ချန်ပီယံလိဂ် ပွဲစဉ် ၄ ကို ခန့်မှန်းကြည့်ခြင်း

khinmintatthuNovember 1, 20111min17412

ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်သီးအသင်းများ၏ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ် (သို့မဟုတ်) ပွဲစဉ် ၄ ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်…. အသင်းကြီးတွေအတွက် ပြိုင်ဘက်အသင်းတွေက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရပေမယ့်အသင်းငယ်လေးတွေအဖို့ အမှတ်တွေကိုပဲ ဆက်ပေးရဖို့ရှိနေပါတယ်။

အေစီမီလန်၊ ချယ်လ်ဆီး၊ ပေါ်တို၊ ဘာစီလိုနာတို့မှာ အဝေးကွင်းတွင် သွားရောက်ကစားရပေမယ့် အသင်းငယ်များဖြစ်နေလို့ အခြေအနေ ကောင်းနိုင်ပေမယ့်  ကျန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဗလန်စီယာနှင့် ဒေါ့တ်မန်တို့ကတော့ အိမ်ကွင်းတွင်ကစားရမှာဖြစ်ပေမယ့် ဧည့်သည်အသင်းများကလည်း ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ဒီပွဲစဉ်ဟာ အရေးပါနေတာမို့ အိမ်ရှင်အခွင့်အရေးနဲ့ ကစားမယ့် အသင်းတွေကိုတော့ ရဲရဲဝံ့ဝံ့ယှဉ်ကစားလာမှာပါ။

ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်….

မြန်မာစံတော်ချိန် ၁ဝး၃၀   ဘိုရီဆော့ (ဘယ်လာရုဗ်)  –   အေစီမီလန် (အီတလီ)

မြန်မာစံတော်ချိန် ၁ဝး၃၀   ဇင်းနစ် (ရုရှား)                   –   ရှက်တာဒိုးနက် (ယူကရိန်း)

မြန်မာစံတော်ချိန် ၁း၁၅   အာဆင်နယ် (အင်္ဂလန်)     – မာဆေး (ပြင်သစ်)

မြန်မာစံတော်ချိန် ၁း၁၅   ဗလန်စီယာ (စပိန်)              – လီဗာကူဆင် (ဂျာမနီ)

မြန်မာစံတော်ချိန် ၁း၁၅   ဒေါ့တ်မန် (ဂျာမနီ)               – အိုလံပီယာကော့စ် (ဂရိ)

မြန်မာစံတော်ချိန် ၁း၁၅   ဂျန့် (ဘယ်လ်ဂျီယံ)              – ချယ်လ်ဆီး ( အင်္ဂလန်)

မြန်မာစံတော်ချိန် ၁း၁၅   အပိုး (ဆိုက်ပရပ်)                – ပေါ်တို (ပေါ်တူဂီ)

မြန်မာစံတော်ချိန် ၁း၁၅   ပယ်ဇန် (ချက်)                     – ဘာစီလိုနာ (စပိန်)     တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဘယ်လာရုဗ်မှာ သွားကစားရမယ့် အေစီမီလန်အသင်းနှင့် ချက်နိုင်ငံမှာ သွားကစားရမယ့် ဘာစီလိုနာအသင်းတို့ဟာ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ပြီလို့ ပြောလို့ရပါတယ်။ အေစီမီလန်နှင့် ဘာစီလိုနာအသင်းတို့ဟာ ၃ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ရမှတ် ရ မှတ်စီ ရထားပြီးလို့ ဒီပွဲကို အနိုင်ရလိုက်တာနဲ့ အုပ်စုကနေတက်ခွင့်ရမှာဖြစ်ပါတယ်။ အုပ်စု ပထမနေရာကိုသာ လုကြရမယ့် အီတလီကိုယ်စားပြု အေစီမီလန်အသင်းနှင့် စပိန်ကို ကိုယ်စားပြုတဲ့ ဘာစီလိုနာအသင်းတို့သာ ဂိုးကွာခြားချက်နဲ့ အုပ်စုပထမနေရာကို လုကြရမှာမို့ ဒီပွဲစဉ်မှာ အဝေးကွင်းဖြစ်ပေမယ့်လည်း ဘယ်နှစ်ဂိုးသွင်းမလဲဆိုတာ ကိုပဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။  အေစီမီလန် ၂ ဂိုးပြတ်လောက်နဲ့နိုင်ပြီး ဘာစီလိုနာကတော့ ၃ ဂိုးလောက်အထိ ဖြစ်သွားနိုင်ပါတယ်။ နှစ်သင်းပေါင်း ဂိုးများမယ့်ပွဲဖြစ်ပါတယ်။

ဘိုရီဆော့ ဝ-၂ အေစီမီလန်၊         ပယ်ဇန်  ဝ-၃ ဘာစီလိုနာ  ဆိုရင် လက်ခံနိုင်ကြမှာလား….

အုပ်စု G မှာ ယှဉ်ပြိုင်ကစားကြမယ့်ပွဲတွေကို သုံးသပ်ရမယ်ဆိုရင်တော့ အုပ်စုတွင်း ၄ သင်းစလုံးဟာ ၃ ပွဲစီကစားပြီးချိန်အထိ အမှတ်ကွာဟမှုက အပြောင်းအလဲကြီး မရှိသေးပါဘူး။ ဒီအချက်ကိုကြည့်ချင်းအားဖြင့် ခြေရည်တူအသင်းတွေ စုမိနေတဲ့ အုပ်စုလို့ သုံးသပ်ရပါတယ်။ ပထမအကျော့မှာ ၂ ဂိုးစီ သရေကျခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ ဇင်းနစ်တို့ဟာ အခု ဇင်းနစ်ကွင်းမှာ ပြန်လည်ကစားရမှာဖြစ်တာကြောင့်  အိမ်ရှင်ကပဲ အနိုင်ယူမှာလား၊ ပထမအကျော့ကလို သရေကျသွားဦးမလားဆိုတာကတော့ စဉ်းစားစရာပါ၊ ပထမအကျော့မှာ ဇင်းနစ်ဟာ ရုရှားမြေပေါ်မှာသွားကစားရပေမယ့် အဖိုးတန်တစ်မှတ်ကို အရယူလာနိုင်ခဲ့လို့ အခုတစ်ကြိမ် မိမိအိမ်ကွင်းမှာ ဧည့်သည် ရှက်တာဒိုးနက်အသင်းကို အနိုင်ကစားမှာတော့ သေချာနေပါတယ်။ နောက်ထပ်တစ်ပွဲဖြစ်တဲ့ အပိုးနဲ့ ပေါ်တိုတို့ရဲ့ ပွဲစဉ်ကိုကြည့်မယ် ဆိုရင်လည်း  အပိုးဟာ ပေါ်တိုအိမ်ကွင်းမှာ သရေတစ်မှတ်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ဇယားထိပ်ဆုံးကိုလည်း ၁ မှတ်အသာနဲ့ ဦးဆောင်နေတာမို့ ပေါ်တိုအနေနဲ့ မိမိရဲ့အိမ်ကွင်းကရလဒ်အတိုင်းမဖြစ်အောင် ကြိုးစားကစားလိမ့်မယ်။ ဒါကြောင့် ဒီပွဲဟာ ပေါ်တိုအတွက် အနည်းဆုံး သရေတစ်မှတ် တော့ ရသွားပါလိမ့်မယ်။

ဇင်းနစ် ၂-၁ ရှက်တာဒိုးနက်၊         အပိုး ၁-၂ ပေါ်တို လို့ ရွေးချယ်လိုက်ချင်တယ်။

အုပ်စု F မှာတော့ အင်္ဂလန်အသင်းဖြစ်တဲ့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ အုပ်စုဗိုလ်အဖြစ်နဲ့ ဦးဆောင်နေပါတယ်။  ၂၀0၉-၂၀၁ဝ မှာ ဂျာမနီ ပိုကယ်ဖလားရခဲ့တဲ့ ဒေါ့တ်မန်အသင်းကတော့ ရမှတ်  ၁ မှတ်သာရရှိသေးပြီး အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာဖြစ်နေလို့ ပြိုင်ပွဲမှ ထွက်ရမယ့်အခြေအနေအထိကို ရောက်ရှိလို့နေပါတယ်။  ဒေါ့တ်မန်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် အိုလံပီယာကော့စ်ကလည်း ဒေါ့တ်မန်အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားထားနိုင်ပြီး ကျန်ပွဲများကို ရှုံးနိမ့်ထားလို့ ရမှတ် ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အခု ဒုတိယအကျော့ပြန်တွေ့ချိန်မှတော့ ဒေါ့တ်မန်က အိမ်ကွင်းလည်းဖြစ်တာကြောင့် လူစုံထုတ်သုံးပြီး အိုလံပီယာကော့စ်ကို ဂိုးမိုးရွာချပြီး မိမိတို့ရှုံးကြွေးကို ပြန်ဆပ်မှာပါ။ အာဆင်နယ်အသင်းကလည်း မာဆေးကွင်းမှာ အနိုင်ရရှိခဲ့တာကလွဲပြီး အားရစရာခြေစွမ်းတော့ မရှိသေးပါဘူး။ ဒီပွဲစဉ်မှာ သရေလောက်ကစားထားနိုင်ခဲ့ရင် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်မှာဖြစ်တာကြောင့် မိမိတို့အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်မှာတော့ သရေတစ်မှတ်ကို အရယူနိုင်လိမ့်မယ်လို့ ပြောလို့ရပါတယ်။ ကပ်ပြီးလည်းအ နိုင်ရသွားနိုင်ပါတယ်။

ဒေါ့တ်မန် ၂ -ဝ အိုလံပီယာကော့စ်၊             အာဆင်နယ်  ၂ – ဝ    မာဆေး။  ကဲ ဘယ်လိုလဲ နေရဲကြရဲ့လား။ အိမ်ရှင်တွေဘက်မှာ။

ယနေ့ကစားကြမယ့် နောက်ဆုံးအုပ်စုကတော့ ပြောစရာမလိုအောင် သုံးသပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။  ဒီအုပ်စုမှာဆိုရင်တော့ ချယ်လ်ဆီးပေါ့ဗျာ… ပထမအကျော့ အိမ်ကွင်းမှာကစားတုန်းက ၅ ဂိုးပြတ်ခဲ့တယ်ဆိုတော့… အခု အဝေးကွင်းမှာ သွားကစားရပေမယ့် အနည်းဆုံး ၂ ဂိုးပြတ်ဖို့တော့ မခက်ခဲလှပါဘူး။  ပြောလို့မရနိုင်တဲ့ပွဲကတော့ ဗလန်စီယာနှင့် လီဗာကူဆင်ပွဲပါ။ ပထမအကျော့မှာ အဝေးကွင်းမှာ သွားကစားရပေမယ့် အနိုင်ဂိုး ၁ ဂိုး အစောဆုံးရယူနိုင်ပြီးကာမှ အိမ်ရှင်ရဲ့  ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်ပေးလိုက်ရတာကြောင့် ဗလန်စီယာရဲ့ နောက်တန်းကိုတော့ သတိပြုရမှာပါ။ အမှတ်ပေးပွဲမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်တွေကြောင့် ဗလန်စီယာလည်း ရလဒ်တွေ ပြန်ကောင်းလာပြီလို့ ဆိုရမလိုပါ။ အိမ်ကွင်းပွဲစဉ်တွေမှာဆို အားစိုက်ကစားလေ့ရှိတဲ့ ဗလန်စီယာကိုတော့ ဒေါ့တ်မန်နဲ့ပွဲမှာ အိမ်ကွင်းအားလည်းရှိတာကြောင့် အနည်းဆုံးသရေ တစ်မှတ်တော့ ရယူနိုင်မှာပါ။ ဗလန်စီယာကိုရွေးထားချင်ပြီး ဂိုးများမယ့်ပွဲပါ။

 

ဗလန်စီယာ ၂ -၁ ဒေါ့တ်မန်၊       ဂျန့် ဝ – ၂ ချယ်လ်ဆီး  ဆိုရင်ကောင်းမှာပါ။

ယခုညကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် ၄ မှာတော့ အသင်းကြီးတွေ ဂိုးမိုးရွာနိုင်မလား။ အသင်းငယ်တွေပဲ အတင်းရုန်းကစားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ချန်ပီယံလိဂ်ပွဲစဉ်ကို စောင့်ကြည့်မယ့် ပရိသတ်ကြီးနဲ့ Mandalaygazette ကို ဖတ်ရှုနေတဲ့ ပရိသတ်ကြီးအတွက် ကံကောင်းစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

12 comments

  • blackchaw

    November 1, 2011 at 3:00 pm

    ကိုပေ နောက်ကျသွားပြီ။ ဟားဟား။

  • kyawkoko

    November 1, 2011 at 7:02 pm

    ကိုပေ့ရဲ. အမြင်လေးပါ မန်.ပေး ဦးမှပေါ့ဗျ… ရက်စက်ပ ကိုပေရာ 🙁

  • kyawkoko

    November 1, 2011 at 7:08 pm

    ကို ခင်မင်းတက်သူရေ ကျွန်တော့အမြင်ကတော့ အေစီ နဲ. ဘာစီလိုနာ ကိုသာ ပုန်းပြည့်ရိုက်ရင် တရွာလုံးကို အလှူပေးလို.ရတယ်နော် ဝါသနာလေးရှိရင်တော့ အဲ့ဒီ နှစ်ပွဲဘဲရိုက်ပါလို. အကြံပေးပါရစေဗျာ 😀

  • windtalker

    November 1, 2011 at 7:19 pm

    ကောင်းဗျာ ။ ကျုပ် က မမြင်မိလို ့တောင် ပို ့စ်အင်ထရိုဝင်နေတာ
    အခုလို ခင်မင်တတ်သူ က တင်ဆက်လာတော့ ၊ မန် ့ရုံဘဲ
    “ခင်မင်တတ်သူ” ရေ
    ပျောက်နေတာ အတော်ကြာပေါ့
    ပြန်ပေါ်လာတာ ဝမ်းသာအားရမိတယ်ဗျို ့
    ဒီနေ ့ည ပွဲတွေ ထဲ မှာ ကျုပ် အကြိုက်တွေ ့မိတဲ့ သုံးပွဲ ရှိတယ်ဗျ
    ပီမလား ၊ မပီလား ကတော့ ပွဲပြီး အဖြေ ကို စောင့်ရုံပဲပေါ့ ဗျာ
    ဇင်းနစ် – ရှက်တာဒိုးနက် ပွဲမှာ ဇင်းနစ် ကို ကြိုက်မိတယ် ဗျာ ။
    နောက်ပြီး နိုင်ပွဲ လုံးဝ မတွေ ့ရသေးတဲ့ ဗလင်စီယာ နဲ ့ဒေါ့မွန် ဗျာ
    ဇင်းနစ် ၊ ဗလင်စီယာ ၊ ဒေါ့မွန်
    အဲဒီသုံးပွဲကို အားပေးရင် ပျော်ရွှင်ကြရမယ် လို ့ထင်ပါတယ်ဗျို ့

  • ပါတာတွေအားလုံးကုန်
    ပါတာတွေအားလုံးကုန်
    ငါတို့ရွာသားတွေမကုန်ရဘူး
    ဒိုင်ကုန်မှလေ

  • Koyin Sithu

    November 1, 2011 at 8:15 pm

    ဘာကာ၊ ဇင်းနစ်၊ ချဲလ်ဆီး ကြိုက်တယ်ဗျို့…
    ပြောမယ့်သာ ပြောရတယ်.. ချန်ပီယံလိဂ်က မှန်းရခက်တယ်..
    ဒီသုံးပွဲတော့ စိတ်ကြိုက်အောဗျာ.. အဘ ဒဲ့ချပေးတာပါ..

    ခင်တဲ့
    မောင်းသခင်.. ကိုရင်စည်

  • ရာဇဝင်လူဆိုး

    November 1, 2011 at 8:19 pm

    ဗလင်စီယာ…သရေ ၈ဝ ရှုံး။ ပေါ်တို….သရေ ၈ဝ ရှုံး……….ပုံးအပြည့်ရိုက်လိုက်တယ်။ (တစ်ချို.နေရာတွေမှာ ကြေးက ….ဗလင်စီယာ… ၁ လုံး ၂ဝ စား..။ .ပေါ်တို ….တစ်လုံး ၆ဝ စားတဲ့ဗျ) ။ ရှုံးလို့ကတော့ သူကြီးရေ….ပွိုင့်ကြိုထုတ်ပေးဖိုပြင်ပေတော့…။ တရားခံက ကိုပေတို့ အဖွဲ့တွေ..။

    • windtalker

      November 1, 2011 at 8:27 pm

      အေစီ ဂိုးအောက် နဲ ့ အာဆင်နယ် ဂိုးအောက် လေးပါ နဲနဲချကြည့်ပါလား

  • Mg Ni Tut

    November 1, 2011 at 11:41 pm

    ခန့်မှန်းချက်တွေကတော့ လန်ထွက်နေတာပဲဗျို့

  • mayday

    November 2, 2011 at 12:29 am

    အာဆင်နယ် (အင်္ဂလန်) – မာဆေး (ပြင်သစ်) အာဆင်နယ် အနိုင်

    ဗလန်စီယာ (စပိန်) – လီဗာကူဆင် (ဂျာမနီ) ဗလန်စီယာ အနိုင်

    ဒေါ့တ်မန် (ဂျာမနီ) – အိုလံပီယာကော့စ် (ဂရိ) ဒေါ့တ်မန် အနိုင်

    ဂျန့် (ဘယ်လ်ဂျီယံ) – ချယ်လ်ဆီး ( အင်္ဂလန်) ချယ်လ်ဆီး အနိုင်

    အပိုး (ဆိုက်ပရပ်) – ပေါ်တို (ပေါ်တူဂီ) ပေါ်တို အနိုင်

  • ရာဇဝင်လူဆိုး

    November 2, 2011 at 4:52 am

    ဘိုရီဆော့ (ဘယ်လာရုဗ်) – အေစီမီလန် (အီတလီ)—————–1-1

    ဇင်းနစ် (ရုရှား) – ရှက်တာဒိုးနက် (ယူကရိန်း)—————1-0

    အာဆင်နယ် (အင်္ဂလန်) – မာဆေး (ပြင်သစ်)——————-0-0

    ဗလန်စီယာ (စပိန်) – လီဗာကူဆင် (ဂျာမနီ)————— 3-1

    ဒေါ့တ်မန် (ဂျာမနီ) – အိုလံပီယာကော့စ် (ဂရိ)———–1-0

    ဂျန့် (ဘယ်လ်ဂျီယံ) – ချယ်လ်ဆီး ( အင်္ဂလန်)————–1-1

    အပိုး (ဆိုက်ပရပ်) – ပေါ်တို (ပေါ်တူဂီ) —————2-1

  • Toungoo Thar

    November 2, 2011 at 7:13 am

    ဒုတိယနေ့ ပွဲစဉ်လေးတွေ လုပ်ပါဦးဗျာ…

Leave a Reply