Information Flow Management – 1 (Introduction)

ムラカミOctober 31, 20114min1517

 ကျနော်က အဲ့သည် Information ဆိုတာကို ကို နည်းနည်း သရုပ်ခွဲကြည့်ချင်ပါတယ်။

          Information တခုဆိုတာ အသက်ရှိတယ်ဗျ။ ကျနော်တို့ သက်ရှိတွေလိုပဲ သူ့မှာလည်း အသက်ရှိတယ်၊

အချိန်နဲ့တပြေးညီ ဖြစ်ရန်လိုတယ်ပေါ့။ဥပမာ။ ကျနော်တို့ FECဈေးတက်မယ်ဆိုတဲ့Informationကို

၁လလောက်ကြိုရတယ်ဆိုပါတော့။ဘာလုပ်ကြမလဲ?ရှင်းပါတယ်လက်ရှိပေါက်ဈေးနဲ့ ရသလောက်စုဝယ်ထားမှာပေါ ့၊

နော့် တက်မယ်ဆိုတာ သေချာသိနေတာပဲဟာ။OK, တစ်ပါတ်လောက်ကြိုသိရင်တောင်မှ ပြင်ဆင်လို့ရပါသေးတယ်

လုပ်ငန်းအရွယ်အစားပေါ်မှာတော့မူတည်တာပေါ့။

           ကောင်းပြီ တကယ်လို့သာ မနက်ဖြန် FECဈေးကြိမ်းသေတက်မယ်ဆိုတာ သည်နေ့ည၁ဝနာရီလောက်မှာ သိရင် ။??

သည်Informationကတန်ဖိုးရှိနိုင်ပါတော့မလား။ သည်လို အချိန်တခုသာမကဘူး ။Informationဆိုတာ

အောက်ပါ criteriaတွေနဲ့လည်း ပြည့်စုံရပါတယ်။

1.  Criteria of Information

        1.1 Cost Advantage– Businessမှာ Information ဝယ်ရပါတယ် ၊Market information,

competitor informationကအစ stock share informationအဆုံး ဝယ်ယူနေရပါတယ် ၊

journalဝယ်ပြီး ဖတ်တာကအစ informationဝယ်ယူနေတာပဲပေ့ါ။ Cost Advantageဖြစ်ရမယ်ဆိုတာ

သည်informationကိုဝယ်ပြီး တခုခုသောactionကို ပြုလုပ်မယ်ဆိုရင် သည်actionအောင်မြင်မှရမယ့်အမြတ်ထက်ပိုပြီး

costကျသင့်မယ်ဆို သည်informationက တန်ပါတော့မလား၊ထုတ်မယ့် Product က target

ထိလို့ ရမယ့်အမြတ်ကမှ သိန်း၁၀ဝလောက် ၊ informationဝယ်ရင်ကုန်မယ့် cost က သိန်း၂၀ဝလောက် ။ကဲ ဝယ်မလား???

         1.2 Accuracy– ဟုတ်တယ် တိကျရပါမယ် ။မတိကျတဲ့informationဘာလုပ်မှာလဲ။

ပြိုင်ဘက်companyတခုခုကကိုယ့်ကိုလိုက်မလုပ်စေချင်လို့figureအမှားတွေပေးထားတာမျိုးinf:ကို ယုံပြီး

သည်market segmetကိုရှောင်လိုက်ရင် ကိုယ်ပဲနစ်နာရမှာပါ၊ quantitative ရောqualitativeကိုပါ

မျှတစွာစဉ်းစားဖို့လိုပါတယ် ၊qualitativeလိုမျိုး တိုင်းလို့ မရနိုင်မယ့် informationတွေဆို Physical evidence

ကောင်းကောင်းရှာထားပေတော့။ ဥပမာ morale, motivation, commitment ဆိုတာတွေဘယ်လိုတိုင်းမလဲ။

        1.3 Time– ဒါကိုတော့ ကျနော် အထက်မှာဆွေးနွေးခဲ့ပြီးပါပြီ။

         1.4 Security– ဟုတ်ပါ့ဗျာ ။ ဒါအရေးကြီးတာပေ့ါ ။တခြား informationမပြောနဲ့ ကိုယ့်

HR information, Financial ကို တခြားcompanyမသိဖို့လိုတယ်ဟုတ်? နောက် ပြီး အပြင်ကလာတဲ့

informationကိုလည်း သူများထက်ဦးချင်ရင် ၊ သူများမသိသေးတာ မျိုးသိမယ်ဆိုရင် security က

အလွန် အရေးပါ ပါတယ်။အားလုံးသိတဲ့ လျှို့ဝှက်ချက်ဆိုတာမျိုးဖြစ်နေတဲ့informationကနေဘာများရနိုင်မှာမို့လို့လဲ

           ဘာကြောင့်သည်နေ့ခေတ်တွေမှာ Information Flowကပိုအရေးကြီးလာသလဲ???

တကယ်တော့ စီးပွားရေးမှာ ခုလိုမျိုး Orientiationsတွေ ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်

2.  Orientation Changes

①   Product Orientation

②   Production Orientation

③   Sale Orientation

④   Marketing Orientation

           Product Orientitaion ဆိုတာကProductကိုပဲဦးစားပေးပြီး ထုတ်ခဲ့ကြတဲ့ခေတ် ကိုပြောတာပါ။

ကမာ္ဘ့ပထမဦးဆုံးကားထုတ်လုပ်သူ Ford ဟာ ကားတွေကို Model တစ်မျိုးတည်း၊အရောင် တစ်ရောင်တည်း

ထုတ်ခဲ့တဲ့ခေတ်ကပေါ့ ။Coca Cola လို Company မျိုးတောင်  1World 1Cola ဆိုတာမျိုးကြွေးကျော်ပြီး

ထုတ်ခဲ့တဲ့ခေတ်ပါ ၊ပြိုင်ဘက်တွေ မရှိသေးသမျှတော့ သည်စနစ်ဟာအောင်မြင်ခဲ့သည်ပေ့ါ။

ပြိုင်ဘက်တွေများလာတဲ့ အချိန်မှာတော့ competitive advantage ရဖို့အတွက်စနစ်ပြောင်းရပါတော့တယ် ။

           ဒါဟာ Production Orientiation ခေတ်ကိုပြောင်းလဲခဲ့ပါတယ် ၊ခုရေများများ ထုတ်ခြင်းအားဖြင့်

piece per cost ကျတယ် အောက်ဈေးနဲ့ရောင်းနိုင်တယ် ၊economy of scaleရတယ်ဆိုတဲ့အယူအဆနဲ့

productများများထုတ်ခဲ့ကြတဲ့ခေတ်ပါ၊များများထုတ်တယ် ပေါပေါရောင်းတယ် ၊

ok.ဝယ်သူဘက်ကလည်းဈေးချိူရင်ဝယ်တယ် ။ သည်လို ခေတ်မျိုး ရှိခဲ့တာပါ ၊

entrepreneur တချို့က ခေတ်ပြောင်းတော်လှန်ရေးအနေနဲ့ ဘယ်လို အသွင်ဆောင်လာခဲ့ကြသလဲဆိုတော့ quality

ကောင်းအောင်လုပ်မယ် သူများထက် ပိုကောင်းအောင်လုပ်မယ် အဲ ဈေးတော့နည်းနည်းပိုပေးရမယ်ဆိုတာမျိုးနဲ့

differentiation နဲ့ niche ကိုစတင်ခဲ့ပါတယ် ၊ အဲ့သည်မှာ ခေတ်ပြောင်းလာပါတယ် ၊customerဆိုတာ

အရင်ကလို  ဈေးပေါသမျှဝယ်တဲ့ ခပ်ညံ့ညံ့တွေမဟုတ်တော့ဘဲ ရွေးချယ်တတ်လာပါတယ် ပိုကောင်းတာကို

တောင့်တတတ်ပြီးအဲ့သည်နောက်ကိုလိုက်ကြပါတော့တယ်။

           နောက်ပိုင်းမှာ Sale Orientation(Selling)တစ်ခေတ်ဆန်းပါတော့တယ်။SaleForce

တွေဆိုပြီးတော့ channel ထဲကို သွပ်သွင်းပြီးရောင်းခိုင်းပါတော့တယ် ၊အဲ Promotionတွေ Discountနဲ့

LuckyDrawတွေသည်မှာမွေးလာခဲ့တာပေါ့။(သည်နေရာမှာပြောစရာရှိတာသည်က လူအများစုက Marketing ဆိုရင်

အထက်က ၃ခုကိုလုပ်တယ်လို့ပဲမြင်နေကြတယ် တကယ်တော့ Marketing ဆိုတာ အဲ့ဒါတွေထက်ပိုပြီး

ကြီးကျယ်ပါတယ် Branding , CRM နဲ့ PR ဒါတွေပါဝင်ပါတယ် Sale Promotor သက်သက်အနေနဲ့

marketingကို သည်မှာ အသုံးချနေတာတော့ ဝမ်းနည်းဖို့ကောင်းပါသည်။)

           အဲသည်မှာ Sell Ice to Eskimo ဆိုတဲ့အဆိုအမိန့်မျိုးပေါ်လာပါတယ် ၊Sales က ညာပြီးရောင်းရင်တောင်

ရောင်းရရင်ပြီးရော ရောင်းကုန်ရင်ပြီးရောဆိုတာမျိုးအထိ အစွန်းရောက်လာပါတယ်။ဥပမာစီးကရက်သမားတွေကို

၁နေ့ ၁ဗူးကနေ၂ဗူးသောက်အောင် ။ မသောက်တတ်တဲ့သူတွေကိုသောက်တတ်လာအောင် တခြား တံဆိပ်သောက်တဲ့သူတွေကို

ကိုယ့်ဘက်ကိုပါလာအောင်BusinessEthicမကိုက်တာမျိုးတွေတောင်လုပ်ဆောင် လာကြ ပါတယ်။

           နောက်ဆုံးတော့Marketing Orientiationကိုပြောင်းလာကြပြီ.

Customer Relationship Management , Customer Education, Three Bottom Line နဲ့

Evangelismဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာကြပြီဖြစ်ပါတယ် ။

“not selling a product, selling a dream” ဆိုတာမျိုးလည်းပြောလာကြပါတယ်။

အရင်လို ညာရောင်းတာမျိုး ၊ဖိရောင်းတာမျိုး နောက်ပြီး Ethicမညီတာမျိုးတွေမလုပ်တော့ဘဲ

Information ကိုbase ထားပြီး competitive advantage ရအောင်ဆောင်ရွက်လာပါတယ် ၊

(ITခေတ်ပြောင်းတော်လှန်ရေးကလည်းအရေးပါတဲ့အလှည့်အပြောင်းတစ်ခုဖြစ်စေတာပေါ့..)

Inforamtionကိုင်ထားနိုင်တဲ့သူဟာ marketထဲမှာ စားရတာပဲလေ၊

ဥပမာ ကျနော်တို့ ရန်ကုန်မြို့မှာ လူလတ်တန်းစားအမျိုးသမီးသုးံ T-Shirts တွေထုတ်မယ်ဆိုရင်

ရန်ကုန်မြို့လူဦးရေ  .အမျိုးသမီးဦးရေ .ပျမ်းမျှဝင်ငွေ Fashion Preference, Color Prefernece

၊နောက်ပြီးအသက်အပိုင်းအခြား ဒီinformationတွေရရှိမှဖြစ်ပါလိမ့်မယ် ၊ရမ်းလုပ်မလို့လား ၊

သွားမှာပေါ့ဗျာ .. ဟုတ်တယ်ဟုတ် businessဆိုတာ probability ရှိမှစွန့်စားသင့်တာလေuncertaintyကိုစွန့်စားမလို့လား။

ကဲထားပါတော့ ..ကိုရီးယားဖက်ရှင်ခေတ်ရောက်နေတယ်ဆိုပြီး ကိုရီးယားစတိုင် ဆိုပြီးထုတ်မလို့လား ၊

အင်း.. ဘာမှန်းမသိဘဲ ရမ်းထုတ်တာထက် စာရင်တော့မဆိုးပါဘူး။ သို့သော် တခြားသူတွေကလည်း

သည်လိုပဲလုပ်စားနေကြတာပဲကော… သူတို့က အရင်ဝင်တဲ့ သူတွေလေ .. channel ထဲမှာ သူတို့က

အရင်ရောက်နေတာ။(ဥပမာ giordano အစ tri တို့ stepတို့အဆုံးပေါ့). ဟုတ်တယ်နော်..

ခင်ဗျားဘယ်လို competative advantage ရနိုင်မလဲ..        ကောင်းပြီ လွယ်လွယ်လေးပါ

အောက်ကြေးနဲ့ဖိုက်မယ်လို့ ပြောမလို့လား ။ အဲလိုတော့ ကိုယ့်ကိုကိုယ်သတ်မသေပါနဲ့လို့တိုက်တွန်းပါရစေ/

pricingဆိုတာနောက်ဆုံး လက်နက်ဖြစ်ပါတယ် နောက်ဆုံးမှသုံးဖို့ထားပါ။

           အဲလိုမျိုးဆို မသေချာတာလည်းမလုပ်ဘူး ၊ အရှုံးခံပြီးလည်းမစချင်ဘူး၊ ကဲ ဘာလုပ်မလဲ

အရှုံးခံစမယ့်အစား informationကောက်မယ်ဗျာ ။စစ်တမ်းတို့ဘာတို့လုပ်မယ်။

ကိုယ်တိုင်မလုပ်ချင်တောင်inf:ကောက်တဲ့အဖွဲ့တွေအပ်မယ်ဗျာ။အတိုင်းအတာတခုလောက်ထိ

လုပ်ထားတဲ့ informationရလာပြီဆိုရင် အဲ့သည်အပေါ်မှာ new product development

လုပ်ရတော့မှာပေါ့(NPD သည် သီးခြား topic တစ်ခုဖြစ်သောကြောင့် ချန်လှပ်ခဲ့ပါသည်။)

ပစ်ထားတာကြာသော စာစု ကို တိုက်ဆိုင်မှု တခုကြောင့် ပြန်လည် တူးဆွ ထားခြင်း ဖြစ်ပါသည် ..

စိတ်အချဉ်ပေါက်နေစဉ် ရေးထားသောကြောင့်

အရေးအသား ထော်လော်ကန့်လန့် ဖြစ်နေလျင် သည်းခံတော်မူကြပါကုန်

အပိုင်း -၂ ရောက်ရင်တော့ information flow management model တခု ပုံနှင့်တကွ

ရေးနိုင်အောင် ကြိုးစား ပါဦးမည် ခင်ဗျား..

ကျေးဇူးတင်ပါ…..တယ် …(လေယာဉ်မယ် လေသံဖြင့်ဖတ်ပါ)

ခင်တဲ့

Guy Inz@ghi

7 comments

  • Moe Z

    October 31, 2011 at 4:47 pm

    အချိန်နဲ့တပြေးညီဆိုတာ ဥပမာ – မုန်တိုင်းသတင်းကို မုန်တိုင်းစတိုက်တဲ့အချိန်နဲ့ တပြိုင်နက်ထုတ်လွှင့်ပေးတာမျိုးလား
    အတည်ရေးထားလို့ နောက်တာ စိတ်ဆိုးနဲ့နော် 🙂

    • inz@ghi

      November 1, 2011 at 9:21 am

      မုန်တိုင်းသတင်း လိုဟာမျိုးက
      မုန်တိုင်း စဖြစ်ကတည်းက လွှင့်ရမယ့် ဟာမျိုးဗျ….
      ဘောပွဲ ကြေငြာသလို ဟော တိုက်ပါတယ်ခင်ဗျ…
      ညာတောင်ပံက လေပြင်းဟာ ကွင်းလယ်ဗဟို မှာ ရှိတဲ့
      တမာပင်ကြီးကို ဖြောင်းကနဲ ရိုက်ချိုးလိုက်ပါပြီ ခင်ဗျာ ….
      တို့ ဘာတို့ လုပ်လို့မရဝူး…
      ခစ်ခစ်…

      inz@ghi

  • windtalker

    October 31, 2011 at 6:48 pm

    ဆဇာ ရေ
    သတင်းဝယ်တယ်ဆိုတာနဲ ့ပတ်သက်ပြီး
    အခု မနေ ့တစ်နေ ့က ဂျာနယ်ထဲမှာ ထပ်ပါလာပြန်ပြီ
    စံလင်း/မောင်ကောင်း ကိစ္စ
    ကျုပ်ကောင် တစ်ကောင် က တော့
    စံလင်းတွေ/မောင်ကောင်း တွေ ဝယ်စုထားလို ့ဘူ နေတယ်

    • inz@ghi

      November 1, 2011 at 6:02 am

      ကပေ…
      ဟုတ်လားဗျ
      အဲ့ရာတွေ အခု ဘာဖစ်ပြန်ပီတဲ့လဲ
      အဆ ၁၀ဝ ပေးတော့ဝူးလား

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 7:05 pm

    OH…………….. very very good

  • မင်းပြည့်ရှိန်

    October 31, 2011 at 11:49 pm

    ဖတ် မှတ် လေ့လာသွားပါတယ်ဗျာ..
    အားပေးနေပါတယ်..
    ဆက်လက် မျှဝေပေးပါဦးလို့..
    သိုင်းကျူး အထူးပါဗျာ..

  • nikita

    November 1, 2011 at 11:56 am

    ကျေးဇူးတင်ပါတယ်
    information flow တစ်ခုကို information အနေနဲ့ ဖတ်ရလို့ပါ……..:D

Leave a Reply