ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) မျိုး

နီကီတာOctober 31, 20111min17315

၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာ

ကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။

၂) အစိမ်းရင့်ရောင် အသီးအရွက်များ

အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။ ကင်ဆာကို ဖြစ်စေတဲ့ Free Radicals  တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။

၃) စပျစ်သီး

စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။

၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပွားတာကနေကာကွယ်နိုင်သလိုကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။

၅) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

၆) ဖရဲသီး

ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။

၇) ဘလူးဘယ်ရီသီး

ဘယ်ရီသီးအားလုံးမှာကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ကင်ဆာရောဂါ အားလုံးကိုကာကွယ်မှု ပေးနိုင်ပါတယ်။

၈) မိကျောင်းကွမ်းဖတ်

မိကျောင်းကွမ်းဖတ်မှာပါဝင်တဲ့ လိုင်နန်ကအင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ခန္ဓာကိုယ်မှာကင်ဆာဖြစ်စေတဲ့ ပြောင်းလဲမှု မှန်သမျှကိုဟန့်တားပေးပါတယ်။ ဒါ့အပြင် အိုမီဂါ-၃ အဆီ ကြွယ်ဝတာကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

၉) ပန်းဂေါ်ဖီ မျိုးရင်းဝင်များ

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှောချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။

၁၀) ကောက်နှံတစ်ခုလုံး

ကောက်နှံတစ်ခုလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ ဖိုက်တိုအီစထရိုဂျင်တွေ ပါဝင်ပါတယ်။

၁၁) မုန်လာဥနီ

မုန်လာဥနီမှာဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုအားပေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေမကူးစက်နိုင်အောင် ဟန့်တားပေးပါတယ်။ မျက်စိကိုလည်းအားကောင်းစေပါတယ်။

၁၂) နနွင်း

ဟင်းထဲမှာ နနွင်းကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ စမ်းသပ်မှုတွေအရ နနွင်းမှာကင်ဆာဖြစ်စေတာတွေကိုတွန်းလှန်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။ နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းကရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။

၁၃) ငါး

ဆာဒင်းငါး၊ ပုစွန်ဆိတ်၊ ပင်လယ်ငါးတွေကနေဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကကင်ဆာဆဲလ် ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကိုလျော့နည်းစေပါတယ်။

ကယ်လ်ဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့ အမျိုးသမီးတွေမှာကင်ဆာဆဲလ် ပျံ့နှံ့တာကိုတွေ့ရပါတယ်။

နေရောင်ခြည်ဟာဗီတာမင်ဒီကိုရယူနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် ဖြစ်လို့ပါ။

*************************************************************************************************************************************************************************

just sharing

15 comments

  • koyinmaung

    October 31, 2011 at 4:46 pm

    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2011 at 6:57 pm

    ကျေးဇူးတင်ပါတယ်

  • windtalker

    October 31, 2011 at 7:07 pm

    ကိုရင်မောင် နဲ ့ ကိုပု ပြောသလိုပါဘဲ

  • Koyin Sithu

    October 31, 2011 at 8:52 pm

    လောလောဆယ် ကင်ဆာရောဂါတော့မရှိသေးဖူး..
    အရက်နာကျတာတို့၊ အလွမ်းနာကျတာတို့ဆို
    ဘာစားရမလဲ ထပ်ရှဲပေးပါဂျို့…
    အားလိကတ်တို့… 😀

    • nikita

      November 1, 2011 at 10:42 am

      အရက်နာကျရင်တော့
      ဂွေးတောက်ရွက်နဲ့ ကြက်ရိုး ချက်စားရတယ်လို့တော့
      ကြားဖူးတယ်
      အလွမ်းနာကျရင်တော့………………

  • thit min

    November 1, 2011 at 4:03 am

    စားမယ်ဗျာ။အများကြီးစားမယ်။
    ဒါနဲ့ မိကျောင်းကွမ်းဖတ်ဆိုတာဘာလဲဗျ။

    • nikita

      November 1, 2011 at 10:45 am

      Hygtophila phlomoides Nees (မိကျောင်းကွမ်းဖတ်)
      Botany Term : Hygtophila phlomoides Nees
      Species/Family : Acanthaceae

      ပုံသဏ္ဌာန် : အပင်
      – ချုံဆန်သော တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၁/၂ -၃ ပေ ခန့် ရှိသည်။ ပင်စည်နှင့် ရိုးတံ လေးထောင့် ပုံဖြစ်ပြီး အနည်းငယ် မာကျော ၏ ။ ပင်စည်ဆစ် များမှ အကိုင်းများ မျက်နှာချင်း ဆိုင် အလှည့်ကျ ထွက်၏ ။ အပင်ရိုးတံ တစ်လျှောက်လုံး အမွေးနု ကလေးများ ပေါက်၏ ။
      အရွက်
      – ရွက်ဆိုင် ထွက်၏။ အလျား ၂ လက်မခန့် ရှည်၏။ ငှက်တောင် ပုံဖြစ်ပြီး ရွက်ညှာ မရှိသလောက် ဖြစ်၏။အရင်း အနည်းငယ် ချွန်ပြီး အဖျားဝိုင်း ၍ ရွက်နား လှိုင်းတွန့် ပါ၏။ အရွက် ထက် အောက် အမွေးနု ကလေးများ ရှိ၏။
      အပွင့်
      – အဖြူရောင် တွင် မရန်းစေ့ ရောင် အနားတွင် ကွပ်ထား ၏။ပွင့်ချပ်အုံ သည် ပင်မနှင့် အကိုင်း တို့၏ အဆစ်အဖု ကို ကပ်တွယ်ပြီး ပတ်လည်ပွင့် ၏။ သီတင်းကျွတ် လကုန်၌ စတင် ပွင့်၏။
      အသီး
      – ခွံပျော့ အက်ကွဲ သီးဖြစ်သည်။ အစေ့ဆံ အနီရောင် ဖြစ်၍ မုန်ညင်းစေ့ ခန့်ရှိ၏ ။ တပေါင်းလတွင် အသီး ရင့်မှည့်၏။
      အသုံးပြုနိုင်သည့်
      အစိတ်အပိုင်းများ : အစေ့။
      မြန်မာနိုင်ငံတွင်
      တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
      အသုံးဝင်ပုံ : အာနိသင်
      – မြန်မာ ဆေးကျမ်း များ အလိုအရ မိကျောင်း ကွမ်းဖတ်သည် ဆိမ့်၍ အနည်းငယ် ခါးသော အရသာ ရှိ၏ ။ ပူ၏ ၊ အားကို ဖြစ်စေ၏ ၊ ဝမ်းမီးကို တောက်စေ၏၊၊ အရေပြားပေါ် ၌ ဖြစ်သော အနာများ ကို နိုင်၏။

      အသုံးပြုပုံ-
      အစေ့
      ၁။ ပြည်တ ရွှဲရွှဲနှင့် မကျက်နိုင် သော အနာအို ၊ အနာဟောင်းများ ၎င်းအစေ့ကို ကြိတ်၍ အုံပေးက အနာကျက် ပြီး အသားနု တက်ကာ ပျောက်ကင်း၏။
      ၂။ ယင်း၏ အစေ့ဖြင့် မျက်စိနာ ၊ လေနာ ၊ ပွေးညှင်း ၊ တင်းတိပ် နာ တို့ကို ပျောက်ကင်းစေ သော ဆေး ဖော်စပ် သုံးနိုင်၏။

      • amatmin

        November 1, 2011 at 10:57 am

        မိကျောင်းကွမ်းဖတ်ကို ဘယ်လို သုံးတာလဲဗျ..အပေါ်မှာရေးပုံလေး မရှင်းလို့ပါနော်.
        ကျန်တာတွေက တော့ရှင်းတယ်.စားဖို့.ဝါးဖို့ပဲလိုတာ..
        အသုံးပြုပုံ တွေဖူးတာက.အစေ့ကို.ရေဆွတ်ပြီး ကပ်တာပဲ..
        ကင်ဆာကာကွယ်ဖို့တော့ ဘယ်လိုသုံးနိုင်မလဲ.
        သိချင်လို့ပါဗျာ…ကျေးဇူး..

        • nikita

          November 1, 2011 at 11:24 am

          အစေ့ကို ရေစိမ်ပြီး အသုံးပြုရသော အပင်ငယ်တစ်မျိုးလို့ ရှင်းလင်းထားတာကိုတော့ တွေ့ရပါတယ်
          အသေးစိပ်ကိုတော့ သေချာမသိပါဘူး

        • etone

          November 1, 2011 at 1:24 pm

          မိကျောင်းကွမ်းဖတ်ပင်ဆိုတာ မြင်ဖူးချင်လိုက်တာ … ။
          အသီးအရွက်အတော်များများကတော့ စားနေကြတွေထဲပါပေမယ့် … ဘလူးဘယ်ရီစားချင်လျှင်တော့ … ဒိုးနတ်ဆိုင်ပြေးမှ ဖြစ်မယ်ထင်တယ်နော့ 😉

  • Shwe Tike Soe

    November 1, 2011 at 9:43 am

    ကျေးဇူးတင်ပါတယ် ဒီလို Share ပေးတာ အများကြီးသိရပါတယ်ဗျာ…

  • ba gyi

    November 1, 2011 at 3:38 pm

    ကျေူဇူးကြီးပါပေ့ဗျာ- nikitaaရေ၊ အဲ ဖြည့်စွက်ချက်လေးပေးပါရစေခင်ဗျား- ကြက်သွန်ဖြူတု့ိ၊ကြက်သွန်နီတို့စားရင်မှီုမပါအောင်သတိထားရသလို၊ နာနေတဲ့နွမ်းဖတ်တွေ မစားဘို့လိုပါ တယ်၊အသဲဒုက္ခပေးနိုင်ပါတယ်၊ကြက်သွန်ဖြူကိုမ စားခင်(15) မိနစ်လောက် အခွံကြိုနွာပြီးလေသလပ်ခံ အောက်စီဂျင်နှင့်ဓါတ်ပြုပြီးစားမှအာနိသင်အကုန်ရတယ်လို့ ဆေးပညာဂျာနယ်တစ်ခုမှာဖတ်လိုက်ရတာ ကိုပြန်ဖေါက်သည်ချပေးလိုက်ပါတယ်။လေးစားစွာဖြင့်-

    • Koyin Sithu

      November 1, 2011 at 3:49 pm

      ဘကြီးပြောပြမှပဲ ကြက်သွန်ဖြူကို ၁၅ မိနစ် ထားပြီးမှ စားရတယ်သိရတော့တယ်..
      တားတားက မသိဘူး.. ဒီလိုပဲ ခွာစားလိုက်တာပဲ…

    • nikita

      November 1, 2011 at 4:59 pm

      ဟုတ်ကဲ့
      တကယ် ဗဟုသုတ ရပါတယ်
      အဘပြောမှ သိတော့တယ်
      ဒါနဲ့ မှိုမပါအောင်ဆိုတာ
      အသီးရွက်တွေ မှာ တတ်တဲ့ မှိုလား
      စားတဲ့ မှိုကိုပြောတာလား

  • zoe

    November 1, 2011 at 5:16 pm

    မိကျောင်း ကွမ်းဖတ်ပုံ မြင်ဖူးချင် သူများအတွက် google ပေါ်က လင့်ခ ကိုတင် ပေးလိုက်တယ် ။ Wikipedia ပေါ်မှာတော့ ရှာမတွေ့ပါ ။

    http://arogyamonline.com/commodity/materials/?raw=68

Leave a Reply