တနင်္လာနေ ့ည အတွက် ရင်ခုန်စရာပွဲစဉ်၂ခု

မောင် ပေOctober 31, 20114min19215

မင်္ဂလာပါ ။

ဒီကနေ ့ည ကန်မယ့်

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲ တစ်ပွဲ နဲ ့ စပိန် လာလီဂါ ပွဲတစ်ပွဲ အကြောင်းပါ ။

၂:၃၀     စတုတ်စီးတီး   –   နယူးကာဆယ်

။         ဆီဗီလာ   –   ဂရာနာဒါ

************************************************************************

စတုတ်စီးတီး(၁၁)   –   နယူးကာဆယ်(၄)

စတုတ်စီးတီး၏ ပြီးခဲ့သော ငါးပွဲ ရလဒ်များမှာ  စတုတ် ၁-၂ လီဗာပူး(ကာလင်း) ၊ အာဆင်နယ် ၃-၁ စတုတ် ၊ စတုတ် ၃-ဝ မက္ကာဘီတဲအဗစ် ၊ စတုတ် ၂-ဝ ဖူဟမ် ၊ ဆွမ်စီး ၂-ဝ စတုတ်

နယူးကာဆယ် ၏ ပြီးခဲ့သော ငါးပွဲ ရလဒ်များမှာ ဘလက်ဘန်း ၄-၃ နယူး (ကာလင်း) ၊ နယူး ၁-ဝ ဝီဂန် ၊ နယူး ၂-၂ စပါး ၊ ဝုဗ် ၁-၂ နယူူး ၊ နယူး ၃-၁ ဘလက်ဘန်း

စတုတ် အသင်းပွဲထုတ်လာနိုင်သော ကစားသမားများမှာ ဂိုး Asmir Begovic , နောက်တန်း Marc Wilson , Ryan Shawcross , Jonathan Woodgate , Robert Huth , ကွင်းလယ် Matthew Etherington , Glenn Whelan , Rory Delap , Jermaine Pennant , ရှေ  ့တန်း  Jonathan Walters , Peter Chrouch

နယူးကာဆယ် အသင်း ပွဲထုတ်လာနိုင်သော ကစားသမားများမှာ ဂိုး Tim Krul , နောက်တန်း Ryan Taylor , Fabricio Coloccini , Steven Taylor , Danny Sympson , ကွင်းလယ် Gutierrez , Cheikh Tiote , Yohan Cabaye , ရှေ  ့တန်း Gabriel Obertan , Leon Best , Demba Ba

စတုတ်ကွင်းတွင် တွေ ့ဆုံခဲ့မှု များမှာ စတုတ် ၄-ဝ နယူး (၁၉/၃/၂၀၁၁) ၊ စတုတ် ၁-၁ နယူး (၁၁/၄/၂၀၀၉)

နယူးကာဆယ် အသင်းမှာ ယခုနှစ် အဆင့်၁ မန်စီးတီး နည်းတူ ရှုံးပွဲ မရှိသေးသော အသင်းဖြစ်သည် ။ အဝေးကွင်း ၄ ပွဲ ကန်အပြီး ၂ ပွဲ နိုင် ၂ ပွဲ သရေ ဖြစ်သည် ။

စတုတ် အသင်းမှာ လာမည့် ကြာသပတေးနေ ့တွင် ယူအီးအက်ဖ်အေ အဝေးကွင်း ကစားရန်ရှိသော်လည်း ယူအီးအက်ဖ်အေ တွင် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းပြီး ဖြစ်သည် ။

နယူးကာဆယ် အသင်းမှာ ပရိသတ်များကို ၉ပွဲဆက်တိုက် လုပ်ကျွေးခဲ့ပြီး ဖြစ်လို ့ယခုပွဲတွင်မူ ပြန်ကျချိန်တန်ပြီဟု ယူဆမိသည် ။

စတုတ် အနေဖြင့်လည်း ပရီးမီးယားလိဂ်တွင် ၂ ပွဲ ဆက်ရှုံးခဲ့ပြီ ဖြစ်၍ ယနေ ့ည အိမ်ကွင်းတွင် ကစားရမည့်ပွဲတွင် သေချာပေါက် အနိုင်ပြန်ကန်မည် ဟု ယုံမိသဖြင့်

“ စတုတ် ” ကိုသာ အားပေးမည် ။

************************************************************************

ဆီဗီလာ (၅)   –   ဂရာနာဒါ (၂၀)

ဆီဗီလာ အသင်း နောက်ဆုံးငါးပွဲရလဒ်များမှာ ဆီဗီလာ ၂-၂ ရေစင်း ၊ ဘာစီ ဝ-ဝ ဆီဗီလာ ၊ ဆီဗီလာ ၂-၁ ဂီဂျွန် ၊ အသလက်တီကို ဝ-ဝ ဆီဗီလာ ၊ ဆီဗီလာ ၁-ဝ ဗလင်စီယာ

ဂရာနာဒါ အသင်း နောက်ဆုံးငါးပွဲရလဒ်များမှာ ဂရာနာဒါ ဝ-၁ ဘာစီ ၊ ဂီဂျွန် ၂-ဝ ဂရာနာဒါ ၊ ဂရာနာဒါ ဝ-ဝ အသလက်တီကို ၊ ဗလင်စီယာ ၁-ဝ ဂရာနာဒါ ၊ ဂရာနာဒါ ၁-၁ အိုစာစူနာ

ဆီဗီလာ အသင်း အိမ်ကွင်း ငါးပွဲကစားထားရာတွင် ၄ ပွဲနိုင် ၊ ၁ ပွဲ ရှုံး ၊ ရဂိုး ၈ ဂိုး ပေးဂိုး ၄ ဂိုး ဖြစ်သည် ။

ဂရာနာဒါ အသင်း အဝေးကွင်း လေးပွဲကစားထားရာ လေးပွဲ လုံး ရှုံးထားပြီး ၊ ရဂိုးမရှိ ၊ ပေးဂိုး ၈ ဂိုး ဖြစ်သည် ။

ဆီဗီလာ အသင်း သည် ပြီးခဲ့သောရာသီက ဥရောပပွဲများ ဝင်ခွင့် မရခဲ့သဖြင့် ၊ ယခုရာသီ တွင် စပိန်အမှတ်ပေးပွဲ နှင့် ဘုရင့်ဖလား ပွဲ သာ ကန်စရာ ရှိသဖြင့် ပွဲတိုင်း အနိုင်ရအောင် ကြိုးစား ကစားနေသည် ကို တွေ  ့ရသည် ။

တန်းတက် ဂရာနာဒါ အသင်း မှာတော့ ၉ ပွဲ ကစားပြီး ၁ ပွဲသာ အနိုင်ကစားနိုင်၍ ယုံစားရန် ခက်သော အသင်းဖြစ်သည် ။

ဈေးအနေအထား အရ  ဆီဗီလာ အသင်း တစ်ဂိုးသွင်းလျှင် အပြည့်နီးပါး ဆုံးရှုံးမည် ဖြစ်သော်လည်း ၊ သည်ပွဲကိုတော့ ဆီဗီလာ အသင်း ဂိုးပြတ်အောင်ပွဲယူသွားနိုင်ပါသည် ။

************************************************************************

——————– ဘောပွဲချစ်သူတိုင်း အောင်မြင်ကြပါစေ ——————–

 

 

15 comments

  • Koyin Sithu

    October 31, 2011 at 8:42 pm

    အဘပေရေ…
    မနေ့ညက စပါးပွဲမှာ ဆန်ထွက်လိုက်ရဲ့လား..
    ဒီညတော့ အကြိုက်ချင်းတူတယ်ဗျို့…
    ကြေးအောင်မအောင်ပဲ တစ်ချက်ကြည့်ရမယ်…
    အားထည့်ကြေးဆိုရင်တော့ ဆီဗီလားကို ပိုပြီး ဖိတွန်းစေချင်တယ်.. ညှဲညှဲ…

    ခင်တဲ့..
    ဖိုးကတ်ဘုရင် ကိုရင်စီ..

  • ပေါက်ဖော်

    October 31, 2011 at 9:15 pm

    ဘောဘုရင် မောင်ရင်ငပေ နဲ ့
    မောင်းဘုရင်.ဘော်ဒီဘုရင်…ဖိုးကတ်ဘုရင် ကိုရင်စည် ဆိုပါလား..
    ရှိတာတွေပေါင်ပြီး ရင်းလိုက်မယ်နော့..တို ရီး..တို ့.. 😆

  • amatmin

    November 1, 2011 at 10:12 am

    ကိုပေကြီး. နဲ့ ဖိုးကတ်ဘုရင်.စကားကြောင့်..
    ဆီဗီလာ ကိုကြိုက်ပြီး..စတုတ် ဘက်ကနေ မိုက်လိုက်မိတာ..မှားပါပေါ့လား.
    ဘာပဲ ဖြစ်ဖြစ် ထပ်တင်ပေးဦးဗျ..နောက်ပွဲတွေဆို.သဘောပေါက်သွားပြီ..
    ပြောင်းပြန်လှန်ရိုက်မယ်..:-)

  • Foreign Resident

    November 1, 2011 at 11:20 am

    ပေါက်ဖော် says:
    ” ဘောဘုရင် မောင်ရင်ငပေ နဲ ့မောင်းဘုရင်.ဘော်ဒီဘုရင်…
    ဖိုးကတ်ဘုရင် ကိုရင်စည် ဆိုပါလား
    ရှိတာတွေပေါင်ပြီး ရင်းလိုက်မယ်နော့..တို ရီး..တို ့”

    amatmin says:
    ” ကိုပေကြီး. နဲ့ ဖိုးကတ်ဘုရင်.စကားကြောင့် ဆီဗီလာ ကိုကြိုက်ပြီး..
    စတုတ် ဘက်ကနေ မိုက်လိုက်မိတာ..မှားပါပေါ့လား ”

    Stoke C. 1 – 3 Newcastle U.
    Sevilla 1 – 2 Granada

    နောက်တာနော် ။ စိတ်မဆိုးကြပါနှင့် ။

  • ပေါက်ဖော်

    November 1, 2011 at 11:35 am

    ကျနော် လေနဲ ့ရင်းတလိုက်တာဗျ.အဟဟဟဟ 😆
    နောက်ခါ အတည်ရင်းမယ်..ဂယ်ပြောတာ..
    :mrgreen:

    • Foreign Resident

      November 1, 2011 at 4:03 pm

      ကို ပေါက်ဖော် ရီသံ ” အဟဟဟဟဟီးဟီး ” ကလည်း သိပ်မပီပြင်ဘူး ။
      ငိုသံနှင့်လည်း နဲနဲဆင်သလိုပဲ ။ 😛

  • windtalker

    November 1, 2011 at 12:31 pm

    တနင်္လာနေ ့၂ ပွဲလုံး မွှားသွားပါသည်
    မွှားတဲ့အခါ လဲ မွှားပေမပေါ့
    နော
    ဝမ်းနည်းပါ၏

  • Koyin Sithu

    November 1, 2011 at 12:37 pm

    ဟီး… ဘောဘုရင်ဦးပေနဲ့ ဖိုးကတ်ဘုရင်တို့ တင်္နလာနေ့ညတော့
    နည်းနည်းလွဲသွားပါတယ်.. တညလုံးတောင် အိပ်မပျော်ဘူး..
    ပြောဖို့ ကျန်ခဲ့တယ်.. ဖိုးကတ်ဘုရင်ပြောတာက ပထမပိုင်း ၄၅ မိနစ်ကိုပဲ
    မှန်းပေးတာလို့.. အဟီး..
    မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်….
    နောက်တစ်ပတ် ကိုပေါက် ကျောက်တူးဖို့မလိုတော့အောင်…
    အပိုင်ပွဲ အဘပစ်ပေးပါ့မယ်ကွယ်…

  • amatmin

    November 1, 2011 at 2:47 pm

    ကိုရင် တို့အပိုင်ပွဲ ဆိုတော့ ကျွန်တော်က အထိုင်မလွဲအောင်.စဉ်းစားရတော့မယ်..
    ကိုပေါက်ဖေါ်ကြီးလို.လေနဲ့ရင်းတာပဲကောင်းမလားလို့…
    နောက်ခါမှား.ရင်တော့ ပွိုင့်ဖိုးထဲက .စပေါ်တင်ပြီးမှ.မှန်းဗျာ. နော်..
    ဒါမှ ခံသာမှာ….:-)

  • blackchaw

    November 1, 2011 at 3:03 pm

    ဆုံးရှုံးခြင်းသာ ရင်မှာပိုက်ပါလို့
    ငိုရှိုက်ကာ အဝေး ပြေးရလေပြီ။
    နောက်တာနော်ကိုပေ။

  • kyawthant870

    November 1, 2011 at 4:24 pm

    ကျေးဇူးပဲဗျာ…မနေ့ညက ခန့်မှန်းတာတွေ ပြောင်းပြန်ထိုးလိုက်တာ နည်းနည်းခိုင်သွားတယ်ဗျာ
    လူချင်းတွေ့မှ လက်ဖက်ရည်တိုက်မယ်နော်။နောက်လဲ ဒီလိုပြောင်းပြန်ခန့်မှန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ

    • windtalker

      November 1, 2011 at 7:41 pm

      အားပေးမှုကို ကျေးဇူးတင်ပါတယ်ဗျို ့
      စနေ / တနင်္ဂနွေ ညတိုင်း
      ပို ့စ်တစ်ခု စီ တင်သွားမှာပါ
      ဒါနဲ ့
      မှန်တဲ့ ပွဲစဉ်တွေ ပါတဲ့ ပို ့စ်တွေ ကို လဲ အားပေးနိုင်ပါတယ် နော

  • blackchaw

    November 2, 2011 at 9:03 am

    ကိုပေရေ။
    ခင်ဗျား စိတ်နည်းနည်း ခု သွားမလားမသိဘူး။
    ကျွန်တော်က ဒီလောကထဲမှာ အကြာကြီးနေခဲ့တဲ့ လူဆိုတော့ နားလည်ပါတယ်။
    ခင်ဗျားရေးနေတာက ခန့်မှန်းလေဗျာ။
    ခန့်မှန်းတယ်ဆိုမှတော့ မှန်တာလည်းရှိမယ် မှားတာလည်းရှိမှာပေါ့ဗျာ။
    အမြဲတမ်းတော့ ဘယ်မှန်ပါ့မလဲ။
    အပျော်သဘော ဝင်နောက်မိတာ စိတ်မဆိုးရဘူးနော်။

    • windtalker

      November 2, 2011 at 11:23 am

      စိတ်မဆိုးပါဘူး ကိုဘလက်ရယ်
      အမှန်တွေ ကို ခန် ့မှန်းနိုင်ခဲ့သလို
      မှားတဲ့အခါ လဲ မှားတာပါဘဲ
      ဝေဖန်တာကို လက်သင့်ခံပါတယ်
      ဒီပို ့စ်ကို စရေးကတဲက
      မှားရင် လွဲရင် အဆဲခံရနိုင်တယ် ဆိုတာကိုပါ ကြိုတွက်ခဲ့ပြီးသားပါ
      သို ့သော်လည်း ပေါ့လေ
      ကိုယ်တိုင်လည်း ဘောပွဲဝါသနာပါ
      ကိုယ့်လို ဝါသနာတူ တွေနဲ ့ဆုံရရင် ပြန်ဆွေးနွေးနိုင်အောင်
      ရည်ရွယ်ပြီး ရေးနေတာပါခင်ဗျာ

  • amatmin

    November 2, 2011 at 11:04 am

    ကိုုတော်ကာ ကြီးရေ..
    ကျွန်တော်ကလည်း.တိုက်တိုက်ဆိုင်ဆိုင်ဖတ်မိတယ်..ပြီးတော့ နောက်ချင်စရာ ပွဲလေးတွေ တွေ့လိုက်လို့ မန့်လိုက်တာပါ..
    ကိုပေ စိတ်မဆိုးတတ်မှန်းသိပေမဲ့ …မွှားသွားရင် ခွင့်လွှတ်ပါဗျာ..
    မှန်တဲ့ ပွဲကိုလည်းသေချာ အားပေးပါ့မယ်ဗျ…လုပ်ပါ…
    မန်ယူပွဲ ဆိုရင်တော့ အမြဲ..နိုင်မယ်သာမှန်း..စိတ်မဆိုးဘူး..:-)

Leave a Reply