မင်္ဂလာလေးရယ်တဲ့ဆောင်သောအခါ ( ဇါတ်သိမ်း )

မောင် ပေOctober 31, 20111min23719

ရပ်ကွက်လူကြီး ဦးခိုင် ၊ အတွင်းရေးမှူး ဦးအောင်ကြူ နှင့် လူစိမ်း နှစ်ယောက် တို ့သည် ဦးတင့်နားသို ့ကပ်လိုက်ကြသည် ။

တိတိကျကျ ဆိုရလျှင် ဦးတင့် ကို သူတို ့၄ယောက် က ဝိုင်းထားလိုက်သည် ။

သူတို ့၄ယောက် ကို မြင်တော့ ဦးတင့် မျက်နှာပျက်သွားသော်လည်း ၊ ဟန်မပျက်ဘဲ ချစ်ကိုကို အား မင်္ဂလာပန်းကုံး စွပ်ပေးလိုက်သည် ။ ထို ့နောက် ချိုမမ ကို ။

မင်္ဂလာပွဲလာ လူအားလုံး ကြောင်စီစီဖြင့် ကြည့်နေကြရသည် ။ လူ၄ယောက် ဝိုင်းခံထားရသော လူ က သတို ့သား ၊ သတို ့သမီးကို မင်္ဂလာပန်းကုံး စွပ်ပေးသည် ဆိုတာ ၊

တစ်ခါမှ မမြင်ဖူး ၊ မကြုံဖူးသော အတွေ  ့အကြုံပင် ။ အားလုံးပဲ သို ့လော ၊ သို ့လော နှင့် ။

သတို ့သား ၊ သတို ့သမီး မောင်နှံကို ပန်းကုံးစွပ်အပြီး ၊ ဦးခိုင်တို ့ဘက်လှည့်ကာ

“ ဟဲဟဲ…ကျွန်တော် အေးအေးဆေးဆေး လိုက်ခဲ့ပါမယ် နော် ၊ အခုဟာ က မင်္ဂလာပွဲကြီးထဲမှာ မို ့၊ ဆရာတို ့လဲ ကိုယ်ချင်းစာမှာပါ ”

“ ဟေ့ကောင် ၊ ဘာမှ စကားရှည်မနေနဲ ့၊ အခုချက်ချင်း  ငါတို ့၄ယောက်ကြားက ဟန်မပျက် လိုက်ခဲ့ ၊ ရုတ်ရုတ် ရုတ်ရုတ် မဖြစ်စေရဘူး ”

ဦးတင့် တစ်ယောက် ဦးခိုင်တို ့ကြားမှာ ပါသွားသည် ။ သူ က အပြုံးမပျက်ဘဲ ၊ဘာမှ မဖြစ်သည့် ပုံစံ ဖြင့်  ဦးမျိုး တို ့ဘက်သို ့လက်လှမ်းပြသွားသေးသည် ။

( ပွဲပြီးမှ ပြန်ကြားရသည်မှာ ၊ ဦးတင့် သည် ပိုက်ဆံအတုလုပ်ရာတွင် နာမည်အလွန်ကြီးသဖြင့် ၊ ရဲများမှ အလိုရှိဆုံး တရားခံ တဲ့ ၊ ပြေးတဲ့နေရာမှာလဲ တော်လွန်းလို ့၊ ယခု မင်္ဂလာဆောင် ကြမှ ဖမ်းမိတော့ သတဲ့ )

အခြေအနေ ကို နဲနဲရိပ်မိသွားသော ၊ ဒေါ်မြင့် သည် ဦးမျိုးနား ပြေးကပ်ကာ ၊ ဗိုက်ခေါက်ကြောကို လိမ်ဆွဲရင်း မေးလိုက်သည် ။

“ ဒါက ဘာသဘောလဲ ၊ ပြောစမ်းပါဦး ၊ ပြောတော့ ရှင့်မိတ်ဆွေ ဂုဏ်သရေရှိ လူကြီးလူကောင်း ဆို ၊ ဟိုမှာ ရပ်ကွက်လူကြီး နဲ ့ရဲလိုလို လူတွေ လာခေါ်တယ်ဆိုတာ ဘာသဘော လဲ ”

“ သူ ့ကို ဂုဏ်ပြုမလို ့လာခေါ်တာနေမှာပေါ့ ကွ ”

ဒေါ်မြင့် ၊ ဦးမျိုး ကို ထပ်ဆွဲလိမ်လိုက်ပြီး

“ ဂုဏ်ပြုဖို ့လာခေါ်ရတာက ဒီလို လူ၄ယောက် ဝိုင်းဖမ်းတဲ့ ပုံမျိုး နဲ ့ဟုတ်လား ၊ ဒီမယ်..ကိုမျိုး..အခု သားမင်္ဂလာဆောင်ထဲမှာမို ့၊ အိမ်ရောက်ရင် ရှင်တော့ နာမယ်သာမှတ် ၊ ဒီည ရှင် နဲ ့ရှင့် ရဲ  ့ဂုဏ်သရေရှိကြီးများ အတွက် လုပ်ပေးမယ် ဆိုတဲ့ သောက်ဝိုင်းကို လဲ ကင်ဆယ်ပြီလို ့သာ မှတ်လိုက်တော့ ”

“ အေးပါကွာ ”  ဦးမျိုး  စိတ်မသက်မသာ ဖြင့် ခန်းမ ထိပ် စားပွဲဝိုင်းတစ်ဝိုင်းတွင် ဝင်ထိုင်နေတော့သည် ။

ခဏနေကြတော့ ၊ မောင့်ကျက်သရေခေါင်းပေါင်း ၊ တိုက်ပုံအဖြူ ၊ တောင်ရှည်ပုဆိုးအပြာနု ဖြင့် ဦးသိန်းမြင့် သတို ့သား ၊ သတို ့သမီး ခုံအနောက်သို ့ရောက်လာသည် ။

လက်ထဲတွင် လည်း ခရုသင်း နှင့် သပြေခက်နှင့် ။

မိုက်ကိုင်သည့် ကောင်လေး က ဦးသိန်းမြင့် လက်ထဲသို ့မိုက် ကို လာပေးသည် ။

“ အဟမ်း..အဟမ်း ”

ချစ်ကိုကို နှင့် ချိုမမ တို ့က တော့ ပြုံးပြုံး ၊ ပြုံးပြုံး နှင့် ။ ဒေါ်ထွေးကတော့ ကျေနပ်စွာဖြင့် မိန် ့မိန် ့ကြီး ထိုင်ကြည့်နေသည် ။

ဦးသိန်းမြင့် ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ပြီး ဘုရားပင့်ရွတ်ဆိုသည် ။ ပြီးနောက် မင်္ဂလာမောင်နှံ ၏ အမည်နာမ များကို ရွတ်ကာ တစ်သက်တာ လုံး မင်္ဂလာရှိစေကြောင်း ဆုတောင်းသည် ။

ထို ့နောက် သားသမီး ကျင့်ဝတ် ၊ မိဘ ကျင့်ဝတ် များကို ရွတ်သည် ။ ထို ့နောက် အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာသည် ။

ထုံးစံ အတိုင်း မင်္ဂလာပွဲလာ များ နှင့် ဒေါ်ထွေး တစ်ယောက် အလွန်အင်မတန် တိုသော ဘိသိက် ကို အံ့ဩ ကုန်ကြလေတော့သည် ။

“ ဟမ်…ဘိသိက်သွန်း တာ ကလဲ ဘယ်လိုကြီး တုန်း ၊ တိုလှချီလား ၊ ကိုသိန်းမြင့် ဘယ်လို များ လုပ်လိုက်ပါလိမ့် ”

ဦးသိန်းမြင့် သတို ့သား တို ့နားမှ ခွာလာကာ ၊ ဒေါ်ထွေးနား သို ့လာထိုင်သည် ။

“ ကိုသိန်းမြင့် ၊ တော့်ဟာ က ဘယ်လိုကြီးတုန်းရှင့် ၊ မတိုလွန်းဘူးလား ”

“ ဗျာ…မထွေး ၊ ဘာ..ဘာကိုမေးလိုက်တာလဲ ဟင် ” ဦးသိန်းမြင့် တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည် ။

“ ဘာကို မေးရမှာလဲ ၊ ရှင် ဘိသိက်မြှောက်တာ မတိုလွန်းဘူးလား လို ့”

“ ဪ..ဒါလား ”

“ အော်ဒါ မဟုတ်ဘူး ၊ ဘိသိက်မြှောက် တာ ကို မေးနေတာ ”

“ ဒီလိုရှိတယ် မထွေးရဲ  ့ ၊ အခုဒီနေ ့မင်္ဂလာ အချိန်အခါဟာဆိုရင် ၊ တောတောပြို တောတောဟို နက္ခတ်နဲ ့တိုက်ဆိုင်နေတယ်ဗျ ၊ ဒီတော့ ဒီနက္ခတ်နဲ ့တိုက်ဆိုင်တဲ့ အချိန်အခါ မျိုးဆိုရင် မင်္ဂလာဆောင် ၊ မင်္ဂလာယူကြတဲ့ သူတွေဟာ အလိုလိုနေရင်း ကို မင်္ဂလာတွေရှိ ၊ အောင်မြင်မှုတွေ အလိုလိုရကြကုန်တာဆိုတော့ ၊ လိုအပ်တာလောက်ဘဲ ရွတ်ဖတ်ရတယ် ၊ အရမ်းအကြာကြီး ဘိသိက်သွန်းရင် သတို ့သားဇနီးမောင်နှံ မှာ ကျန်းမာရေး ညံ့တတ်တယ် ၊ စိတ်ဆင်းရဲကြရတယ် ။ ဒါကြောင့်ပါ ”

“ ဟုတ်လား ၊ မသိပါဘူးတော် ၊ ကျွန်မ ကြားဖူးတာဖြင့် ဘိသိက်သွန်းရင်း တစ်နာရီလောက် ကြာတယ် ဆိုလို ့၊ အခုလို ရှင် ရှင်းပြတော့လည်း ရှင်းသွားတာပါဘဲ ၊ ဒီမှာ ရေခဲမုန် ့နဲ ့ကိတ်မုန် ့စားလိုက်ပါဦး ၊ ရှင့်မလဲ မောရောပေါ့ ”

ဦးသိန်းမြင့် လည်း ဒေါ်ထွေး ပေးလာသော ရေခဲမုန် ့နှင့် ကိတ်မုန် ့ကို ကြည်နူးစွာဖြင့် စားနေသည် ။

ချစ်ကိုကို နှင့် ချိုမမ တို ့လည်း မင်္ဂလာပွဲလာ များကို လိုက်လံ ဧည့်ခံရင်း ဓါတ်ပုံ ၊ ဗီဒီယို မှတ်တမ်း တင်ကြရလေသည် ။

မင်္ဂလာဆောင်အပြီး တစ်ပါတ်ခန် ့ကြာသော် ။ ချစ်ကို တစ်ယောက် ထုံးစံအတိုင်း ဝက်သားလိုက်ပို ့သည် ။ ချိုမ လည်း ပန်းလိုက်ရောင်းသည် ။

ရပ်ကွက်ထဲ ၊ ဈေးထဲမှာတော့ သူတို ့မင်္ဂလာပွဲ သတင်းမှာ လွန်စွာ လူပြောများကြောင်း ပြန်ကြားခဲ့ရလေသည် ။

“ တရားခံ က မင်္ဂလာပန်းကုံးစွပ်ပြီး ၊ ၅ မိနစ် ပဲ ဘိသိက်မြှောက်တဲ့ မင်္ဂလာဆောင် ”  ဟူသတည်း ။

————————- အားလုံးကို ကျေးဇူးတင်ပါသည် ————————-

 

 

 

19 comments

  • windtalker

    October 31, 2011 at 2:44 pm

    သဂျီးရေ
    ကွန်နက်ရှင် က မြန်လွန်းအားကြီးပြီး
    ပက်ဘလစ်၂ခါ နှိပ်မိသွားလို ့၂ခု ဖြစ်သွားတယ်ဗျ
    တစ်ခု ပြန်ဖျက်ပေးပါဦးနော်

  • inz@ghi

    October 31, 2011 at 3:02 pm

    တားတို့ နာမည်တွေ နဲ့ ဘာတွေများ ထပ်ကျပ်ဦးမလဲလို့
    ရင်တမမ နဲ့ ဖတ်လိုက်ရတဲ့ ပိုစ့် ဖြစ်ပါသည် …

    ဒါကြောင့်လည်း ဒါရိုက်တာ ပေ ရယ်လို့ နာမည်ကျော်တာကိုး

    • ပေါက်ဖော်

      October 31, 2011 at 3:54 pm

      နောက်တစ်ခါဆောင်ရင် ဂျပန်က ဒါ့ပုံဆာ မောင်မောင်ဇာ ကိုခေါ်ပြီး မင်္ဂလာမှတ်တမ်း တင်မယ်ပြောဒယ်
      😆

  • water-melon

    October 31, 2011 at 3:03 pm

    အစဆုံးဖတ်လိုက်ပါတယ်။ ကိုwindtalker ထမင်းချက်ပြီးပြီလား။ မိန်းမပြန်မရောက်ခင် အမြန်ရေးပြီး တင်လိုက်လို့ ပို့စ်က ၂ခု ဖြစ်သွားတယ်ထင်တယ်နော့။ 🙂

  • pan pan

    October 31, 2011 at 3:18 pm

    ဘယာကြော်ရန်ကနားကိုမွေးထုတ်သော ဒါရိုက်တာကိုပေ
    ကိုပေမင်္ဂလာဆောင်တုန်းကရော၊ ဘိသိတ်မြှောက်သေးလား 😛

  • ဆူး

    October 31, 2011 at 3:47 pm

    မင်ဂါချောင်တာ အဲလောက် မြန်လား.. မောင်ပေ မင်ဂါချောင်တုန်းက ဘာကျွှေးလဲ ရေခဲမုန့်လား။

    • ပေါက်ဖော်

      October 31, 2011 at 3:56 pm

      တော်တော်ပြို..တော်တော်ဟို နတ်ခတ်နဲ ့ ကြုံလို ့ မြန်သွားတာပါ

      • windtalker

        November 1, 2011 at 7:44 pm

        “တောတောပြို ၊ တောတောဟို ” ပါဟ ပေါက်ကြီးရ

  • Diamond Key

    October 31, 2011 at 3:49 pm

    သတို့သားအား ပန်းကုန်းစွတ်စဉ် ဝိုင်းထားသော လူစိမ်း နှစ်ယောက် အနက် တစ်ဦးဖြစ်သော ကိုပေ (ဖမ်းမည့်ရဲကို ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရသူ) ကိုယ်တိုင် ကိုယ်တွေ့ကို ရေးဖွဲ့ပါသည်။ း)

  • “ဘီလူးကြီး”ogre

    October 31, 2011 at 5:54 pm

    တော်ပြီ
    မဂ်လာဆောင်ရင် ပန်းကုံးမစွပ်ခိုင်းတော့ဘူး
    ဘိသိက် ဆရာလဲခေါ်တော့ဘူး….ပုဆိုးတန်းတင်ပဲကောင်းတယ်..။။

    • နွယ်ပင်

      November 1, 2011 at 9:54 am

      ကိုဘီလူးကြီးက .မဂ်လာဆောင်ရင်ပန်းကုံးမစွပ်
      ဘိသိက်ဆရာမခေါ် ပုဆိုးတန်းတင်ပဲဆိုတော့ …..
      ပုဆိုးတန်းတင်ဖို့လူတွေ့နေပြီထင်တယ် …. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 7:11 pm

    မင်္ဂလာဆောင်ရင် ပန်းဦးဆက်ရတယ်
    ပုံ…..
    ……….ကျောင်းထိုင် အရည်းကြီး ဘဂံမူလကျောင်းတိုက်

    • windtalker

      October 31, 2011 at 7:48 pm

      ပြန်လာခဲ့လေ ၊ အဆက်ခံချင်သပ ဆိုရင်ဖြင့်လည်း
      🙂

    • ကြောင်ကြီး

      November 1, 2011 at 10:01 am

      ဟေ့ကောင်အောင်ဘု.. နင်ကဂျူနီယာနော်..။
      ပုံ
      ကြောင်ကြီး 👿
      စီနီယာကျောင်းထိုင်အရည်းကြီး

  • Shwe Ei

    October 31, 2011 at 8:23 pm

    အစကဖတ်ပီး အဆုံးမှမန့်လိုက်အုံးမယ်။ ကိုပေသာ ဒါရိုက်တာလုပ်ရင် မြန်မာ့ ဟာသရုပ်ရှင်လောက ကလူတွေ လွင့်ကုန်မှာကျိန်းသေတယ်။ (မင်းသမီးလိုရင် လက်တို့လိုက်နော) 😛

    • windtalker

      October 31, 2011 at 8:39 pm

      မင်းသမီး တော့ ရပြီ ။
      မင်းသားလုပ်မယ့်လူ ဘယ်သူ ရှိသလဲ ဗျို ့
      စိန်မဲဇာ ဗီဒီယို ရိုက်ကူးရေး နဲ ့
      ဒါရိုက်တာ မှော် တို ့က အသင့်ဖြစ်နေကြောင်း

  • thit min

    November 1, 2011 at 4:07 am

    ပန်းကုံးစွပ်သောတရားခံနှင့်စုံထောက်လန်ဘား၏စွန့်စားခန်းဆိုတာပေါ့နော်။
    အင်း ပန်းကုံးစွပ်မဲ့သူတွေ သတိထားရမဲ့သဘောဘဲနော်။
    ကောင်းပါလေ့။စဉ်းစားစရာတွေရသွားတယ်။

  • comegyi

    November 1, 2011 at 5:37 am

    ကိုရင်ပေတို့ မင်္ဂလာဆောင်လုပ်ထုံးလုပ်နည်းတွေကို တော်တော်စေ့စေ့စပ်စပ် လေ့လာထားသကိုး……..
    စုံပါပေ့ စုံပါပေ့……

  • အီးတီ

    November 1, 2011 at 6:01 am

    မင်္ဂလာဆောင်ရင် ကိုသိန်းမြင့် ကိုဘဲ ငှားတော့မယ်။ လိပ်စာလေး ပေးပါလား ကိုပေ။

Leave a Reply