အောင်ပန်းမြို့မှာ 29.10.2011 စနေနေ့ နှင့် 30.10.2011 တနနေ့ မှာ ပထမဆုံး အကြိမ် သာသနာရေးဆိုင်ရာ ဓမ္မစာပေ ဟောပြောပွဲကျင်းပခဲ့ပါတယ် ။ ဒီ ဓမ္မစာပေ ဟောပြောပွဲ ကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း(IDF) နှင့် အောင်ပန်းမြို့မှ ထေရ၀ါဒ လူငယ်များအဖွဲ့တို့ ပူပေါင်းစီစဉ်ပြီး ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။ မြန်မာ တစ်နိုင်ငံလုံးမှာကို ပထမဆုံးကျင်းပသော ဓမ္မစာပေ ဟောပြောပွဲ ဖြစ်ကြောင်းသိရပါတယ်။ ထိုဟောပွဲတွင် ဓမ္မ နှင့် အဓမ္မ ၀ါဒဆိုင်ရာများကို အဓိက ဆွေးနွေးတင်ပြသွား ပါသည် ။
ဟောပြောပို့ချခဲ့သော ဓမ္မတရားဆရာများကတော့
(၁).ဆရာကြီး ဦးညွန့်မောင် (ဓမ္မာစရိယ၊ဘီအေ၊အာရ်အယ်လ်) ညွန်းမှူး/ငြိမ်း (သာသနာရေးဦးစီးဌာန)
(၂).ဆရာ ဓမ္မစက္က ဦးမောင်မောင် ။
(၃).ဆရာ ဦးဝင်းအောင်ကြည် ။
(၄). လပြည့်ဇင် ( လက်ယာ) မေတ္တာတံခွန်

တို့ဖြစ်ပါတယ် ။ ၂ ရက်လုံး စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
CD ခွေထွက်လာလျှင် ဂေဇက် ၀ိုင်းတော်သားများ ဘာသာရေးဆိုရာ ဗဟုတုသ များ တိုးပွားနိုင်စေရန် Upload လုပ်ပီး ဂေဇက် ဆိုက် မှာ Link တင်ပေးမဲ့ အကြောင်း ကြိုင်တင် အသိပေးအပ်ပါတယ် ခမျာ ။

About mayday

has written 11 post in this Website..