သင်္ဘောသားတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ

koyin sithuOctober 31, 20111min34548

ဝါလကင်းလွတ် သတင်းကျွတ်ကို ကျော်လို့ တန်ဆောင်တိုင်တောင် ရောက်ခဲ့လေပြီ… ချစ်သူ… လက်ထပ်ဖို့ အရေး မင်းက ပြောလေတိုင်း ကိုယ့်ရင်မှာတော့ သင်္ဘောသားဖြစ်ရဲ့ ကိုယ့်ဘဝကို အားမလို အားမရနဲ့ အတွေး ပွားနေမိတာတော့ အမှန်ပါချစ်သူရယ်…။ အခြေမလှတဲ့ သင်္ဘောသားလို့ ကိုယ့်ကိုယ်ကို မပြောချင်ပေမဲ့ လက်ထပ်ဖို့ အရေးဆွေးနွေးမိတိုင်း ကျောထောက်နောက်ခံဆိုလို့ နောက်က ထောက်ပေးမယ့် ဝါးရင်တုတ် တစ်ချောင်းတောင် မရှိတဲ့ ဘဝကို စဉ်းစားမိတိုင်း လက်တွဲပြီး ရင်ဆိုင်ဖို့ သတ္တိမရှိဘူးလို့များ ကိုယ့်ကို ထင်နေမလား ချစ်သူ….။ Officer မဖြစ်သေးတဲ့ ကာလတစ်လျှောက်လုံးတော့ ရသမျှ ဒေါ်လာလေး ၅၀ဝ လောက်ကို ခွဲခြမ်းစိတ်ဖြာနေရသူမို့ ကမ်းပေါ်တက်လာရင် ရေထဲကငါး ကုန်းပေါ်ရောက်ရင် ဖလတ်ဖတ် ဖြစ်နေသလို ရေနည်းငါး ဖြစ်နေလို့ ကိုယ့်အပေါ်မှာ စိတ်ပျက်နေပါလား… ချစ်သူ….

မင်္ဂလာဆောင်ကို ထရိတ်ဒါး၊ ဆီဒိုးနားတို့မှာ ဆောင်ချင်တယ်လို့ မင်းက မတောင်းဆိုပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်ချစ်တဲ့သူကို ဝေါထရိတ်စင်တာကြီး တစ်ခုလုံးအပြတ်ငှားပြီး ခမ်းခမ်းနားနား ဆောင်ချင်လောက်အောင် မင်းအပေါ်ကို တန်ဖိုးထားချစ်နေမိတာ အမှန်ပါ။ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်ဖို့အရေး… ကိုယ်တော့ အမြဲကြိုးစားနေတယ်ဆိုတာတော့ ယုံပေးပါ… ချစ်သူ…။

ကိုယ်တို့သင်္ဘောသားတွေက ပင်လယ်ပြင်ထဲမှာ သက်စွန့်စံဖျားနဲ့ သမာအာဇီဝ အလုပ်လုပ်ပြီး နိုင်ငံတော်ကိုလည်း နိုင်ငံခြားငွေ အခွန်ပုံမှန်ဆက်သနေတဲ့ နိုင်ငံသားကောင်းတွေပါ ချစ်သူ။ ချစ်သောသူနဲ့တော့ ဘယ်သူကဝေးချင်ပါ့မလဲ…. ချစ်သူ….။ အသားအရောင်တွေ မတူတဲ့ လူတွေကြားမှာ အလုပ်လုပ်နေရပေမဲ့… ကိုယ့်ချစ်ခြင်းကတော့ မင်းအပေါ်မှာ အရောင်မပြောင်းလဲဘူးဆိုတာ သေချာပါတယ်။ ကိုယ်တို့မှာ သံချေးတွေ ခေါက်နေတဲ့ လက်တွေဆိုပေမဲ့… နူးညံ့တဲ့ ကလောင်တံကိုင်ဆွဲထားတဲ့ နူးညံ့တဲ့ နှလုံးတွေရှိတယ်ဆိုတာတော့ အမှန်ပါ ချစ်သူ…။  ကိုယ်တို့ဟာ ဘာနဲ့ အလားပုံ တူသလဲဆိုရင် ကြက်ဥလေးတစ်လုံးလိုပါပဲ… အပေါ်ယံကြည့်တော့ မာကျောသယောင် ထင်ရပေမယ့် အတွင်းမှာတော့ အနှစ်သာရအပြည့်ရှိပါတယ်။ ပြီးတော့ ထိခိုက်ကွဲအက်လွဲတဲ့ နှလုံးသားလည်း ရှိတယ်လေ။

ခပ်ညံ့ညံ့ ဇာတ်လမ်းတွေထဲကလို ((သင်္ဘောသားက မြန်မာပြည်ခဏပြန်လာတယ်… မင်းသမီးကို ဖျက်ဆီးပြီး ကိုယ်ဝန်ရအောင်လုပ်သွားတယ်… မင်းသားက အဲ့ကိုယ်ဝန်ကို တာဝန်ယူလိုက်တယ်… နောက်ဆုံး သင်္ဘောသားက အဲ့မင်းသမီးကော ကလေးကို ပြန်တောင်းတယ်…. နောက်ဆုံးဇာတ်သိမ်းက ဗီလိန်ကြီး သင်္ဘောသားခမျာ အေအိုင်ဒီအက်နဲ့ သေသွားတယ်)) ဆိုတဲ့ အတွေးအခေါ်မပြည့်တဲ့ ဇာတ်ညွှန်းရေးဆရာရဲ့ ဇာတ်ကားတွေကြည့်ပြီး သင်္ဘောသားတွေဆို ဗီလိန်တွေလိုလို၊ ကြာကူလီတွေလိုလို အထင်ခံရတဲ့ ခပ်ညံ့ညံ အတွေးတွေ မင်းခေါင်းထဲ ရောက်နေပါလား ချစ်သူရယ်… ရိုးသားကြိုးစားစွာနဲ့ ကမာ္ဘပင်လယ်ရေပြင်မှာ လူမျိုးခြားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်ကြပြီး မိသားစုကို ရသမျှငွေ ပြန်ပို့ပေးနေကြတဲ့ နိုင်ငံသားကောင်း သင်္ဘောသားတွေဟာ မြန်မာပြည်မှာ ရိုက်သတ်လို့တောင် မကုန်ပါဘူး… ချစ်သူ…။ မြန်မာပြည်က ဇာတ်လမ်းတော်တော်များများမှာ စစ်သားတွေဆို Hero တွေလို ဇာတ်ကောင်ထားပြီး ကိုယ်တို့လို သင်္ဘောသားတွေဆို အမြဲကြာကူလီခန်းက ထည့်ရိုက်တဲ့ ဇာတ်လမ်းတွေကို မင်းအထင်မကြီးပါနဲ့ ချစ်သူရယ်… သက်စွန့်စံဖျားအလုပ်လုပ်နေကြချင်းအတူတူကို အဲ့လိုဇောင်းပေးရိုက်ကြတဲ့ ဒါရိုက်တာတွေကိုတော့ ကိုယ်အံ့ဩရမလား အသိဉာဏ်နုံချာတယ်ပဲပြောရမလား.. (စကားချပ်…။ စစ်သားတွေထဲမှာလည်း အရက်သမားတွေ၊ ကြာကူလီ၊ လိင်တူဆက်ဆံသူတွေ အများကြီးရှိပါတယ်)

ပြီးတော့ ဘာတဲ့… ပင်လယ်က ကျယ်တယ် နက်တယ်… သင်္ဘောသားတွေက လည်တယ် နက်တယ်တဲ့… ကိုယ့်ခမျာမှတော့ လည်စရာဆိုလို့ ကုန်းပတ်နဲ့ နက်စရာဆိုလို့ ကျပ်နေရတဲ့ နတ်တွေပဲ ရှိပါတယ်.. ချစ်သူ..။ ကမ်းကပ်ရင်လည်း မိန်းမကိစ္စမပြောနဲ့ ကွန်တိန်နာတွေကို လက်ရှင်ဆွဲ (ကွန်တိန်နာတစ်ခုခုနဲ့တစ်ခု ချိတ်ဆွဲ) နေရတာနဲ့ စတီဗီဒို (ကုန်တင်ကုန်ချအလုပ်သမား) တွေကို စောင့်ကြည့်ရတာနဲ့ ရသမျှ အားလပ်ချိန်ကို အိပ်ရေးတောင် မနည်းဝအောင် ပြေးအိပ်နေရသူပါ….။ ပင်လယ်ထဲမှာတော့ ဆိုမာလီဓါးပြရန်၊ ဆူနာမီ မုန်တိုင်းရန်ကို မကြောက်ပေမဲ့ မင်း ကိုယ့်ကိုထားပြီး နောက်တစ်ယောက်ထပ်ရှာသွားမှာတော့ အကြောက်ဆုံးပါ ချစ်သူရယ်…။ ကိုယ် စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်.. ရဟန်းတစ်ပါးက ပင်လယ်ပြင်ကြီးထဲမှာ လှေကြီးစီးလို့ ခရီးသွားရင်း မဟာပင်လယ်သမုဒ္ဒရာကို ကြည့်ရင်း ပဌာန်းဒေသနာပွားများလိုက်တာ အာသဝေါကုန်တဲ့ ရဟန်းဖြစ်သွားတယ်တဲ့… ကိုယ့်မှာတော့ ပင်လယ်ပြင်ကိုကြည့်တိုင်း မင်းကို လွမ်းလို့တောင် အားမရနိုင်ပါဘူး…။

Second Mate စာမေးပွဲဖြေဖို့တောင် လက်ထဲမှာ ဒေါ်လာတပြားမှမရှိသေးပေမဲ့… ဒေါ်လာလေးထောင်လောက်သာရှိရင် Officer ရာထူးကို စွန့်လွှတ်ပြီး မင်းကို အရင်လက်ထပ်ဖြစ်မှာတော့ သေချာပါတယ်ချစ်သူ… ဘာလို့လဲဆိုတော့ မင်းကို ချစ်မိတဲ့အချစ်လောက် ကိုယ့်ဘဝမှာ ကြီးကျယ်ခမ်းနားတာ ဘာတစ်ခုမှ မရှိဘူးလေ…။ တခါတစ်ခါတော့ ယိုးဒယားသင်္ဘောသီးထောင်းလို ချဉ်၊ငံ၊စပ် ဖြစ်နေတဲ့ သင်္ဘောသား ဖြစ်နေရတဲ့ ကိုယ့်ဘဝကြီးကို စိတ်နာမိတာအမှန်ပါပဲ… ချစ်သူ…။ ပင်လယ်ထဲမှာ အနေများလို့ မြန်မာပြည် ပြန်ရောက်ရင် ဒီက စီးပွားရေးဆိုတာလည်း ဘာမှနားမလည်တော့လို့ ဒီနိုင်ငံမှာ မလုပ်တတ်မကိုင်တတ် ယောင်နနဖြစ်နေတဲ့ ကိုယ့်ကိုယ် အားမလို အားမရနဲ့ အထင်သေးနေပါလား ချစ်သူ….။

ဘာပဲဖြစ်ဖြစ် ချစ်သူ….

ဗလာချည်းပဲ..

ဒီစက္ကူဖြူလေးပေါ်

ငါ့အချစ်တွေ ဘယ်ကစပြီး ဘယ်လို

ကောက်ရိုးမီးလဲမဟုတ်… ဖွဲမီးလဲ မဟုတ်

စိတ်ထဲမှာ စွဲလောင်နေတဲ့ မင်းနာမည်…

ပြီးတော့ ရင်ထဲမှာတော့… လက်ထပ်ဖို့အရေး

ရှေ့ဆက် ကြိုးစားနေရင်းနဲ့

မင်းကို ချစ်တာ ဘာအကြောင်းပြချက်မှ မရှိဘူး။

 

သင်္ဘောသီး …

ကိုရင်စည်သူ

48 comments

  • ပေါက်ဖော်

    October 31, 2011 at 11:01 pm

    ရွာသူတွေရေ..
    ဒီသင်္ဘောသီးလေးကတော့ သူ ့ပြောပုံအရတော့ သနားစရာပဲ……ရွက်ပုံးသီးလေး ဖြစ်ပါတယ်..
    လုပ်ပုံအရဆိုရင်တော့..ပြောတတ်ဝူး..
    🙄
    သင်္ဘောသီးတော့ သင်္ဘောသီးပဲ …ရိုးရိုးသင်္ဘောသီးတော့ မဟုတ်ဘူး..
    အတောင်မပါတဲ့ သင်္ဘောသီးဆိုလားပဲ 😆

  • Foreign Resident

    November 1, 2011 at 1:30 am

    ဟင် ကိုရင်စည်သူ ကလည်း သင်္ဘောသား ပဲလား ။
    MMU ဆင်းလား IMT ဆင်းလား ။

    ဘာပဲပြောပြော Second Mate လေးတော့
    အရင်ပြီးအောင်ဖြေလိုက်ပါအုံး ။
    မိန်းမယူလိုက်ရင် အနဲဆုံး နောက်ငါးနှစ် လောက်ကတော့
    နောက်ဆုတ်သွားတယ် ။
    Second Officer လောက်မှမဖြစ်ရင်တော့
    လူရာဝင်ဖို့ ခက်ပါတယ် ။
    ထမင်းနပ်မှန်ယုံအဆင့်မှာပဲ ရပ်သွားမယ် ။

    အခုခေတ်ကြီးမှာ Chief Officer အဆင့်လောက်နှင့်တောင်
    ချမ်းသာဖို့ကို စိတ်ကူးယဉ်လို့မရဘူး ဖြစ်နေတယ် ။

    သင်္ဘောသား ခေတ်မှ မဟုတ်တော့တာကိုး ။
    အခုခေတ်မှာ ကွန်ဒိုလောက်နှင့်ပဲ နေနိုင်တဲ့ Captain တွေတောင်
    တော်တော်များလာပြီ ။

    ပြောသာပြောရတယ် Second Mate ဖြေဖို့ဆိုတာကလည်း
    သိန်းတစ်ရာလောက် အကုန်ခံနိုင်မှ ဖြစ်တာ ။

    ဒီကြားထဲ သစ်တစ်ပင်ကောင်းရင်
    ငှက်တစ်သောင်း နားနိုင်တယ်ဆိုပြီး
    ဝိုင်းနားကြတဲ့ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းကြောင့်
    ငှက်တစ်သောင်း နားလည်းပြီးရော
    အဲဒီ သစ်တစ်ပင်မှာလည်း အရိုးချည်းကျန်ခဲ့ရတဲ့
    ဇတ်လမ်းတွေကလည်း ပေါပါ့ ။

    • Koyin Sithu

      November 1, 2011 at 2:15 am

      အဲ.. အဘ မာစတာဖောရေ… တားတားက IMT ဆင်းပါ…။
      သင်္ဘောသားခေတ်မဟုတ်တော့တာတော့ အမှန်ပါပဲခင်ည..
      ဒေါ်လှဈေးကကျ လိုင်းတွေကလည်း ကျပ်နဲ့… တားတားလဲ ဖလတ်ဖလတ်လူး
      နေတာကြာပြီ…။ အိမ်ထောင်ပြုပြီးမှပဲ Second Mate ဖြေမလားလို့… 🙄
      ထမင်းနပ်မှန်ရုံအဆင့်နဲ့တော့ မရပ်ချင်သေးဘူး 🙁

      ကျွန်တော် ဘကြီး ဘိုစင်တစ်ယောက်တော့ ငှက်တစ်သောင်းနားလိုက်တာ…
      ရှိတာပြောင်လို့ ကတုံးတုံးပြီး သာသနာဘောင်ဝင်လိုက်ရသပ…

      • Foreign Resident

        November 1, 2011 at 4:41 am

        ကိုရင်စည်သူ က IMT ဆင်းဆိုရင်
        အခုထိ Second Mate မဖြေရသေးဘူး ဆိုတော့ ။
        CD-35 နောက်ပိုင်းဖြစ်မယ်ထင်တယ် ။

        Second Mate မအောင်သေးခင်
        အိမ်ထောင်ပြု ဖို့ကတော့ အဘ တားပါရစေကွယ် ။
        မိန်းမယူတာ နှင့် မယူတာ ဘာကွာလို့တုန်းကွယ် ။

        အခုယူလိုက်ရင် သိန်း ၁၀ဝ လောက်
        ထပ်ရှာရဦးမှာဆိုတော့
        အနဲဆုံး နောက်ငါးနှစ် လောက်ကတော့
        နောက်ဆုတ်သွားမယ် နော် ။

        နောက်ပြီး Same Batch တွေနှင့်
        စာအတူတူစုပြီး မကျက်ဖြစ်ရင်
        မအောင်နိုင် မအောင်နိုင် နှင့်
        နောက်ဆုံးစိတ်ဓါတ်ကျပြီး
        ဆက်မဖြေတော့တဲ့သူတွေ
        အများကြီးနော် ။

        Second Officer ဖြစ်ပြီးမှ
        ငွေရှာတော့ ပိုရတာပေါ့ကွယ် ။

  • kocho

    November 1, 2011 at 2:44 am

    နိုင်ဂံခြားရောက်မှ ဆရာကြီးဦးသုခရဲ့ဘဝသံသရာသီချင်းကို ပိုပြီးနားထောင်ဖြစ်တယ် (ဖြစ်ချင်တာလဲမဖြစ်ကြတာ မဖြစ်ချင်တာလဲဖြစ်ကျတာ အဲတာအဲတာ ဘဝသံသရာ တဲ့) http://www.youtube.com/watch?v=rWRIojSvMN8

  • thit min

    November 1, 2011 at 3:53 am

    ကိုရင်စည်သူကငယ်သေးပုံပါဘဲ။။
    အကြံတခုတော့ ရိုးရိုးလေးပေးပါရစေ၊ ငယ်ရွယ်စဉ်ကာလအိမ်ထောင်ပြုပြီးရင်အမျိုးသမီးနဲ့
    အကြာကြီးခွဲမနေသင့်ဘူးဗျာ။

  • koyinmaung

    November 1, 2011 at 4:34 am

    ဟုတ်ပဗျာရုပ်ရှင်ဇာတ်လမ်းတွေကြည့်လိုက်ယင်
    သဘေားသီးတွေ ခဗျာ ဗီလိန်အခန်းတွေကဘဲတွေ့တွေ့နေရတုန်း
    ဒီခေတ်အထိဘဲ..ခုကတော့နိုင်ငံခြားရောက်ဘို့ဆိုတာခက်တော့တာမှမဟုတ်တာနော့်…
    တို့ရွာထဲက သာအေးတို့သာဆန်းတို့တောင် နေ့တိုင်းနိုင်ဂျန်ဂါကိုအလုပ်သွားလုပ်နေကြပြီ
    အိပ်တဲ့အချိန်လောက်သာဒီဘက်ကိုပြန်လာကြတာ..မို့လား.

  • ကိုယ်ချင်းစာပါတယ်… အဖြစ်တွေမတူပေမယ့် ဘဝတွေထပ်တူကျနေတော့လဲ
    နိုင်ငံရပ်ခြားမှာ တစ်ခြားနိုင်ငံသားတွေနဲ့ အပြိုင် လှုပ်ရှားရုန်းကန်နေရတဲ့ အဝေးရောက် နိုင်ငံသားတွေ ဘယ်လောက်ရုန်းကန်နေရတယ်ဆိုတာ ကျန်ခဲ့တဲ့သူတွေ ဘယ်သူမှလဲ နားမလည်နိုင်ပါဘူးလေ…

  • အီးတီ

    November 1, 2011 at 5:50 am

    သင်္ဘောသား ဆက်လုပ်မယ်လို ့စဉ်းစားရင် မိန်းမ မယူပါနဲ ့။ ယူရင်လဲ ကလေးယူ ပြီးမှ သင်္ဘောပေါ်
    ပြန်တက်ပါ။ ခုခေတ်မှာ မိန်းကလေးတွေလဲ ဆိုးတဲ့ဘက်မှာ ယောက်ျားလေးတွေကို ရင်ဘောင်တန်းရုံ
    မက တချို ့ဆို ကျော်တောင်နေသေးတယ်။ MG မှ မမ နှင့် ညီမလေးများ မပါ။
    အကောင်းဆုံးအကြံပေးချင်တာကတော့ Chief Officer လောက်ဖြစ်မှ မိန်းမယူဘို ့ စဉ်းစားပါ။
    မိန်းမယူပြီ ဆိုကထဲက သူ ့ကိုအစစအရာရာ တာဝန်ယူပေးနိုင်မှ ရမှာ…သိပ်တော့မလွယ်ဘူး ငါ့ညီ။
    ကိုယ့်ကိုကိုယ် အခြေခိုင်အောင် အရင်လုပ်လိုက်ပါဦး။ ငါ့ညီ တကယ်ကြိုးစားရင် C/O ဖြစ်ဘို ့
    အလွန်ဆုံး ၅ နှစ် ပေါ့။

  • စုံ စုံ

    November 1, 2011 at 9:22 am

    သဘောင်္သားတွေကအများအားဖြင့်တော့ officer ဖြစ်မှလစာကောင်းမယ်
    မိသားစုကိုကောင်းကောင်းထောက်ပံ့နိုင်မယ် ဒါမှလဲမိမိကိုယ်တိုင်ကောမိသားစုပါ
    အရမ်းမြင့်မားတဲ့အဆင့်အတန်းမဟုတ်ရင်တောင် လူတန်းစေ့ထက်သာအောင်နေနိုင်မယ်ဆိုတာမှန်ပါတယ်
    ဒါပေမယ့် သဘောင်္သားလုပ်သူကဘယ်လောက်ရာထူးကြီးကြီး အိမ်ကိုဘယ်လောက်ပို့ပို့
    အိမ်သူကစုတတ်ဦးမှ အနေအထိုင်တတ်ဦးမှ မဟုတ်ရင် သဘောင်္သားကတပြားမကျန်အိမ်ကိုပို့လဲ
    ဘာမှမထူးဘူး အဲ့လိုမိသားစုမျိုးတွေလဲဒုနဲ့ဒေးဘဲ
    သင်္ဘောသားနဲ့ကြိုက်မိတဲ့မိန်းကလေးတိုင်းကတော့ရာထူးပါတာလိုချင်ကြမှာဘဲ
    ဒါပေမယ့် ရာထူးမရခင် စာမေးပွဲမဖြေခင်ယူမိရင်လဲ အရာရှိမိန်းမမဖြစ်လို့အားငယ်စရာမလိုဘူး
    အဓိကကကိုယ့်ယောကျာ်းအပေါ်သစ္စာရှိရှိနဲ့ ယောကျာ်းပို့သမျှအဖတ်တင်အောင်စုထားနိုင်ဖို့ဘဲ
    ဒါမှပင်ပင်ပန်းပန်းနဲ့အသက်စွန့်ပိုက်ဆံရှာတဲ့ယောကျာ်းလဲပြန်လာရင်အမောပြေမယ်
    ဒီကမိန်းမလုပ်သူလဲ ယောကျာ်းအပေါ်သိတတ်လို့ပိုတန်ဖိုးထားခံရမယ်
    ဒါကတော့ကျမတယောက်ထဲသီးသန့်အမြင်ပါ
    တိုက်ဆိုင်သူများအတွက်တော့မှန်ချင်မှမှန်နိုင်မှာပါ မှန်ချင်လဲမှန်သွားမှာပေါ့လေ

  • nikita

    November 1, 2011 at 10:37 am

    တကယ်ချစ်တယ်ဆိုရင်
    ရာထူးလဲ မလိုဘူး
    ဂုဏ်ပကာသနလဲ မလိုဘူး
    🙂
    ………တကယ်ဆိုရင် အချစ်ပဲလိုတယ် ………. 😀

  • ကြောင်ကြီး

    November 1, 2011 at 10:54 am

    မိန်းမပါခေါ်ပြီး သင်္ဘောတက်လို့ ရဘူးလား။ ထမင်းချက်တတ်ရင် လင်ရောမယားပါ အလုပ်အတူတူတောင် ဖြစ်သေး…။ မသိလို့မေးတာ မှားသွားရင် စိတ်ဆိုးပါနဲ…။ 🙄

    • nikita

      November 1, 2011 at 10:59 am

      အန်
      ဒီလောက် ယောကျာ်းတွေ ချည်းပဲ ရှိတဲ့
      သင်္ဘောပေါ်ကို
      မိန်းမခေါ်သွားမှ တော့
      ဟိုသီချင်းထဲကလိုပဲ ” တစ်စစီကျိုးပဲ့ကုန်ပြီ ………….” 😀
      [just joke!] 😛

      • ကြောင်ကြီး

        November 1, 2011 at 11:09 am

        လှေသူကြီးဆီ အပ်ထားလိုက်ရင်ကော။ ကိုယ့်ဂျူတီပြီးမှ ပြန်သွားတောင်းပေါ့။ ကြားဖူးတယ် သင်္ဘောလိုက်တာ စစ်တိုက်သလိုပဲ အချင်းချင်း ယုံကြည်မှု ရှိရတယ်တဲ့။ ဆွေးနွေးကြည့်တာပါ။ အထူးသဖြင့် ဘာသာရေးလိုက်စား မြန်မာပြည်မှာ သဒ္ဓါတရား ထက်သန်စွာနဲ့ အဘိဓမ္မာစာပြန်ပွဲ၊ တရားရိပ်သာစခန်းတွေ ဖွင့်လှစ်လှူဒါန်းတတ်တဲ့ လှေသူကြီးမျိုးဆို အဆင်ပြေမယ်ထင်တယ်။

        • nikita

          November 1, 2011 at 11:26 am

          အဟတ်
          international သင်္ဘောလိုင်းက လှေသူကြီးလား
          မြန်မာလူမျိုးတွေ အဲရာထူးရဖို့ကတော့…………….
          လူမျိုးခြားတွေကို အပ်နှံဖို့ခက်မယ်နော်…….:P

        • htoosan

          November 1, 2011 at 12:34 pm

          မျက်စိအောင့်နေပါပြီဆိုမှ .လာဆွနေပြန်ပြီနော် …(ကိုယ်စား)

        • etone

          November 1, 2011 at 2:12 pm

          အဲ့ဒါမျိုးကြားခဲ့ဖူးတယ် .. တချို့လိုင်းတွေက မိန်းမခေါ်လို့ရသတဲ့ .. ဒါကို အိမ်က မိန်းမတွေမသိတဲ့အခါ … ကိကို ကမြင်းတို့က တခြားလေဒီခေါ်သွားပါသတဲ့လေ … ။ ဟုတ်မဟုတ်တော့ …သိဝူးးးးးးးးးးးး မြွေမြွေချင်းပဲ ခြေမြင်ကြပါလိ်မ့်မယ် … :mrgreen:

        • Foreign Resident

          November 1, 2011 at 9:49 pm

          ဦးကြောင်ရေ
          ကျွန်တော့်ရဲ့ Comment တွေကို
          သေသေချာချာဖတ်ထားပြီး
          မှတ်မိနေတဲ့အတွက်
          ကျေးဇူးပါ ။ 😀

          E Tone ရေ
          ကိုယ့်မိန်းမ အပြင်
          တခြား လေဒီတွေကိုပါ
          နိုင်ငံတကာ ဗဟုသုတ ရစေချင်တဲ့
          စေတနာကောင်း ဖြစ်မှာပါကွယ် ။
          သာဓုပါကွယ် သာဓုပါ ။ 😛

    • Koyin Sithu

      November 1, 2011 at 12:43 pm

      အဘကြောင်မင်းရယ်… မိန်းမပါ သင်္ဘောပေါ်ခေါ်ရရင်တော့..
      တားတားတို့ သင်္ဘောပေါ်ကမဆင်းတော့ဘူး.. ဟီးး..
      တော်ကြာဆိုမာလီစာ မိလို့ကတော့ ကိုယ့်မယားပါ…
      ကပ္ပလီလက်ထဲ အစစ်ပေးလိုက်ရဦးမယ်…
      တားတားကြောက်ကြောက်….

      • Foreign Resident

        November 1, 2011 at 1:08 pm

        ကိုရင်စည်သူ

        လိုင်းတော်တော်များများမှာ
        Senior Officer
        ( Capt, C/O, C/E ) တွေ
        မိန်းမ ခေါ်လို့ရတယ်နော် ။

        Chief Mate အောင်ပြီးမှ
        မိန်းမ ယူလိုက်ရင်
        Honey Moon ကို
        သင်္ဘော ပေါ်
        တစ်ခါတည်း
        ခေါ်သွားလို့ရတယ် ။

        ဘယ်လိုလည်း ။ 😛

      • Foreign Resident

        November 1, 2011 at 1:10 pm

        ဆိုမာလီဘက်သွားတဲ့
        သင်္ဘော ကိုတော့
        မတက်နှင့် ပေါ့ကွယ် ။ 😛

      • Foreign Resident

        November 1, 2011 at 1:16 pm

        ကိုရင်စည်သူ

        ပိုက်ပိုက် သိပ်လိုနေရင်လည်း
        Chemical Tanker သာလိုက်တော့
        လစာ အရမ်းကောင်းတယ် ။

        Captain တွေဆိုရင်
        ဒေါ်လာ တသောင်း
        အထက်တွေကြီးပဲ ။

        • Koyin Sithu

          November 1, 2011 at 1:35 pm

          အဘရေ.. Chemical Tanker တွေက ပိုက်ဆံတော့
          ရေလည်ရပါတယ်… ၈၀ဝလောက်တော့ အသာလေးချိတ်မိတယ်…
          အန်ဒရယ်လည်း အရမ်းများတယ်… ကြောက်တာတော့ မဟုတ်ပါဘူး..
          သင်္ဘောစုံအောင် မစီးဘူးသေးလို့ပါ… ကျနော့် သူငယ်ချင်းတွေတော့
          Chemical လိုက်ကြတာများတယ်… တချို့တွေလည်း..
          စလုံးလောက်မှာ Bunker သင်္ဘောလေးတွေလိုက်ကြပါတယ်..
          အောက်ဆိုဒ်လည်း ကောင်းပုံရတယ်ပါတယ်…
          Uniteam မှာတုန်းက ကပ္ပတိန်ဝေလွင်က ပြောဖူးတယ်…
          ((မင်းတို့ကောင်တွေ ဘာပဲလုပ်လုပ်တဲ့… လက်တစ်ထွာကိုမကြည့်နဲ့…
          ရေရှည်ကို ကြည့်အလုပ်လုပ်ကြတဲ့…။ ငတ်လို့သေရင် သေသွားပလိမ့်စေ…
          မြန်မာလူမျိုး သိက္ခာကျမယ့် အလုပ်ကို သင်္ဘောပေါ်မှာ ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့…))

        • Foreign Resident

          November 1, 2011 at 1:40 pm

          ကိုရင်စည်သူ ရေ
          For Your Information ပါ

          ကမာ္ဘပေါ်မှာ
          Accident လုံးဝ မဖြစ်ဘူးတဲ့
          တခုတည်းသော
          သင်္ဘော Type က
          Chemical Tanker Category ထဲက
          LNG, LPG Tanker ပါ ။

          သိပ်မကြောက်ပါနှင့် ။

        • Foreign Resident

          November 1, 2011 at 1:46 pm

          Bunker သင်္ဘောလေးတွေ
          အောက်ဆိုဒ်လည်း ကောင်းတာကတော့
          ပြောမနေပါနှင့်တော့

          မိုးဟေကို ကို
          သိန်း ၇၅၀ဝ တန်အိမ်
          ဝယ်ပေးတဲ့
          ကိုညီညီထွန်းက
          အရင်က
          Singapore Bunker သင်္ဘော
          လိုက်ခဲ့တာပါ ။

          FYI,
          အဲဒီမြေကွက်ကလည်း
          Captain စိုးမင်းအောင် ဆီက
          ( MOSA အတွင်းရေးမှူး )
          ဝယ်လိုက်တာပါ ။

  • windtalker

    November 1, 2011 at 12:42 pm

    ကိုရင်စည်သူ သင်္ဘောသား လုပ်စားမယ့် အစား
    ဆိုမာလီ မှာ တစ်နှစ်လောက် စီးပွားသွားရှာတာ ပို ကိုက်မယ် ထင်တယ်ဗျို ့
    (ခင်လို ့အကြံပေးကြည့်တာနော်…:) )
    ကွန်မင့်တွေ အရ ဆိုရင် နီကီတာ က သင်္ဘောသီးကတော် ဖြစ်လိမ့်မယ် ထင်ပ

    • nikita

      November 1, 2011 at 4:44 pm

      ဘောလုံးပွဲ ခန့်မှန်းရတာ အားမရဘူးနဲ့ တူတယ်
      လူတွေပါ လာခန့်မှန်းနေတယ်
      အဟီး နောက်တာနော်

  • Foreign Resident

    November 1, 2011 at 12:57 pm

    ” မြန်မာလူမျိုးတွေ အဲ ရာထူးရဖို့ကတော့……………. ”

    သမီး nikita ရေ
    For Your Information ပါကွယ် ။

    ကမာ္ဘ့ အကြီးဆုံး နှင့် အကြော်ကြားဆုံး သင်္ဘောကုမ္ပဏီ ဖြစ်တဲ့
    A P Moller Maersk မှာတောင်
    မြန်မာ ကပ္ပတိန် တွေအများကြီး အလုပ်လုပ်နေပါတယ်ကွယ် ။

    ကြုံလို့ရှင်းပြရရင်
    အဘတို့ရဲ့ ရေကြောင်းဦးစီး ( Dept of Marine Administration ) က
    ဆရာကြီး ( Captain ဟောင်း ) တွေရဲ့ ကြိုးစားအားထုတ်မှု
    မြန်မာ သင်္ဘောသားတွေရဲ့ ကြိုးစားမှု အရည်အချင်း ပြည့်ဝမှုကြောင့်
    အဘတို့ရဲ့ Marine Certificate တွေကို
    နိုင်ငံတကာက အသိအမှတ် ပြုထားပါတယ် ။

    မြန်မာနိုင်ငံ အတိုင်းအတာ အနေနှင့် ဆိုရင်တော့
    အံ့မခမ်း အောင်မြင်မှု ပေါ့လေ ။

    သိပ်တော့လည်း မထူးခြားပါဘူး ။
    သူများနိုင်ငံတွေမှာက လူညံ့တွေက သင်္ဘောလိုက်ပြီး
    မြန်မာနိုင်ငံမှာက အမှတ်အများဆုံးတွေက သင်္ဘောလိုက်နေရတာကိုး ။

    အဘ နှင့် စာအတူကျက်ခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းက
    ယခု လက်ရှိကို Maersk Line က ကမာ္ဘ့ အကြီးဆုံး ကွန်တိန်နာ သင်္ဘောပေါ်မှာ
    ယခု လက်ရှိကို Captain လုပ်နေပါတယ် ။

    သမီး မြန်မာ တစ်ယောက်အနေနှင့် ဂုဏ်ယူလို့ ရအောင်
    အဘ ပြောပြတာပါကွယ် ။

    • nikita

      November 1, 2011 at 1:03 pm

      ဒီလိုဆိုတော့လည်း ဝမ်းသာစရာပေါ့
      မြန်မာတစ်ယောက် အနေနဲ့ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူချင်ပါတယ် 🙂

    • Koyin Sithu

      November 1, 2011 at 1:20 pm

      အဘမာစတာဖောရေ… ယခုလက်ရှိ
      ကမာ္ဘအကြီးဆုံး ကွန်တိန်နာ သင်္ဘောရဲ့ Captain က မြန်မာလူမျိုးဖြစ်တယ်လို့
      ကျနော် ကြားသိရပါတယ်… Crew တွေလည်း မြန်မာတွေများပါတယ်…
      တချို့သင်္ဘောတွေမှာလည်း တခိုင်လုံးရွှေ ဖြစ်နေကြပြီလေ…။
      ပြောမယ့်သာ ပြောရတယ်…
      ဖားတွေက (ဖိလစ်ပိုင်) ကျနော်တို့ထက် E ပိုကောင်းလားလို့…
      သူတို့နိုင်ငံက ကျနော်တို့ နိုင်ငံထက် သင်္ဘောသားတွေကို အလေးအနက်ထားတယ်…
      (နောက်ပိုင်း ဖားတွေ လူပါးဝလာလို့ Company တွေက ရိုးသားပြီး အလုပ်အေးဆေးလုပ်တတ်တဲ့ မြန်မာတွေကို ပိုနေရာပေးလာဟန်ရှိပါတယ်)
      အခွန်လည်းများများကောက်ထားပုံရပါတယ်…
      ကျွန်တော်တို့ DMA ရုံးကတော့ ခုထက်ထိ process တွေနှေးနေတုန်းပဲ…
      စာရွက်စာတမ်း စားပွဲတစ်ခုကို တစ်ခု ကူးတာတောင် ၂ပတ်လောက်ကြာအောင်
      စောင့်ရတယ်… ဒါတောင် ရမယ်မရမယ်မသေချာဘူး… မနက် ကိုးနာရီထဲက အောင်လက်မှတ်လေး တစ်ခုသွားထုတ်ပါရယ်… ဝန်ထမ်းမမတွေက
      ၁ဝနာရီထိုးမှရောက်တယ်… ရောက်ရောက်ချင်း မျက်နှာချိုလေး သွေးပြီး ကျွန်တော့်
      certificate လေးကျပြီလား မေးတာင်… ဟ… ဒီမှာ အမောတောင်မပြေသေးဘူး…
      ဘာတွေလာမေးနေတာလဲတဲ့… အငေါက်ခံရသေးတယ်… တခုတော့ တကယ်မသိလို့
      မေးပါရစေ DMA ရုံးက ဝန်ထမ်းတွေ ရုံးတက်ချိန် ရုံးဆင်းချိန်က ဘယ်နှစ်နာရီလဲ…
      ((ကမာ္ဘပင်လယ်ရေပြင်တွင် မြန်မာသင်္ဘောသားများ လွမ်းမိုးရေး) တဲ့… ဝန်ထမ်းတွေ
      လုပ်ပုံကိုင်ပုံတော့ ကျနော်တစ်ခုမှ အားမရပါဘူး အဘရယ်…

      • Foreign Resident

        November 1, 2011 at 1:27 pm

        ” ကမာ္ဘအကြီးဆုံး ကွန်တိန်နာ သင်္ဘော ရဲ့
        Captain က မြန်မာလူမျိုးဖြစ်တယ်လို့
        ကျနော် ကြားသိရပါတယ် ”

        ဟုတ်ပါတယ်
        Uniteam ကုမ္ပဏီရဲ့ Rickmar Branch ကနေ
        တက်သွားကြတာပါ ။

        Captain မျိုးဇင်မေါင် ပါ ။

  • manawphyulay

    November 1, 2011 at 2:12 pm

    ဪ ရွာထဲမှာ သင်္ဘောသီးတွေ အတော်များလာပြီပဲ။ သင်္ဘောတစ်စီးလောက်တော့ လက်ဆောင်လေး ဘာလေး မပေးချင်ဘူးလား အဟိ။ ကိုရင်မို့လို့ပဲနော် မပြောချင်ဘူး

    ိကိုရင်တွေ ခုန်နေတယ် ဘုန်းကြီးကျောင်းမှာ ဆိုသလိုဖြစ်နေပြီ…

  • pooch

    November 1, 2011 at 2:24 pm

    အခုမှပဲ မြန်မာ သင်္ဘောသားများရဲ့ အကြောင်းကို သေချာ သိရတော့တယ်…
    အဲ့ဒါကြောင့် ပြောတာပေါ့ တို့ အမျိုးတွေ မညံ့ပါဘူးလို့ … ဘယ်နေရာရောက်ရောက်….ဘယ်လိုပညာရပ်မျိုးမှာမဆို …….လမ်းတွေသာဖွင့်ပေး … ထိပ်ဆုံးရောက်အောင်သွားနိုင်ပါတယ်လို့ ……..

    ကိုရင်စည်သူရေ သစ္စာတရားဟာ
    ဘာယာဉ်မှမလိုပဲ ကမ္ဘာ ပတ်တတ်တာမို့ ယုံကြည်မှု တခုကိုသာ သူနဲ့ ကိုယ့် ကြားမှာတည်ဆောက်ထားလိုက်ပါ…… … ရည်မှန်းချက်တဲ့ ပြည့်ဝတဲ့ တနေ့မှာ ဖူးစာမှန်ရင် ဆုံပါလိမ့်မယ်..
    စိတ်အေးလက်အေးသာ နေပါ……

    • Foreign Resident

      November 1, 2011 at 3:55 pm

      ဒါပေမယ့် သမီး Pooch ရေ
      သိပ် ဂုဏ်ယူနေလို့တော့ မဖြစ်ပါဘူးကွယ် ။

      ” သူများနိုင်ငံတွေမှာက လူညံ့တွေက သင်္ဘောလိုက်ပြီး
      မြန်မာနိုင်ငံမှာက အမှတ်အများဆုံးတွေက သင်္ဘောလိုက်နေရတာကိုး ”

      စဉ်းစားကြည့်ပါကွယ် ။

      • Koyin Sithu

        November 1, 2011 at 4:09 pm

        ဟုတ်ပါတယ်… ဒီမှာ အမှတ်များတဲ့ သူတွေ ပညာတော်တဲ့သူတွေအတွက်
        သင်္ဘောသားအလုပ်လုပ်ရ သိပ်တော့မကိုက်ပါဘူး… ဝါသနာပါရင်တော့
        တစ်မျိုးပေါ့လေ…။ ကျွန်တော်တုန်းကတောင် ယောင်ခြောက်ဆက်နဲ့..
        ဒေါ်လာလည်းရတယ်.. ပေါ်ကြော့လည်းနေလို့ရတယ် အတွေးနဲ့သာ
        ကျောင်းတက်မိလိုက်တာပါ.. အိမ်က တိုက်တွန်းတာလည်း ပါတာပေါ့…
        သင်္ဘောသားအလုပ်က ပိုက်ဆံရတာတစ်ခုတည်းကို ကြည့်ပြီး
        ဝါသနာမပါပဲ လုပ်ရင်တော့ သိပ်မကိုက်လှပါဘူး…
        ပညာတော်တဲ့ တက်သစ်စ လူငယ်တွေကို တခြား လိုင်းဖက်တွေကို ပိုပြီး ထူးချွန်စေချင်ပါတယ်..

        • nikita

          November 1, 2011 at 4:32 pm

          ကိုရင်ရော
          အခု ဝါသနာ ပါသေးရဲ့လား 😀

  • etone

    November 1, 2011 at 2:27 pm

    ကိုရင်စည်သူရေ … သဘောင်္သားတစ်ယောက်အနေနဲ့ …. အတည်တကျ လက်ထပ်ယူမယ့် မိန်းမမျိုးရှိတယ်ဆိုတာ ကြားရတော့ ဝမ်းသာပါတယ် … က ျွန်မတွေ့ဖူးသလောက် သင်္ဘောသား အများစုက သစ္စာမရှိတတ်ဘူး … (သစ္စာရှိတဲ့လူလည်းရှိပါတယ်နော် … ) ပိုက်ဆံရှာနိုင်လေလေ …. ကဲလေလေပဲ .. အထူးသဖြင့် အသက်ငယ်ငယ်နဲ့ … captain ,chief officer ,second mate တွေဆို ပိုဆိုးသေး … ကောင်မလေးတစ်ယောက်တော့ လူကြားထဲ ပေါ်ပေါ်ထင်ထင်တွဲတယ် သို့သော် … အချိန်ပြည့် တစ်ယောက်မဟုတ်တစ်ယောက်နဲ့ လျှောက်ဒိုးနေတတ်သလို … ကာရာအိုကေသွား ၊ မာဆတ်သွားလျှင်လည်း … အဲ့ဒီက ဇယားလေးတွေနဲ့ ဘာညာဘာညာရှုပ်သေးတယ် …. ။

    ကျွန်မနဲ့ အသက်ကွာတဲ့ …သူငယ်ချင်း သဘောင်္သီးတွေရှိတယ် … အိမ်ထောင်မကျသေးတဲ့ လူကတော့ .. အိမ်ထောင်မရှိလို့ ရှုပ်တယ်… အိမ်ထောင်ကျပြီးသားကတော့ … မိန်းမက ရစ်လို့ ရှုပ်တယ် စသဖြင့် … မြင်ရတဲ့လူတောင် အသက်ရှုမဝဘူး …သူတို့ကတော့ ပိုက်ဆံရှိလျှင် ဘာမဆိုဖြစ်တယ်ဆိုတာမျိုး လက်ကိုင်ထားနေကြတယ်လေ … ။ 🙂 သဘောင်္သီး တစ်ယောက်ကို ရအောင် ယူနိုင်ပြီး အိမ်ထောင်ရေးသာယာခိုင်မြဲအောင် လုပ်နိုင်တဲ့ မိန်းမတွေကတော့ … လေးစားဖို့ကောင်းလွန်းတယ် … … ။ တော်ရုံသည်းခံစိတ်နဲ့ မဖြစ်ဘူး … သဘောထား အတော်ပြည့်ဝမှကို ဖြစ်မှာ … ။

    • Koyin Sithu

      November 1, 2011 at 2:48 pm

      မအိတုံး ပြောတဲ့ လူတွေက ကျနော့် သူငယ်ချင်းတွေမှာလည်း ရှိပါတယ်…။ ဒါပေမဲ့..
      သူတို့ ပွေရ ရှူပ်ရတဲ့ အကြောင်းအရင်းလေးတွေတော့ ရှိပါတယ်.. ကျွန်တော့် အခင်ဆုံး သူငယ်ချင်း တစ်ယောက်က သူသင်္ဘောလိုက်နေတုန်း ချစ်သူက သစ္စာဖောက်ပြီး သူတို့ လက်ထပ်ဖို့ စုထားတဲ့ ငွေလေးကို အကုန်ယူပြီး နောက်ယောက်ျား
      တစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားပါတယ်.. အဲ့ကောင်လည်း ခုချိန်ထိ အသောက်အစားနဲ့
      အပျော်အပါးမက်တုန်းပါပဲ… ခုဆို ရေထဲမှာ ပုလင်းကိုင်ပြီး လွမ်းနေရောပေါ့…
      တချို့တွေကလည်း တကယ့်ကို အပျော်အပါးမက်တဲ့ သင်္ဘောသားတွေလည်း ရှိပါတယ်…
      တချို့ကလည်း သစ္စာမဲ့တဲ့ မိန်းမအချို့ကြောင့် အပျော်အပါးမက်တဲ့ ပင်လယ်ပျော်ကြီးတွေ
      ဖြစ်သွားတတ်ပါတယ်… ယောက်ျားလေးအများစုက ငွေနည်းနည်းလျှံလာပြီဆို အပျော်အပါး
      မက်တတ်ကြပါတယ်.. သင်္ဘောသားတစ်စုတည်းမှမဟုတ်ပါဘူးခင်ဗျာ…။ အိမ်ထောင်ရေး
      တစ်ခုသာယာစိုပြေနေဖို့ဆိုတာ သင်္ဘောသား မယားလည်း အကျင့်စာရိတ္တနဲ့ သစ္စာရှိမှ၊
      သင်္ဘောသားကလည်း လိမ်မာပါးနပ်စွာနေတတ်မှ သာယာတာပါ။ တချို့ သင်္ဘောသား
      ကတော်တွေ ယောက်ျားသွားတုန်း ဒီမှာ နှစ်လုံးထိုးလိုက်၊ လင်ငယ်ထားလိုက်၊ ဆွေမျိုးတွေ
      တစ်ပုံတစ်ပင်ကြီး ခေါ်တင်ပြီး ကျွေးထားကျတာတော့ ကိုယ်တွေ့မြင်ရပါတယ်ခင်ဗျာ…
      သင်္ဘောသီးအပေါ် သည်းခံနားလည်တံ မိန်းမမှ လေးစားဖို့ ကောင်းတာမဟုတ်ပါဘူး…
      ကိုယ့် လင်သားအပေါ် သစ္စာရှိပြီး နားလည်မှုရှိပြီး ရိုးသားတဲ့ လင်သား ရှာသမျှကို စုတတ်ဆောင်းတတ်တဲ့ အိမ်ထောင်ရှင်မတိုင်း ကျနော်ကတော့ လေးစားပါတယ်ခင်ဗျာ..

      ခင်တဲ့
      သင်္ဘောသီးကိုရင်

    • Foreign Resident

      November 1, 2011 at 3:51 pm

      ” သဘောင်္သားတစ်ယောက်အနေနဲ့ …. အတည်တကျ လက်ထပ်ယူမယ့် မိန်းမမျိုးရှိတယ်ဆိုတာ ကြားရတော့ ဝမ်းသာပါတယ် ”

      အင်းးးးးး ဒုက္ခ ဒုက္ခ ဒုက္ခ ။ မ E Tone ရယ် ။
      အဘ သူငယ်ချင်း Captain တွေရဲ့ မိန်းမ
      ၅ဝ % လောက်က ဆရာဝန်မတွေပါ E Tone ရယ် ။
      သူတို့တွေ လဲ တုံးလွန်းလို့ သဘောင်္သား ယူထားရတာ မဟုတ်လောက်ပါဘူးကွယ် ။
      အခု အဘယူထားတဲ့ အဘ မိန်းမ ကလည်း
      အဘရဲ့ တစ်ဦးတည်းသော ငယ်ချစ် ပါကွယ် ။

      ငယ်တုန်း ရွယ်တုန်း ကောင်လေး တစ်ယောက်မှာ ပိုက်ဆံ အများကြီးရှိနေရင် မျှော်လင့်စရာက သိပ်များများ မရှိပါဘူးကွယ် ။
      အဲဒီ ပိုက်ဆံ နှင့် အဲဒီ ချာတိတ်က ဓမ္မာရုံဆောက်မယ်လို့ မျှော်လင့်ရင်တော့ လူစိတ် မပီသသလို ဖြစ်နေဗါ့မယ်ကွယ် ။

      ငယ်တုန်း အတွေ့အကြုံစုံတာ မိုက်တာကတော့
      အဘလည်း သိပ်အပြစ် မတင်ချင်ပါဘူးကွယ် ။
      အရေးကြီးတာက ကြီးတဲ့အထိ ဆက်မိုက်မနေဘို့ပါကွယ် ။
      အင်းးးးးး ဒုက္ခ ဒုက္ခ ဒုက္ခ ။

      • etone

        November 1, 2011 at 4:42 pm

        အဘရေ … အများစုသော ဆရာဝန်မတွေ ၊ ဆရာဝန်တွေ အဓိက target ထား လက်ထပ်ကြတာ ဘယ်လို အလုပ်ကိုင်ရှိတဲ့ လူမျိုးဖြစ်မယ်ထင်သလဲဟင် … ရေးရလျှင် ပွဲဆူစရာလေးတွေဖြစ်သွားမှာ စိုးလို့ မရေးတော့ဘူး .. ။ မြင်နေ .. တွေ့နေရတာလေးတွေကို သဘောကျလို့ ပြုံးပဲ ကြည့်နေလိုက်တော့တယ် … ။

        ကိုရင်စည်သူရေ … ကိုရင်ပြောသလိုပဲ … သဘောင်္သီးမိန်းမမှ မဟုတ်ပါဘူး .. တခြား မိန်းမတွေလည်း လေးစားစရာကောင်းပါတယ် သို့သော် … ဒီနေရာမှာ ကျွန်မရည်ညွှန်းတာကတော့ ………….. …………. သဘောင်္သီးမိန်းမတွေ စိတ် … ဘယ်လိုထားရမလဲ … စိတ်အထားသို တတ်တာကိုပါ … မိမိတို့စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတာလည်း ပါမှာပေါ့ … ။

        သဘာဝမိန်းမဆိုတဲ့ အမျိုးက ပူပင်သောကစိတ် ၊ သဝန်တိုစိတ်တွေများတတ်တဲ့ အမျိုးလေ … ၊ မိမိချစ်သူပဲဖြစ်ဖြစ် လင်ယောကျာ်းပဲဖြစ်ဖြစ် သူတပါးနဲ့ နောက်ကွယ်မှာ ပျော်ပါးတာမျိုး .. ဖက်ကင်းတင်းလှဲနေတာမျိုးကို ဘယ်သူမှ မကြိုက်ကြ ၊ လက်မခံနိုင်ကြပါဘူး … ။ နောက်ကွယ်မှာ မပြောနဲ့ ရှေ ့မှာတင် မိမိရှိပါလျှက် ဖြတ်သွားတဲ့ မိန်းကလေး ချောချောကို မျက်နှာမလွဲတမ်းကြည့်နေမယ်ဆိုလျှင်တောင် ကြိုက်ကြတာ မဟုတ်ဘူးလေ … ။ သဘောင်္သီးလောကကတော့ ပိုက်ဆံလည်း ရတယ် … အပေါင်းသင်းပေါင်းရ ၊ တွေ့ကြုံရတဲ့ အသိကျွမ်းလည်းများတယ် … ဟိုလူက ဒကာခံလို့ စားရသောက်ရ ဒီလူက ဒကာခံလို့သွားရတာတွေကလည်းများတယ် .. ယောကျာ်းတွေ သောက်စား ပျော်ပါးတဲ့အချိန် မိန်းမက ကန့်လန့်တိုက် လိုက်သွားလို့လည်း မကောင်းဘူးလေ .. ။ တချို့ဆိုင်တွေမှာဆို … သောက်စားတဲ့ အချိန် ဘေးကကောင်မလေးက ဆားဗစ်ပေးပြီး ခွံကျွေးတာမျိုး ပွတ်သီးပွတ်သတ်လာနေတာမျိုးလည်း ရှိတတ်တယ် … ။ ကိုယ့်ယောကျာ်းကို ဘယ်လောက်ပဲ ယုံရယုံရ မြှောက်ထိုးပင့်ကော် သူ့ပေါင်းသင်းကြားမှာ ဘယ်လို အခြေနေတွေဖြစ်လာမယ်မှန်းမသိပဲ … သဘောထားကြီးကြီးနဲ့ … လွတ်လပ်စွာသွားခွင့်ပေးထားတာ … အဲ့ဒီစိတ်ကိုပြောတာလေ … ။ ကျွန်မဆို … ဘယ်လိုမှ သဘောထားမကြီးနိုင်ဘူး … ကိုယ်နဲ့စကားပြောနေတုန်း ဂျာနယ်ဖတ်လျှင်တောင် ယူပြီးဆွဲဆုတ်ပစ်ရလောက်တဲ့ အထိ သဝန်တိုဖူးတယ် … ။

        ဒါကြောင့် သဘောင်္သီးမိန်းမတွေကို ဒီအကြောင်းရာတွေပေါ် အခြေခံပြီး … လေးစားတယ်လို့ပြောတာ ..။ တခြားလေးစားစရာ မိန်းမတွေလည်း တခြားအကြောင်းရာမှာရှိပါတယ် … အခြေနေကွာခြားပုံလေးကိုပြောပြတာ … ။ ဒါနဲ့ … ကျွန်မကို ကျောင်းပြီးပြီးချင်း အိမ်က သဘောင်္သီး ချိဖ်အော်ဖစ်ဆာ တယောက်နဲ့ ဒိတ်လုပ်ပေးဖူးတယ် … မျက်နှာချင်းဆိုင်စကားပြောကြည့်ပြီး … ကျွန်မရွေးချယ်မှုနဲ့ ပူလောင်နေရမှာ သိလို့ … မတွဲဖြစ်ခဲ့ကြဘူးလေ … 😀

        • nikita

          November 1, 2011 at 4:48 pm

          ဒိတ်လုပ်ပြီးတွေ့တဲ့ အိမ်ထောင်ရေးဆိုမှတော့
          မယူတာကောင်းပါတယ်
          သင်္ဘောသီးတွေ အတွက် အကောင်းဆုံးက
          သူချစ် ကိုယ်ချစ် ကို ရှာယူတာပဲ
          သင်္ဘောသီးတွေ မှ မဟုတ်ပါဘူး
          လူတိုင်းအတွက်ပါပဲ
          ဒါပေမယ့် ကံတရားဆိုတာကလည်း…………..

  • စုံ စုံ

    November 1, 2011 at 2:38 pm

    etone ရေ ကျမပတ်ဝန်းကျင်မှာသင်္ဘောသားနဲ့ပတ်သက်တဲ့မိသားစုတော်တော်များပါတယ်
    အများစုကတော့အိမ်ထောင်ရေးသာယာကြတယ် ယောကျာ်းကအပျော်အပါးမလိုက်စားဘူးလို့မဆိုလိုဘူး
    သင်္ဘောသားဘဲလေ အနည်းနဲ့အများတော့အပျော်ရှာမှာပေါ့
    ဒါပေမယ့်အိမ်ထောင်ရေးထိခိုက်အောင်မကဲဘူး
    မိန်းမလုပ်သူကိုလဲမသုံးဘူးလို့မပြောဘူး သုံးချင်တာသုံးသင့်တာသုံးသလို စုသင့်တာစုတယ်
    တယောက်နဲ့တယောက်အပြန်အလှန်တန်ဖိုးထားနားလည်ကြတယ်
    အဲ့ဒိအခါကျတော့အားကျတာပေါ့လေ
    အဲ့လိုမဟုတ်ဘဲ အများထင်နေသလိုပျက်စီးယိုယွင်းနေတဲ့သဘောင်္သားအိမ်ထောင်ရေးတွေလဲ
    ကြားဖူးမြင်ဖူးပါတယ်
    ဒါကြောင့်မို့ သင်ခန်းစာယူသင့်တာယူ အတုယူသင့်တာယူရင်အကောင်းဆုံးပါ
    ကျမအနေနဲ့ပြောရရင် သဘောင်္သားကော သင်္ဘောသားမိန်းမပါ တခြားအိမ်ထောင်သည်တွေလို
    ကံမကောင်းပါဘူး ယေဘူယျအနေနဲ့ပြောရရင် တနှစ်မှာ ၉လခွဲပြီး ၃လဘဲတူတူနေရတာလေ
    ဒါကြောင့်တူတူနေရတဲ့အချိန်ကော ခွဲနေရတဲ့အချိန်ကောမှာ အပြန်အလှန်လေးစားတန်ဖိုးထား
    နိုင်မှသာ အိမ်ထောင်တခုခိုင်မြဲမယ် ပျော်ရွှင်သာယာမယ်လို့ထင်ပါတယ်

  • kocho

    November 1, 2011 at 6:21 pm

    သင်းဘောသီး သင်းဘောသီး လူတိုင်းကြိုက်တဲ့ သင်းဘောသီး သင်းဘောသီး ဖြစ်ချင်လို့ကြိုးစားခဲ့ပေမဲ့ရေစက်ကမပါတော့
    သင်းဘောသီးမဖြစ်ပဲ ပဒိုင်းသီးဘဝရောက်သွားတယ် အခုလိုအနေကျပြန်တော့လဲ ပဒိုင်းသီးဘဝကိုဘဲ ကျေနပ်မိပါတယ်ဗျာ 😀

    • Koyin Sithu

      November 1, 2011 at 8:24 pm

      ကိုချိုရေ… သင်းဘောသီးဖြစ်ဖြစ်၊ ပဒိုင်းသီးဖြစ်ဖြစ်၊ ဘူးသီးဖြစ်ဖြစ်…
      ကိုယ်ရောက်တဲ့ ဘဝကို ကျေနပ်တာကောင်းပါတယ်ဗျာ…
      (ဖြစ်ချင်တာလဲမဖြစ်ကြတာ မဖြစ်ချင်တာလဲဖြစ်ကျတာ အဲတာအဲတာ ဘဝသံသရာ တဲ့)
      နေတတ်ရင်တော့ ကျေနပ်စရာတွေချည်းပါပဲ … ဟုတ်ဝူးလား…

  • mariner

    November 1, 2011 at 7:19 pm

    ညီလေးစည်သူရေ….အားမလျှော့ပါနဲ့ကွာ………ဒီအတိုင်းနေတာအကောင်းဆုံးပါကွာ…မိန်းမယူတာ…
    မကောင်းဘူးကွ….မင်း နောက်မှ နောင်တရတော့….သင်္ဘောပေါ်က မဆင်းရတော့ဘူး
    မရသေးတော့ လိုချင်တာပေါ့ကွာ…ဟီးဟီး

    • Koyin Sithu

      November 1, 2011 at 8:21 pm

      ဒီအသံကြီးတော့ ကြားဖူးသလိုလိုပဲဗျို့… တိုကြီး မရီနာရေ…
      မရသေးတော့လည်း လိုချင်တာတော့ အမှန်ပါပဲ..ဟီးဟီး . အဖတ်တင်တာပေါ့လေ..
      ဘာပဲဖြစ်ဖြစ် ဒီလို အကြံပြုပေးကြတဲ့ ရွာထဲက ညီအစ်ကို မောင်နှမများနဲ့တကွ…
      ဘဝတူ စီနီယာ သင်္ဘောသီးများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ.. 🙂
      နောက်အခါသင့်လို့ အခွင့်သာရင်လည်း အမိုက်အမဲ သင်္ဘောသီးလေး
      ကိုရင်စည်သူကို လမ်းညွှန်ဆုံးမကြစေလိုပါတယ်…

      အားလုံးကို လေးစားတဲ့
      ကိုရင်စည်သူ

  • inz@ghi

    November 2, 2011 at 6:51 am

    ကိုရင်စည် ..

    သင်္ဘောသီးတွေ အကြောင်း အတော်လေး ပြည့်ပြည့်စုံစုံ ဖတ်လိုက်ရပါသည်…
    ဗဟုသုတရပါသည်ဗျ…သိုင်းခရုပါ …

    မိန်းမယူတဲ့ကိစ္စနဲ့ ပါတ်သတ်ပီးတော့ ပြောရရင်
    ကျနော်တို့ ချစ်တဲ့ ကိုငှက်ကြီး …မိန်းမယူတော့မယ့် ဘော်ဒါတယောက်ကို ပြောခဲ့ဖူးတာလေး ဖတ်ဖူးလို့
    ဖောက်သည် ချမယ်ဗျာ …

    ဘာတဲ့ ချောက်ထဲကလူတွေက ခုန်မဆင်းနဲ့ပြောပေမယ့် အပေါ်ကလူတွေကလည်း ခုန်ပဲဆင်းချင်နေတာပဲ ဆိုတော့
    ကျနော်ကတော့ ခင်ဗျားကို ခုန်သာချလိုက် ပဲ ပြောတော့မယ်ဗျာ တဲ့ ။။။

    (ကိုရင်စည်အားလည်း လူစွမ်းကောင်း ၁ယောက် အဖြစ် ဂုဏ်ပြုမှာ ဖြစ်ကြောင်း…)

    မိန်းမမရှိ သင်္ဘောသီးမဟုတ်တဲ့
    ကြက်မောက်သီး
    Guy Inz@ghi

  • Patriotic Burma

    April 27, 2012 at 1:26 am

    I’m now attending MMU and I wanna be a good myanmar captain.As FR said သူများနိုင်ငံတွေမှာက လူညံ့တွေက သင်္ဘောလိုက်ပြီး
    မြန်မာနိုင်ငံမှာက အမှတ်အများဆုံးတွေက သင်္ဘောလိုက်နေရတာကိုး ”
    That’s really right.Though it’s right I’m proud of being a mariner.And I’ll try my best to be a captain who can make a great reputation of Myanmar.
    By the way, bro FR can i ask for your help when I come in field?Do u have anything that I can contact?

Leave a Reply