ဘာမှန်း ညာမှန်းရော သိရဲ့လား

etoneNovember 1, 20111min21342


ရေးရလျှင်လည်း etone တို့ ကြုံလည်း ကြုံတတ်ပြန်တယ် ဖြစ်ဦးမယ် … ကံဇာတာကိုက ကတ်သီးကပ်ဖဲ့ပါလာလေသလား မပြောတတ်တော့ပါဘူး … ဘုကျကျ ဂွကျကျဆိုတဲ့အဖြစ်ပျက် အတော်များများနဲ့ ကန့်လန့်တိုင်ခြင်းခံခဲ့ရတာများတော့… တုံ ့ပြန် အရွဲ ့တိုက်တတ်တဲ့ အကျင့်လေးကျွန်မမှာ စွဲကျန်ခဲ့တယ်လေ … ။ အရာရာတိုင်းမှာ အသွားနဲ့အပြန် ၊ အကျိုးနဲ့ အကြောင်းရှိစမြဲမို့ ကြုံလာတဲ့ အခြေနေပေါ်မူတည်ပြီး ကျွန်မရဲ့ တုံ ့ပြန်ပုံကွာခြားပါတယ် … ဒီတခါလည်း ကြုံရပြန်ပါတယ်  …. ။

%%%%%%%%%%%%%%%%%

မနေ့ကညဘက် ကျွန်မ အလုပ်ကနေ အိမ်ကို ကားငှားပြန်တော့… ဘုရင့်နောင် တံတားဖြတ်သန်းခ ကောက်ခံရေးစခန်း အလွန်လေးမှာ အရပ်ဝတ်နဲ့ရော ၊ ယူနီဖောင်းဝတ်တွေရော ၊ ရပ်မိရပ်ဖ ဖြစ်ဟန်တူသူတွေရောဆယ်ယောက်ခန့် ဓါတ်မီး တကိုင်ကိုင်နဲ့ … ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို စစ်နေပါတယ် …. ။ ကားတွေလို့ပြောပေမယ့် … လိုင်းကားတွေကို မစစ်ပဲ …ပရိုက်ဗိတ်ကားတွေနဲ့ … taxi တွေကိုသာ စစ်တာပါ … ။ သူများကားတွေကို စစ်နေတုန်းကြောင့် ကိုယ်စီးတဲ့ကား အလှည့်ရောက်ဖို့ ခဏတာ စောင့်စားရပါတယ် …. ။

ကျွန်မစီးလာတဲ့ကား အလှည့်ရောက်တာနဲ ့…တာဝန်ရှိသူဟုယူဆရသော ရဲယူနီဖောင်းနှင့် အသက်လေးဆယ့်ခန့် အမျိုးသားဦးဆောင်သော လူတစ်စုက ဓါတ်မီးကိုယ်စီဖြင့် ဒရိုင်ဘာရှေ့ခန်းကိုရော … ကျွန်မထိုင်နေတဲ့ နောက်ခန်းကိုပါ … ကာထားတဲ့ မှန်ကိုမျက်နှာကပ်ကာ ပြူးတူးပြဲတဲရှာပါတယ် … ။  မိန်းမတစ်ယောက်တည်းကိုရှာတဲ့ကားက သူများကားကို စစ်တဲ့ အချိန်ထက် ပိုမိုကြာနေတာ …. ကျွန်မရဲ့ သွင်ပြင်က မသင်္ကာစရာကောင်းလို ့ပဲ ဖြစ်ရမယ်လေ …  😀  … ကားမှန်ပိတ်ထားတာကို လက်ဆစ်နဲ့ တဂေါက်ဂေါက်ခေါက်ပြီး … မှန်ချခိုင်းပါတယ် … တစ်ခုခုပြောချင်လို့ စစ်ချင်လို့ ဖြစ်မယ်ဟု တွေးပြီး ကျွန်မ ကားမှန်ချပေးလိုက်တယ် …. ။

ထိုရဲယူနီဖောင်းနှင့် လူက ကျွန်မပေါင်ပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ကို ဓါတ်မီးနဲ့ ထိုးပြီး … ဒါဖွင့်ပြပါလို့ ပြောတယ် … က ွန်မလည်း … အိတ်ဖွင့်ပြလိုက်တယ် …. ။ အိတ်ဖွင့်တာနဲ့ ..သူ့လက်ကြီးနဲ့ … အိတ်ကိုဖြဲပြီး အိတ်ထဲမှာ ဘာပါလာမလဲလို့ ရှာပါတော့တယ် … ။ အိတ်ထဲမှ တစ်စုံတစ်ရာကို ကိုင်ပြီး ဆွဲထုတ်လိုက်သော အခါ … ကျွန်မဖုန်းအားသွင်းတဲ့ ကြိုးကြီးပါလာပါတယ် … ။ ပလပ်ဂေါင်းကတော့ .. အိတ်ထဲမှာပဲ ကျန်ခဲ့ပြီး … USB ချိတ်တဲ့အစွန်းတဖက်နဲ့ …တဖက်က ဖုန်းနဲ့ ချိတ်တဲ့ဘက်ပါလာသော … ကေဘယ်ကြိုးတစ်ခုကို ကိုင်ပြီး …အသံပြဲကြီးနဲ့ … ဒါဘာလဲတဲ့ … ။ သူများ ကားတွေ စစ်တာထက်ပိုပြီး အချိန်ကြာကြာ စစ်ခံရတာရယ် … ဖုန်းအားသွင်းတဲ့ ကြိုးကြီး ကိုင်ပြီး ဒါဘာလဲလို့ …မေးခံရတာရယ်ပေါင်းပြီး … စိတ်နည်းနည်းပေါက်သွာတာနဲ့ … ကြိုးလေ … မမြင်ဘူးလားလို့ ငေါ့လိုက်တယ် … ။

ကျွန်မရဲ့ အဖြေကို ဇဝေဇဝါဖြစ်သွားတယ်ထင်ပါရဲ့ … ဘာကြိုးလဲ ထပ်မေးပြန်တယ် … ။ ကျွန်မလည်း  စကားကောင်းကောင်း ရှည်ရှည်ဝေးဝေးမပြောချင်တာနဲ့ …  ဘာကြိုးရမှာလဲ ဖုန်းကြိုး လို့ ခပ်ပြတ်ပြတ်ပဲ အလွယ်ပြောလိုက်တယ် … ဖုန်းကြိုးလို့ဖြေလိုက်မှ ပို စိတ်ဝင်စားသွားတယ်ထင်ပါ့ … (သူ ့စိတ်ထဲ ဖုန်းကြိုးဆိုတာ အလိမ်အကောက်ပဲ မှတ်တယ်ထင်ပါ့ ) … ဖုန်းအားသွင်းတဲ့ ကြိုးလို့ မပြောပဲ ဖုန်းကြိုးလို့ပြောတဲ့ ကျွန်မကို … ဒါဆို ဖုန်းက ဘယ်မှာလဲလို့ ရစ်ပြန်တယ် … ။

ပေါက်ကွဲချင်နေတဲ့ ယမ်းပုံပေါ် မီးစာ လာချသလိုပါပဲ … ဒေါသအငွေ့တွေ တရိတ်ရိတ်တက်လာခဲ့တယ် … သူများကားတွေကို စစ်တာ တကယ် စစ်တာ မဟုတ်သလိုပဲ .. အိတ်ရောဖွင့်ကြည့်ရဲ့လား မသိ …ဖွင့်ကြည့်လျှင်တောင် .. အထဲက ပစ္စည်းဘယ်နှစ်ခုရှိသလဲ သေချာကြည့်မကြည့် မပြောတတ်တော့ပါဘူး … ကျွန်မကတော့ အရစ်ခံနေရတာ အသေချာပါပဲလေ .. .။ ဗိုက်ကလည်းဆာ … သက်သက်လည်း ရစ်ခံနေရာမို့ … သူဖုန်းက ဘယ်မှာလဲလို့ မေးတာ ပြန်မဖြေပဲ … ကိုယ့်ဒေါသကိုယ် ပြန်ထိန်းထားမိပါတယ် …. ။ အလိုက်မသိတာပဲလား … မိန်းမတစ်ယောက်တည်းကြောင့် ရစ်ချင်တာလား တကယ်သံသယရှိလို့ပဲလား မပြောတတ်ပဲ … ကျွန်မ ကို ထပ်မေးတယ်လေ … ။ ဖုန်းပြပါတဲ့ … ။

ရာရာစစ ၊ ဖုန်းတောင် ပြရဦးမယ်ဆိုပဲ …. ကျွန်မဖုန်းကို ကျွန်မဘဲတောင် မပြပဲ ယူမကြည့်ဘူး(သူ့စည်းနဲ့သူ)  …. သူတို့က ဖုန်းကို ကြည့်ပြီး ဘာလုပ်မလို့လဲလို့ အတွေးကြောင်နေပြန်မိတော့တယ် … ။ ဖုန်းဆိုတာကလည်း လူတစ်ယောက်ရဲ့ ပရိုက်ဗိတ်ဒေတာတွေ ရှိနေတတ်တာမျိုးကြောင့် … တော်ရုံ ဘီလူးစည်း ၊ နတ်စည်း ခြားပြီး … ကိုယ့်စည်းနဲ့ ကိုယ် မကြည့်တတ်ကြပါဘူး … ဖုန်းပြခိုင်းပြီး အပြင်ပန်း ကြည့်ရုံမက … ဖုန်း ထဲက ဒေတာတွေပါ ကြည့်မယ်ဆို ဘယ်ဖြစ်ပါ့မလဲနော် … ။ ကျွန်မစိတ်ထဲစိုးရိမ်သွားမိတယ် … ။

သူတို့ စစ်ဆေးမှု မပြီးခင် …ကျွန်မငှားလာတဲ့ကားလည်း ထွက်ခွာခွင့်မရသလို ၊ နောက်မှာ မီးတွေ မှိတ်လိုက် ဖွင့်လိုက်လုပ်ပြီး (ဟွန်းမတီးရဲတဲ့ ) ကားတွေ တစီတတန်းကြီး စောင့်နေပါတော့တယ် … ။မီးတွေသာ မှိတ်လိုက် ဖွင့်လိုက်လုပ်ပြီး အချက်ပေးတာ … ဟွန်းသံတော့ ထွက်မလာခဲ့ဘူး …  😀 သူက ဖုန်းကြိုးဆိုလို့ … ဖုန်းကြည့်ချင်တဲ့အခါ … မဖွင့်ပြလျှင် ဒီနေရာက ထွက်မရတာကြောင့်… ပိုက်ဆံအိတ်ထဲက ဖုန်း(ဖုန်းကို ဖုန်းအိတ်နဲ့ ထည့်ထားတယ် ) ကို ထုတ်ပြလိုက်တယ် … ။ ဖုန်းအိတ်ထဲမှာ ဖုန်းရှိကြောင်း ဖွင့်မပြပဲ ပြလိုက်တာကို … သူ့စိတ်ထဲ ဘာမှတ်သွားလည်းမသိ … ကျွန်မကိုပြောတယ် .. ပိုက်ဆံအိတ်ပြခိုင်းတာ မဟုတ်ဘူး …. ဖုန်းပြတဲ့ … ။ အတော်ဝေးတဲ့ လူမို့ ကျွန်မလည်း စိတ်ညစ်ရပြန်တယ် …. ။

ဒါပိုက်ဆံအိတ်မဟုတ်ဘူး … ဖုန်းအိတ် … သေချာကြည့် .. ဟော့ဒီ ဇစ်လေးဖွင့်လိုက်လျှင် .. ဟော့ဒီလို ဖုန်းရှိတယ် … ကဲ မှတ်ပလား လို့ … ပြန်ပြောတော့ … ခုနက ကြိုးက ဘယ်နားမှာ သုံးတာလဲတဲ့…  ။ တကယ်မသိတာပဲ လား … ရစ်ချင်တာလား မပြောတတ်ပေမယ့် …သူ့မျက်နှာက သိချင်စိတ်ပြင်းပြနေတာကတော့… ရိုးသားသယောင်ယောင်လေ .. ဒါဆို သူတကယ် မသိတာပဲဖြစ်ရမယ် … ။ ဒေါသထွက်ရမယ့်အစား … ဖုန်းကြိုးဘယ်နားတပ်လဲ မသိတဲ့ လူကို သနားလို့တောင် လာပါသေးတယ်  😀

ဗိုက်ထဲက အချက်ပေးသံကြောင့် အိမ်မြန်မြန်ပြန်ချင်တာနဲ့ … စိတ်ကလေး နည်းနည်းရှည်ရှည်ထားပြီး … ဒီကြိုးကို ဒီအပေါက်မှာ ဒီလိုတပ်ရတယ် ..ပြီးရင် ဒီပလပ်နဲ့ … အားသွင်းတာ … ရပြီလားလို့ဆိုတော့… အခုမှ ပေါက်သွားတော့တဲ့ပုံနဲ့… ပြုံးဖြီးဖြီးနဲ့… ။ အော် … ဟုတ်လား … ။ ကြိုးဆိုတော့… ဘာမှန်းမသိလို့ သေချာစစ်တာပါ … စိတ်မရှိပါနဲ့ ခင်ဗျာ ကျွန်တော်တို့က တာဝန်အရ  ထမ်းဆောင်ရတာပါဆိုပြီး …ကားမောင်းသူဘက် လှည့်ကာ … ကိုင်းဆရာ သွားတော့ရပြီတဲ့လေ … ။

သူ့စကားလည်းဆုံးရော … ဘယ်အချိန်ကတည်းက မောင်းဖို့ ပြင်နေမှန်းမသိတဲ့ ကား ဒရိုင်ဘာကလည်း ….. အပြေးသမားများ တာလွှတ်ဖို့စောင့်နေသလို …ဝူးခနဲ မောင်းထွက်လာခဲ့ပါတော့တယ် …. ။ စစ်ဆေးရေး အဖွဲ့လည်း …တခြားကားတွေကို စစ်ရင်း ကျန်ခဲ့ပါတော့တယ် … ။

ရယ်စရာတော့ကောင်းသားနော် …ဒီလမ်းနေ့စဉ်ဖြတ်နေတာ … တစ်ခါတစ်ရံကလွဲပြီး တခြား ဘာအစစ်ဆေးမှ မရှိပါပဲ …မြို့တော်ခန်းမမှာ ဖြစ်ခဲ့တဲ့ ဗုံးကိစ္စပြီးမှ စစ်ဆေးရေးတွေ တင်းကြပ်လာတယ်လို့ ဆိုရမယ် … ဒါကြောင့်လည်း ကြိုးမြင်လျှင် ဘာမှန်းမသိ ပိုမိုစစ်ဆေးတာဖြစ်မယ်လို့ … ဆက်စပ်တွေးမိပါတယ် …။ ကြိုးမြင်လို့စစ်မယ်ဆိုလျှင်တောင် … ဘာကြိုးက ဘယ်လိုသုံးတယ်ဆိုတာလောက်တော့ .. ဗဟုသုတအဖြစ်နဲ့ သိထားသင့်တယ်လို့ ထင်ပါတယ် … ။ တကယ်သာ လုံခြုံရေးကြောင့်ရှာမယ်ဆိုလျှင် … ပရိုက်ဗိတ်ကား ၊ taxi ကား တွေတင်မကပဲ … လိုင်းကားတွေကိုလည်း ရှာသင့်ပါတယ် … ။ လိုင်းကားတွေကိုကျတော့ ပိုက်စိပ်တိုက်မရှာပဲ … ကားသေးလေးတွေကို သေချာရှာတာ… တကယ်တမ်း မသာမာသူသာဆို … အစစ်ဆေးမရှိတဲ့ လိုင်းကားစီးဖို့ပဲ … စီးဖို့ …. ရွေးချယ်မိမယ် ထင်ပါတယ် ….. ။ ။

 

42 comments

  • windtalker

    November 1, 2011 at 12:00 pm

    နောက်ကို ၊ ဟိုနေ ့က ပို ့စ်ထဲက
    အကောင်လေး တစ်ကောင် ဝယ်ပြီး အိတ်ထဲ ထည့်ထားနော်
    သိလား
    🙂

    • etone

      November 1, 2011 at 12:18 pm

      ဟုတ်တယ်ကိုပေရေ… တစ်ကောင်လောက် ထည့်ထားမလား တွေးဖူးတယ် … ။
      ဟိုးတလောက် အိုးရှင်း ရှောပင်းစင်တာ တခုမှာ စစ်မလို့ အိတ်ဖွင့်ကာရှိသေး .. မြွေရှိတယ်ဖြည်းဖြည်းဖွင့်ဆိုတော့… ဖွင့်မယ့် မိန်းမ မဖွင့်ရဲတော့ပဲ … ဘေးက ဝန်ထမ်းယောကျာ်းတယောက်ကို ဖွင့်ခိုင်းတယ်လေ .. ဟိုလူလည်း (ဘာမှမကြားလိုက်တော့) ခပ်တည်တည်နဲ့ ဖွင့်ပြီး … စစ်ကြည့်ဘာမှမတွေ့တော့ပြန်ပေးလိုက်တယ် … ။ ဟိုမိန်းမကတော့ .. မျက်လုံး အပြုံးသားနဲ့ … ငါတော့ ခံလိုက်ရပြီလို့ ငေးရင်း …. ကျန်ခဲ့ပါတော့တယ် 😀

  • Moe Z

    November 1, 2011 at 12:10 pm

    ဟား ဟား .. ဟန်းဖုန်းမကိုင်ဖူးတဲ့သူဖြစ်မှာပေါ့ မမအိတုံရယ်
    ဒါနဲ့မသင်္ကာစရာကောင်းအောင် မျက်မှန်အမည်းကြီးတော့မတပ်ထားဘူးမဟုတ်လား
    ညဘက်ဆိုတော့ 😀

    • etone

      November 1, 2011 at 12:20 pm

      ဟီးဟီး ကိုယ့်ရုပ် ဘာရုပ်ပေါက်နေသလဲတော့ မသိဘူး .. Moe Zရေ …တနေ့လုံး အလုပ်လုပ်ပြီး ပြန်လာ … မည်းသဲ စုတ်ပြတ်နေတာ … ဗိုက်ကလည်းဆာသေးဆိုတော ့ နီဂရိုးလေး ငတ်နေတဲ့ပုံနဲ့ ဆင်တော့ဆင်မယ် :mrgreen: ဒီဥပဓိရုပ်ကြောင့် သေချာစစ်တာဖြစ်မယ် ဟဲဟဲ ။ 😛

  • နွယ်ပင်

    November 1, 2011 at 12:14 pm

    ဟုတ်တယ် etoneရေ မနေ့က ဗုံးကိစ္စကြောင့် အဲနားမှာ
    စစ်ဆေးရေးတွေ တင်းကြပ်ထားတာလေ
    ဒါပေမယ့် ဗုံးကိစ္စကြောင့် စစ်ဆေးတဲ့ သူက အဲလောက်တောင်
    တုံးရလား တကယ့်လို့ဗုံးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းဆိုရင်တော့
    သူက အဲလောက်တုံးနေတော့ သိမှာဟုတ်လို့လား ……

    • etone

      November 1, 2011 at 12:45 pm

      အစကတော့ ဒေါသထွက်သွားတယ် …နောက်ပိုင်းသူ့အူကြောင်ကြောင်နိုင်ပုံက ရယ်စရာဖြစ်လာခဲ့တယ်လေ … ။

      • Diamond Key

        November 1, 2011 at 1:27 pm

        တော်နေမှတော့၊ ဒီလိုမအူကြောင်ရင် အဲဒီစစ်နေတဲ့နေရာမှာ သူဘယ်ရှိနေပါ့မလဲ နွယ်ပင်တို့ etone တို့ရယ်။

  • thit min

    November 1, 2011 at 12:23 pm

    အဘ မျှော်နေလိမ့်မယ်၊ မြန်မြန်သွားမှဖြစ်မယ်လို့ ပြောလိုက်တာမဟုတ်ဘူး။
    Taxi ကလဲစီးပ။

    • etone

      November 1, 2011 at 12:49 pm

      ကိုသစ်မင်းရေ… အဲ့လိုပြောလို့ကလည်း မရဘူးလေ … ။ ကိုယ်က မီနီစကတ်နဲ့ အကျီ င်္ ကြိုးပျောက်ဝတ်ထားပြီး … မျက်နှာမှာလည်း ဆေးရောင်စုံနဲ့ဆို ဟုတ်တုတ်တုတ် … ။ အခုဟာက .. စက်ရုံက အပြန် … ညည်းစိစိ …. စုတ်တီးစုတ်ပြတ်နဲ့ …အဘအိမ်က အိမ်ဖော်တောင် ကျွန်မလောက် ပုံပျက်ပန်းပျက် ဖြစ်နေမှာ မဟုတ်လောက်ဘူး .. ဟီးဟီး … :mrgreen:

      • Diamond Key

        November 1, 2011 at 1:29 pm

        Aww! ဒါကြောင့်ကိုး၊
        ဒါဆို အပေါ်မှာ မန့်လိုက်တာတောင် မှားပြီထင်တယ်။
        ဒါဆိုရင်တော့လည်း…………….လေ

  • good

    November 1, 2011 at 12:32 pm

    မယ်မင်းကြီး မ etone ရယ် သူအစစ် ခံရတာ နဲ့ ပဲ လိုင်းကားပါ ပိုက် စိတ်တိုက် ရှာခိုင်းနေတာ တော့ မကောင်းပါဘူး နော်။
    လိုင်းကားတွေကျောက်ချ ထောက် ရ တဲ့ အထဲ etone ပြောသလို သာ စစ်လို့ ကတော့ လိုင်း ကားစီး ရုံး သွား ပြန် နေ ရ သူ အပေါင်း ရုံးအိပ်ရုံးစား သာ လုပ်ရတာ့ မည့် အကြောင်း ကြေညာ မောင်း ခတ် ရ ပါ သည်။

    ပုံ
    ဖုံး နှင့် ကား မပိုင်သေးသူ။

    • etone

      November 1, 2011 at 12:47 pm

      ဟီးဟီး … အဲ့လိုမဟုတ်ပါဘူး good ရယ် … နည်းနည်းဖွချင်ယုံလေးပါ … ။ သူတို့ အတွေးလေးကို ပြောတာပါ … ဘယ်နှယ့် .. ဒီလမ်းသွားတာ ကား ၊ ဆိုင်ကယ် ၊ စက်ဘီး အစုံပါ … ဘာလို့ ပရိက်ဗိတ်ကားနဲ့ အငှားကားကိုပဲ စစ်သလဲ … တွေးကြည့်ရင် ရယ်စရာကောင်းနေလို့ … နည်းနည်း အချွန်နဲ့မတာ… ။ 😀

  • we R one

    November 1, 2011 at 12:55 pm

    ဗုံးကိစ္စကြောင့် ကိုယ်ပိုင်ကားတွေနဲ ကက တွေပဲ စစ်တယ်ဆိုတော့.. အဲဒီ ဗုုံးထောင်တဲ့ လူက ကိုယ်ပိုင်ကား ဒါမှမဟုတ် ကက ပဲစီးတယ် လို့ဆိုလိုတာပေါ့နော်.။ ဗုံးထောင်တဲ့ သူ က လို်င်းကား စီးပြီးသွားနေရင် ဘယ်လိုလုပ် သိမှာလဲတဲ့..:D

    • etone

      November 1, 2011 at 2:00 pm

      ဗုံးထောင်တယ်ဆိုတာကလည်း … ပစ္စည်းဖိုး ဘာဖိုး ရင်းရသေးတယ်ဆိုတော့လည်း … ကားစီးနိုင်လောက်တဲ့ လူတန်းစားလို့ထင်ပုံရတယ် .. ဟီးဟီး … ဟုတ်မဟုတ်တော့ .. ရဲထဲက အသိရှိသူတွေ မေးပြီး ပြန်ပြောပြပေးကြပေါ့နော် … ။ 😀
      etone တို့က ဗုံးမပြောနဲ့ … ဗုံတောင်မဝယ်တီးနိုင်ဘူး … 😀

  • အီးတီ

    November 1, 2011 at 1:38 pm

    ဟုတ်ပ အမ အီးတုံ။ အဲဒီ ရဲတွေက သူ ့ အဘ ကားဆို မတားရဲဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2011 at 1:48 pm

    ရတဲ့သတင်းက
    ကိုယ့်ဘာသာကိုယ်ထောင်ပြီး ကိုယ့်ဘာသာကိုယ်ပြန်တွေ့တဲ့ ဗုံးနဲ့ပတ်သက်ပြီး
    တံတားထိပ်မှာရှာတာ
    ဖုံးကြိုးဆိုပြီးပြောလို့ ဆက်လက်ရှာဖွေတာ
    ပိုက်ဆံအိပ်ထဲက မျက်နှာသုတ်ပဝါတွေပါ တွေ့ဒယ်ဆို 😀
    အဲ့သည်ချိန် ကျုပ်က တံတားအောက် အရက်ဆိုင်မှာ ရှိနေတာ
    သတင်းရလို့ထွက်ကြည့်တာ ဘော်ဒီခပ်ပါးပါး ခပ်တောင့်တောင့်နဲ့
    သိပ်မိုက်တဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တာ
    ဪာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်……..အိုက်ဒါ ဒေါက်တာအီးဒုံးလား

    • စုံ စုံ

      November 1, 2011 at 2:03 pm

      ကိုပုပြောတာကိုမျက်လုံးထဲပုံဖော်ကြည့်နေတာ
      ဘော်ဒီခပ်ပါးပါး ခပ်တောင့်တောင့်ဆိုတော့
      ပါးလဲပါးတယ် တောင့်လဲတောင့်တယ်ပေါ့နော်
      တညိုးကြီးဘဲ 😛

      etone ရေသူတို့ကဘာမှန်းညာမှန်းမသိလို့သာ
      ဘာမှန်းညာမှန်းသိတဲ့သူတွေက သူတို့ကိုကတုံးပေါ်ထိပ်ကွက်နေတာပေါ့
      အဲ့လိုအထီးမှန်းမသိ အမမှန်းမသိတဲ့သူတွေကိုအရင်ထရိန်းပေးသင့်တယ်
      ဒါကအထီးဟဲ့ ဒါကအမဟဲ့နဲ့သေချာသိမှဒီလိုနေရာပေးသင့်တာ
      ခုတော့ ဟွန်း

      • etone

        November 1, 2011 at 2:07 pm

        ဟီးဟီး .. စုံစုံရေ… အထီးတွေ အမတွေတော့ သေချာ ခွဲခြားသိမှာပါ … တကယ် တကယ် … 😆

    • etone

      November 1, 2011 at 2:06 pm

      ပိုက်ဆံအိတ်ထဲမှာ မျက်နှာသုတ်ပဝါတွေ မဆောင်တတ်ဘူး အဘပု … ဟဲဟဲ … 😉
      မမြင်သင့်မမြင်အပ်တာတွေလည်း မဆောင်ဘူး… ။ လူမြင်ကောင်းတဲ့ ပစ္စည်းတွေပဲ ထည့်ထားတယ် … ဘီးတို့ မှန်တို့ပြောပါဒယ် :mrgreen:

      • Koyin Sithu

        November 1, 2011 at 2:34 pm

        မအိတုံးရေ.. တခါက ကျွန်တော် ရွှေပြည်သာက ပြန်အလာမှာ..
        ဒညင်းကုန်းနားရောက်တော့ ကျွန်တော် ငှားလာတဲ့ တက်စီကို
        ဖမ်းတားပြီး စစ်ပါလေရော… ကျွန်တော့်ပုံကလဲ ကိုရီးယားကားတွေထဲက
        စပိုင်မင်းသားလိုလိုဖြစ်နေတာလဲ ပါမှာပေါ့… ညီလေး အောက်ဆင်းပြီး အိတ်ဖွင့်ပြပါတဲ့..
        ကျွန်တော့် အိတ်ကြီးကလည်း တော်တော်ဖောင်းတယ်.. ပြီးတော့
        ယမ်းတောင့်သဒန်နဲ့ ဖောင်းနေတာဆိုတော့ မသင်္ကာဖြစ်သွားတယ်နဲ့
        တူတယ်.. ကျွန်တော်လည်း ဖွင့်ပြလိုက်တော့မှ…. ကိုယ့်ဆရာတွေက ပြုံးပြီး
        ညီလေးနဲ့ အကြိုက်ချင်းတူနေပြီဆိုလားပဲ….
        အိတ်ထဲမှာပါတာတွေကတော့ Beer Chang ဘူးရှည်လေးတွေနဲ့… ဝီစကီ ၄ပတ်ပုလင်းလေးတွေ
        ဆတ်သားခြောက်အချောင်းလေးတွေဖြစ်လေတော့သတည်း… (ဒါတော့ လူမြင်ကောင်းမယ် ထင်ပါတယ်)

  • pan pan

    November 1, 2011 at 1:49 pm

    ကကတွေကို ဘာလို့ဦးစားပေးစစ်တာလဲဆိုတော့
    ဟိုတနေ့က သင်္ဃန်းကျွန်းဖက်မှာ ကကတစ်စီး CNGပေါက်တယ်ဆိုတာလေ
    အဲဒါ ဗုံးပေါက်တာတဲ့တော့

  • pooch

    November 1, 2011 at 2:02 pm

    အဲ့ဒီစစ်တဲ့ ရဲတွေကို ပိုတောင်သနားသေးတယ်….ဖြစ်မှဖြစ်ရလေ….ဖုန်းကြိုးတောင် မမြင်ဖူးသူများက
    လုံခြုံရေးတာဝန်ယူပြီးစစ်နေရတာဆိုတော့ ….. အင်း ……ဆက်ပြောရင်လည်း……….

    တကယ့်တကယ့် အများပြည်သူလုံခြုံရေးကို သာ သူတို့ လက်ကို ဝ ကွက်အပ်ပြီး ယုံစားရမယ်ဆိုရင်တော့…

    အရည်အချင်းပြည့်ဝသော အများပြည်သူကို အမှန်တကယ်စောင့်ရှောက်နိုင်စွမ်းရှိသော …. ပြည်သူ့ရဲဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိခဲ့တာလား မသိဘူး…….. ………

  • Koyin Sithu

    November 1, 2011 at 2:30 pm

    မအိတုံးရေ.. တခါက ကျွန်တော် ရွှေပြည်သာက ပြန်အလာမှာ..
    ဒညင်းကုန်းနားရောက်တော့ ကျွန်တော် ငှားလာတဲ့ တက်စီကို
    ဖမ်းတားပြီး စစ်ပါလေရော… ကျွန်တော့်ပုံကလဲ ကိုရီးယားကားတွေထဲက
    စပိုင်မင်းသားလိုလိုဖြစ်နေတာလဲ ပါမှာပေါ့… ညီလေး အောက်ဆင်းပြီး အိတ်ဖွင့်ပြပါတဲ့..
    ကျွန်တော့် အိတ်ကြီးကလည်း တော်တော်ဖောင်းတယ်.. ပြီးတော့
    ယမ်းတောင့်သဒန်နဲ့ ဖောင်းနေတာဆိုတော့ မသင်္ကာဖြစ်သွားတယ်နဲ့
    တူတယ်.. ကျွန်တော်လည်း ဖွင့်ပြလိုက်တော့မှ…. ကိုယ့်ဆရာတွေက ပြုံးပြီး
    ညီလေးနဲ့ အကြိုက်ချင်းတူနေပြီဆိုလားပဲ….
    အိတ်ထဲမှာပါတာတွေကတော့ Beer Chang ဘူးရှည်လေးတွေနဲ့… ဝီစကီ ၄ပတ်ပုလင်းလေးတွေ
    ဆတ်သားခြောက်အချောင်းလေးတွေဖြစ်လေတော့သတည်း…

  • manawphyulay

    November 1, 2011 at 2:36 pm

    ဟဟ ကြုံမှကြုံတတ်တယ်။ မနောလည်း စစ်ရင်ဒုက္ခ ဒီနေ့ ကင်မရာအားသွင်းတဲ့ အဲလိုပုံစံကြိုးတစ်စုံပါလာတယ်။ ဖုန်းတော့ပြစရာမရှိဘူး။ ကြိုးတောင် ဘယ်နေရာ ဘာသုံးတာ မသိရှာဘူးနော်။ အံ့ဩမိပါရဲ့။

  • yaungchikha

    November 1, 2011 at 3:10 pm

    စစ်ဆေးရေးတာဝန်ရှိတဲ့လူက Electronic ပစ္စည်းတွေကို အခြေခံအဆင့်တော့ လေ့လာသင်ယူထားသင့်တယ်နော်၊ ဖုန်းကြိုးကိုတောင် ဘာမှန်းညာမှန်းမသိဘူးဆိုတာတော့ မဖြစ်သင့်ဘူးလေ၊ အဲ့လိုလူမျိုးတွေကိုလည်း စစ်ဆေးရေးအနေနဲ့ တာဝန်မပေးသင့်ဘူးထင်တာပဲလေ….. 🙂

    • etone

      November 1, 2011 at 3:26 pm

      အင်း … ဘယ်လိုပြောရမလဲ မသိတော့ဘူး … ။ အခုလိုစစ်တဲ့နေရာကလည်း တစ်နေရာတည်းမဟုတ်တော့ လျှပ်စစ်ကျွမ်းကျင်သူဆိုတာကလည်း … လူအင်အား အကန့်သတ်နဲ့လေ …တာဝန်ခွဲဝေ ချထားပေးမှုလုပ်တဲ့အခါ နေရာအများကို အကုန်ရောက်ဖို့ဆိုတာမျိုး အခက်ခဲလည်းရှိပါလိမ့်မယ် … ။

      တစ်ချို့ တွေလည်း တာဝန်နဲ့ ဝတ္တရားပဲ နားလည်ပြီး ပြင်ပ ထိတွေ့မှု မရှိတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ် … လျှပ်စစ်ပစ္စည်း အသုံးဆောင်ဆိုတာကလည်း မသုံးလျှင်တောင် သူများကိုကြည့်လျှင် အသုံးပြုပုံသိလို့ရပေမယ့် … ဘေးပတ်ဝန်းကျင်မှာလည်း အတူတူတွေပဲဆိုလျှင်တော့ … ခေတ်ကို နည်းနည်း မျက်ခြေပြတ်သွားသလိုဖြစ်လိမ့်မယ် … ။

    • small cat

      November 5, 2011 at 8:20 am

      ရဲဝန်ထမ်းတွေထဲမှာ မိုဘိုင်းဖုန်းနဲ့မထိတွေ့ဘူးသေးတဲ့သူတွေအများကြီးရှိနေပါသေးတယ်။
      ဒုရဲအုပ်တိုင်းမှာတောင် လူစုံအောင် မိုဘိုင်းဖုန်းမကိုင်နိုင်ကြသေးပါဘူး၊
      ပြည်သူတွေထဲမှာလည်း တော်တော်အလှမ်းကွာနေကြပါသေးတယ်၊သူတို့ကို အပစ်ပြောလို့မရပါ။
      ဘယ်သူ့ကိုအပစ်ပြောရပါ့မလဲ။

      ကိုရင်စည်သူက အရက်ကြော်ညာနှစ်ခါတောင်ဝင်နေလား၊
      ကိုရင် နဲ့ အရက် မအပ်စပ်ပါဘူးဗျာ၊ ကြောင်လေးပြန်ကိုုစွန့်လိုက်ပါလား၊အကျိုးရှိသွားအောင်ပါ။

      • etone

        November 5, 2011 at 9:17 am

        ဟုတ်ပါတယ် ကြောင်လေးရေ … ဝန်ထမ်းတိုင်းတောင် ဖုန်းနဲ့ ထိတွေ့မှုမရှိတဲ့ လူတွေရှိသေးတယ် … ။ အခုလူက ပခုံးမှာ အပွင့်မတွေ့ရပဲ … လက်မောင်းမှာ အရစ်(ဘယ်နှစ်ရစ်လဲ မပြောချင်တော့ပါ …. သူ့ပရိုက်ဗိတ်ဆီအတွက်) ပါတော့ .. (ဒုတပ်ကြပ်၊တပ်ကြပ်၊ တပ်ကြပ်ကြီး) တပ်ကြပ် အမျိုးစား တစ်ခုထဲကပါပဲ … ။ 🙂

  • chityimhtoo

    November 1, 2011 at 6:27 pm

    ပါးပိတ်ရိုက်ပစ်လိုက်ဗျ။အိတုံကမိန်းခလေးရိုက်ပိုင်ခွင့်ရှိတယ်။ဖြစ်လာရင်လည်းရှင်းလို့ရတယ်။ဒီလို
    နလဗိန်းတုန်းဘက်ကဘယ်လူကြီးမှမလိုက်ဘူး။အဲ့ဒါမျိုးကြုံလို့ကတော့လုပ်သာလုပ်စမ်းပါ။
    ကိုယ်ပိုင်ကားနဲ့လာတဲ့လူတွေမီးတောက်ပြီးအတင်းဝင်ရင် ခုန်ပြီးတောင်ရှောင်ပေးတယ်။
    နောက်တစ်ခါပိုက်ဆံအိပ်ထဲငရုပ်ကောင်းမှုန့်ထည့်ထား ဖွင့်ပြလို့ရစ်ရင် ငရုပ်ကောင်းမှုန့်နဲ့ပက်ပစ်လိုက်။

    • etone

      November 2, 2011 at 9:33 am

      အောင်မလေး လေး …chityimhtooရေ … ကျွန်မကို စွာတာကနေ ရိုင်းတာပါ ဖြစ်အောင်လို့လား … ။ ကျွန်မစွာတယ်ဆိုတာကလည်း အကြောင်းမဲ့တော့မဟုတ်ဘူး … တဖက်လူရဲ့ ပြုမူမှုပေါ်မူတည်ပြီး တုန် ့ပြန်တာ ကွာသွားတာမျိုး ။

      အကြမ်းဖက်တာ မဟုတ်လို့ …ငရုပ်ကောင်းမှုန် ့နဲ့ ပက်စရာလည်း မလိုဘူးလေ … ။ ကိုယ့်ကိုထိကပါး ရိကပါး လုပ်တာမဟုတ်လို့ ဒီကိစ္စက ပါးရိုက်စရာလည်း မလိုဘူး …. …. ။
      သူတို့ကလည်း တာဝန်အရ ရှာပါဆိုလို့ ရှာရရှာတယ် … ။ အဓိကက လိုအပ်တာထက် ပိုရစ်သလိုဖြစ်သွားတာလေးကို စိတ်ခုသွားတာပါ … ။ ဒီကြားထဲ … ဖုန်းကြိုးတောင် ဇဝေဇဝါဖြစ်နေတာမို့ … ဘုတောလိုက်မိတာလေး …. ရွာထဲမှာ ပြန်ချပြတာ … ။ ဒေါသလည်းထွက် ရယ်စရာလည်းကောင်းတဲ့ အဖြစ်ပျက်လေးကိုပြန်ရေးပြတာပါ … ။ 🙂

    • AKKO

      November 2, 2011 at 9:55 am

      မြှောက်ပေးနေတယ် ။ ဟိုက လက်သွက်ခြေသွက်နဲ့ စိတ်ကလည်းမြန်ပါ့ တီးလိုက်မှ အိမ်ကလူတွေ လိုက်ရှင်းနေရဦးမယ် 😀

  • chityimhtoo

    November 1, 2011 at 6:34 pm

    ဒီလိုဘဲကျွန်တော်လည်းတစ်ခါကြုံဖူးတယ်။ဧည့်စာရင်းလိုက်စစ်တာ သာမာန်ပြည်သူတွေအိမ်ကိုလိုက်စစ်တယ်။မာဆက်တွေကိုကျတော့ကြိုသတင်းပေးထားလို့လုံးဝမစစ်ဘူး။
    ကျွန်တော်တို့ဆီလာစစ်တော့ ခင်ဗျားကျုပ်တို့ကိုစစ်ရင်အားလုံးကိုစစ်မာဆက်ပါစစ် မသိရင်ကျုပ်လိုက်ပြ
    မယ်။အားလုံးတူတူစစ်ဆိုတော့ ဘာမှတောင်မပြောဘူးပြန်လှည့်သွားတယ်။မြန်မာနိုင်ငံမှာနေတဲ့
    မြန်မာနိုင်ငံသားတွေချည်းဘဲ ရာဇဝတ်မှူ့ကျူးလွန်ထားတဲ့လူတွေမဟုတ်ဘူး ဘာမှကြောက်စရာမလိုဘူး။

  • ကြောင်ကြီး

    November 2, 2011 at 9:57 am

    ဗုံးခွဲတာတွေက မိုဘိုင်းဖုံးနဲ့ ခွဲကြတာများတယ်။ ဗုံးကိုဖုန်းနဲ့ ချိတ်ထားပြီး အချိန်ကြမှ ဖုန်းဆက်ခေါ် ခွဲတယ်လို့ အကြမ်းဖျဉ်းသိထားတယ်။ ဖုန်းထဲကို ဝင်လာတဲ့ လျှပ်စီးအားနဲ့ ဗုံးဘက်ထရီကို နှိုးခွဲတဲ့ သဘောလို့ထင်တာပဲ။ လက်ဘနွန် ဝန်ကြီးချုပ် ဘီလျံနာသူဌေးကြီးကို လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က အဲလို အသေခံဗုံးခွဲ လုပ်ကြံတာ။ ထောက်လှမ်းရေးကလဲ ကြိုသိထားလို့ သူ့ကားတန်းဖြစ်သွားရင် ကားရဲ့ပေငါးရာလိုမျိုး ပတ်လည်မှာ ဘယ်မိုဘိုင်းဖုန်းမှ မမိတော့ဘူ။ ကားတန်းထဲက အီလက်ထရွန်းနစ် စက်ဆင်ထားတဲ့ ကားတစီးနဲ့ လေထဲကလျှပ်စစ်လှိုင်းတွေ ယာယီဖျက်ပစ်တယ်။ မြို့လယ်ခေါင် အရောက်မှာ အဲဒီစက်ကို မသုံးဘဲထားလိုက်လို့ အသမခံလိုက်ရတာ။ အီးတုံးပုံကလည်း ဘင်လာဒင် ညီမပုံပေါက်နေတော့ ပိုကြောက်သွားတာ နေမှာပေါ့။

    • etone

      November 2, 2011 at 10:10 am

      တခြားနိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းနဲ့ခွဲတာ … ကားဗုံးခွဲတာတွေရှိပေမယ့် … သူတို့ဆီမှာ ဈေးသိပ်မကြီးလို့ပဲ ဖြစ်ရမယ် 😀 … ဒီမှာတော့ ဟမ်းဆက်တောင် ဈေးကြီးတာ… ကဒ်ပါတဲ့ ဖုန်းတလုံး အနည်းဆုံး ငါးသိန်းလောက်… ဆိုတော့ … 🙄

  • ရွှေဘိုသား

    November 2, 2011 at 10:05 am

    အင်းငါ့အစ်မတော့ ကြုံလိုက်ရင် ရယ်စရာတွေက မျာနေတယ် တကယ်ကို မသိတဲ့ ငတုံးတွေဖြစ်မယ်
    ဦးဇာဂနာ ပြောတာမကြားမိဘူးလား တရားသူကြီူးက စစ်တယ် ခဗျအွန်လိုင်းကနေချက်ရင် ဘယ်မှာချက်သလဲမေတာ ကို Meebo ဆိုတဲ့ဆိုဒ်ကို ဦးဇာဂနာက မီးဘို ပေါ်ချက်တာလို့ပြောတော့ သူတို့ကို ဟာသလုပ်တယ်ဆိုပြီး ထောင်သုံးနှစ်တိုးချတာတဲ့ ခဗျအီးမေးလိပ်စာ ပြောဆိုတော့ Thura6@gmail.com ဆိုတော့ ကျနော်တို့မေးတာ အီးမေးနော် ဂျီမေး မဟုတ်ဘူးလို့ပြောသတဲဗျာ စဉ်းစားသာကြည့်တော့

  • MaMa

    November 2, 2011 at 2:28 pm

    အီတုံးရေ-ကိုယ့်အဖြစ်အပျက်လေးလည်း ပြောရဦးမယ်။
    ဘုရင့်နောင်လမ်းအတိုင်းလာရင် သီရိမင်္ဂလာဈေးမှာ ကားလမ်းပိတ်လေ့ရှိတယ်။
    အဲဒါနဲ့ အေးရိပ်မွန်ထဲက ဖြတ်ထွက်မယ်ဆိုပြီး ဝင်လိုက်တာ အဲဒီမှာ လမ်းဘေးလက်ဖက်ရည်ဆိုင်က လမ်းပေါ်ထိခင်းထားပြီး လမ်းပိတ်နေတယ်။ လမ်းပိတ်ထားတဲ့ စားပွဲဝိုင်းမှာ ရဲ ၃-၄ ယောက် (ယူနီဖောင်းနဲ့) ထိုင်သောက်နေတယ်။ ကားတွေကလည်း ဖြတ်ချင်လို့ တန်းစီပြီး စောင့်နေတယ်။ လိုင်းကားသမားတွေကလည်း သူ့အဘတွေကျတော့ ဟွန်းမတီးရဲဘူး။ ရှေ့လည်းမတိုးရဲဘူး ဖြစ်နေကြတာ လက်ဖက်ရည်သောက်နေတဲ့ ရဲတွေကလည်း တစ်ချက်လှည့်ကြည့်ပြီး သူ့ဖာသာသူ မဆိုင်တဲ့အတိုင်းပဲ ဆက်သောက်နေကြတယ်။ တော်တော်လေးကြာတော့မှ လက်ဖက်ရည်သောက်ပြီးသွားလု့ိထင်တယ် ထပြီးထွက်သွားကြတယ်။ (လက်ဖက်ရည်ဖိုး ပေးမပေးတော့ မသိဘူး။ 😀 ) အဲဒီတော့မှ ဆိုင်က စားပွဲတွေ၊ ကုလားထိုင်တွေ ရွှေ့ပြီး ကားတွေလည်း ထွက်နိုင်တော့တယ်။
    အဲဒီလို အဖြစ်အပျက်ကို ပေါ့ပေါ့လေးပဲ တွေးရမလား။ နဲနဲလေးမှာ ပိုတွေးကြည့်လိုက်ရင်………

    • etone

      November 2, 2011 at 3:01 pm

      အဲ့ဒါမျိုးကြတော့ သက်သက် ဗိုလ်ကျတယ်လို့ ကျွန်မမြင်တယ် ။ တနည်းအားဖြင့် ယူနီဖောင်း အားကိုးနဲ့ မိုက်ရိုင်းတယ်ပေါ့လေ …. ။ တကယ်ဆို ဒီလိုတွေမဖြစ်သင့်ပါဘူး .. ဘုရင့်နောင် လမ်းဆုံ ဆိုတာကလည်း ခဏခဏကား ကြပ် (မကြပ်တဲ့နေ့မရှိ) ဒီကြားထဲ စည်းမဲ့ကမ်းမဲ့ လုပ်ချင်နေတဲ့ လူတွေရှိတော ့… ဘယ်တော့များမှ … 🙄 🙄

  • KMN

    November 2, 2011 at 3:37 pm

    မတုန်ရေ
    ရဲဆိုတာကတော့ လုံခြုံရေးတာဝန်ရှိသူမဟုတ်လား၊ မသင်္ကာသူမှန်သမျှကို စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ဆိုတယ်။ ဒါကို လက်စွဲကိုင်ပြီး လူထုနှောင့်ယှက်မှုဖြစ်/မဖြစ် မစဉ်းစားတော့ပဲ၊
    ဇွတ်အတင်းလုပ်ကြတော့တာပဲ။ ဪ — သူတို့ခမျာမှာလဲ ဖိခံထားရတဲ့ pressureက ဘယ်လောက် တောင်ရှိမှန်းမသိဘူးနော်။ ———

    • etone

      November 2, 2011 at 4:06 pm

      ဟုတ်ပါတယ် KMNရေ … သူတို့ စစ်ရတဲ့ အပိုင်းမှာ တစ်ခုခု လစ်ဟာသွားမှာလည်း စိုးပုံရပါတယ်… ။ ဒီလောက် ပရက်ရှာထားခံရလျှင်လည်း … ဘာလို့ ကားသေးတွေကိုမှ ရွေးစစ်လဲဆိုတာကတော့ စဉ်းစားစရာနော် 😆

  • nayminn

    November 5, 2011 at 12:35 pm

    ရုပ်ချောချောကောင်မလေးတွေဆို ဒီပဲလုပ်နေတာလား တိဘူးနော်..။

  • mummymoon

    November 12, 2011 at 1:05 pm

    တို့နို်င်ငံမှာက စစ်တာနဲ့ ရစ်တာ မကွဲဘူးဖြစ်နေတယ်—- စစ်တာနည်းနည်းကြာသွားရင်လဲ ရစ်တာလို့ ထင်ကြပြန်ရော— တစ်ခုရှိတာက စစ်ဆေးတယ်ဆိုတာကို ဘယ်သူမှ မခံချင်ကြဘူး– ဒါကလူ့သဘာဝ— လူ့ဂုဏ်သိက္ခာနဲ့ဆိုင်နေတာကိုး— စစ်ဆေးမှု လျော့ပီဆိုရင်လဲ မသမာသူက အဲဒါကို အခွင့်အရေးယူတာဘဲ— ဟောလီဝုဒ်ဇာတ်ကားတွေမှာ လုပ်ကြံမှုတွေကိုကြည့်လိုက်– စစ်ဆေးတာ ပေါ့တဲ့ နေရာတွေက ပေါက်ထွက်တာပဲ— ဒီလိုဆိုတော့လဲ အမြဲတမ်းစစ်နေရတော့မှာလားလို့ မေးစရာရှိတယ်– တို့ကတော့ ရဲဆိုရင် ကိုရီးယားကားက ရဲတွေပဲ သဘောကျတယ်– သူတို့စစ်မလို့တားပြီးရင်လဲ အလေးပြုလိုက်သေးတယ်– လူတွေက အဲဒီမှာကတည်းက ကျေနပ်သွားပီ– စစ်ပီးရင်လဲ အလေးတစ်ခါ ထပ်ပြုပြီး ပင်ပန်းသွားပါပီ– ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်– သွားလို့ရပါပီခင်ဗျားနဲ့ ဘယ်လောက်ကောင်းတဲ့ ရိုက်ချက်လဲ— တို့နိုင်ငံမှာတော့ ဒါမျိုးတွေဖြစ်လာဖို့ တော်တော်လေ့ကျင့်ယူရပါအုံးမယ်–

  • naywoonni

    November 12, 2011 at 8:48 pm

    ဘာမှန်းညာမှန်း မသိလို့ပေါ့ကွယ်….။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခုအီးတုန်းတို့ အသုံးပြုနေတဲ့ ပစ္စည်းတွေ မြင်ဖူးမယ်…။ သုံးဖူးမယ် မထင်လိုက်ပါနဲ့…။ သူတို့လစာနဲ့ ဝယ်သုံးနိုင်လိမ့်မယ် မထင်လိုက်ပါနဲ့…။ မြန်မာပြည်မှာ အဲဒိလို ဘာမှမသိတဲ့သူတွေ အများကြီးရှိပါတယ်…။ အဲဒါကို အပြစ်တင်ရင်တော့ အားလုံးအစကနေ ဖွဲ့စည်းပုံ အသစ် ရေးရတော့မယ်…။ အဟောင်းထဲမှာ ထပ်ဖြည့်လို့ လုံးဝမရဘူးနော်…။ ဖျက်ပစ်ပြီး အသစ်ဆောက်ရမဲ့ အိမ်အိုတွေ အများကြီးပဲ…။

Leave a Reply