မြွေသူတော် မွေးကြမလား :D

etoneOctober 31, 20111min19828

 

 

 

 

ရုံးပိတ်ရက်ရောက်ဖို့ အကြောင်းအမျိုးမျိုးနဲ့ …. စောင့်နေတဲ့ လူတွေကြားမှာ …. ကျွန်မလည်း ထိပ်ဆုံးက အပါဝင်ပေါ့ … ထိပ်ဆုံးကဆိုတာကတော့ … ဆန္ဓပြင်းပြတာကို ရည်ညွှန်းလိုက်တာပါ … ။ ရုံးပိတ်ရက်တိုင်း ဘာစိတ်ဖိစီးမှုမှ မရှိပဲ လွတ်လွတ်လပ်လပ် ကိုယ့်ဘဝကိုယ် အချိုးချခွင့်ရတာကြောင့်ပါပဲ … ။ ရုံးပိတ်ရက်တိုင်း တစ်နေကုန်တနေခမ်း ဘာမှ မစားမသောက်ပဲ အိပ်တတ်သလို ၊ တစ်ခါတစ်လေ … ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တာပါပဲ ….. ။

မနေ့က ရုံးပိတ်ရက်လည်းဖြစ် ရာသီဥတုကလည်း သာယာတာကြောင့် … တစ်နေကုန်အိပ်မယ့် စိတ်ကူကိုပြောင်းပြီး ….. ဟိုးနားဒီနားသွားခဲ့ပါတယ် ….. ။ ကျွန်မရဲ့ ဟိုနားဒီနားက စားဖို့သောက်ဖို့ ဆိုင်တစ်ခုခု … ဒါမှ မဟုတ်လျှင် …ဝယ်ခြမ်းစရာနေရာတစ်ခုခုကို ဆိုလိုခြင်းပါ  … ။ မကျက်ခင်ကတည်းက မွှေးနေတဲ့  အမေ့ဟင်းတွေက ထမင်းစားချင်စိတ်ကို နှိုးဆော်နေတာကြောင့် … အိမ်ထဲမှာ ထိုင်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာချင်တော့တဲ့ စိတ်နဲ့ …. ပိုက်ဆံအိတ်လေးယူပြီး အောက်ဆင်းခဲ့တယ် … ။ လှေခါးလေးက ကျဉ်းတာကြောင့် …လူနှစ်ယောက်ဆုံလျှင် တယောက်က ခဏစောင့်ပြီးမှ သွားလို့ အဆင်ပြေပါတယ် … ။ အမေသဘောကျတဲ့ အဲ့ဒီအခန်းက ကုလား ဗလီရှေ့တည့်တည့်မှာရှိပြီး … အထက်အောက် ဘေးက အိမ်နီးချင်းတွေက ကုလားတွေမို့ … အတက်ဆင်းတိုင်း ဆုံရတဲ့အခါ … ညီစို့စို့ ချွေးနံ ့ကို အသက်အောင်ပြီး ကျော်လွှားရပါတယ် … ။ (အဲ … လူမျိုးခွဲခြားတာတော့ မဟုတ်ပါ … အနံ ့မတူတာ ၊ သူများထက် အနံ ့ပြင်းတတ်တာကို ရည်ရွယ်ပါတယ် ) ။

တိုက်ကြို တိုက်ကြား နေရောင် ဖျဖျကျနေတာကြောင့် … လက်ဖဝါးကိုခေါင်းပေါ်တင်နေကာရင်း …. အရိပ်ရတဲ့နေရာလေးတွေကနေ … လမ်းမကြီးဘက်ထွက်ခဲ့ပါတော့တယ် … ။ တဂွီဂွီ မြည်သံနဲ့ အတူ ဗိုက်ဆာကြောင်း အချက်ပေးသံဝင်လာတာကြောင့် …. စားနေကြဆိုင်ဖြစ်တဲ့ …. 39လမ်း နဲ့ မဟာ ဗန္ဓုလလမ်းထောင့်က ” ဖြိုး  ” ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ ကြာဇံကြော် အေးအေးဆေးဆေးထိုင်စားဖြစ်တယ် …. ဗိုက်နည်းနည်းပြည့်သွားတော့ … ခြေနည်းနည်းရှည်ဦးမှဆိုတဲ့အတွေးနဲ့ …. BAK က စိန်ဂေဟာ ပတ်ဖြစ်တယ် …. အိပ်ယာထဲ လှဲရင်းစားလို့ရမယ် မုန့် နဲ့ အချိုရည်ဗူး တွေဝယ်ပြီး အိမ်ပြန်လာတော့ …. လမ်းမှာ မြွေရောင်းတဲ့ လူနဲ့ တိုးပါတော့တယ် …. ။

ကျွန်မလို စပ်စုတဲ့ ယောကျာ်း နှစ်ယောက် သုံးယောက်ကလည်း … ဝင်ကြည့်နေတာကြောင့် …  သူတို့ ပခုံးပေါ်ကနေ ခြေဖျားထောက်ပြီး စပ်စုလိုက်တယ် … ။ ကျွန်မကလည်း ခြေဖျားထောက်ပြီး အကြည့် … စပ်စုစိန် ယောကျာ်းတစ်ယောက် ကိုင်ထားတဲ့ မြွေကလည်း သူ့လက်ပေါ်ကတဆင့် သူ့ ပခုံးပေါ်က ကျော်တက်လာချိန် … ဗန္ဓုလသွေးပါတဲ့ ကျွန်မ ဟန်ချက်ပျက်ပြီး နောက်ပြန်ယိုင်သွားတော့တယ် … ကဗျာကယာ ဘေးကလူကို လှမ်းဆွဲပြီး ပြုံးဖြီးဖြီးနဲ့ ဆောရီးပြောရပါတော့တယ် …. ။ ဆောရီးပြောသော်လည်း သူ့မျက်လုံးတွေက ကျွန်မကို စပ်စလူးလို့ ဖွင့်မပြောရုံ အဓိပါ္ပယ်ပါပါ … အသံတိတ် လှည့်ကြည့်တယ်လေ … ။ အမှတ်မထင်ဖြစ်သွားတဲ့ ကိစ္စတစ်ခုကို ကြည့်ပြီး လွယ်လွယ်ကောက်ချက်ချတတ်တဲ့ ထိုယောကျာ်းကို မကျေမချမ်းမျက်စောင်းထိုးလိုက်ပြီး (သူကတော့မမြင်) …. .. ကိုင်ချင်လို့ ကိုင်တယ်များ မှတ်သလား ၊ ဖင်ထိုင်လျှက် ချော်လဲမှာစိုးလို့ ကိုင်တာဟု တီးတိုး ရန်ထောင်လိုက်မိတယ် … သူကတော့ မကြားချင်ယောင်ဆောင်ပြီး မြွေရောင်းတဲ့ လူလက်ထဲက မြွေတစ်ကောင်ကို ယူကြည့်နေပါတယ် … ။

ကော်ဗူး ဖန်ပုလင်း အသီးသီးမှာ မြွေတကောင်စီထည့်ထားကာ …. စိတ်ဝင်တစား လာကြည့်သူများကို တကောင်ပြီး တစ်ကောင်ထုတ်ပြခဲ့တယ် ။ ယောကျာ်းတွေကတော့ ကိုင်ကြည့်တဲ့ လူရှိသလို လည်ပင်းပတ်ကြည့်တဲ့ လူလည်း ရှိတယ် …. ။ တစ်ချို့ကလည်း အသည်းယားတယ် မကိုင်ဘူး ဟု ဆိုက ာ သူများလက်ထဲက မြွေကို စိတ်ဝင်တစားကြည့်နေတော့တယ် … ။ အကြိမ်မြောက်များစွာ ကျွန်မ ထိုမြွေရောင်းသူကိုနဲ့ သူ ့မြွေတွေကို တွေ့ဖူးပါတယ် … လူတွေ အုံခဲနေတာက တစ်ကြောင်း ၊ စိတ်မဝင်စား တာက တကြောင်း အဝေးမှသာ အရေးမလုပ်ပဲ ကျော်သွားခဲ့တာချည်းပင် … ။ ဒီတခါတော့ …လူကလည်းရှင်ပြီး … မြွေလေးတွေ အရောင်စုံတာကြောင့် စပ်စုတဲ့စိတ် အရင်းခံနဲ့ ဝင်ကြည့်မိပါတယ် … မြွေသူတော်လို့ ခေါ်ပါတယ်တဲ့ … မြွေလေးတွေ က နွားနို့နဲ့ ရေပဲသောက်ပြီး အဆိပ်မရှိပါဘူး … အဆိပ်မရှိဆိုသလို သူတို့ရဲ့ ခေါင်းလေးတွေက ကိုယ်လုံးထက်တောင် သေးငယ်နေပါသေးတယ် … အကောင်လေးတွေ တော့ ရှည်ပေမယ့် … မျှင်မျှင် ပိန်သေးသေးလေးတွေပါပဲ … ။ မြွေဆိုလျှင် လူတွေ အသံကြားတာနဲ့ ကြောက်ကြတဲ့ သတ္တဝါ … အခုတော့ သူတို့ခမျာ မြွေချင်းအတူတူ မြွေသူတော်အမျိုးစားဖြစ်တာကြောင့် … လူတွေ ဆော့စရာဖြစ်နေတော့တယ် … ။ အကောင်အသေးဆုံးရဲ့ ကိုယ်လုံးပတ်မှာ 1.5cm လောက်သာ ရှိပြီး အရှည် တစ်ပေကျော်ပါတယ် … ။ ရောင်းဈေးမှာ အသေးဆုံးလျှင် တစ်ကောင် သုံးထောင် ခန့် ရှိပြီး အကြီးဆုံးအကောင် 3.5cm လောက်လျှင် ငါးထောင်ကျပ်ခန့် ဈေးပေါက်ပါတယ် …. ။ ဗူးလေးထဲမှာ ထားလျှင် ထားသလို ခွေနေတတ်ပြီး အပြင်ထုတ် ကိုယ်မှာပတ်ထားလျှင်လည်း နေပါသတဲ့ … ။ တချို့ အိမ်တွေမှာ ဝါးပင် အသေးလေးတွေနဲ့ အိမ်တွင်းမွေးမြူထားသလို အလှမွေး မှန်ပုံးနဲ့လည်း မွေးနိုင်ပါတယ်တဲ့ … ။

ကျွန်မလည်း မြွေမချစ်တတ်ပါဘူး … ဒါပေမယ့် မြွေလေးတွေကို ကြည့်ရင်း ကြပ်ကြပ်တည်းတည်းနေရတာကို သနားသလိုလိုဖြစ်လာတယ် … ဒါပြင် သေးသေးလေးမို့ လူတွေ မကြောက်ကြတာ ကြည့်ရင်း အားမလိုအားမရဖြစ်လာပြီး …. တကောင်လောက် ဝယ်မွေးမလား စိတ်ကူးမိသေးတယ် … ။ ဒဂုံစင်တာမှာ ဗုံးပေါက်ကတည်းက အခုနောက်ပိုင်းရှောပင်းစင်တာတွေဝင်လျှင် အိပ်ဖွင့်ပြီး စစ်တာ အမြင်ကတ်လွန်းလို့ … မြွေတကောင်လောက် အ ိပ်ထဲ ထည့်ထားမလားတွေးတယ် …. ။ (စစ်သာ စစ်တာ ဟန်ပြပါ .. အိတ်ထဲ လျှောက်လှန်လှောရှာပြီး သူတို့ရောင်းကုန်နဲ့ တူတာဆိုလျှင် စတစ်ကာတွေ လျှောက်ကပ်တော့တာပဲ … ကျွန်မနဲ့ ခဏခဏ ပြသနာတက်တယ် …. စတစ်ကာတွေက ခွာပြီးတောင် ကော်တွေ ကျန်နေတတ်တာကြောင့် … ကော်တွေစင်အောင် ပြန်လုပ်ရတာအလုပ်ရှုပ်လွန်းလို့ပါ ) ။ ဝယ်လျှင်ကောင်းမလား ၊ မကောင်းဘူးလား အတွေးနဲ့ ဇဝေဇဝါဖြစ်နေတုန်း … မြွေရောင်းတဲ့ ဦးလေးကြီးက ကိုင်ကြည့်မလားဆိုတာနဲ့ … အိစိအိစိမြွေတစ်ကောင်လောက် အရဲစွန့်ပြီး ကိုင်ကြည့်လိုက်တယ် … ။ တခြားမြွေတွေနဲ့ မတူတာက သူတို့ကိုယ်ခန္ဓာက စိုစိစိဖြစ်မနေပဲ … ခြောက်နေလို့ပါ… ကျွန်မလက်ထဲ ကိုင်မိတဲ့အခါ … လူကိုပတ်မှာ စိုးလို့ကြောက်အား လန့်အား ညှစ်မိပါတယ် … မြွေရောင်းတဲ့ လူက လက်နဲ့ ညှစ်တာနဲ့ သူတို့ သေရရှာတယ်ပြောလို ့ … စိတ်မကောင်းပဲ ခပ်ဖွဖွလေး ကိုင်ထားမိပါတော့တယ် … ။ မြွေဝယ်လျှင် တကောင်တည်းဆို ပျင်းမှာစိုးလို့ နှစ်ကောင်လောက် ဝယ်မယ်တွေးတော့ … မြွေရောင်းသူက အထီးအမဝယ်ပါတဲ့လေ … အစုံလိုက်ဆို ပွားမှာပေါ့လို့ ပြန်ပြောတော့… ဟုတ်ပါတယ်တဲ့… တစ်ခါပွားလျှင် နှစ်ကောင်ကနေ ကိုးကောင်အထိရှိပါသတဲ့ … ။ ဒါနဲ့ပဲ … မဖြစ်ပါဘူးဆိုပြီး ကိုင်ထားတဲ့ မြွေ သူ့လက်ထဲ ပြန်ပေးပြီး … လှည့်ပြန်လာခဲ့ပါတော့တယ် … ။

အရင်က ကြောင်လေးတွေ ၊ ခွေးလေးတွေ ၊ ကြက်တူရွေး ၊ သာလိကာ ၊ ယုန် ၊ ငါး မွေးထားဖူးပေမယ့်… သူတို့ သေသွားလျှင် ကျွန်မပါ မအိပ်နိုင် မစားနိုင်ဖြစ်ရတယ် …. ။ ကြောင်တွေဆို သူများကိုလည်း မပေးရက် … အိမ်မှာကလည်း များလာလွန်းလို့ .. အဆူခံရနဲ့ … ကြောင် ဆယ့်နှစ်ကောင်ထိ အများဆုံးမွေးခဲ့ဖူးတယ် … ။ သတ္တဝါတစ်ကောင်ကောင်ကို မွေးပြီးပြီဆိုလျှင် သံယောဇဉ်ဖြစ်တတ်တဲ့ အကျင့်ရှိတာကြောင့် ….ကျွန်မ မွေးထားတာလေးတွေ သေပြီး …  ဘယ်သတ္တဝါမှ မမွေးဘူးလို့ တွေးနေခဲ့တာ … လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်း က ဘေးအိမ်ကကြောင်လေး … အိမ်ရောက်လာတော့ … အခု အိမ်မှာ သောင်တင်နေလေပြီပေါ့ … ။ အတူစား ၊ အတူအိပ်ပြီး ပွတ်သီး ပွတ်သပ်နေလေတော့ကြောင်လေးက ငယ်မွေးခြံပေါက်လို ကျွန်ကို သူ့သခင်မှတ်နေတယ် … ဟိုးတခါ သူ့အကြောင်းပို ့စ်တင်ဖူးပါတယ် ရေခဲချောင်းစားတဲ့ ကြောင်လေး မည်းမည်းဆိုတာပေါ့ … ။

ဆိုလိုချင်တာက … ဘယ်သတ္တဝါမဆို ကိုယ့်အပမ်းဖြေဖို့ သက်သက် သူတို့ လွတ်လပ်မှုကို မချုပ်တည်းသင့်တာပါပဲ … ။ အခုမြွေလေးတွေလည်း .. အဆိပ်မရှိ ၊ မကိုက်နိုင်တော့ … လူတွေရဲ့ အလှမွေးဖြစ်ကြရရှာတယ် … ။ သနားစရာ သူတို့ ဘဝ ပုလင်းထဲ ခွေခေါက် နေရပုံကို စာနာမိလို့ … ဝယ်ပြီး  အိမ်မှာ လွှတ်ထားဖို့ကလည်း … မြွေက သေးလွန်းတာကြောင့် အိပ်နေတုန်း ပါးစပ်ထဲ နားထဲ ဝင်သွားမှာက တကြောင်း ၊ ကြောင်နဲ့ မြွေ ဖိုက်တင်ပလေးနိုင်တာက တကြောင်းနဲ့ …. ကိုင်ကြည့်ပြီးမဝယ်ပဲ… အိမ် ပြန်ခဲ့ရပါတော့တယ် … ။ ။

 

28 comments

  • nikita

    October 31, 2011 at 3:52 pm

    သေးသေးလေးတွေနော်
    တစ်ခါမှ မမြင်ဖူးဘူး
    ချစ်စရာလေးတွေ 😀

  • ဆူး

    October 31, 2011 at 4:02 pm

    တုံးရေ အဲဒီ မြွေလေး မွေးဖို့ အိမ်ခေါ်သွားရင် အိမ်က ကြောင်တွေ လက်စွမ်းပြလိမ့်မယ် ထင်တယ်။

  • နွယ်ပင်

    October 31, 2011 at 4:10 pm

    အိမ်မှာ မွေးတုန်းကတော့ သူတို့တွေက
    သက်ဆိုးမရှည်ကြဘူးပဲ နှစ်ခါလောက်မွေးဘူးတယ်
    ပထမ တစ်ကောင်တုန်းက (7)လလောက်ခံပင်မယ့်
    နောက်တစ်ကောင်ကတော့ (3) လပဲကြာတယ်လေ
    နောက်ပိုင်းတော့ မမွေးဖြစ်တော့ပါဘူး အိမ်ကဆူလွန်းလို့လေ 🙂

    • etone

      October 31, 2011 at 4:29 pm

      နွယ်ပင်ရေ… အိမ်မှာ ဘယ်လိုထားလဲဟင် … လွှတ်ထားပေးလျှင်တော့ လျှောက်ပြေးနေမှာ အသေချာပဲ … ခေါင်းလေးတွေက သေးသေးလေးနဲ့ … လှစ်နေတာပဲ သွားတာများ … ။ အကောင်သာသေးတာ မာန်ဖီတတ်တယ် … ပါးပြင်းထောင်တယ် … သို့ပေမယ် ့… ကြောက်စရာမကောင်းဘူး ..ဟီးဟီး … ပုံတွေထဲမှာတောင် ပါးပြင်းထောင်တာ တစ်ပုံပါတယ်လေ … 😀

      • နွယ်ပင်

        October 31, 2011 at 4:47 pm

        အိမ်မှာကတော့ ပချုပ်လို ကြိမ်တောင်းလေးရှိတော့ အဲထဲမှာပဲ ထားတယ်လေ
        သူတို့ကို အစာကျွေးခါနီးမှ ပချုပ်လေးထဲက ထုတ်ပြီးကျွေးတယ်
        တစ်ခါတစ်လေတော့ ဒီအတိုင်းခုံလေးပေါ်မှာပဲထားတယ် လျှောက်တော့မပြေးဘူးပဲ
        သွားလဲ ဝေးဝေးလံလံမဟုတ်တော့ ပြန်တွေ့တာများပါတယ် ။
        ပါးပြင်းထောင်ယုံမဟုတ်ဘူး တစ်ခါတစ်လေ စိတ်ဆိုးရင် ပေါက်တောင်ပေါက်တယ်
        နာတော့ မနာဘူးပဲ ဒါပေမယ့် လန်တော့သွားသေးတယ် 😛

        • etone

          November 1, 2011 at 8:39 am

          မြွေဆိုတော့ မြွေဇာတိလေးတော့ ပြမှာပေါ့လေ … ဟီးဟီး 😀

  • ပေါက်ဖော်

    October 31, 2011 at 4:11 pm

    မြွေသူတော်ဆိုပါလား
    ခုမှကြားဖူးတယ်…
    ကြံကြံဖန်ဖန် ဘယ်လိုမြွေအမျိုးအစားကို ပွားပြီးရောင်းကြသလဲ မသိဘူး..
    အဆိပ်မပါ..မကိုက်တတ်လို ့မြွေသူတော်လို ့ခေါ်တာဖစ်မယ်နော့

    🙄

  • Shwe Tike Soe

    October 31, 2011 at 4:12 pm

    အော် မအိတုံ မြွေမဝယ်ခဲ့တဲ့ အကြောင်းပြချက်ကလဲ တယ်ကောင်းသကို… မြွေတော့မကြောက်ဘူး.. ဟိဟိ

    • etone

      October 31, 2011 at 4:38 pm

      မြွေမဝယ်ပါဘူး ရွှေတိုက်စိုးရေ … မြင်ပြီး ချစ်စရာကောင်းလို့ဝယ်မလားတွေးမိတာ … နောက်မှ အဆင်မပြေမှာ တွေးမိပြီး … စိတ်အလိုမလိုက်ပဲ ကိုင်ကြည့်ယုံကိုင်ခဲ့တာ … ။ 😀

  • pan pan

    October 31, 2011 at 4:12 pm

    အိမ်မှာကြောင်မရှိတော့ မွေးဖို့တော့အဆင်ပြေပါတယ်
    ဒါပေမယ့် မြွေကအီးအီးပါရင် ဘယ်လိုနေမယ်မသိဘူး (ညစ်ပတ်မလားမသိ)
    ပြီးတော့ ပုလင်းထဲလည်းမထည့်ချင်
    လွှတ်ထားလို့လည်းမဖြစ်
    တစ်ကောင်တည်းကျတော့လည်း အဖော်ကွဲ
    ကြောင်ကတစ်ကောင်တည်းလည်းကိစ္စမရှိဘူး
    ညညအိမ်ကပ်တာမဟုတ်ဘူး
    မွေးခဲ့ဖူးတဲ့ကြောင်ကိုပြောပါတယ်

    • Shin Gwan Gwi

      October 31, 2011 at 5:15 pm

      Pan Pan ရယ်…ကြောင်ချေးပါတာ ပိုဆိုးတာပေါ့…အိပ်ရာပေါ်လဲမရှောင်…ခြင်ထောင်လဲရှူးနဲ့ပန်း….အပျင်းကလဲထူသေး…ကြွက်ခုတ်ပီးရင်လဲ ဟိုချောင်ကြား..ဒီချောင်ကြားထားလိုထား…အနံ့ထွက်မှ လိုက်ရှာပီးလွှတ်ပစ်ရတာက တစ်မျိုး…ညနက်သန်းခေါင် ကြောင်အချင်းချင်း မာန်ဖီသံကလဲ မသက်သာလှဘူး..ဟီးး..ပြောချင်တာက မြွေလဲမမွေးရဲဘူး ကြောက်တယ်..

  • မိုးပွင့်ဖြူ

    October 31, 2011 at 4:14 pm

    အော်လူတွေ ပိုက်ဆံကိုအမျိုး2ရှာနေကြတယ်နော်
    မိုးပွင်တောဘယ် သတ္တဝါမှချစ်တတ်ဘူး …
    သနားတောသနားစရာနော်….

  • မိုးပွင့်ဖြူ

    October 31, 2011 at 4:14 pm

    အော်လူတွေ ပိုက်ဆံကိုအမျိုး2ရှာနေကြတယ်နော်
    မိုးပွင်တောဘယ် သတ္တဝါမှချစ်တတ်ဘူး …
    သနားတောသနားစရာနော်….

  • Moe Z

    October 31, 2011 at 4:17 pm

    မြွေဆိုရင်ဘယ်လောက် သေးသေး အဆိပ်ရှိရှိမရှိရှိကြောက်တာပဲ
    တီကောင်တို့ ငရှဉ့်တို့ကအစ ကြောက်တယ်
    မမအိတုံတယ်သတ္တိကောင်းပါလား ကိုင်တောင်ကြည့်ခဲ့တယ်ဆိုတော့

    • etone

      October 31, 2011 at 4:34 pm

      ကိုင်ဖူးတယ် ရှိအောင် စိတ်ကိုတင်းပြီး ကိုင်ကြည့်တာ… ။ တစ်ယောက်တည်းမို့ ကိုင်တာလည်းပါတယ် .. ဘေးမှာ တယောက်ယောက်ပါနေလျှင် အရိုးများတယ် ချေးခါးတယ် လုပ်နေဦးမယ် … တယောက်တည်းသွားတော့ အဟီး .. အရဲစွန့်ကြည့်တာ .. 😀

  • စုံ စုံ

    October 31, 2011 at 4:32 pm

    ကြံကြံဖန်ဖန်မြွေမွေးရမယ်လို့
    မြွေကသေးသေးလေး လွှတ်ထားတဲ့အချိန်ကိုယ်ကလဲအိပ်ပျော်နေတဲ့အချိန်
    နှာခေါင်းပေါက်တို့နားတို့ထဲကိုဝင်ကုန်ရင်အခက်
    တွေးရင်းတောင်ကြက်သီးထတယ်

  • thit min

    October 31, 2011 at 4:41 pm

    “”””ကဗျာကယာ ဘေးကလူကို လှမ်းဆွဲပြီး ပြုံးဖြီးဖြီးနဲ့ ဆောရီးပြောရပါတော့တယ် …. ။””””
    အမယ် ဆွဲမိတဲ့ သူက ချောချော၊သဘောကောင်းကောင်းလေး ဖြစ်။
    နောက်တော့ ဖုန်းနံပတ်တွေဘာတွေ ဖလှယ်ကြ၊ နောက်တော့ လက်ရှိ ဒေါက်တာနဲ့ ရှင်းရ။
    ရိုးရိုးသားသားခင်တာပါ ၊ ဘာညာသာရကာ၊ နေကြာကွာစိ လုပ်။
    ဒေါက်တာကနောက်ပိုင်းသိပ်မကြာခင်စိတ်မချလို့ မြန်မြန် ယူလိုက်ကြ။
    အဲဒီ လိုဇတ်လမ်းလေးရေးပါလား။
    မြွေထက်အဲဒီဇက်လမ်းပိုကောင်းမှာ။ရေးပလိုက်။ဟုတ်ပြီလား။

  • Ko Ko Aung

    October 31, 2011 at 6:22 pm

    ဒီမြွေတွေက မွေးလဲ သိပ်အသက်မရှည်တတ်ကြဘူး။
    ကျွန်တော့ဇနီးရဲ့ သူငယ်ချင်း ဝယ်ဝယ်မွေးတာ ရက်ပိုင်းလောက်ခံတာများတာပဲ။
    PanPan မွေးတော့ ဒီလောက်ခံတာ တော်တော်ကြာတယ်တောင်ပြောရမယ်။
    တကယ်တော့ ဒီမြွေရောင်းသူတွေလက်ထဲ ရောက်နေမှဖြင့် ကိုယ်ဝယ်မမွေးလဲ သူများဝယ်မှာ သို့မဟုတ် ဒီအတိုင်းသေမှာပေါ့နော်။
    အဲဒီလိုတွေးမိလို့ မြွေနဲ့လဲဆော့ချင်တာနဲ့ ဝယ်မလို့လုပ်ဘူးတယ်။ အရေးပိုင်က လက်မခံလို့။:(

  • windtalker

    October 31, 2011 at 6:30 pm

    ကျုပ်တို ့လူငယ်တွေ ဘီယာသောက်ပြီးရင်
    အချင်းချင်း သတိပေးကြသလိုပေါ့
    “မူးရင်အေးဆေးနေ..မြွေမဖမ်းနဲ ့” တဲ့
    အတုန် က တော့ မြွေမဖမ်းရဘဲနဲ ့၊ ဒီအတိုင်းတောင် ကိုင်ကြည့်ခဲ့တယ်ဆိုတော့
    တော်တော်သတိ္တကောင်းတာဘဲ
    ကျုပ်ဖြင့် မရဲပေါင်ဗျာ ။

  • pooch

    October 31, 2011 at 7:00 pm

    တော်ပါပြီ တုန်တုန်ရယ် မြွေသူတော်ရော မသူတော်ရော မမွေးရဲဘူး…
    မြင်တာနဲ့ တင် အသဲယားတယ် ….ကြက်သီးထတယ်…. 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 7:01 pm

    ချစ်ချာယေးတော့
    မီးဖုတ်ချားယို့ ရဒယ်

    • windtalker

      October 31, 2011 at 7:10 pm

      ဟိုက်ရော
      မီးဖုတ်ပဲချားမှာယား
      တံစို ့ကလေး ထိုးပြီး ကင်ကော မစားချင်ဘူးယား

  • naywoonni

    October 31, 2011 at 9:27 pm

    ကောင်းတာပါ့ မောင်ပေရယ်…။ နင်အမြည်းမရှိရင် အိုကေပဲ…။ နှာတို က ပူတယ်… ။ ရေနိုင်နိုင်ချိုးမှ နို့မို့ဆို အပူတွေ ကန်တယ်..။ မြွေပွေးသားကိုပြောတာ……………… 😛

  • chitlay

    November 1, 2011 at 9:14 am

    အောင်မလေး etone ရယ် ပျော့စိစိနဲ့ အသဲယားစရာကြီးကို ကိုင်တောင်ကြည့်ခဲ့သေးတယ်တဲ့ … မတော်လို့ အသဲယားပြီး ညှစ်လိုက်မိလို့ သေသွားရင် အလျော်က ပေးရအုံးမယ် … 🙁

  • ကြောင်ကြီး

    November 1, 2011 at 11:02 am

    အဖြစ်သည်းနေလိုက်ကြတာ…. ရွာထဲမှာလည်း ကြောင်သူတော်ကြီး ရှိပါတယ်။ ဖိတ်ဖိတ်ချင်း ကိုယ့်အိတ်ထဲ ဖိတ်မှပေါ့.. 😳

    • etone

      November 1, 2011 at 3:14 pm

      မြွေသူတော်က နို့ပဲသောက်တာ … ကိုကြောင်ကြီးလဲ ကြောင်သူတော်ဖြစ်ချင်လျှင် …ငါးကြော်မစားနဲ့ .. ရေသောက် 😆

      စကားပုံတခုကြားဖူးပါတယ် ဘာတဲ့ … ကြောင်သူတော် ကြွက်သူခိုးဆိုလား ဟိဟိ 😀

      • Koyin Sithu

        November 1, 2011 at 3:44 pm

        မြွေဆို အဆိပ်ရှိရှိ မရှိရှိ…
        တားတားကြောက်ကြောက်…
        တို့ ကြောင်းမင်းကို ငါးကြော်နဲ့ မျှားပြီး
        ငါးကြော်မကြိုက် ကြောက်မိုက်များလုပ်ချင်လို့လား
        မသိဘူး… 🙄
        ပြောမယ်သာ ပြောသာ ကိုယ်လည်း ကြောင်မျိုးရိုးက
        ဆင်းသက်လာတာပါပဲ.. ဟဲဟဲ.. 😛

  • khinmintatthu

    November 1, 2011 at 4:02 pm

    အော် အော် ကြံကြံဖန်ဖန် စီးပွားရှာတတ်ကြတယ်နော်…. မြွေသူတော်တဲ့… မတော်လို့ကိုက်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ….

Leave a Reply