ဂဇက် တံခါးစောင့်ကြီး (အောက်တိုဘာ – ၂၇)

black chawNovember 1, 20112min26119

ဒီရက်ပိုင်း ကော်နက်ရှင်က ပိုပိုဆိုးလာနေပါသည်။ ပို့စ် တင်သူတွေလည်း တစ်ဝက်ပဲပါလိုပါ၊ နှစ်ခုဖြစ်လိုဖြစ်နှင့် ရွာကို နာဂစ် ဝင်မွှေထားသကဲ့သို့ ဖြစ်နေပါ၏။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂဇက်တံခါးစောင့် ကြီးတွင် သုံးရက်စာ ရေးလိုက်နိုင်သော်လည်း ဒီတစ်ခေါက်တော့ အောက်တိုဘာ ၂ရ ရက် နေ့စွဲ ဖြင့် တက်လာသော ပို့စ် များကိုသာ ဖတ်ပြီး ပြန်ရေးဖြစ်ပါသည်။ ကျွန်တော်ရေးထားသည်များကို သည်းခံခွင့်လွှတ် ဖတ်ရှု ပေးပါသော ရွာသူရွာသားများကိုလည်း ကျေးဇူးတင်ပါသည်။

Parlayar46 ၏ သုံးကိုယ်ဘယ်နှယ့်ခွဲပါ့မယ် ပို့စ် က စဖတ်ဖြစ်ပါသည်။

“တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများ လို့(အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။” ဒီတစ်ကိုယ်က တာဝန်မဲ့တဲ့ ဆေးရုံဆေးခန်းတွေရဲ့ ဒဏ်ကို ခံထားရသူတွေဘက်က အော်ချင်တဲ့လူ။                                                                         “ဆေးရုံဆေးခန်းနဲ့ ဆေးဘက်ဝန်ထမ်းတွေဆိုတာကလဲ ခေတ်စံနစ်ရဲ့ အပြဌာန်းခံ ၊ ဓါးစာခံလိုဖြစ်နေတာ ကိုဒီအသက်အပိုင်းအခြားမှာ ငြင်းမရအောင်သိမြင်လာတာကြောင့် လက်ညှိုးမှားထိုးဘို့ လိပ်ပြာမလုံတော့ တဲ့အပြင် အထူးသဖြင့် ဆရာဝန်ဆိုတာမျိုးကိုက အခြားပရိုဖက်ရှင်နယ်တွေနဲ့စာရင် စုန်းပြူးအနည်းဆုံးတမျိုးမို့ဆရာဝန်အများစု(တကယ်တော့အကုန်လုံးနီးပါး)ဟာလေးစားစရာကောင်းတဲ့သူတွေမို့သူတို့ဘက်ကိုနားလည်တာကလဲ တဖက် ………။ “                                                                   ဒီတစ်ကိုယ်က ဆရာဝန်တွေ လေးစားစရာကောင်းသူတွေမို့ ဆရာဝန်တွေဘက်က အော်ချင်တဲ့လူ။

“ပြောရင်းဆိုရင်းအရှိန်ရလာပြီးတော့“မှားပလားဟင် ၊ မှားရဲရင်မှားကြည့်၊ မှားပြီမဟုတ်လား၊ မှားပြီတဲ့ဟေ့ ” …စသည်ဖြင့်ကလောင်တကိုင်ကိုင်နဲ့ ဝိုင်းချိန်ထားကြတာတွေ၊ ဆရာဝန်တွေဘက်ကလဲ ဖြေရင်းရှင်းရင်းနဲ့ အရှိန်လွန်ပြီးအတင်းကာ အတင်းကွယ် ကြေးတိုက် စကားနိုင်လုသလိုဖြစ်ကုန်တာတွေ…..အဲဒါတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်မိရင်း ကြားကနေကြည့်ဖြစ်တဲ့ ကြားအမြင်လေးတွေလဲ စိတ်ထဲမဆံ့အောင်ဖြစ်လာ” ဒီတစ်ကိုယ်က အပေါ်က နှစ်ကိုယ်ရဲ့ ကြားထဲက အော်ချင်တဲ့လူ။ အဲဒီလိုသုံးကိုယ်ခွဲဇာတ်ကားရိုက်ပြီးစရိုက်သုံးမျိုးနဲ့အကယ်ဒမီယူချင်နေတဲ့ကိုပါလေရာကကျွန်တော်တို့ရွာသူရွာ သားတွေကို ဒါရိုက်တာလုပ်ဖို့ အကူအညီတောင်းထားတဲ့ ပို့စ်လေးပါ။ သူကြီးရဲ့ ကွန်းမန့်လေးနဲ့ တွဲဖတ်ကြည့်ဘို့ ညွှန်းချင်ပါတယ်ဗျာ။

နောက်တစ်ပုဒ်ကတော့ ဘက်ဆဲလားစာရင်းဝင်ပါတဲ့ Foreign Resident ရဲ့ Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ (၃) ဖြစ်ပါတယ်။ မြန်မာပြည် နဲ့ ဩစီနဲ့ ကွာခြားတာတွေကို မြန်မာနိုင်ငံသား လူညံ့လေးများဖြစ်တဲ့ ကျွန်တော်တို့ကို knowledge ထည့်ပေးပြီး ရင်နင့်မိတဲ့ အကြောင်းပြောတဲ့ ပို့စ် လေးပါ။ ဖတ်ဖြစ်အောင်ဖတ်ပြီး ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ်ဆိုတာ သိရအောင် လေ့လာထားသင့်တယ်ဆိုတဲ့ အကြောင်း ညွှန်းပါရစေခင်ဗျာ။                                                                                                         မြန်မာပြည်က လူတွေက ထူးပြီးတော့ ခံစားမိပုံ မပေါ်တဲ့အချိန်မှာ အဘက ဘာကြောင့် ရင်နင့်ပြီးတော့ မျက်ရည်ကျရတယ် ဆိုတာ အဲဒါပဲ ။”  ကွန်းမန့်လေးတွေနဲ့သာ တွဲဖတ်ကြည့်ပါဗျာ။ နမူနာအဖြစ် ကိုပါလေယာရဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ဘို့ အမြည်းလေးပေးလိုက်ပါရစေဗျာ။

“အသီးဆိုတာကတော့ အလကားဖြစ်လာတာမဟုတ်ပေဘူး..။ အပင်စိုက်သူရှိလို့ နော်…Australia နိုင်ငံဆိုတာလဲ တကယ်တော့ မူလဒေသခံတွေ တည်ထောင်ခဲ့တာမဟုတ်ဘူး
လူဖြူ(ကော့ကေးရှန်း) တွေ တည်ထောင်ခဲ့တာမို့သာ ဒီလောက်စံနစ်ကောင်းနေတာလို့ ပြောချင်ပါတယ်။ဒီလူတွေမှာတော်တဲ့အချက်တွေ အများကြီးပဲ
-အကျိုးအပြစ်ကို ခွဲခြားနိုင်တယ် (စိတ်ခံစားမှု့ဦးစားပေးတာထက်..)
-လူလူချင်းပိုလေးစား ပိုစည်းလုံးတယ် (သူတို့အနေနဲ့ လူသာအဓိက..)
-တန်းမြင့်တဲ့လူတော်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့မာနမျိုး(vanity) ရှိလို့
မဟုတ်တာ မကောင်းတာ မသင့်တာ ကိုတဦးချင်းငြင်းပယ်တတ်တဲ့ အရှက်အကြောက်မျိုး ရှိတယ်။
စသည် ..စသည်..ပေါ့

ငယ်ငယ်ကတည်းက ရွှေဥဒေါင်းစာတွေဖတ်တော့ဆရာကြီး အရူးထပြီး လူဖြူတွေကို အမွှန်းတင်တာမဟုတ်လောက်ဘူးလို့ တွေးမိလို့နဲနဲဖတ်မှတ်လေ့လာရင်းနဲ့
ဒီလူမျိုးတွေရဲ့အထင်ကြီးစရာ၊ အားကျစရာ၊ အတုယူစရာတွေကို မြင်မိတယ်။ခက်တာက ကျောင်းမှာ စာသင်ခန်းမှာကျတော့ သူတို့ကသမိုင်းတရားခံ လူယုတ်မာ မိစ္ဆာဒိဌိကုလားဖြူတွေအဖြစ် သင်ကြရပြီး
လှည့်မကြည့်ချင်လောက်အောင် ရွံကြောက်ကြီး ဖြစ်စရာဖြစ်နေပြန်ရော။တစ်ခါသမိုင်းအဖြစ်မှန်တွေကိုပဲ သင်တယ်ဆိုဦးတော့ ကျောင်းသားတွေကိုရှု့ဒေါင့်ပြောင်းသင်ကြားခဲ့တော့ (ကုလားဖြူတွေ လက်နက်သာတာကိုအလေးထားမပြောပဲမြန်မာစစ်သည်တွေ အသေခံတိုက်တဲ့သတ္တိကို အမွှန်းတင်ပြတာမျိုး)…ကျုပ်တို့တွေ သမိုင်းသင်ခန်းစာတွေကနေ ရစရာကိုမရပဲ“ အ ” ခဲ့ကြရပါတယ်။အဲဒီအပင်ကအသီးကို ကျုပ်တို့ ဒီကနေ့စားနေကြရတာပါ….။ကျုပ်တို့ကရော နောင်လာနောက်သားတွေအတွက် ဘာအပင်ပြန်စိုက်ခဲ့မှာလဲ …???”

နောက်ဖတ်ဖြစ်တာက ဓါတ်ပုံဆရာရူး ကျွန်တော်တို့အတွက် ပညာမျှဝေပေးထားတဲ့ ဆရာကိုစိန်သော့ ရဲ့ ဓါတ်ပုံပညာမှတ်စုများ (၁) ဖြစ်ပါတယ်။ ဒါဖတ်ပြီးမှ ဓါတ်ပုံရိုက်ပါလို့ ခေါင်းစဉ်ပြောင်းပေးချင်ပါတယ် ဆရာသော့ခင်ဗျား။ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးခဲ့သော ကိုစိန်သော့ ကို ကျေးဇူးတင်ရပါတယ်။ ဓါတ်ပုံလေးတွေကလည်း လွှတ်လှနေတော့တာ ပါပဲဗျာ။ ဖတ်ကြည့်ကြပါ။ သူကြီးက ကွန်းမန့်ဝင်ပေးရင်း ဆက်ရေးနိုင်ဘို့ရာ ခွင့်ပြုချက်ပေးသွားပါတယ်။ သူကြီးရဲ့ ကွန်းမန့်လေးကို ဖတ်ကြည့်ဘို့ပါ။ “လှတယ်ဗျာ…။လယ်သမားပုံဆို..တော်တော်လှတယ်..။ပညာရပ်ပိုင်းဆိုင်ရာတွေမို့..အားပေးပါတယ်နော..။ စိတ်ကြိုက်သာတင်ပါ..။ “

ရွှေတိုက်စိုးရဲ့ ဆူရှီစားပြီး ဆွေမျိုးမေ့သွားသူတစ်ယောက်အကြောင်း ပို့စ်လေးကတော့ ရွာသူရွာသားတွေရဲ့ ချစ်ခင်ရင်းနှီးမှု ကို ဖေါ်ပြပေး ထားတဲ့ ပို့စ်လေးပါ။ မင်းသားမင်းသမီးရွာသူရွာသားတွေလည်း ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ပျော်ချင်သူများ ဖတ်ကြည့်ကြပါလို့။

နောက်တစ်ပုဒ်ကတော့ ကိုးရီးယား စီးရီးများလို တစ်ပိုင်းချင်းတင်ဆက်နေပါတဲ့ ကိုဖက်တီး ရဲ့ ဖက်တီးဘဝကျဆုံးခဲ့စဉ် ဖြစ်ပါတယ်။ နည်းနည်းရှည်ရှည်လေးရေးပေးဘို့ ရွာသူရွာသားများ ကိုယ်စားတောင်းဆိုပါတယ်ကိုဖက်တီးရေ။ ဒီအပိုင်းမှာတော့ ဦးအေးကို သားတို့ ဦးစန်းယု သားမက်တို့ ဦးစိန်ဝင်း သားတို့ နဲ့ ကျွန်တော်တို့ ကိုဖက်ရဲ့ ရင်းနှီးမှုလေးတွေအပြင် ဗေဒင် ကို စိတ်ဝင်စားစပြုတဲ့ ကိုဖက်ရဲ့ ဘဝအကြောင်းလေး ကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

ဆက်ဖတ်ဖြစ်တာက ဓါတ်ပုံလေးများပါ ပူးတွဲတင်ပြထားပါတဲ့ နွယ်ပင် ရဲ့ Free Show ဖြစ်သွားတဲ့ IC ပွဲ ပို့စ်လေးပါ။ စတိတ်ရှိုး ကြည့်တတ်သူတွေ အတွက် ဗဟုသုတ ရစေမှာပါ။ IC ကတော့ ကျွန်တော်လည်းကြိုက်တာပါပဲ။ ဘယ်လိုပွဲမျိုးလဲ၊ ဘယ်နေရာမှာ ကျင်းပတာလဲ၊ ဈေးနှုန်းဘယ်လောက်လဲ ဆိုတာ အရင်စုံစမ်းပြီး ကြည့်သင့် မကြည့်သင့် ဆုံးဖြတ်သင့်ပါတယ်။ IC နှစ်ပတ်လည်ပွဲတွေကတော့ စံနစ်ကျတယ်လို့ ကျွန်တော်ထင်မိကြောင်းပါဗျာ။

ဘီလူးကြီး ရဲ့ မက်ညာဏ် ဖိုညာဏ် ပို့စ်လေးကတော့ ဘီလူးကြီးမှာ ဝတ္ထုတိုရေးတဲ့ လက်ရှိပါကြောင်း ဖေါ်ပြပေးသော ပို့စ်လေးဖြစ်ပါ တယ်။ ကိုညာဏ် ဆိုတဲ့ နာမည်တူလူနှစ်ယောက် ကို မက်ညာဏ် နဲ့ ဖိုညာဏ် ဆိုပြီး ခွဲခြားခေါ်ဝေါ်ကြပုံနဲ့ ဘာလို့ အဲဒီလို ခေါ်ရလဲအကြောင်းကို ရေးထားတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်လို့ ခေါင်းစဉ်တတ်ချင်ပါတယ်။ အများမမျှော်လင့်ထားတဲ့ ဇာတ်သိမ်းခန်းလေးတစ်ခုကို ဆက်တွေးဆက်ရေး လိုက် ရင် ဝတ္ထုတိုကောင်းလေးတစ်ပုဒ်ဖြစ်ပြီလို့ ကျွန်တော် ထင်ပါတယ်။ အပိုင်း ၂ ကိုဆက်ရေးပါဦးလို့ တိုက်တွန်းပါရစေ ဘီလူးကြီးရေ။ ဖတ်လို့ ကောင်းတဲ့ ပို့စ်လေးဖြစ်တဲ့အတွက် ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

Nikita ရဲ့ကျွန်မရဲ့ အခြားတစ်ဖက်- ၁ ကတော့ ခံစားမှု စာစုလေးတစ်ခုပါ။ သူမရဲ့ချစ်သူ အကြောင်းရေးထားတာလို့ ထင်ပါတယ်။ ကဗျာ ဆန်တဲ့ စာသားတွေကြောင့် ကဗျာသမားတွေ ကိုဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်။

မောင်ဘလှိုင်ရဲ့ အခြေအနေမဲ့ သန်းကြွယ်သူဌေး အပိုင်း ၅၄ ပို့စ်လေးကိုတော့ ဆက်တိုက်ဖတ်လာတဲ့ သူတွေကို ဖတ်နိုင်ကြပါပြီဆိုတဲ့အ ကြောင်း လက်တို့ပါရစေခင်ဗျာ။

Etone ရဲ့ အင်တာနက်ရဲ့ လက်ဆောင်ကတော့ အင်တာနက်ပေါ်မှာ ချက်တင်လုပ်တာတွေနဲ့ ပတ်သက်ပြီး သတိပေးထားတဲ့ ပို့စ်ကောင်း လေးတစ်ခုပါ။ ဒါကတော့ သူကိုယ်တိုင်ကြုံခဲ့ရဘူးတဲ့ အတွေ့အကြုံလေးပါတဲ့။

“ကံဆိုးစွာနဲ့ စေတနာ မမှန်တဲ့ လူတစ်ယောက်နဲ့ ဆုံဖူးခဲ့တယ် ….. ။ ပေါ်ပြူလာဂျာနယ်ရဲ့ …. chat room ထဲကနေ သိပြီး …. ဂျီမေးလ်ထဲ အက်ခဲ့တဲ့လူပေါ့ … ။ နာမည်ဆန်းဆန်းနဲ့ သူက စကားဆန်းဆန်းတွေပြောတတ်သလို …တစ်ခါတစ်လေ .. ကိုယ်မရောက်ဖူးတယ် …သူ့ရဲ့ ဇာတိနယ်မြို့လေးအကြောင်း ၊ မိဘဆွေမျိုးတွေကြားက ပြသနာလေးတွေကိုပါ … ရင်ဖွင့်တတ်ခဲ့တယ် …. ။ ကျွန်မက အကြံလည်း မပေးတတ် ၊ ဝေဖန်ရလောက်အောင်လည်း မရင့်ကျက် ၊ မနှိုးလည်း မနှိုးဆော်တတ်ပေမယ့် … နားတော့ထောင်တတ်ပြီး … ရေလိုက်ငါးလိုက် ပြန်ပဲ ပြောတတ်တာကြောင့် … သူပြောသမျှ နားထောင်ပေးမယ့်လူ ဖြစ်လာခဲ့တယ် …. ။ လူများကို လွယ်လွယ်နဲ့ အယုံကြည်မရှိတဲ့ စိတ်ဓါတ် ရာခိုင်နှုန်းများများ ကျွန်မစိတ်ထဲ ကြီစိုးနေတာမို့ … ကျွန်မနဲ့ပတ်သတ်တဲ့ ကိစ္စ အနည်းကျဉ်းသာ သူသိခွင့်ရခဲ့တယ်လေ … ။ နယ်ခြား မြေခြားမှာ အလုပ်လုပ်သူဖြစ်တာကြောင့် … အပြင်မှာချိန်းစရာကိစ္စလည်းမရှိ … မတွေ့ချင်လျှင် မပြောချင်လျှင် တစ်ခုတည်းသော ဆက်သွယ်မှုဖြစ်တဲ့ ချက်တင်ကိုပိတ်ထားလိုက်လျှင် အလွယ်ဆုံးဖြစ်တာကြောင့် …. သုံးနှစ်လောက်ကြာကြာထိ … မေးထူးခေါ်ပြော လုပ်ခဲ့ဖူးတယ် … ။

မမျှော်လင့်တဲ့တစ်နေ့ ….. ကျွန်မဆီ ဖုန်းဆက်တော့မှ …. ရန်ကုန်ရောက်နေပြီသိခဲ့ရတယ် …. ။ ရုံးကိစ္စနဲ့ ပြန်လာတာဖြစ်ပြီး … ဘုရားဖူးထွက်ချင်ကြောင်းပြောပြန်တယ် … ။ ဘုရားဖူးတောင် ရန်ကုန်မြို့ထဲက ရွှေတိဂုံတို့ … ဆူးလေတို့ …. ဗိုလ်တထောင်တို့ မဟုတ်ဘူးတဲ့လေ …. အညာဘုရားဖူးကိုပဲ ထွက်ချင်ပါတယ်ပြောရော …. ။ အင်တာနက်ထဲက မိတ်ဆွေ အပြင်ကိုရောက်လာတော့လည်း …. ရောက်တုန်းရောက်ခိုက် အဆင်မပြေတာရှိလျှင် ကူညီပေးဖို့ ဆန္ဒရှိတာကြောင့် … သွားဖို့ လာဖို့ … ခရီးသွား ကုမ္ပဏီတွေနဲ့ package အစီစဉ်တွေ ညှိပေးမယ်ပြောလိုက်မိသေးတယ် … ။ ဒါကို ဘာထင်သွားမှန်းမသိပဲ … ကျွန်မကိုပါ အညာဘုရားဖူးလိုက်ဖို့ခေါ်ရော ….  ။ ကျွန်မသာ သူ့နေရာမှာဆိုလျှင် …. ခေါ်မိမှာ မဟုတ်ဘူး …. ။ တစိမ်းမိန်းမတစ်ယောက်နဲ့ ခရီးအတူသွားမည်ဆိုတဲလူက ……. ဘယ်လို စိတ်ဓါတ်ရှိတဲ့ လူမျိုး ဆိုတာ … ပြေးကြည့်တာထက် တွေးကြည့်ရုံသိနိုင်တယ်လေ … ။ ကျွန်မလည်း … အတော် စိတ်တိုသွားပြီး … တစ်နေရာမှာ ချိန်း … ကောင်းကောင်း ကို ရန်တွေ့ပစ်လိုက်တယ် … ။ နောက်ပိုင်း ကျွန်မ ချက်တင်လစ်ထဲက သူ့အကောင့်ကို အပြီး del လုပ်လိုက်ပါတော့တယ် … ။ အဲ့ဒီအချိန်ကစပြီး … သူဆိုတာလည်း … ပျောက်ကွယ်သွားတော့တယ် ။”

အင်တာနက်ကရလာတဲ့ ကောင်းတာလေးတွေကိုလည်းရေးပြပြီး အင်တာနက်ရဲ့ လက်ဆောင်လို့ တင်စားပြထားတဲ့ စေတနာပါတဲ့ ပို့စ်လေးတစ်ခုပါ။ Etone ကို ခင်လို့ အကြံတစ်ခုလောက်ပေးပါရစေ။ Etone ရေးတဲ့ စာပိုဒ်တွေထဲမှာ အစက်လေးတွေ ချလေ့ရှိတယ်နော်။ ကျွန်တော်ဖတ်ကြည့်တော့ ဖတ်သူရဲ့ စိတ်ဝင်စားမှုကို အနှောက်အယှက် ဖြစ်သလားလို့ပါ။ ဖြစ်နိုင်ရင် အစက်ကလေးတွေ မထည့်ဘို့ အကြံပေးတာ ပါနော်။ ငါ့ဟာငါ အစက်ကလေးတွေထည့်တာ၊ ဖတ်ချင်ဖတ် မဖတ်ချင်နေလို့ ရန်တွေ့မှာကိုလည်း ကြောက်ရသေးတယ် Etone ရေ။ ဟားဟား။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါလို့။

နောက်တစ်ပုဒ်ကတော့ သတင်းလေးတစ်ခုပါ။ ကိုဖက်တီး ရဲ့ (ခေါင်းစဉ်ကရှည်လို့ ပြန်မရေးပြတော့ဘူး) ယဉ်တိုက်မှု သတင်းလေးက ဖြစ်တဲ့ အချိန်နဲ့ သိတ်မကွာပဲ ဓါတ်ပုံတွေနဲ့တကွ တက်လာတဲ့အတွက် တန်ဘိုးရှိပါတယ်။ နိုဇိုမိကတောင် “ဟိုကိစ္စသိပြီးပြီလား? လာမပြောနဲ့ MG မှာဖတ်ပြီးသား” လို့ ကြော်ငြာ ဝင်ထိုးရတဲ့အထိ သတင်းကမြန်ပါတယ်။ အသေးစိတ်လေးတွေ မပါတာတစ်ခုပါပဲ။ ကျေးဇူးပါ ကိုဖက်တီးရေ။

Pan pan ရဲ့ ဘိုးတော်လေလား လူလိမ်လား ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ မဖတ်ခင်ကတည်းက လူလိမ်ဆိုတာ သိနေခဲ့ပါသည်။ သိတ်ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါ။ လူစုစု စုစု တွေ့လျှင် ဝင်ကြည့်ချင်တတ်သော အကျင့်လေးကို ဖျောက်ထားလိုက်လျှင် အဆင်ပြေ ပါသည်။ အဆောင်ညာရောင်းနေမှန်းသိလျက် လူတွေကလည်း ညံ့ကိုညံ့ကြလွန်းပါသည်။ ပီယဆေးတကယ်စွမ်းလျှင် ငါးဆယ်တစ်ရာ၊ ငါးရာတစ်ထောင် မကပါ။ ငါးသောင်း တစ်သိန်း ဆိုလည်း ဝယ်သူတွေရှိမည်ဆိုသည်ကို ကျွန်တော်တို့ သိသင့်ပါသည်။ လိမ်သူမှာ အပြစ်မရှိ။ လိမ်နည်းက ရိုးစင်းလွန်းပါသည်။ အလိမ်ခံသူမှာသာ အပြစ်ရှိသည်ဟု ဆိုချင်ပါတယ် pan pan ခင်ဗျား။

တစ်ဆက်တည်းတက်လာပါသော မိုးပွင့်ဖြူ ၏ တစ်ကယ်အဖြစ်မှန်လေးပါ ပို့စ်လေးကလည်း စစ်ကိုင်းတိုင်း ကျွန်းလှ မြို့လေးမှာတကယ် ဖြစ်ပွားခဲ့တာပါ ဟုဆိုပါသည်။ ရိုးလှအလှ ချည်လားလို့ မပြောလိုပါ။ တုံးလှချည်လားလို့သာ ပြောလိုက်ချင်ပါတော့သည် ခင်ဗျား။ ဘလက်ဆရာကဝိ ကလည်း ဂဇက်အရာရှိ လေးပါဗျာ။ အကြွေးဆိုလို့ကတော့ သိန်း ၃ဝ ဘာရှိတာမှတ်လို့။US$ ၁ ဘီလီယံလောက် တင်တောင်းလိုက်ဦးမှာ။ အင်း ဘလက်ကတော် ဖတ်မိမှ ဟုတ်ပေ့ ဖြစ်နေတော့မယ်..။ ကိုယ်တိုင် ဖတ်ကြည့်ပြီး ကိုယ်တိုင်သာ ဒေါသထွက်ကြပါကုန်။

နောက်တစ်ပုဒ်ကတော့ သတင်းလေးတစ်ခုနဲ့ သတင်းအပေါ် သုံးသပ်ထင်မြင်ချက်လေးပေးထားပါတဲ့ လင်းဝေကျော်ရဲ့ ဆန္ဒပြတဲ့လယ်  သမားတွေ ပို့စ်လေးပဲဖြစ်ပါတယ်။ “အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်” ဆိုသည့် တောင်ဒဂုံစက်မှုဇုန် နှင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်တို့မှ လယ်သိမ်းခံလယ်သမားများ ဆန္ဒပြရင်ဖွင့်ကြသော သတင်းလေးပဲဖြစ်ပါသည်။

“အရင် လုပ်လို့ကိုင်လို့ချောင်တုန်းက အိုးအိမ်နဲ့ ပေါင်းပြီး လယ်တွေကို အိုးအိမ်အသိမ်းပြလို့ အကွက်ရိုက်ရောင်းစားတဲ့ ဇေကမာ္ဘကိုလည်း မင်္ဂလာဒုံဘက်မှာ အသံတွေထွက်လာပါပြီ။လယ်သမားတွေဆီက ဆန္ဒသဘောထား ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လယ်တစ်ဧကကို သုံးသိန်းလောက်နဲ့သိမ်းပြီး ကွန်ကရစ်လမ်း အဖေါက်ပြလို့ စက်မှုဇုံထောင်တယ်ဆိုပြီး တစ်ဧကကို သိန်း၆၅ဝနဲ့ ဇေကမာ္ဘက ပြန်ရောင်းစားတာပါ။ ဝယ်တဲ့သူတွေများလွန်းလို့ တစ်ဧက သိန်း၉၀ဝ အထိ တက်ရောင်းနေတုန်း အခုလို ကိစ္စတွေပေါ်လာလို့ အရောင်းရပ်ထားပါတယ်တဲ့။”

အင်မတန်ရင်နာစရာ ကောင်းသော မတရားပြုကျင့်မှု ဟု ခေါင်းစဉ်တတ်ချင်ပါသည်။ ဒါမျိုးလေးတွေ တင်ပေးတဲ့ ကိုလင်းဝေကျော်ကို ကျေးဇူးတင်ပါတယ်။ အပေါ်က မိုးပွင့်ဖြူ ပို့စ် လေးလိုပဲ ကိုယ်တိုင်ဖတ်ကြည့်ကြပြီး ကိုယ်တိုင် ဒေါသထွက်ကြရမည့် ပို့စ်မျိုးဖြစ်ပါကြောင်း ညွှန်းဆို ချင်ပါသည်ခင်ဗျား။

ဆရာမ မိုးစက် ရဲ့ ယုံချင်ယုံမယုံချင်နေ ဆိုတဲ့ ပို့စ်လေးတင်လာပါသည်။ ငယ်စဉ် ၁၁ နှစ်သမီးအရွယ် ၆ တန်းကျောင်းသူလေး မိုးစက် ဆေးရုံတစ်ခုတွင် မြင်ခဲ့ရသော မိန်းခလေးပုံရိပ်လေးတစ်ခု အကြောင်း ကို ပြန်ပြောပြထားခြင်းဖြစ်ပါသည်။ ဆေးရုံမှာ ဒါမျိုးဇာတ်လမ်းတွေ ကြားဘူး ပါသည်။ ယုံတယ်မယုံဘူးဆိုတာထက် ဖြစ်နိုင်ပါတယ်လို့ မှတ်ချက်ပေးပါရစေဗျာ။ ကြောင်ကြီးမန်းထားတာလေးဖတ်ပြီး ပြုံးမိပါသည်။ ဖတ်ကြည့်ကြပါ။ တော်တော်ရိုးတဲ့ကြောင်၊ ပုံထဲကလိုပဲ ပုံ့ပုံ့ ကြီး ထိုင်ပေးနေပါမယ်တဲ့။ အခုမှ သူ့ပုံကိုပြန်ကြည့်မိတယ်။ ဟုတ်တယ်ဗျ၊ ပုံ့ပုံ့ကြီး။

“မိုးစက်လေး ကြောက်ရင် ဦးကြောင်ကို ဖက်ထားလိုက်၊ ဦးကြောင် ဘာမှမလုပ်တတ်ဘူး၊ ပုံထဲကလို ပုံ့ပုံ့ကြီး ထိုင်ပေးနေမယ်။  ဒါ………………………..မင်းကိုချစ်လို့……………………………………….”

Water-melon ၏ ရှူးတိုးတိုး ပို့စ်ကို ဆက်ဖတ်ဖြစ်ပါသည်။ ရွာမှာ ရေဒီယိုဖြင့် ဖုန်းခိုးနားထောင်ကြ၍ စိတ်ညစ်နေတဲ့ အကြောင်း လေးဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်မှ ဇာတ်ရည်လည်မှာမို့ ဖတ်သာကြည့်ကြပါလို့။ ကွန်းမန့်ပေးသူများမှာလည်း အနီကတ်တွေ ကိုယ်စီနဲ့မို့ ဘယ်လိုကွန်းမန့်တွေပေးရမှန်း တောင် မသိတော့ပါခင်ဗျား။

Etone ၏ မမှီလျှင် မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် ၁ ကိုဖတ်ကြည့်ပြီး ဘလက်ချောတစ်ယောက် အထည်ချုပ်စက်ရုံမှာ ချက်ခြင်း အလုပ်လုပ်ချင်စိတ်ပေါက်သွားရပါသည်။ ဒီပို့စ်ရဲ့ အခြေခံ nikita ရဲ့ “ မြင်တွေ့ နေရသော ဘဝအစိတ်အပိုင်းများ” ဆိုသည့် ပို့စ်ကို လည်း ကျွန်တော် သေသေချာချာ ဖတ်ဖြစ်ရေးဖြစ်ခဲ့ပါသည်။ အခုတစ်ခါ ထပ်ဖတ် ဖြစ်ပြန်ပါသည်။ ဉာဏ်ရည်နိမ့်ရှာသော ဘလက် ကို နည်းနည်း လေး ဝင်ပွားခွင့်ပြုပါ။  Etone ရေးပြထားသည့် အထည်ချုပ်ဝန်ထမ်းတို့၏ ဘဝမှာ စက်ရုံထဲတွင် နေရသည်ကိုပင် ပို ပျော်နေပုံပေါက်နေပါသည်။ သူတို့ ဘဝကား စက်ရုံသည်သာဘဝ၊ စက်ရုံသည်သာမျှော်လင့်ချက်၊ စက်ရုံသည်သာ အိပ်မက် ဆိုတာလို ဖြစ်နေပါသည်။ သူတို့၏ ဘဝအာမခံချက်က ဘယ်မှာပါလဲ။ ဒီစက်ရုံထဲက ရုန်းထွက်စရာမလိုလောက်အောင် ဘဝက ပြည့်စုံနေခဲ့တာမျိုးလား။ စက်ရုံက ပြန်လွှတ်ရင်တောင် စိတ်ဆိုးကြမည့် ပုံပေါ်နေသော အလုပ်သမားများကို ကျွန်တော် ဖြတ်သန်းခဲ့သမျှ ဒီတစ်ခါပဲတွေ့ဘူးသည်ဟုဆိုချင်ပါသည်။ အပြန်အလှန်ဆွေးနွေးကြသော ကွန်းမန့်များတွင် etone ၏ ကွန်းမန့် တစ်ခုကို ဖေါ်ပြချင်ပါသည်။

“စက်ရုံမှာ ဆန္ဒပြတယ်ဆိုတာ တကယ်လိုအပ်လို့တောင်းဆိုတာထက် …. ဝေးလား ဝါးလား … တိုင်ပင်ပြီး လုပ်ကြတယ်ဆိုတာ ခဏခဏ အဲ့လိုဖြစ်ပြီးနောက် အစ်မသိခဲ့ရတယ် … ။ တစ်ခါတစ်လေ … သူတို့ ဆန္ဒပြမယ်ဆိုပြီး အချင်းချင်းကြားနေတာတွေရှိတယ် .. ဒါပေမယ့် … လူမညီလို့… မဖြစ်ပဲ ပျက်သွားတာတွေလည်း ကြားဖူးတယ် … ။ လုပ်ခ လစာဆိုတာကတော့ … လူတိုင်း တိုးလိုချင်ကြတာပါပဲ … အစ်မတို့လည်း ရမယ်ဆိုလျှင် လိုချင်တာပေါ့လေ … ဒါပေမယ့် … ကိုယ်လိုချင်တဲ့ ပမာဏနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းတာ တန်ရဲ့လားဆိုတာတော့ သိရမှာပေါ့နော် …. ။ အလုပ်ချင်းအတူတူ တခြားစက်ရုံတွေနဲ့ ယှဉ်တဲ့အခါ .. အ စ်မတို့ ပေးတဲ့ လစာက ယှဉ်ကြည့်တောင် ပိုပါသေးတယ် … ။ အလုပ်ဝင်တာမှ တစ်လမပြည့်သေးဘူး .. လစာ တိုးတောင်းချင်တယ်ဆိုတာတွေကလည်း ရှိသေးတယ်လေ … လူအမျိုးမျိုး စိတ်အထွေထွေပါပဲ … ။ သူတို့ကို အိုဗာတိုင်းမ် ဆင်းတဲ့အခါ … ညနေ 8နာရီအထိဆို ပေါင်မုန့်ကျွေးတယ် … good morning က ထုတ်တဲ့ ပေါင်မုန့်လေ … အဲ့ဒါမစားချင်တဲ့လူ .. ပိုက်ဆံယူမယ်ဆိုလည်း ပေးတယ် … ။”

မိုက်ကယ်ဂျော်နီအောင်ပု ၏ ကွန်းမန့်တစ်ခုကိုလည်း ဖေါ်ပြချင်ပါသည်။

စက်ရုံတစ်ခုလုံးရဲ့အသွင်ပြင်ကို မတင်ပြပေးနိုင်ရင်တောင်
အတွင်းပိုင်းဖွဲ့စည်းပုံအချို့လောက်တင်ပြပေးစေလိုပါတယ် ဒေါက်တာ
လေ့လာခွင့်ရခြင်လို့ပါဒေါက်တာ
စာအရေးအသားနဲ့လေယူလေသိမ်းက ကြေးမှုံနဲ့ မြန်မာ့အလင်းသတင်းစာတွေထဲက
နိုင်ငံတော်ဝံဂျီးမှ ရေဘေးဒုက္ခသည်ဒွေဂို သွားရောက်တွေ့ဆုံအားပေးဒါကို
ဒုက္ခသည်ဒေဂ အလွန်ဝမ်းသာအားရရှိဂျဒယ်ဆိုဒဲ့အကြောင်းဂို
အယ်ဒီတာဂရေးပြဒါဂို ဖတ်ရသလို ခံဇားရဘာဒယ် ဒေါက်တာ
ဆက်လက်ဖော်ပြဘာ ဒေါက်တာ မျှော်လင့်နေဘာမယ် ဒေါက်တာ
ဘာဂို မမှီပီး ဘာဂိုမလှမ်းနဲ့ ဆိုဒါ ( ဝီစကီဒွင်ရောသော soda မဟုတ်ဘာ )
မပေါ်သေးလို့ပါ ဒေါက်တာ
( ဒေါက်တာကို တတ်နိုင်သမျှ ဘိုလိုပီအောင်ပြောသည် ( တာ ) ကို လေသံအနည်းငယ်နှိမ့်ပြောသည် )

Etoneရဲ့ဒီပို့စ်လေးကဆွေးနွေးစရာ၊အငြင်းပွားစရာတွေရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ဂဇက်တံခါးကို စောင့်ချင်စိတ်ကုန်ခမ်းသွားသော ပို့စ်မျိုးဟု ဆိုချင်ပါသည်။ကျွန်တော်အားလုံးနှင့်အငြင်းမပွားချင်ပါ။ အားလုံးကို ကိုယ့်ထက်ကြီးရင် ကိုယ့် အစ်ကိုတွေ အစ်မတွေ၊ ကိုယ့်ထက်ငယ်ရင် ကိုယ့် ညီတွေ ညီမတွေ အဖြစ် ချစ်ခင်လေးစားစွာ ရေးသားချင်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော့်တွင် ကျွန်တော့်အသက်အရွယ်အရ အတွေ့အကြုံ၊ အတွေးအမြင် တစ်ချို့ ရှိပါသည်။ ဒီပို့စ်လေးကို သာမန် စာဖတ်သူတစ်ယောက်အနေနဲ့ ဆွေးနွေးလျှင် Foreign Resident ကြီးလို ပို့စ်ကြီးတစ်ခုဖြစ်သွားနိုင်ပါသည်။ သို့သော် ကျွန်တော် ဘလက်ချော မနေ့က မိုးမိပါသဖြင့် Rambaxy မှ ထုတ်လုပ်ပါသော ဇာနိုစင် ဆိုသည့်ဆေးကို သောက်ထားရပါကြောင်း။ ရွာသူရွာသားတွေ အနေနဲ့ ဒီလိုပို့စ်လေးမျိုးကို ဖတ်ဖြစ်အောင်ဖတ်ကြပြီး စိတ်ပါလက်ပါ ကွန်းမန့်လေးများ ရေးသင့်သော ပို့စ်တစ်ခုဟု ညွှန်းချင်ပါသည်ခင်ဗျာ။

Water-melon ၏ ပရော်ကျစ် ဆိုသည့်ပို့စ်ကတော့ ပုရစ်ကျော်အကြောင်းရေးထားခြင်းဖြစ်ပါသည်။ ပုရစ်ကြော် ကြိုက်သူများ ဖတ်နိုင်ကြစေသတည်း။

Mariposa ၏ အချစ်ဦး၊ အချစ်ရူး ဆိုတဲ့ ပို့စ်လေးနဲ့ အလွမ်းစာမျက်နှာဆိုတဲ့ ပို့စ်လေးကတော့ အချစ်ကဗျာ လေးတွေပါခင်ဗျာ။

မှော်ဆရာ ရဲ့ ကင်မရာကိုင်တဲ့ မှော်ဆရာ ပို့စ်လေးကိုဖတ်ဖြစ်ပါသည်။

နောက်တစ်ပုဒ်က သော်ဇင် (လွိုင်ကော်) ရဲ့ အချစ်ခေါင်းစဉ် ဆိုတဲ့ အချစ်ကဗျာတစ်ပုဒ်ပါ။ ကဗျာကြိုက်သူတွေ အတွက်ပါဗျာ။

နောက်တစ်ပုဒ်ကတော့ ဘီလူးကြီး၏ ကျွန်တော့်ကျေးဇူးရှင် ဆိုတဲ့ ပို့စ်လေးပါ။ ကိုယ်တွေ့လေးကို ရေးထားပေမယ့် ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်နေရသလိုမျိုး အဆင်ပြေနေပါတယ် ဘီလူးကြီးရေ။ ကိုးရီးယားကားလို အပိုင်းခွဲလိုက်တာတော့ မြန်မာလူရွှင်တော်လေသံနဲ့ ပြောရရင်                          “လူဆိုး သွား စိတ်ဆိုးတယ်” ဟားဟား။

အီးတီ ရဲ့ ခွေးချစ်သူများအတွက်ကတော့ ခွေးပုံလေးတွေပါ။

Mayday ရဲ့ ဒီတစ်ခုကတော့ သေချာပါတယ် ဆိုတဲ့ ပို့စ်က ဘာသေချာတာလဲဆိုပြီး ဖတ်ကြည့်မိပါတယ်။ လူတွေဟာ သေဘို့ သေချာပါတယ် တဲ့။ တော်တော်နောက်တဲ့ လူ။ ဝိပသနာလေးတွေ အားထုတ်ကြဘို့ တရားပြထားတာပါ။ whowho တို့ လို လူမျိုးတွေ ဖတ်ကြည့်ဘို့ သင့်ပါတယ်လို့ ညွှန်းပေးပါရစေဗျာ။

နောက်တစ်ပုဒ်ကတော့ မော်ဒန်ကဗျာဆရာ ကိုရင်စည်သူ ရေးသားစီရင်ပါသော ဗေဒင်တွေထဲက ကျွန်တော့်ရဲ့ တားရော့ခ် ကြယ်တစ်ပွင့် ဆိုတဲ့ တားရော့ ဗေဒင်အကြောင်းရေးထားတဲ့ပို့စ်လေးပါ။ လေးစားပါတယ် ကိုရင်စည်သူရေ။ အဘဒေါက်တာမင်းသိင်္ခ ရဲ့ တပည့်ဆိုတော့ ယတြာလေးဘာလေး စွမ်းမှာပေါ့နော။ ရွာသူရွာသားတွေ ဗေဒင်စိတ်ဝင်စားရင် ကိုရင်စည်သူ ရှိတယ်ဗျို့။ ဒီပို့စ်လေးကိုလည်း ဖတ်ကြပါလို့ ညွှန်းပါတယ်ဗျာ။

ကိုရင်စည်သူ၏ ထစ်နေသော စီဒီတစ်ချပ်ရဲ့ ပတ္တလားသံသည် ပို၍ ချိုမြသည် ၃ ကတော့ မော်ဒန် အရေးအဖွဲ့ ကြိုက်သူတွေနဲ့ အဆင်ပြေမည့် ပို့စ်လေးပါခင်ဗျာ။

ဆရာလေး GreenSheep ၏ မော်ဒယ်လောကမှာ မြင်တွေ့ရဖွယ်ရှိတဲ့ ကောင်မလေး ဆိုတဲ့ ပို့စ်ကတော့ ကောင်မလေးတစ်ယောက်ရဲ့ဓါတ်ပုံလေးတွေပါ။ GreenSheep ရဲ့ အဆိုအရ သူကလေးနဲ့ ချက်တင်ထိုင်ရာမှ ဟု ဆိုထားပါသဖြင့် အင်း ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ် ဟုသာ ဆိုချင်ပါသည်ခင်ဗျား။

Htet way  ၏ ဒေါ်ဂွက်ထော်ဆိုပျော်လွန်းလို့ ဆိုသည့်ပို့စ်မှာ ရပ်ကွက်ထဲမှာ ဆင်းရဲသားတွေကိုငွေထုတ်ချေးနေသော အကြောင်းနှင့် သူ့အမြင်လေးတွေကို တင်ပြထားခြင်းဖြစ်ပါသည်။

အီးတီ ရဲ့ ပနားမားတူးမြောင်းအမှတ်တရ ကတော့ ပနားမားတူးမြောင်း ပုံလေးတွေပါ။ တစ်ခါမှ မမြင်ဘူး သဖြင့် အီးတီကို ကျေးဇူးတင်ပါတယ်။ ဒါမျိုးလေးတွေ မန်းဂဇက် မှာ တင်ပေးပါဦးလို့ ဘွတ်ကင်လုပ်ပါတယ် အီးတီရေ။

ဒီတပတ် ဆရာ kai ၏ သတိ- အင်တာနက်ပေါ်မှ မရမ်းရ ဆိုသည့် ပို့စ်အဟောင်းလေးတစ်ပုဒ်ကို ပြန်ဖတ်ဖြစ်ပါသည်။ အင်တာနက်ပေါ်မှာ စာရေးနေကြသော ကျွန်တော်တို့ ရွာသူရွာသား တွေအတွက် ဖတ်ပြီးသားဖြစ်နေရင်လည်း ထပ်ဖတ်ဘို့ ညွှန်းလိုက်ပါရစေဗျာ။ သူကြီးရေးထားတဲ့ စာပိုဒ်ကလေးကို ဖေါ်ပြရင်း ဒီနေ့ ဖတ်ပွားအစီအစဉ်လေးကို ရပ်နားခွင့်ပြုပါခင်ဗျား။

“လူတိုင်း လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ သူတပါးကို အသရေဖျက် ရှုံ့ချပြောဆိုဖို့ကတော့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး”လို ့ Electronic Frontier Foundationရဲ့ အကြီးတန်းရှေ ့နေ Matt Zimmerma ကဆိုပါတယ်။
“သင့်မှာ သူတပါးရဲ့ အလုပ်အကိုင်အခြေအနေတွေကို ဆန်းစစ်ဝေဖန်ဖို ့အခွင့်အရေးရှိပါတယ်၊ ဒါပေမဲ့ သင်ကိုယ်တိုင်တွေကြုံရတဲ့ အချက်အလက်ပေါ်မှာသာ အခြေပြုပြီး ဆန်းစစ်ဝေဖန်ပါ။ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သူ့ ဓလေ့စရိုက်ပေါ်ကို အခြေခံပြီး မဝေဖန်သင့်ပါဘူး“လို ့David Miranda ဆိုတဲ့ရှေ ့နေကပြောပါတယ်။

မြန်မာတွေတော်တော်များများဟာ အင်တာနက်မျက်နှာဖုံးတတ်ပြီး သူတပါးကို အသရေဖျက် ရှုံ့ချပြောဆိုတာတွေ လုပ်လာကြတာ ဒီနှစ်ပိုင်းတိုးတက်လာတဲ့ ဘလော့ဂါယဉ်ကျေူးမှုနဲ့အတူတူ (တွေ့ရတာ)စိတ်လာပါတယ်။
မြန်မာပြည်နေသူများဖြစ်ခဲ့ရင် မထောင်းသာလှပေမဲ့ အမေရိကန်ပြည်ထောင်စုလိုနေရာမှာ နေသူများအတွက်တော့ လွန်စွာသတိထားစရာဖြစ်လာပါကြောင်း ဖွင့်ပြ ရေးသားလိုက်ရပါတယ်။

19 comments

  • blackchaw

    November 1, 2011 at 2:32 pm

    သူကြီးရေ။
    တားတား ပို့စ် တင်ရတာ တော်တော် ခက်နေပါတယ်။
    ပထမတစ်ခါ တစ်ဝက်ပဲပါသွားလို့ အပိုင်း၂ ဆိုပြီး ထပ်တင်တယ်။
    အဲဒါလည်း တစ်ဝက်တစ်ပျက်ပဲပါတယ်။ အခု သုံးကြိမ်မြောက်မှာတော့
    အောင်မြင်ပြီးမြောက်သွားပါတယ်။ သူကြီးရေ ရှေ့က ဟိုမရောက်ဒီမရောက်
    အပိုင်းတွေကို ဖျက်ပစ်ပေးဘို့ တောင်းပန်ပါတယ်ဗျာ။

    • pan pan

      November 1, 2011 at 2:51 pm

      ဟုတ်ပါတယ် တဂျီး
      ပိုစ့်တင်လို့မရဘူး
      ဘာပြုလို့လဲမသိပါဘူး

      ပိုစ့်ကတော့ မပြတ်တင်နိုင်အောင် ကြိုးစားရတော့မယ်
      ဂေဇက်တံခါးစောင့်ကြီးရဲ့ ပိုစ့်ထဲမှာ ပါချင်လို့ 😀

  • Diamond Key

    November 1, 2011 at 2:46 pm

    ဒီလောက်ကို ၃ ကြိမ် ၃ခါ အထူးကျိုးစား အချိန်တွေ ပေးကာ ပွားပေးထားခြင်းအပေါ် (ဖတ်ပွားလို့ရေးထားလို့နော်) ကျေးဇူးတင်ပါသနော်။

  • kai

    November 1, 2011 at 3:09 pm

    ပြီးခဲ့တဲ့ရက်တွေက.. ဆာဗာက အတင်းကိုအပ်ဂရိတ်လုပ်ခိုင်းနေတာ.. ကြားထဲ.. ခဏခဏကျနေတာပါ..။
    အခုတော့ အိုကေသွားပြီ ထင်ပါရဲ့..။
    နည်းနည်းFix ဖို့လိုချင်လိုဦးမယ်ထင်ပေမဲ့.. အရင်ထက်ပိုကောင်းသွားမယ်ထင်ပါတယ်နော…။

  • Koyin Sithu

    November 1, 2011 at 3:26 pm

    တိုတိုချော.. ကွန့်မန့်တွေမှာ ပျောက်နေပါတယ်လို့
    ကြည့်နေတာ.. အားလုံးအတွက် ပို့စ်ကြိတ်ရေးနေတာကိုး…
    ဒီလိုမျိုး သုံးသပ်ချက်တွေပါ တခါတည်းထည့်ပေးတဲ့
    တိုတိုချောကို လေးစားပါတယ်… အားလုံးကိုယ်စား
    ကျနော်က အထူးကျေးဇူးတင်ပါကြောင်း…………………

  • Moe Z

    November 1, 2011 at 3:29 pm

    သုံးကြိမ်တိတိကြိုးစားမှုကို အသိအမှတ်ပြုပါ၏ 🙂
    ကျန်းမာရေးကိုအထူးဂရုစိုက်စေချင်ပါသည်။
    နှာစေးတာဆိုရင်သဂျီးဆီက ကူးတာဖြစ်မယ်
    ဒါနဲ့ ဦးဦးဘလက် မိုးစက်ကဆရာမမဟုတ်ဘူးနော် 🙂

  • yaungchikha

    November 1, 2011 at 3:48 pm

    ဘလက်ချောရဲ့ ပို့စ်အမြည်းလေးတွေကို ဖတ်သွားပါတယ်။ 🙂

  • etone

    November 1, 2011 at 3:49 pm

    ခုနတုန်းက ဝင်ကြည့်သေးတယ် .. ကော့မန့်ပိတ်နေလို့ မရေးပြန် ပြန်လှည့်လာတာ .. ဟဲဟဲ .. ။
    ကိုချောကလက်ကြီးရေ … ကျွန်မစာရေးတဲ့ကြားမှာ အစက်လေးတွေချထားတာကြောင့် စာဖတ်ရတဲ့လူ စိတ်ဝင်စားမှုအဟန့်တားဖြစ်တယ်ဆိုလျှင် အတတ်နိုင်ဆုံး ထိန်းရေးပါ့မယ် …. သို့သော် … အစက်လေးတွေ ချတာက အကောင်းမဟုတ်ဘူး … အရှိန်ယူပြီး စဉ်းစားနေတာလေ .. ဟီးဟီး … ။
    ပြောရင်းဆိုရင်းတောင် ဒီကော့မန့်မှာ အစက်ဘယ်လောက်ပါသွားမှန်း မသိဘူး အဟီး 😀

    • thit min

      November 1, 2011 at 4:22 pm

      (ကို)ဘလက်ချောရေ
      (etone ရဲ့)အစက်သဘောကို
      တချက်ပြောရရင်
      ရတက်မောအောင်
      အပျက်သဘောမဆောင်ပါဘူးတဲ့။
      လက်အကြောတထောင်က
      စက်သဘောဆောင်မှတ်
      အတွေးရပ်လဲ
      အရေးရပ်မရ
      တဇတ်ဇတ်ချမိ
      အစက်ဖြစ်၏လို့ဆိုပါတယ်ခင်ဗျား။

      • etone

        November 2, 2011 at 2:12 pm

        အဲတော့ .. ကိုသစ်မင်းက ဒါမျိုးလည်း ရေးတတ်တာပဲလား … ။
        ဖတ်ပြီး တခွီးခွီးရယ်မိပါတော့တယ် .. 😀 😀

  • နွယ်ပင်

    November 1, 2011 at 4:34 pm

    စောစောက တစ်ခါကြည့်သေးတယ် ကောမန့်ပိတ်နေသလို စာပိုဒ်ကလည်း
    တစ်ဝက်တစ်ပျက်ပဲပါလို့ အခုတစ်ခါပြန်ဝင်ပြီး အားပေးတာပါ …. 🙂

  • ဆူး

    November 1, 2011 at 4:35 pm

    တူညား ဆူရှီ ဆိုင်ဖွင့်ပွဲ လုပ်တာတော့ မပါဘူး လူဇိုးကြီး ဒါကြောင့် တနေ့တည်းနဲ့ ဆူရှီဆိုင်ပြုတ်သွားတာ.. ဟိဟိ…

  • blackchaw

    November 1, 2011 at 5:15 pm

    @ ဒေါ်ဆူးရေ။
    ခင်ဗျားပြောမှ ကျွန်တော် ပြန်စစ်ကြည့်တော့ တကယ့် ဒိတ်ဒိတ်ကျဲ
    ဆရာတွေ ဖြစ်တဲ့ ကိုပေါက်နဲ့ ကိုဖက်တီးတို့ရဲ့ ပို့စ်တွေရယ်၊ ကိုရင်စည်သူရဲ့
    ထစ်နေတဲ့စီဒီ ၂ ရယ် ကျန်ခဲ့တယ်ဗျာ။ အားလုံးကို တကယ်တောင်းပန်ပါတယ်။
    ကျွန်တော် တစ်ပုဒ်ချင်းရေးသွားတာကို ဘယ်လိုလုပ် ကျော်သွားလဲမသိပါ။
    ကိုပေါက်ရဲ့ လွယ်လွယ်ချက်လွယ်လွယ်စား ပို့စ်လေးရော ကျန်ခဲ့တယ်ဗျာ။
    မနက်ဖြန် ဆက်ရန်ပေါ့ဗျာ။ ခင်ဗျားတို့ ဆက်သွယ်ရေးကလည်း
    ကော်နက်ရှင်က ကျ ကျလွန်းပါတယ်ဗျာ။ ဖွင့်လို့မရရင် ဘာမှကိုလုပ်လို့မရတော့ဘူးဗျာ။
    ကျန်ခဲ့သူများအားလုံးကို တောင်းပန်ပါသည် ခင်ဗျား။

  • parlayar46

    November 1, 2011 at 5:33 pm

    ဒီလိုကွန်နက်ရှင်မျိုးနဲ့တော့ တပုဒ်ချင်းလိုက်ဖတ်ရမှာထက် ကိုဘလက်ရဲ့ဖတ်ညွှန်းလေးအရင်ဖတ်ပြီးမှ စိတ်ဝင်စားတဲ့ပိုစ့် ဝင်ကြည့်တာပိုကောင်းတယ်။

    ဒီလောက်ဖတ်နိုင် ပြန်ရေးနိုင်တာကို ချီးကျူးပါတယ် ကိုဘလက်ရေ-

  • ဒီမှာ တင်းတယ် တင်းတယ်
    တင်းတယ် တင်းတယ်ဟေ့
    လူမသိ သူမသိ ဒုက္ခများ များစွာ။
    ့်ရေးပြီးတင်လိုက်တာကော်နက်ရှင်စုတ်ကြောင့် ဘယ်ရောက်သွားမှန်းမသိလို့ပါဗျု့ိ။

  • winkyawaung

    November 2, 2011 at 3:09 pm

    ကွန်ကောင်းမှ ပိုက်ချတော့မယ် သူကြီးရေ…။ မြန်မာပြည်က အင်တာနက်ကွန် က ဖာလို့ကို မပြီးနိုင်ဘူးဗျို့..။

  • AKKO

    November 3, 2011 at 9:39 am

    ပိုစ့်အားလုံးကို ဖတ်ဖို့အချိန်မရတဲ့အခါ ၊ ကိုဘလက်ချောရဲ့ အကျဉ်းချုပ်လေးဖတ်ရတာကလည်း တမျိုးကောင်းနေပြန်တယ် 🙂

  • ပေါက်ဖော်

    November 5, 2011 at 9:00 pm

    တိန် ❗
    ဖတ်ပြီးပြီထင်နေတာ….မဖတ်ရသေးဘူးဖြစ်နေတာကိုး..

    ဖတ်ပြီးသားနဲ ့မှားပြီး ဝင်မကြည့်မိဘူး..ဦးချောရေ..

    ဒီလိုလေးရေးပေးတာ..အချိန် မရသူတွေအဖို ့..တန်ဘိုးရှိပေမင့်..
    ဦးချောအစား ကျနော် မျက်လုံး ညောင်းလိုက်ပါဘိဗျာ..
    တော်ကြာ
    အမတ်မင်းလို
    ကြေးပေါင်းတွေ..ဒန်ပေါင်းတွေတက်နေဦးမယ်..အဟဲ.. ဟဲ..

    ဒီလိုရေးပေးထားတာကို….အနော်တို ့ကတော့ အားပေးလျက်ပဲ.
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • windtalker

    November 5, 2011 at 9:04 pm

    ကိုဘလက်ချော က ကြေးပေါင်း မတက်ဘူးတဲ့
    အဘဖောပြောတဲ့ ဆီကလေးတွေ အမြဲလူးနေလို ့ပါသတဲ့ကွယ်

Leave a Reply