေက 😀

  • captainamerica

    October 31, 2011 at 11:53 am

    လှချက်ကတော့လန်ထွက်နေတာပဲ………….မန္တလေးခဏခဏရောက်ပီးတစ်ခါမှကို
    မကြားဖူးဝူး။ ဒီတစ်ခါတော့ကိုစိန်သော့ကြီးလမ်းညွှန်ကောင်းလို.သာွးဖြစ်အောင်သာွး
    လိုက်အုန်းမယ်….။ 🙂 🙂

  • windtalker

    October 31, 2011 at 12:26 pm

    သုံးထပ်ရေတံခွန် ဆိုပြီး ကြားဖူးခဲ့တာ 2002 လောက်ကတဲက
    တစ်ခါမှ မရောက်ခဲ့ဖူးဘူး ဗျာ
    အခုတော့ ကိုစိန်သော့ ကောင်းမှု နဲ ့
    အလှအပ ရှူခင်းအားလုံးကို စိတ်ကြည်နူးစရာ ကြည့်ရသဗျို ့
    စကားမစပ်
    အဲဒီမှာ ၊ အရမ်းချမ်းနေကြတဲ့ ကောင်လေး၊ကောင်မလေးတွေကော
    မတွေ ့ခဲ့ဖူးလားဗျ
    🙂

    • Diamond Key

      October 31, 2011 at 1:05 pm

      ကိုပေရေ၊
      သတိထားကြည့်ရင် ကျွန်တော်နားခဲ့တဲ့ ခုံလေးရဲ့နောက်မှာ ဦးရဲကြီးတွေရဲ့ ကြေညာချက်ကြီး ချိတ်ထားတာ တွေ့ရမယ်။ ရေးထားတာက –
      ဒီနေရာသို့ လာရောက်ခြင်းကို သင့်မိဘ၊ သင့်ဆရာသမားများ သိပါရဲ့လား………….?????
      ုုမြန်မာနိုင်ငံရဲတပ်ဖွဲ့
      ပြင်စာရဲစခန်း
      ုပြင်ဦးလွင်မြို့နယ်…………..တဲ့ဗျ။
      ချမ်းနေကြတဲ့ ကောင်လေး၊ကောင်မလေးတွေရှိသမို့ ဒီစာကြီးရှိနေတာနေမှာ။
      အရမ်းအေးချမ်းတဲ့ တောရိပ်တောင်ရိပ်အောက်က ရေတံခွန်က ရေဆိုတော့ အရမ်းအေးကြမှာပေါ့။
      ကိုပေလည်း “ကူညီပါရစေ ၊ မောင်ပေ” ဆိုပြီး ဘုတ်ကြီးလာချိတ်လေ။

    • Diamond Key

      October 31, 2011 at 1:05 pm

      ကိုပေရေ၊
      သတိထားကြည့်ရင် ကျွန်တော်နားခဲ့တဲ့ ခုံလေးရဲ့နောက်မှာ ဦးရဲကြီးတွေရဲ့ ကြေညာချက်ကြီး ချိတ်ထားတာ တွေ့ရမယ်။ ရေးထားတာက –
      ဒီနေရာသို့ လာရောက်ခြင်းကို သင့်မိဘ၊ သင့်ဆရာသမားများ သိပါရဲ့လား………….?????
      ုုမြန်မာနိုင်ငံရဲတပ်ဖွဲ့
      ပြင်စာရဲစခန်း
      ုပြင်ဦးလွင်မြို့နယ်…………..တဲ့ဗျ။
      ချမ်းနေကြတဲ့ ကောင်လေး၊ကောင်မလေးတွေရှိသမို့ ဒီစာကြီးရှိနေတာနေမှာ။
      အရမ်းအေးချမ်းတဲ့ တောရိပ်တောင်ရိပ်အောက်က ရေတံခွန်က ရေဆိုတော့ အရမ်းအေးကြမှာပေါ့။
      ကိုပေလည်း “ကူညီပါရစေ ၊ မောင်ပေ” ဆိုပြီး ဘုတ်ကြီးလာချိတ်လေ။

  • nyochaw

    October 31, 2011 at 12:36 pm

    သူများတွေ ပြောတာတော့ ကြားဖူးတယ်
    ဓာတ်ပုံတွေ ကြည့်ပြီးတော့ ပိုတောင်သွားချင်တယ်..
    မန်းလေးသားဖြစ်ပြီး ကျွန်တော် မရောက်ဖူးသေးဘူး..
    ကျွန်တော်လဲ သွားချင်နေတာ…(အဖော်မပါလို ့)
    ဟဲဟဲ.. တစ်ယောက်ထဲတော့ မသွားချင်ဘူးလေ..ပျင်းစရာကြီး
    သူငယ်ချင်းတွေ အုပ်စုလိုက်သွားရင်.. ပျော်စရာကောင်းမှာနော်
    ရှုခင်းလေးကလဲ လှ.. ရေစီးသံတွေလဲ ကြားရဆိုတော့ ..
    အင်း….သွားဖြစ်အောင်သွားဦးမယ်…

    • Diamond Key

      October 31, 2011 at 1:09 pm

      ညိုချောရေ၊ အပေါ်မှာ လိုက်ချင်နေတဲ့ သူတွေ ရှိတယ်။

  • Shwe Tike Soe

    October 31, 2011 at 1:15 pm

    ကျွန်တော် မန်းလေးမှာ နေတုန်းက အဲဒီဘက်ရွာတွေကို ရောက်ဖူးတယ် အဲဒီတုန်းက ရေအားလျှပ်စစ် စီမံကိန်းက ဆောက်နေတုန်း.. ဒါပေမယ့် အဲဒီနေရာကို မရောက်ခဲ့ဘူးဗျာ ကျေးဇူးတင်ပါတယ်.. ဒီတစ်ခါမန်းလေးပြန်ရင် သွားလိုက်အုံးမယ်…
    ကြည့်ရတဲ့ပုံက ဆိုင်ကယ်နဲ.ပဲ သွားလို.ရမယ်ထင်တယ်နော်…

  • Diamond Key

    October 31, 2011 at 1:31 pm

    ဆိုင်ကယ်နဲ့ သွားလို့ရပါတယ် ဆရာရွှေ၊ အပေါ်ဆုံးရေတံခွန်ကို ရောက်ဖို့သာ ဆိုင်ကယ်လမ်းမရှိတော့ပဲ တောင်တက်ခရီးတိုလေး မိနစ် ၂ဝ စာလောက် လမ်းလျှောက်ရပါတယ်။

  • Ma Sweet

    October 31, 2011 at 2:00 pm

    ကျေးဇူးပါ ရေတံခွန်သွားချင်ရင် ဘီအီးဖေါထိမသွားတော့ဘူး နီးနီးနားနား သုံးထပ်ရေတံခွန်ပဲသွားတော့မယ် အရမ်းလှတယ်

  • koyinmaung

    October 31, 2011 at 2:27 pm

    အောင်မလေး…ကိုစိန်သော့နဲ့ဆရာပေါက်တို့ကျေးဇူးကြောင့်
    သွားချင်တဲ့နေရာတွေများလာပြီနော်…
    ဒီတခါမန်းလေးရောက်လို့ကတော့ အရင်ဆုံးသွားရမဲ့နေရာတွေပြီဗျို့
    ရှဲ..ရှဲ…

  • blackchaw

    October 31, 2011 at 4:45 pm

    လှတယ်ဗျာ။ အထူးအဆန်းပဲ။

  • kyeemite

    November 1, 2011 at 3:31 pm

    ကျွန်တော်လဲ မန်လေးကဆယ်တန်းအောင်လာတာပါ..ဒါပေမဲ့
    ဒီရေတံခွန် ကိုမကြားဖူးဘူးဗျာ…အံ့ဩပါရဲ့..
    ကျေးဇူးအများကြီးတင်ပါတယ်ကိုစိန်သော့ရေ…

  • စုံ စုံ

    November 1, 2011 at 3:43 pm

    ရှုခင်းကနဂိုလှပြီးသားကို ဦးစိန်သော့ရဲ့ပညာနဲ့ပေါင်းစပ်လိုက်တော့
    တကယ့်ခမ်းနားတဲ့အလှတရားဖြစ်သွားတယ်နော်
    ဒီနေရာရှိတာခုမှကြားဖူးမြင်ဖူးတာပါ
    ကြည့်ရင်းနဲ့သွားချင်စိတ်တွေတားမရဘူး
    တော်တော်လှတဲ့ရှုခင်းဘဲနော်

    • Diamond Key

      November 1, 2011 at 4:21 pm

      ကိုကျီးနဲ့ စုံစုံရေ၊
      ကျွန်တော်လည်း ရှိတာ၊ ကြားဖူးတာ ကြာခဲ့တာတောင် အခုမှ ရောက်ခဲ့ဖူးတာပါ။

  • thithi lay

    November 1, 2011 at 6:21 pm

    လမ်းကောင်းအောင်လုပ်ပြီး လည်ပတ်စရာနေရာတစ်ခု အနေနဲ ့လုပ်ရင် တော်တော်ကောင်းမယ်ထင်တယ်နော် မဟုတ်ရင် မိန်းကလေး တွေကြီးသွားလို့ မလွယ်လောက်ဘူးထင်တယ်
    အိမ်ကလည်း ခေါင်ရင် လိုက်ပို ့မှာမဟုတ်ဘူး သွားချင်လိုက်တာ
    ရေ ကို ကြောက်ပေမယ့် ရေတံခွန်တွေ ကို တော ့ကြိုက်တယ်။

  • Diamond Key

    November 2, 2011 at 9:14 am

    အခု အနေအထားက မခေါင်ပါဘူး သီသီရေ။
    လမ်းမှာ လူမပြတ်တော့ဘူး။ မိန်းကလေး တွေပဲလာတာလဲ တွေ့ပါတယ်။

Leave a Reply