ရင်ပွက်သံ

manawphyulayOctober 31, 20111min13518

လွမ်းတယ်.... လွမ်းတယ်... အရမ်းလွမ်းတယ်

မင်းအကြောင်း တွေးရလွန်းလို့
လက်ညိုးညွှန်းရာ
ပန်းကဗျာဝေစေခဲ့ဖူးတဲ့ ငါ
ခုတော့…
လွမ်းစရာတွေ ခြေရာထပ်
ကဗျာစပ်ဖို့တောင်ခက်နေပြီ
ခံစားမှုတွေမြင့်တက်
ကဗျာရေးတဲ့လက်ကတောင်
ငါ့ကို မသထာတော့ဘူး
မင်းနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့
အမြတ်တနိုး ခင်မင်ရုံ
ရင်ခုန်သံကို တေးမသီ
ကဗျာတစ်ပုဒ်တောင် စာမစီနိုင်ခဲ့
ချစ်တတ်တဲ့နှလုံးသားက
အဲသည်လောက်ထိ လောင်ကျွမ်း
ငါ…
အရမ်းလွမ်းနေရတယ် ကောင်လေးရယ်…………

မနောဖြူလေး ခံစားသီကုံးရေးဖွဲ့သည်။

18 comments

  • အီးတီ

    October 31, 2011 at 6:38 pm

    မမ မနောဖြူလေး ဘယ်သူ ့ကိုလွမ်းနေလဲ မသိဘူးဗျို ့။ MG မှ သိတဲ့ သူများ comment ပေးကြရန်။
    မှန်အောင်ဖြေဆိုနိုင်ပါက သဂျီးမှ ပွိုင့် ၅၀၀ဝ ချီးမြှင့် မည်ဖြစ်ပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 6:56 pm

    ခံစားရတယ်ဗျာ

  • ပေါက်ဖော်

    October 31, 2011 at 7:24 pm

    ရေပွက်သံဆိုရင်တော့ ငါးစာ လာချမလို ့ပဲ..
    ရင်ပွက်တာဆိုတော့….အသည်းလေး လာချပေးပါ့မယ်ကွယ်..
    မလွမ်းနဲ ့တော့..မလွမ်းနဲ ့တော့..အင့်ရော့.အတဲ၂လုံး 😆

  • GreeNSheeP

    October 31, 2011 at 8:13 pm

    “ဝါသနာပါပေမယ့် မရေးတတ်တာခက်တယ်” လို ့ဆိုထားသူရဲ ့နောက်တစ်ကြိမ် ချမ်းချမ်း မျက်ရည်ကျစေပြန်ပြီလား ။ သို ့မဟုတ် သည်တစ်ခါ ချမ်းချမ်း တော့ မဟုတ်လောက်တော့ဘူး ။ တစ်ခြားတစ်ယောက် ထင်ပါ၏

    • Foreign Resident

      November 1, 2011 at 2:48 am

      GreeNSheeP ရယ်
      ရွာသူား အချင်းချင်းပဲ မပြောပါနှင့်ကွယ် ။ 🙁

  • Foreign Resident

    November 1, 2011 at 2:46 am

    ” ကောင်လေးရယ် ” လို့ဆိုထားတော့ ။
    မနောဖြူလေးထက် အသက်ငယ်မယ် ထင်တယ် ။

    • manawphyulay

      November 1, 2011 at 9:35 am

      ဟီး လေးလေးFR က ဒီလိုကျတော့လည်း ခန့်မှန်းတတ်သားပဲ…. Hint ပေးလိုက်မယ်။ အသက်ကတော့ သိပ်မကွာဘူး။ 😛

  • ကောင်လေးရယ်
    မယ်လေးမယ်
    လွမ်းမျက်ရည်မစဲ
    ငိုပွဲတွေ နွှဲခဲ့တာလဲ မနဲ(နည်း)
    ဝေဒနာ ဖြေစရာမရှိ
    လူမသိ သူမသိ
    ကျေကွဲလဲနေတတ်ဘု။

    ဖတ်သူတွေများ
    မန့်သူတွေပေါတဲ့
    မန်းဂေဇက်မှာပဲ
    ဝေဒနာ လှစ်ဟကာပြလို့
    တိတ်တိတ်ပုံး ဖွင့်ကာပြတော့
    ကွယ်…
    သူမှ သိပါလေစ။

    • manawphyulay

      November 1, 2011 at 9:33 am

      မနောရေးထားထက်တောင် ပိုမိုက်သေးတယ်…

  • ကြောင်ကြီး

    November 1, 2011 at 11:28 am

    မောင်လေးရယ်
    ဟီးဟီး ဟားဟား..
    အဲဒါဟုတ်ဖူးလေ (ပဲသံနှင့်ဖတ်)
    ခွိခွိ ခစ်ခစ်…
    ဟုတ်ပါဘူးဆိုမှ (ပိုပဲသောအသံနှင့်ဖတ်)
    သွားမုန်းဒယ်
    ချစ်တော့ဘူး 😳
    လွမ်းနေတယ်
    ကောင်လေးရေ…။

    • manawphyulay

      November 1, 2011 at 1:39 pm

      လေးကြောင် ဘာဖစ်တွားတာဒါရဲဟင်…….. 😛

  • htoosan

    November 1, 2011 at 12:20 pm

    ဟိုဘက်မှာလည်း ကိုရင် စည်သူ ခဗျာ ရင်ကွဲပက်လက်ဖြစ်နေ ၊ ဒီမှာ က လည်း အရမ်းလွမ်းနေ ၊ အင်း..အင်း………
    nikita ရဲ့ ဆေးနည်းလေးဘဲ ကူးပေးလိုက်တော့မယ်။
    “လူတယောက်ကို မိမိထံ လာရောက်စေလိုရင် လာရောက်စေလိုသူရဲ့ ဆံပင်ကို ရေထဲထည့်မြှုပ်ရင် မုချဆက်ဆက် ရောက်လာတတ်ပါသတဲ့။” 😀 😀

    • manawphyulay

      November 1, 2011 at 1:45 pm

      ဟင် ရေထဲဆွဲနှစ်သတ်ရမယ်ဟုတ်လား။ အဲလိုတော့ မလုပ်ရက်ပါဘူးနော်။ အဟိ

  • comegyi

    November 1, 2011 at 1:00 pm

    ရင်ပွက်သံ ဆိုလို့
    ကဗျာရဲ့ ကိုယ်ထည်မှာတော့
    ပွက်ပွက်ညံတော့မယ် မှတ်တာ
    လက်စသတ်တော့ …..
    မမနောက ….
    ရောမန္တိက ဖြစ်နေသကိုး……………..

  • kitthakhinmuu

    November 1, 2011 at 6:21 pm

    ကဗျာတွေကို အရမ်းကြိုက်တယ်နော်…………………..
    စာလေးတွေက ရင်ကို ထိမှန်သွားတယ်………

  • meelay

    November 2, 2011 at 11:05 am

    မနောရေ …. ခံစားချက်ခြင်း တူနေပြီ …….. 😛 😛

  • snow white

    March 13, 2012 at 2:55 pm

    မမမနောရေ ကဗျာတွေကိုခံစားချက်ကောင်းကောင်းနဲ့ရေး တာဆိုတော့ကောင်းပါတယ် ဖတ်ကတဲ့သူတွေလည်း ခံစားသွားပါတယ်နော် မမမနော

  • aye.kk

    March 13, 2012 at 4:16 pm

    အလွမ်းတောထဲ..
    နစ်မြောနေအောင်..
    မနောလေးကပြောတတ်ပါ့..။

Leave a Reply