Best Teacher (20) ကံ့ကော်မြေမှ ထနောင်းတောသို့

TTNUOctober 31, 20111min1126

Best Teacher (20) ကံ့ကော်မြေမှ ထနောင်းတောသို့

၂၂.၄.၁၉၇ဝ (ဗုဒ္ဓဟူးနေ့)

သင်ကြားရေး အားဖြည့်မောင်းတင်ရန် ကျမတို့ နေ့ သင်တန်းများ စတင်ကြပါတယ်။ ည

သင်တန်းသင်တဲ့နေရာက နေပူတာမို့ ရွာအနောက်ဖျား မယ်ဇယ်ပင်ကြီး အရိပ်မှာစာသင်

ဖြစ်ကြပါတယ်။

ညသင်တန်းမှာ  မအားဘူး မတက်နှိုုင်ဘူး လို့ ငြင်းဆန်နေတဲ့ သူတွေ နေ့သင်တန်းလုပ်ပေး

တော့ တစ်ချို ့ ဝမ်းသာ၊ တစ်ချို ့ မကြည်မလင်။  ဒီ မကြည်လင် အုပ်စုထဲမှာ ( ကို မြိုင်) ဆိုတဲ့

မြင်းလှည်းဆရာတစ်ယောက် ပါလာပါတယ်။ သူက ရွာ လူကြီးတွေနဲ့ မတည့်သူဆိုတော့

ဒီလူကြီးတွေစီမံတဲ့ ဘာကိစ္စ မဆို သဘောမတူပါဘူး။ ပြီတော့ တကယ်လည်း စာမဖတ်တတ်

ပါဘူး။  ညမှာ မြင်းလှည်းထွက်ရလို့၊ ပြန်လာတာစောပေမဲ့ ရွာကင်းမလုံလို့ အိမ်စိတ်မချရလို့၊

နေ့ပဲအားတာလို့ ဆင်ခြေတွေ ပေးနေတဲ့ ကိုမြိုင် ကို ကျမတို့ နေ့ပိုင်းမှာ စာသင်ခဲ့ကြတာ။

မကြာပါဘူး။ နောက်ထပ်ဆင်ခြေတွေ ကြက်တွန့်တွေတက်လာပြန်ပါရော။

“ ဆရာမ အသံက စူးလွန်းတယ်  နားမဝင်ဘူး”

“ဒီဆရာမ က စာရေးခိုင်းတဲ့ လေ့ကျင့် ခန်းတွေ များလွန်းတယ်”

“ ဒီဆရာမ ကျုပ်ကို ကလေးမှတ်နေလား သူ့အတိုင်းတစ်လုံးမကျန်လိုက်ရွတ်ခိုင်းနေတာ”

အလိုလေး… ကိုမြိုင်ပေးတဲ့ဆင်ခြေတွေ ရေးလို့မကုန်နှိုင်ပါ။

 

ကျမတို့ ဘယ်လိုပဲ အာပေါက်အောင်သင်သင် ကိုမြိုင်တစ်ယောက် သင်စာ(၄) ထက်ပိုမရပါ။

ဘာမဆို အပြုသဘောဘက်ကမမြင်။ အကောင်းမမြင် အသိစိတ်ဓာတ်ကနိမ့်ကျ၊ ဒီကြားထဲ

မှတ်ဉာဏ်ကနုံနဲ့၊ ဘာမှ မကယ်နှိုင်တဲ့ အဆုံး ကျမတို့ တစ်တွေ သူနဲ့ ကလန်ကဆန်

မဖြစ်အောင်သာနေကြရပါတော့တယ်။

 

ဒီရက်ပိုင်းတွေမှာ နေ့ရော ညရော စာသင်ရတာကမော။ ကိုမြိုင် ကိစ္စက စိတ်လေး။ ကျမ

မှတ်တမ်းမရေးဖြစ်တာ တော်တော်ကြာသွားခဲ့ပါပြီ။ပြန်ခါနီးတနင်္ဂနွေ တစ်ရက်မှာ

ကျောက်ဆည်မှာ ဘုရားကျောင်းတက်ရန် ကျမတို့ ထွက်ခဲ့ပါတယ်။ ( ကျမတို့ အထဲက

တစ်ယောက်က ခရစ်ယာန်ပါ။ ကျမတို့ က အဖော်လိုက်တာ)။

ရွာက စက်ဘီးစီစဉ်ပေးပေမဲ့ လမ်းလျှောက်သွားချင်တာနဲ့ ဒီအတိုင်း ထွက်ခဲ့ကြပါတယ်။

 

ဘုရားကျောင်းကအပြန် ဈေးဝင် ဟိုကြည့် ဒီကြည့်၊ ကြံရည်သောက်။ အဲဒီမှာလေ

စိတ်ဝင်စားစရာကောင်းတာတစ်ခုတွေ့ရတယ်။ ကြံရည် လိုသလောက် ထပ်ရတယ်။ ရေခဲ

မရဘူးဗျ။ အညာနေပူချက်ကတော့ ရက်ရက်စက်စက်ပါပဲ။ ထီးလည်းမပါလာကြဘူး။

ကျောက်ဆည်မြို ့ကနေ ရွာကို အသွားလမ်းပေါ်မှာ ကျမတို့ (၃) ယောက် မောမောပန်းပန်း

ခွေခွေယိုင်ယိုင် လျှောက်လာတုန်း ကယ်ဆယ်ရေးယာဉ်တစ်စင်းရောက်လာတယ်။

စက်တပ်ယာဉ်တော့ မဟုတ်ဘူး။ မြင်းတပ်ယာဉ်။  မောင်းသူ ဇာတ်လိုက်ကြီး ကိုမြိုင်ပေါ့။

ကျမတို့ကိုတင်ပြီးရွာကို မြင်းလှည်းမောင်းဝင်သွားတဲ့ ကိုမြိုင် မျက်နှာပေး  ၊ အပြုံး၊ တွေကို

ဆရာကြီးဦးသုခ အ သုံးလုံးနောက်တစ်ကားရိုက်မိခဲ့ရင် အကယ်ဒမီရှော့ထ် သေချာတာအမှန်။

 

ဒီလိုနဲ့ ကျမတို့ လကုန်ရင်ပြန်ကြတော့မယ်။ သင်စာတွေလည်း ကုန်ခါနီးပြီ။ တစ်ရွာလုံးနဲ့လည်း

ခင်နေပြီ။ နှုတ်ဆက်ပွဲ ကျင်းပမဲ့ညနေတောင်ရောက်ပါပေါ့လား။ ကျမတို့ တမုတ်မြောင်းထဲမှာ

နောက်ဆုံးအကြိမ်ရေချိုးနေချိန်ပေါ့။  ရွာလည်က လော်စပီကာသံကြားရပြီ။

“နှင်း×× ငွေရောင်ဖြူလွ ××….တူစွသဏ္ဌာန်ပင်××ငွေရည်ပုလဲနု×××

စုကာဖြန်းလို့ ××× လန်းဆန်းစိုပြေ ××× နှင်းတွေဝေကျ ××× ဆောင်း×× ဟေမန ္တ”

မာမာအေးရဲ ့ နှင်းပျောက်တဲ့နွေ သီချင်း ကို ရေကူးရင်းကြားနေရတယ်။

ကျမလေ ဒီ (နှင်းပျောက်တဲ့ နွေ တေး အကြော့) မှာ ရင်ဝယ်ဆို့ နစ်ပြီးမျက်ရည်စို့

ခဲ့ရပါတယ်။

 

(စကားစပ် လို့ ပြောပြရဦးမယ်။ ကျမတို့ ပညာရေးတက္ကသိုလ် ပြန်ရောက်ပြီး

နောက် နှစ်တွေ အတွက် စာမတတ်သူပ ပျောက်ရေး စီမံကိန်း လှုပ်ရှားမှု မှာ

ကျမ အမှုဆောင် အဖြစ်ပါဝင်လှုပ်ရှားပါတယ်။ တက္ကသိုလ်တွေ ကို လိုက်ဟောပြောပြီး

လုပ်အားပေးဖို့ စည်းရုံးကြပါတယ်။ တစ်ခါမှာ ကျမ ဟောပြောပွဲ ရှိပါတယ်။ နောက်တစ်ရက်

သတင်းစာထဲမှာ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။စာရေးဆရာကြီးလွန်းမြိုင်ရေးတာပါ။)

ဆောင်းပါးခေါင်းစဉ်က…..

“ကံ့ကော်မြေမှ ထနောင်းတောသို့”

 

“ပင်ပန်းသော်လည်း ပျော်ရွှင်ကျေနပ်မိသည်။  ခရိုင် ကျေးလက် အခြေစိုက်စခန်း အဆင့်ဆင့်

က တာဝန်ကျေစွာ စောင့်ရှောက်ကြသည်။ လုံခြုံမှု အပြည့်အဝ ရရှိအောင် စီစဉ်ပေးကြသည်။

ကျေးလက်ပြည်သူများ ပွင့်လင်းရိုးသားကြသည်။ စာမတတ်သူ အချို ့ ပ ပျောက်ပြီး  စာသင်

ပေးသူ ဆရာမလေးတို့ အပြန် ခရီး နှုတ်ဆက်ပွဲမှာ (နှင်းပျောက်တဲ့ နွေ တေး အကြော့)

ရင်ဝယ်ဆို့ နစ်ပြီးမျက်ရည်စို့  ခဲ့ရပါသည်။  ဤတာဝန်ကို ထမ်းဆောင်ရသဖြင့် အတွေ့အကြုံ

များစွာရရှိ ခဲ့ပါသည်။သူူငယ်ချင်းများလည်း လုပ်အားပေး လိုက်ပါကြပါရန် တိုက်တွန်းပါ

ကြောင်းစသဖြင့် သန်းသန်းနုက တင်ပြသွားသည်မှာ  ရင်ဝယ်တလှပ်လှပ်ခံစားမိသည်။”

အဲဒီလို ရေးထားပါတယ်။

 

နှုတ်ဆက်ပွဲ နေ့ အကြောင်းကိုတော့ ပြောပြစရာလိုတော့မယ် မထင်ပါဘူးလေ။ကျမ နိဒါန်းမှာ

ရေးခဲ့တဲ့ အတိုင်းပေါ့။

“ဆရာမလေးတို့ ပြန်တော့မယ်ဆို xxx ငိုမလို မျက်ရည်ဝဲ  xxx အသည်းမှာပျော်ရွှင် xxx

သံယောဇဉ်ကြိုး xxx တိုးလို့နှောင်ခဲ့ပြီလေ xxx

အမေတို့ရေ  xxx အဖေတို့ရေ  xxx ဘယ်ပြန်ချင်ပါ့မလဲ  xxx

သမီးတို့လည်းကျောင်းနေဆဲမို့ xxx ကြိုးစားလို့ဖြင့် xxx သင်ရဦးမလေ

နောင်နှစ်ခါလည်း လာဦးမယ်လေ  xxx  ရှေ ့နှစ်ကိုလည်း လာခဲ့မယ်လေ xxx ”

 

မပြန်ချင်သေးပေမဲ့ ကျမတို့ ပြန်ခဲ့ကြရပါပြီ။ ဘယ်တော့မှ မမေ့နှိုင်တော့တဲ့  အဖိုးတန် ဘဝ

အတွေ့ အကြုံတွေ ၊ မေတ္တာတရား၊ တစ်ဦးကိုတစ်ဦးတန်ဖိုးထားလေးစားတတ်မှုတွေ၊

အခက်အခဲကြုံတဲ့ အခါ စုပေါင်းဖြေရှင်းတတ်တာတွေ ၊ ယုံကြည်မှုကို အရင်းအနှီးပြုကာ

ခက်ခဲပင်ပန်းမှုများ ကျော်လွှားနိုင်ခဲ့တာတွေ၊ လူ့ဘဝအတွက် ရင့်ကျက်တဲ့ တည်ငြိမ်တဲ့

အတွေ့ အကြုံ ဗဟုသုတများကို ရင်ဝယ်ပိုက်ပြီး ပြန်လာနိုင်ခဲ့တာတွေ  ၊အားလုံး အားလုံး

အတွက် ကျေးဇူးတင်ပါတယ်။

ကျေးဇူးအမြဲ တင်နေမှာပါ။

6 comments

  • thit min

    November 1, 2011 at 3:59 am

    စေတနာတွေနဲ့ လုပ်ခဲ့ရတဲ့မှတ်တမ်းလေးတွေဆိုတော့ တွေးလိုက်ရေးလိုက်နဲ့ ပီတိဖြာနေမှာပါဘဲနော်။
    စေတနာသုံးတန်ထဲက ပရ စေတနာထဲ ဒီဟာမျိုးတွေလဲထဲ့လို့ရပါလားလို့ဖတ်ရင်းစဉ်းစားမိလိုက်တယ်။
    ကြည်နူးဘွယ်ကောင်းသောအတိတ်၊ လှပခန်းနားသောအတိတ်များပါဘဲ။

  • koyinmaung

    November 1, 2011 at 5:05 am

    ttunရဲ့ပို့စ်ကိုဖတ်မိတော့.. ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုတဲ့ရုပ်ရှင်ကား
    ကိုပြန်အမှတ်ရနေမိပါတော့တယ် ….

  • Moe Z

    November 1, 2011 at 12:00 pm

    တီချာရေ ဝမ်းသာတာနဲ့ဝမ်းနည်းတာကို တပြိုင်တည်းခံစားရမယ့်အချိန်တွေလို့ထင်ပါတယ်
    by the way ဦးပိန်တံတားက မယ်ဇယ်ပင်တန်းတွေ အရမ်းလှတယ်နော်

  • windtalker

    November 1, 2011 at 12:30 pm

    အညာမြေ မှာ
    ဟင်းကောင်းထမင်းကောင်း နဲ ့မိတ်ကောင်း တပည့်ကောင်းများ ရခဲ့လို ့
    အခုလို နုပျိုနေတာ ဖြစ်ရမယ် နော
    ဆရာမ

  • TTNU

    November 1, 2011 at 12:55 pm

    ဆရာသစ်ရေ…..ကြည်နူးဖွယ်ကောင်းသောအတိတ်၊ လှပခမ်းနားသောအတိတ်များပါပဲ
    ဆိုတာ အမှန်ပါပဲ။ ကျမ အဲဒီနောက်တစ်နှစ် တစ်နှစ် ဆက်တိုက် (၃)နှစ် လုပ်အားပေးလိုက်
    မယ်။ ( ဘောလုံး စကားနဲ့ဆို A Hat Trick ရချင်တာလေ )။ ဒါပေမဲ့ ၁၉၇၁ မှာ လူရည်ချွန်
    စခန်း ခေါင်တိုင် သွားလိုက်ရတယ်။ ၁၉၇၂ မှာ ပြည်ခရိုင် ရွှေတောင် ကို သွားခဲ့တယ်။ အဲဒီ
    အခေါက်မှာ ကော်မီတီတာဝန်နဲ့ မို့ My Diary မလုပ်နှိုင်ခဲ့ဘူးတော်။

    ကိုရင်မောင်ရေ ….. ဟုတ်ပါ့နော်။ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုတဲ့ရုပ်ရှင်ကား ကို ကျမတို့
    တွေ သိပ်ကြိုက်ကြတယ်။

    မိုးစက်ရေ ….. ဦးပိန်တံတားရဲ ့ အလှ ဟာ ဒီမယ်ဇယ်တန်းရဲ ့ ပံ့ ပိုးမှု ကြောင့် ပေါ်လွင်နေတာလို့
    ဆိုနှိုင်ပါတယ်။

    ကိုဝင်းထော်လခါရေ ….. နုပျိုလာသောတံတားအိုပါ ဟဲ့။

  • pooch

    November 1, 2011 at 1:40 pm

    တီချယ်ရေ….. တီချယ့်လို ခမ်းနားတဲ့ အတိတ်မျိုး အနော်တို့ ကျောင်းသူ ဘဝမှာ ရှိဖို့ အခွင့်အရေးမရခဲ့ဘူး..
    အဲ့ဒီလို အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ……
    အနော်တို့တွေလည်း ဝမ်းသာအားရနဲ့ ပါဝင်ခဲ့မှာပါ…..
    ဘယ်အချိန်ချိန်တွေးတွေး …. ဘယ်လိုတွေးတွေး ……..ကြည်နူးစရာ ခမ်းနားလှတဲ့ အတိတ်ကို အားကျလိုက်တာ……..

Leave a Reply