လူကုန်ကူးခံရသူ အမျိုးသမီး သုံးဦးအား အချိန်မီကယ်တင်နိုင် လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများတွင် မိဘအုပ်ထိန်းသူများ ပါဝင်ဆောင်ရွက်

klnMay 21, 20101min462

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအထူးအဖွဲ့သည် မေ ၁၃ရက် မွန်းလွဲ ၃နာရီခန့်က တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံးအနီး၌ ကျိုင်းတုံမြို့နေ ဒေါ်အေးရင်( ခ) ပါအိုက်နှင့်ဒေါ်နန်းဆိုင်တို့နှစ်ဦးနှင့် အမျိုးသမီးငယ်သုံးဦးတို့ကို တွေ့ရှိသဖြင့် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေး အထူးအဖွဲ့ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ဒေါ်အေးရင်( ခ) ပါအိုက်က အသက်( ၁၉) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးနှင့် အသက်(၂၀) အရွယ်အမျိုးသမီးငယ်တစ်ဦးတို့အား တစ်ဖက်နိုင်ငံတွင် အလုပ်မပင်ပန်းဘဲ ငွေများများရမည်ဟု ပြောဆိုစည်းရုံး၍ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အမျိုးသမီးငယ်သုံးဦးအားတစ်ဖက်နိုင်ငံရှိအိုက်ကိန်ဆိုသူထံ ပို့ဆောင်ပါက ၎င်းအနေဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ဝစီရရှိမည်ဖြစ်ကြောင်း၊ ဒေါ်နန်းဆိုင်အား အဖော်အဖြစ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

2 comments

  • banban

    May 21, 2010 at 8:27 am

    လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေမှာ မိဘတွေ ဒီထက် အားတက်သရောပါဝင်ရင် ပိုကောင်းမယ်…ဘာလို့လဲဆိုတော့.. တစ်ချို့မိဘတွေကိုယ်တိုင်ကိုက သမီးတွေကို ဟိုဘက်ပို့နေကြတာ…

  • etone

    June 7, 2010 at 7:25 am

    အသက်ကြီးပြီး အချိန်မစီးတဲ့ တိရိစာ္ဆန်တွေနော် ။ လူလူချင်းတောင် အမြတ်ထုတ်ချင်ကြတယ် ။ နောက်ဘဝ လူတောင်ဖြစ်မှာမဟုတ်ဘူး ။

Leave a Reply