မင်္ဂလာလေးရယ်တဲ့ဆောင်သောအခါ (ဇါတ်သိမ်း)

မောင် ပေOctober 31, 20111min430

ရပ်ကွက်လူကြီး ဦးခိုင် ၊ အတွင်းရေးမှူး ဦးအောင်ကြူ နှင့် လူစိမ်း နှစ်ယောက် တို ့သည် ဦးတင့်နားသို ့ကပ်လိုက်ကြသည် ။

တိတိကျကျ ဆိုရလျှင် ဦးတင့် ကို သူတို ့၄ယောက် က ဝိုင်းထားလိုက်သည် ။

သူတို ့၄ယောက် ကို မြင်တော့ ဦးတင့် မျက်နှာပျက်သွားသော်လည်း ၊ ဟန်မပျက်ဘဲ ချစ်ကိုကို အား မင်္ဂလာပန်းကုံး စွပ်ပေးလိုက်သည် ။ ထို ့နောက် ချိုမမ ကို ။

မင်္ဂလာပွဲလာ လူအားလုံး ကြောင်စီစီဖြင့် ကြည့်နေကြရသည် ။ လူ၄ယောက် ဝိုင်းခံထားရသော လူ က သတို ့သား ၊ သတို ့သမီးကို မင်္ဂလာပန်းကုံး စွပ်ပေးသည် ဆိုတာ ၊

တစ်ခါမှ မမြင်ဖူး ၊ မကြုံဖူးသော အတွေ  ့အကြုံပင် ။ အားလုံးပဲ သို ့လော ၊ သို ့လော နှင့် ။

သတို ့သား ၊ သတို ့သမီး မောင်နှံကို ပန်းကုံးစွပ်အပြီး ၊ ဦးခိုင်တို ့ဘက်လှည့်ကာ

“ ဟဲဟဲ…ကျွန်တော် အေးအေးဆေးဆေး လိုက်ခဲ့ပါမယ် နော် ၊ အခုဟာ က မင်္ဂလာပွဲကြီးထဲမှာ မို ့၊ ဆရာတို ့လဲ ကိုယ်ချင်းစာမှာပါ ”

“ ဟေ့ကောင် ၊ ဘာမှ စကားရှည်မနေနဲ ့၊ အခုချက်ချင်း  ငါတို ့၄ယောက်ကြားက ဟန်မပျက် လိုက်ခဲ့ ၊ ရုတ်ရုတ် ရုတ်ရုတ် မဖြစ်စေရဘူး ”

ဦးတင့် တစ်ယောက် ဦးခိုင်တို ့ကြားမှာ ပါသွားသည် ။ သူ က အပြုံးမပျက်ဘဲ ၊ဘာမှ မဖြစ်သည့် ပုံစံ ဖြင့်  ဦးမျိုး တို ့ဘက်သို ့လက်လှမ်းပြသွားသေးသည် ။

( ပွဲပြီးမှ ပြန်ကြားရသည်မှာ ၊ ဦးတင့် သည် ပိုက်ဆံအတုလုပ်ရာတွင် နာမည်အလွန်ကြီးသဖြင့် ၊ ရဲများမှ အလိုရှိဆုံး တရားခံ တဲ့ ၊ ပြေးတဲ့နေရာမှာလဲ တော်လွန်းလို ့၊ ယခု မင်္ဂလာဆောင် ကြမှ ဖမ်းမိတော့ သတဲ့ )

အခြေအနေ ကို နဲနဲရိပ်မိသွားသော ၊ ဒေါ်မြင့် သည် ဦးမျိုးနား ပြေးကပ်ကာ ၊ ဗိုက်ခေါက်ကြောကို လိမ်ဆွဲရင်း မေးလိုက်သည် ။

“ ဒါက ဘာသဘောလဲ ၊ ပြောစမ်းပါဦး ၊ ပြောတော့ ရှင့်မိတ်ဆွေ ဂုဏ်သရေရှိ လူကြီးလူကောင်း ဆို ၊ ဟိုမှာ ရပ်ကွက်လူကြီး နဲ ့ရဲလိုလို လူတွေ လာခေါ်တယ်ဆိုတာ ဘာသဘော လဲ ”

“ သူ ့ကို ဂုဏ်ပြုမလို ့လာခေါ်တာနေမှာပေါ့ ကွ ”

ဒေါ်မြင့် ၊ ဦးမျိုး ကို ထပ်ဆွဲလိမ်လိုက်ပြီး

“ ဂုဏ်ပြုဖို ့လာခေါ်ရတာက ဒီလို လူ၄ယောက် ဝိုင်းဖမ်းတဲ့ ပုံမျိုး နဲ ့ဟုတ်လား ၊ ဒီမယ်..ကိုမျိုး..အခု သားမင်္ဂလာဆောင်ထဲမှာမို ့၊ အိမ်ရောက်ရင် ရှင်တော့ နာမယ်သာမှတ် ၊ ဒီည ရှင် နဲ ့ရှင့် ရဲ  ့ဂုဏ်သရေရှိကြီးများ အတွက် လုပ်ပေးမယ် ဆိုတဲ့ သောက်ဝိုင်းကို လဲ ကင်ဆယ်ပြီလို ့သာ မှတ်လိုက်တော့ ”

“ အေးပါကွာ ”  ဦးမျိုး  စိတ်မသက်မသာ ဖြင့် ခန်းမ ထိပ် စားပွဲဝိုင်းတစ်ဝိုင်းတွင် ဝင်ထိုင်နေတော့သည် ။

ခဏနေကြတော့ ၊ မောင့်ကျက်သရေခေါင်းပေါင်း ၊ တိုက်ပုံအဖြူ ၊ တောင်ရှည်ပုဆိုးအပြာနု ဖြင့် ဦးသိန်းမြင့် သတို ့သား ၊ သတို ့သမီး ခုံအနောက်သို ့ရောက်လာသည် ။

လက်ထဲတွင် လည်း ခရုသင်း နှင့် သပြေခက်နှင့် ။

မိုက်ကိုင်သည့် ကောင်လေး က ဦးသိန်းမြင့် လက်ထဲသို ့မိုက် ကို လာပေးသည် ။

“ အဟမ်း..အဟမ်း ”

ချစ်ကိုကို နှင့် ချိုမမ တို ့က တော့ ပြုံးပြုံး ၊ ပြုံးပြုံး နှင့် ။ ဒေါ်ထွေးကတော့ ကျေနပ်စွာဖြင့် မိန် ့မိန် ့ကြီး ထိုင်ကြည့်နေသည် ။

ဦးသိန်းမြင့် ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ပြီး ဘုရားပင့်ရွတ်ဆိုသည် ။ ပြီးနောက် မင်္ဂလာမောင်နှံ ၏ အမည်နာမ များကို ရွတ်ကာ တစ်သက်တာ လုံး မင်္ဂလာရှိစေကြောင်း ဆုတောင်းသည် ။

ထို ့နောက် သားသမီး ကျင့်ဝတ် ၊ မိဘ ကျင့်ဝတ် များကို ရွတ်သည် ။ ထို ့နောက် အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာသည် ။

ထုံးစံ အတိုင်း မင်္ဂလာပွဲလာ များ နှင့် ဒေါ်ထွေး တစ်ယောက် အလွန်အင်မတန် တိုသော ဘိသိက် ကို အံ့ဩ ကုန်ကြလေတော့သည် ။

“ ဟမ်…ဘိသိက်သွန်း တာ ကလဲ ဘယ်လိုကြီး တုန်း ၊ တိုလှချီလား ၊ ကိုသိန်းမြင့် ဘယ်လို များ လုပ်လိုက်ပါလိမ့် ”

ဦးသိန်းမြင့် သတို ့သား တို ့နားမှ ခွာလာကာ ၊ ဒေါ်ထွေးနား သို ့လာထိုင်သည် ။

“ ကိုသိန်းမြင့် ၊ တော့်ဟာ က ဘယ်လိုကြီးတုန်းရှင့် ၊ မတိုလွန်းဘူးလား ”

“ ဗျာ…မထွေး ၊ ဘာ..ဘာကိုမေးလိုက်တာလဲ ဟင် ” ဦးသိန်းမြင့် တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည် ။

“ ဘာကို မေးရမှာလဲ ၊ ရှင် ဘိသိက်မြှောက်တာ မတိုလွန်းဘူးလား လို ့”

“ ဪ..ဒါလား ”

“ အော်ဒါ မဟုတ်ဘူး ၊ ဘိသိက်မြှောက် တာ ကို မေးနေတာ ”

“ ဒီလိုရှိတယ် မထွေးရဲ  ့ ၊ အခုဒီနေ ့မင်္ဂလာ အချိန်အခါဟာဆိုရင် ၊ တောတောပြို တောတောဟို နက္ခတ်နဲ ့တိုက်ဆိုင်နေတယ်ဗျ ၊ ဒီတော့ ဒီနက္ခတ်နဲ ့တိုက်ဆိုင်တဲ့ အချိန်အခါ မျိုးဆိုရင် မင်္ဂလာဆောင် ၊ မင်္ဂလာယူကြတဲ့ သူတွေဟာ အလိုလိုနေရင်း ကို မင်္ဂလာတွေရှိ ၊ အောင်မြင်မှုတွေ အလိုလိုရကြကုန်တာဆိုတော့ ၊ လိုအပ်တာလောက်ဘဲ ရွတ်ဖတ်ရတယ် ၊ အရမ်းအကြာကြီး ဘိသိက်သွန်းရင် သတို ့သားဇနီးမောင်နှံ မှာ ကျန်းမာရေး ညံ့တတ်တယ် ၊ စိတ်ဆင်းရဲကြရတယ် ။ ဒါကြောင့်ပါ ”

“ ဟုတ်လား ၊ မသိပါဘူးတော် ၊ ကျွန်မ ကြားဖူးတာဖြင့် ဘိသိက်သွန်းရင်း တစ်နာရီလောက် ကြာတယ် ဆိုလို ့၊ အခုလို ရှင် ရှင်းပြတော့လည်း ရှင်းသွားတာပါဘဲ ၊ ဒီမှာ ရေခဲမုန် ့နဲ ့ကိတ်မုန် ့စားလိုက်ပါဦး ၊ ရှင့်မလဲ မောရောပေါ့ ”

ဦးသိန်းမြင့် လည်း ဒေါ်ထွေး ပေးလာသော ရေခဲမုန် ့နှင့် ကိတ်မုန် ့ကို ကြည်နူးစွာဖြင့် စားနေသည် ။

ချစ်ကိုကို နှင့် ချိုမမ တို ့လည်း မင်္ဂလာပွဲလာ များကို လိုက်လံ ဧည့်ခံရင်း ဓါတ်ပုံ ၊ ဗီဒီယို မှတ်တမ်း တင်ကြရလေသည် ။

မင်္ဂလာဆောင်အပြီး တစ်ပါတ်ခန် ့ကြာသော် ။ ချစ်ကို တစ်ယောက် ထုံးစံအတိုင်း ဝက်သားလိုက်ပို ့သည် ။ ချိုမ လည်း ပန်းလိုက်ရောင်းသည် ။

ရပ်ကွက်ထဲ ၊ ဈေးထဲမှာတော့ သူတို ့မင်္ဂလာပွဲ သတင်းမှာ လွန်စွာ လူပြောများကြောင်း ပြန်ကြားခဲ့ရလေသည် ။

“ တရားခံ က မင်္ဂလာပန်းကုံးစွပ်ပြီး ၊ ၅ မိနစ် ပဲ ဘိသိက်မြှောက်တဲ့ မင်္ဂလာဆောင် ”  ဟူသတည်း ။

————————- အားလုံးကို ကျေးဇူးတင်ပါသည် ————————-